Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Local News. Show all posts
Showing posts with label Local News. Show all posts


အိမ်ထောင်ကျသွားပေမဲ့လဲ ပရိသတ်အတွက် ပေးဆပ်မှုမလျော့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားဖန်တီးနေဆဲပါ။ ခုလတ်တလောမှာလည်း  ဗီဒီစီရိုက်တာနဲ့ အတွဲခွေအတွက် ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ ဆိုတာကြောင့် သူမရဲ့ အာဘွားဗီစီဒီနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တဲ့အခါ “ ဗီစီဒီက ရိုက်ထားတာ ၄ပုဒ်ပဲရှိသေးတယ်။ ၁၀လပိုင်းမှာ အမီထွက်ဖို့အတွက် ဒီတစ်လလုံးကို ဗီစီဒီရိုက်တွေကြီးပဲ စီစဉ်ထားပါတယ်။ ၁၀ လပိုင်းလလယ်လောက် အာဘွား ဗီစီဒီထွက်မယ်။ ၁၁ လကုန်မှာ အတွဲခွေထွက်ဖို့စီစဉ်ထားပါတယ်။”လို့ သူမက ပြောပါတယ်။
အခွေထဲမှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေကိုလည်း သူမက  “သရုပ်ဆောင်တွေအနေနဲ့က ဒါကအလင်းရောင်ပေါ့။ မြင့်မြတ်ပါမယ်။ ကိုဇေယျ၊ ဦးရန်လေး၊ အန်တီမို့၊ ဘေဘီမောင်၊ ဆန်းတိုးနိုင်ပါတယ်။ ဇေရဲထက်ပါမယ်။ ယွန်းဝတီလွင်မိုးနဲ့ရဲရင့်အောင်၊ လွှမ်းပိုင်နဲ့ ထက်ထက်လဲ ပါမယ်။ အဆိုတော်တွေလဲ ပါမယ်ပေါ့နော်။ ကျန်တာတွေကတော့ ပြောထားတာတွေရှိပါသေးတယ်။ ဒါရိုက်တာကအောင်မြတ်၊ ကိုဝင်းလွင်ထက်၊ ကိုသားသားကြီး၊ မေဘရဏီ အသစ် ကောင်မလေးပါတယ်။ ကိုသုံးပေါင်ပါတယ်။ ရိုက်ပြီးသား ၄ပုဒ်က အာဘွားရယ်၊ နောက်ဆုံးအချစ်ရယ်၊ ဟိုတုန်းကအိမ်ရယ်၊ မင်းရဲ့ရွေးချယ်မှုရယ် ပေါ့”တဲ့။
ဝိုင်းစုဟာ ဒါရိုက်တာ ဦးမျိုးထူးရိုက်ကူးတဲ့ ဇာတ်ကားထဲမှာ နေမင်းနဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပြီး နောက်ထပ်ဇာတ်ကား နှစ်ကားထပ်ရိုက်ဖို့ ပြောထားတာရှိတယ်လို့လည်း ဆိုပါတယ်။


မြန်မာ့ဂုဏ်ဆောင်အလှမယ် မေမြတ်နိုး အနေဖြင့် ယခု ဖြစ်ပေါ်နေသော ကိုရီးယား organization မှ သရဖူခိုးယူ ထွက်ပြေးသည်ဟု စွပ်စွဲခံရမှုများနှင့် ပတ်သက်ပြီး အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို အများပြည်သူ ပရိသတ်ကြီး သိရှိ နိုင်စေဖို့အတွက် စာနယ်ဇင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာလ ၂ရက်နေ့တွင် The  House Of Memories မှာ ပြုလုပ်သွားခဲ့ပါတယ်။ စာနယ်ဇင်းမှ မေးမြန်းထားတဲ့ မေးခွန်းများနှင့် သူမဖြေကြားခဲ့သည့် အဖြေများကတော့
Miss Asia Pacific World ၂၀၁၄ရဲ့ Crown ဆုကို ပြန်လည်ရုတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဒီသရဖူကို ပြန်လည်ရုတ်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေက အခုချိန်မှခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပဲနဲ့ ပြိုင်ပွဲကနေ ပြိုင်ပြီး ပြန်လာပြီးကတည်းက ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုရီးယားဘက်ကတင် ခြိမ်းခြောက်ခဲ့တာ မဟုတ်ပဲနဲ့ မြန်မာပြည်ကို ကိုယ်စားပြုပြီးတော့ National Director ဆိုပြီး နာမည်ယူထားတဲ့  National Director တွေကိုယ်တိုင်ကပဲ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာဇဝင်ကို ပြောပြရမယ်ဆိုရင် ညီမဒီပြိုင်ပွဲကို မပြိုင်ခင်အချိန် မှာကတည်းက မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ National Director တွေဖြစ်တဲ့ ဆရာရော၊ ဆရာမကပါ မေမြတ်နိုးက မြန်မာနိုင်ငံကို ဘယ်တုန်းကမှ support မလုပ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ပြိုင်ပွဲဝင်စဉ်မှာကတည်းက အားပေးတဲ့စကားတွေ မပြောခဲ့တဲ့အပြင် သရဖူကို မရနိုင်ဘူးဆိုပြီး သမီးရဲ့အားနည်းချက် တွေက ဘာတွေပါဆိုတာကို ပြောခဲ့ကြတယ်။ အားပေးစကားတွေ မဟုတ်ပဲနဲ့ အားတွေလျော့ကျမယ့် စကားတွေ ပြောခဲ့တဲ့ကြားက ကြိုးစားအားထုတ်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနေရတယ်ဆိုတဲ့ စိတ်ဓာတ်မွေးပြီးတော့ပဲ ယှဉ်ပြိုင်နိုင်ခဲ့လို့ ဒီသရဖူကို မြန်မာနိုင်ငံက ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့ အခါမှာလည်း မလှနုထွန်းက ကိုရီးယားမှာ ဆရာ ဖြိုးဟန်ဦးနဲ့အတူ သမီးကို နှစ်ယောက်တည်း ထားခဲ့ပါတယ်။ သမီးကို နှစ်ယောက်တည်းထားတဲ့အချိန်မှာသမီးရယ်၊ မစ္စစင်ကာပူရယ်၊ နောက်မစ္စတစ်ယောက်ရယ် ကျန်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာဆရာကနေပြီးတော့ ဒီmiss asia pacific world ရဲ့ president နဲ့အတူတူ ဟိုတယ်မှာ နေခဲ့ပါတယ်။ သမီးက မစ္စတစ်ယောက်နဲ့အတူတူ နေခဲ့ရပါတယ်။ ဆရာကနေပြီးတော့ အချိန်မတော်ချိန်မှာ သမီးတို့နေတဲ့အခန်းကို တံခါးခေါက်ပြီးတော့ အတင်းဝင်လာပါတယ်။ ပြီးတော့ သမီးနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒါကို သမီးက လက်မခံခဲ့ပါဘူး။ သမီးတို့ မစ္စနှစ်ယောက်လုံးက ညဝတ်အင်္ကျီတွေဝတ်ထားတာကြောင့်ရယ်ပြီးတော့ မိန်းကလေးအခန်းထဲကို ဘယ်လိုမှ ဝင်ဖို့ မသင့်တော်ဘူးထင်လို့ အပြင်တစ်နေရာမှာ သမီးနဲ့ စကားပြောမယ်ဆိုရင် ယုံကြည်တဲ့အတွက် စကားပြောတာကို လိုက်နားထောင်ပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဆရာသမားတစ်ယောက်အနေနဲ့ ကိုယ့်သားသမီး အရွယ်လောက်ရှိတဲ့ သမီးတစ်ယောက်ကို အဲဒီလို အပြုအမူမျိုး လုပ်သင့်ရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။
Miss Asia Pacific World နဲ့ သုံးနှစ်စာ စာချုပ်ချုပ်ဖြစ်ခဲ့တာလေးတွေ ပြောပြပေးပါ။
သမီးက ဆရာမကို ကမ်းလှမ်းခဲ့ပါသေးတယ်။ ဆရာမ သမီးကျောင်းတက်ဖို့ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံ သွားပြီးတော့ သုံးနှစ်အလုပ်တွေ လုပ်ဖို့ အစီအစဉ်ကတော့ မရှိသေးပါဘူး။ ကျောင်းတက်ခွင့်ပေးပါလို့ ပြောခဲ့ပါတယ်။ အဲဒီ့အခါမှာဆရာမကနေပြီးတော့ သမီး ဒီစာချုပ်ကိုသုံးနှစ် မချုပ်ရင်Crown ကိုပြန်သိမ်းမယ်လို့ သမီးကိုပြောပါတယ်။ အဲဒီအချိန်မှာတော့ ဆရာမကနေ အမေ့ကို အမေကနေ တစ်ဆင့် စာချုပ်ချုပ်ပေးဖို့ကိုလည်း အတင်းအဓမ္မ ပြောခဲ့ပါတယ်။ သမီးမှာ နောက်ဆုံးရွေးချယ်ပိုင်ခွင့် မရှိခဲ့တာကြောင့် စာချုပ်ကို သုံးနှစ်လက်ခံလိုက်ပါတယ်။ စာချုပ်ထဲမှာ ရေးထားတဲ့ အချက်အလက်တွေကတော့ သမီးအတွက်ကို လုံခြုံရေးအပြည့်အဝ နဲ့ အစစအရာရာကို အဆင်သင့် ရယ်ဒီ လုပ်ပေးပြီးတော့ အားလုံးအဆင်သင့် အကောင်းဆိုတာတွေ ကြီးကြောင့်လည်း သမီးလက်ခံဖြစ်ခဲ့တာပါ။ ရန်ကုန်ကနေ ဒုတိယအခေါက် ပြန်ထွက်တဲ့အချိန်မှာ National Director တွေနဲ့တဆင့် မသွားပဲနဲ့ ကိုရီးယားနိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ National Director တွေကို ပုန်ကန်တယ်ဆိုပြီးတော့ ဆရာမက သတင်းထုတ်ပါတယ်။ သမီးရဲ့မကောင်းကြောင်းတွေ ပြောခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ကိုရီးယားနိုင်ငံရဲ့ miss asia pacific world ကနေ ဖုန်းဝင်လာပါတယ်။ သမီးရဲ့ ဒါရိုက်တာလှနုထွန်းက နင့်ရဲ့မကောင်းကြောင်းတွေကို တစ်နေ့တစ်နေ့ ငါ့ဆီကို REPORT တွေတင်လာပါတယ်။ သူတို့ရွေးထားတဲ့ သူကိုဘယ်သူက မကောင်းပြောပြော လက်မခံနိုင်ဘူး။ မကောင်းပြောလာရင် ရာထူးဖြုတ်ပြီးတော့ သူတို့နဲ့ အလုပ်ဆက်မလုပ်တော့ဘူး။ သမီးကို  National Director တွေနဲ့ အဆက်အသွယ်ဖြတ်ပါတဲ့။ သမီးဘက်က အဆက်အသွယ်ဖြတ်ခဲ့တာမျိုး မဟုတ်ပဲနဲ့ ကိုရီးယားOrganizer တွေရဲ့တောင်းဆိုမှုကြောင့် အဆက်အသွယ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
APW Organization Korea ကနေတကယ်ပဲ အစစအရာရာအဆင်ပြေပြေကောင်းကောင်းမွန်မွန် နဲ့ သေချာလုပ်ကိုင်ပေးပါသလား။
ဟိုရောက်တော့ သမီးရဲ့National Director တွေနဲ့ သူတို့နဲ့ အတူတူ တစ်ကြိတ်တည်း၊ တစ်ဥာဏ်တည်းပဲဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ သမီးနဲ့အမေအတွက် နေဖို့၊ ထိုင်ဖို့၊ စားဖို့သောက်ဖို့ အကုန်လုံးကို စီစဉ်ပေးပါ့မယ်လို့ပြောပြီးတော့ ဟိုရောက်တော့ ဘာမှစီစဉ် ပေးထားတာမျိုး မရှိပါဘူး။ နောက်တစ်ခုက Miss Asia Pacific World ကနေ သီချင်းစီးရီးအခွေ ထုတ်ပေးမယ်ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။ သီချင်းတွေကအစ ဘာဆိုရမယ်ဆိုတာ ပေးထားပါတယ်။ ဟိုလည်းရောက်ရော သမီးတို့ရဲ့ Schedule ပြောင်းသွားပြီတဲ့။ ထရိန်နင် ဆင်းပြီးတာနဲ့ အသံတန်းသွင်းမယ်လို့ ပြောခဲ့ပါတယ်။ ဟိုရောက်တော့ သမီးကို အဖွဲ့မဖွဲ့တော့ဘူး။ သီချင်းလုပ်ဖို့ အစီအစဉ်လည်း မရှိတော့ဘူးလို့ ပြောပါတယ်။ သမီးကို တစ်ယောက်တည်း အလုပ်လုပ်ဖို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ အရင်ဆုံး သမီးကိုလှပအောင် လုပ်ပေးမယ်ပေါ့။ ဘယ်လိုလှပ အောင်လုပ်ပေးမှာလဲလို့ မေးတဲ့အချိန်မှာ ခေါင်းအစခြေအဆုံး ပလပ်စတစ်ဆာဂျရီ လုပ်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ သမီးနဲ့အမေပါ လုံးဝငြင်းပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ ငြင်းလို့လည်း မရဘူးပေါ့။ ဆာဂျရီလုပ်ပြီးသွားရင်နေထိုင်စားစရိတ် နဲ့ အခွေဆက်ထုတ်ဖို့နဲ့ ကိုရီးယားနိုင်ငံမှာ အနုပညာအလုပ်တွေအဖြစ် ရှေ့ဆက်လျှောက်ဖို့အတွက် ငွေကြေး လိုအပ်ပါတယ်လို့ပြောခဲ့တယ်။ ငွေကြေးကိုရှာဖို့ က တစ်လမ်းတော့ရှိတယ်။ စပွန်ဆာရှာရမယ်လို့ ပြောပါတယ်။ အဲဒီ့စပွန်ဆာ ရှာဖို့ကလည်း သူတို့ရဲ့အစီအစဉ်နဲ့ ရှာပေးရတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ဘာသာကိုယ် စပွန်ဆာရှာရမယ်လို့ ပြောတယ်။ အဲဒီလိုမှ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အဖော်အဖြစ်သူတို့ လိုအပ်တဲ့အချိန်တိုင်းမှာ သွားရောက်ပြီးတော့ အတူတူ ရှိခွင့်ရမယ်လို့ ပြောကြားခဲ့တယ်။ နောက်ပြီးတော့ ကိုရီးယားဗီဇာကိစ္စကလည်း သုံးလပဲရတဲ့အတွက် မလုံလောက်ဘူး ပေါ့။ ကိုရီးယားဗီဇာကို ဒီထက်ကြာအောင် လုပ်ဖို့ နည်းလမ်းက ဂျပန်နိုင်ငံကို ထွက်သွားပြီးတော့ ဂျပန်နိုင်ငံမှာမြန်မာအနေနဲ့ ကိုရီးယားဗီဇာကိုသက်တမ်းတိုးဖို့ ထွက်သွားရမယ်လို့ ပြောပါတယ်။ အဲဒီလိုဂျပန်ကို သွားတဲ့အချိန်မှာအမေမပါပဲ တစ်ယောက်တည်း သူတို့နဲ့အတူ သွားရမယ်တဲ့။ ကိုရီးယားရောက်ပြီး နှစ်ရက်လောက်မှာ သမီးကို အိမ်အဆောက်အဦးကြီး တစ်ခုမှာနေရာချပေးခဲ့ပါတယ်။ သူတို့ရဲ့အစီအစဉ်က အဲဒီ့နေရာမှာခေါင်းအစခြေအဆုံး ပလပ်စတစ်ဆာဂျရီ ပြုပြင်ရမယ်။ ငြင်းပိုင်ခွင့်မရှိဘူးဆိုပြီး အဆောက်အဦးရဲ့အပေါ်မှာ မိုးရွာရင် ရေတွေစိုပြီး မိုးယိုနေတဲ့အခန်းမှာ သားအမိနှစ်ယောက်ကို ပစ်ထားခဲ့ပါတယ်။ ဆာဂျရီလုပ်ဖို့ လက်မခံတဲ့အတွက် စားစရိတ်ရော၊ စောင့်ရှောက်ဖို့ရော လုံးဝမပေးပဲ အငတ်ထားခဲ့ပါတယ်။ သူတို့ရဲ့အစီအစဉ်က ဆာဂျရီလုပ်ပြီးသွားရင် သမီးကပိုလှလာမယ်။ ပိုလှလာတော့မှ သူတို့နိုင်ငံက စပွန်ဆာတွေက ကြိုက်မယ်။ အဲဒီ့တော့ ပိုက်ဆံရမယ်လို့ သူတို့က ပြောတယ်။ ကိုရီးယားမှာစပွန်ဆာ မလုံလောက်ရင် ဂျပန်နိုင်ငံမှာ လိုအပ်ရင်လည်း စပွန်ဆာထပ်ပြီးရှာရမယ်လို့ ပြောပါတယ်။ အဲဒါကြောင့် သမီးက ဗီဇာကို အကြောင်းပြပြီးတော့ ဂျပန်ကိုခေါ်သွားမယ်ဆိုတာ သိလိုက်ရတာပါ။ အဲဒါနဲ့ သမီးက သူတို့နဲ့ဆက်ပြီး ပူးပေါင်းဖို့ မရှိသင့်ဘူးထင်တာကြောင့် မြန်မာနိုင်ငံကိုပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

သရဖူခိုးယူလာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးပါဦး။
သူတို့က သရဖူခိုးယူသွားပါတယ်ဆိုပြီးတော့ မီဒီယာတွေကို သတင်းလွှင့်ခဲ့တယ်။ သရဖူသိမ်းမယ်ဆိုတဲ့ စာရွက်ကို သမီးလေယာဉ်ပေါ်တက်ပြီးသွားတဲ့အချိန်ထိ မထုတ်ရသေးပါဘူး။ လေယာဉ်ပျံသန်းသွားတဲ့ အချိန်ရောက်မှ စာရွက်ထုတ်လိုက်တာကြောင့်သမီးအနေနဲ့ သရဖူ ရုတ်သိမ်းတာကို မသိခဲ့ရတဲ့အတွက် ပြန်ပေးဖို့ဆိုတာလည်း မဖြစ်နိုင်တော့တဲ့အတွက် ပြီးတော့ ဒါမြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ရခဲ့တဲ့အတွက် အမိမြေကိုပြန်ယူလာရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ပြန်ယူလာရခြင်းဖြစ်ပါတယ်။ သရဖူကိုရုတ်သိမ်းလိုက်တယ် ဆိုတာကို မြန်မာပြည်ရောက်မှ သိရှိရတာပါ။ အဲဒီစာရွက်ထဲမှာလည်း ကိုရီးယားနိုင်ငံမှာသရဖူကို ထားခဲ့ပါဆိုတာ မပါလာဘူး။ အဲဒီ့စာရွက်မှာ မြန်မာပြည်ရောက်မှ သရဖူကိုNational Director တွေကို ပြန်ပေးပါလို့ပဲ ရေးထားတာပါ။
ဗီဇာအတုလုပ်ထားတယ်ဆိုပြီး စွပ်စွဲချက်နဲ့ပတ်သက်ပြီးပြောပြပေးပါ။
ကိုရီးယားနိုင်ငံရဲ့ ထပ်မံပြီးတော့ စွပ်စွဲချက်ထဲမှာ အမေက ကိုရီးယားဗီဇာကို လုပ်ကြံပြီးတော့ မဟုတ်မမှန်နဲ့ သုံးလဗီဇာရတယ်လို့ စွပ်စွဲထားပါသေးတယ်။ သမီးနဲ့အမေကို ကိုရီးယားကိုလာဖို့ ကမ်းလှမ်းတဲ့အချိန်မှာ National director တွေနဲ့ လုံးဝမဆက်သွယ်ဖို့ပြောတဲ့အချိန်မှာ အမေက အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ကိုရီးယားအတူတကွ လိုက်နိုင်ခွင့်ပေးပါ့မယ်ဆိုပြီး ပြောခဲ့တာပါ။ ဖိတ်ခေါ်စာနဲ့ပါ။ အဲဒီ့ဖိတ်ခေါ်စာထဲမှာ သမီးအတွက်ကို သုံးလနေထိုင်ခွင့် ပေးထားပြီးတော့ စားစရိတ်၊နေစရိတ်၊ သွားလာခွင့်စရိတ်၊ လေယာဉ်လက်မှတ်ကအစ စီစဉ်ပေးမယ်ဆိုတာ ရေးထားပြီးသားပါ။ သူတို့ပေးတဲ့ စာရွက်အတိုင်းပဲ ကိုရီးယားနိုင်ငံရဲ့ ဗီဇာကိုသွား ပြီးတော့ လျှောက်ခဲ့တာပါ။ ကိုရီးယားသံရုံးကနေ သုံးလဗီဇာထုတ်ပေးခဲ့ပါတယ်။
အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မေမြတ်နိုးအနေနဲ့ ဖြေရှင်းချက်ပြန်ပေးချင်တာရှိပါသလား။
အမှန်အတိုင်းပြောရရင် ဒီလိုမျိုးမြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပစ်တယ်။ မြန်မာနိုင်ငံကို စော်ကားတဲ့ ဒီorganization ရဲ့ပေးတဲ့သရဖူကို မလိုလားဘူး။ လိုလည်းမလိုချင်ပါဘူး။ သမီးဆီမှာရှိနေတဲ့ သရဖူကို ဂုဏ်ယူရမယ်လို့လည်း မထင်တော့ပါဘူး။ ဖြစ်နိုင်ရင်အခုချက်ချင်းတောင် သွားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ရေးထားတဲ့  စာရွက်ထဲမှာ National director ကိုပေးလိုက်ပါလို့ ရေးထားပါတယ်။ အဲဒါကို သမီးအနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံရဲ့ National director တစ်ယောက်ဖြစ်ပြီးတော့ မြန်မာနိုင်ငံဘက်ကနေ မပါဘူး။ မြန်မာနိုင်ငံကိုမကောင်းအောင် နိုင်ငံတကာကို လိုက်ပြောတယ်။ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းကို မြန်မာနိုင်ငံရဲ့ မကောင်းကြောင်းကို တစ်ချိန်လုံးထိုင်ပြီးတော့ ပြောပေးတဲ့ National director ရဲ့စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ ပြန်မပတ်သက်ချင်ပါဘူး။ ကိုရီးယားနိုင်ငံက ဒီသရဖူကို နိုင်ငံတကာက ဒိုင်တွေကိုခေါ်ပြီးတော့ သေသေချာချာရွေးထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ရွေးထားတဲ့ သရဖူပါကို သမီးအနေနဲ့ ကိုရီးယားorganization ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့်လည်း ကိုရီးယားorganization ကအခုလိုမျိုး သရေဖျက်မှုတွေကို မြန်မာနိုင်ငံရဲ့မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေနဲ့စွပ်စွဲပြီးတော့ မီဒီယာမှာ သရဖူခိုးပြီး ပြန်သွားပါတယ် ဆိုတာကိုမေမြတ်နိုးလို့ရေးထားတာမဟုတ်ပဲနဲ့ မြန်မာနိုင်ငံကို စော်ကားတာမျိုး မြန်မာနိုင်ငံကို ရှုတ်ချနေတဲ့ အရာတွေကြောင့် သမီးဘက်က သူတို့ဆီက တောင်းပန်စာလိုချင်ပါတယ်။ အဲဒီလိုမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လို့ တောင်းပန်စာပေးမှသာ ဒီသရဖူကို မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရဲ့ရှေ့မှာတင် သရဖူကိုပြန်ပေးမယ်လို့ ပြောချင်ပါတယ်။ သူတို့တွေနဲ့အတူတူ ညီမဘက်က အလုပ်ဆက်ပြီး လုပ်ဖို့လည်း မရှိတော့ပါဘူး။


ခုတစ်လော Miss ပြိုင်ပွဲတွေ အရင်ကထက် ကျင်းပလာကြတာနဲ့အမျှ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင် Missတွေလည်း အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဟိုးအရင် မော်ဒယ်လောကမှာ နာမည်ရမော်ဒယ်တစ်ဦးဖြစ်ခဲ့သလို ဟန်ထွန်းရဲ့ ရင်နာတယ်ဧပြီ ၊ ဝိုင်းစုခိုင်သိန်းရဲ့ လမ်းမကြီးရဲ့ဘေး ဆိုတဲ့သီချင်းနဲ့ ပရိသတ် အသိအမှတ်ပြု ခြင်းခံရတဲ့ မော်ဒယ်လ်ခင်နန်းထိုက်ကို Miss Myanmar World finalist ပွဲမှာ တက်ရောက်ခဲ့တာတွေ့ရလို့ miss ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးရယ်၊ miss တွေအပေါ်မှာမြင်မိတဲ့ သူမရဲ့စိတ်ခံစားချက်ကို မေးဖြစ်ခဲ့တာကတော့ “အခုနောက်ပိုင်းမှာ Miss ပြိုင်ပွဲတွေ များပြားလာပြီး မော်ဒယ်လ်တွေအတွက် အခွင့်အရေးတွေ ပိုရလာကြတာတွေ့ ရတော့ အဲဒါ အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ကိုယ့်နိုင်ငံအတွက်ဂုဏ်ယူစရာ တစ်ခုပါပဲ။ ကိုယ့်မြန်မာပြည်ကလူမျိုးတွေ အရည်အချင်းပြည့်ဝပြီး လှပတဲ့ မြန်မာမိန်းကလေးတွေ ကမ္ဘာမှာပြသခွင့်ရတယ်ဆိုတာ ညီမတို့ မြန်မာလူမျိုးတွေအတွက်တော့ ကြီးမားတဲ့ အခွင့်အရေး တစ်ခုပါပဲ။ နောက်တက်လာမယ့် ညီမလေးတွေကိုလည်း အရည်အချင်း အပြည့်အဝနဲ့ ပြိုင်ဖို့ကိုတိုက် တွန်းချင်ပါတယ်။”လို့ သူမက ဆိုပါတယ်။
နိုင်ငံတကာမှာ သွားရောက်ပြီးယှဉ်ပြိုင်ရမယ့် မယ်တွေအတွက် ဘယ်လိုအချက်အလက်တွေ ရှိရမယ်လို့သလဲ ဆိုတဲ့မေးခွန်းကိုတော့ သူမက “အရင်ဆုံးအလှအပ။ မိန်းကလေးတစ်ယောက် လှပရမယ်။ တကိုယ်ရည် သန့်ရှင်းမှုရှိရမယ်။ အရပ်အမောင်း၊ အသားအရေ၊ general knowledge ၊ အင်္ဂလိပ်စကား ပြောကျွမ်းကျင်မှု ရှိရမယ်။ နောက်ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လည်း လိုအပ်ပါတယ်။ အရည်အချင်းတွေကတော့ အများကြီး လိုအပ်တာပေါ့။ ဒါကတော့ အခြေခံကျတဲ့အချက်တွေပေါ့”တဲ့။
 အခုဆိုရင်သရဖူ ပြန်သိမ်းခံရတယ်ဆိုတာတွေ မကြာခဏ ကြားနေရတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ဒီကိစ္စမျိုးက မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အစအဆုံးမသိရတဲ့အခါကျတော့ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အစကတည်းက သေသေချာချာ ၊ညှိုညှိုနှိုင်းနှိုင်း လုပ်ခဲ့ကြမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် နာမည်မပျက်ဘူးပေါ့။ ညီမတို့စပြီး မော်ဒယ်လ် လုပ်ခဲ့စဉ်မှာ ဒီလိုmiss ပြိုင်ပွဲတွေဆိုတာ မရှိဘူး။ မော်ဒယ်လ်တွေကို ဦးစားပေးရမယ်ဆိုတဲ့ အရာမျိုးတွေ မရှိခဲ့ဘူး။ အဲဒီ့အတွက် ညီမတို့ အများကြီး ကြိုးစားခဲ့ရပါတယ်။” လို့ ဆိုပါတယ်။
ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ပဲရပ်တည်လာခဲ့တဲ့ ခင်နန်းထိုက်ကို အရင်ကရော ခုချိန်ထိပါ မော်ဒယ်လ်အဖြစ်ပဲ အားပေးချင်ခင်နေကြတာပါ။ ဒီလိုခိုင်မာတဲ့ အားပေးမှုရှိနေတဲ့ ခင်နန်းထိုက်က သရုပ်ဆောင်လိုင်းဘက်ကို လုံးဝကူးပြောင်းဖို့ မရှိပဲ  ရှေ့ဆက်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်လ် တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားဖို့ပဲရှိတယ်လို့ ပြောပြပေးသွားပါတယ်။

Melody World ကနေတစ်ဆင့် မှန်နံရံများ၊ မျက်ရည်နဲ့ရေးတဲ့ စာမျက်နှာများ၊ အသည်းကွဲည သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အထူးရရှိခဲ့သူကတော့ ဖြိုးကျော်ထိုက် ပါပဲ။ မရပ်နဲ့ ဆိုပြီး ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့တဲ့နောက် ခု ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးထွက်ရှိ ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူ့ကို မေးမြန်းကြည့်တဲ့အခါ “ ဒုတိယစီးရီးက အကုန်ဆိုပြီးသွားပါပြီ။ အခုMixing ဆွဲနေပါပြီ။ သီချင်းတွေကတော့ rock နဲ့ pop ပုံစံလေးတွေပါပဲ။ ပရိသတ်လက်ထဲ ရောက်တယ်မရောက် ဘူးဆိုတာထက် ကျွန်တော့်သီချင်းတွေ အပြင်မှာ ဖွင့်တာမျိုးတော့ ကြားရပါတယ်။ အရမ်းကြီးမပေါက် မြောက်ခဲ့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော် တစ်ချို့ပရိသတ်တွေဆီက ကျွန်တော့်သီချင်းတွေကို သဘောကျတယ်၊ ကြိုက်တယ်တို့ တစ်စွန်းတစ်စကြားရတော့ ပီတိဖြစ်မိပါတယ်။ ခု ဒုတိယ အခွေနာမည်ကိုလည်း သူများတွေနဲ့မတူအောင်လို့ ရာဇဝင်ထဲကအရိုင်းပန်း ဆိုပြီး ဆန်းဆန်းလေး ပေးထားပါတယ်။ အဲဒီ့ရာဇဝင်ထဲကအရိုင်းပန်း ဆိုတဲ့သီချင်းကိုတော့ ကျွန်တော်အရမ်းကြိုက်တယ်။ အဲဒီ့သီချင်းက အခုခေတ်နဲ့ဆိုရင် နားထောင်ရတာ ဆန်းမယ်ထင်တယ်။ ပရိသတ်အတွက်တွေ အတွက်တော့  အသစ်တစ်ခုဖြစ်တယ်ပေါ့နော်။ Modern Rock ပုံစံမျိုး ဆိုထားတာပါ။ ကျန်တဲ့ သီချင်းတွေကတော့ Popတို့၊  rock တို့ ၊ Pop Rock နဲ့ Punk ပုံစံတို့ပါမယ်။” လို့ သူက အခွေအကြောင်း ပြောပြသွားပါတယ်။
ဒီအခွေကို လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး ဒီနှစ်ကုန်လောက် ထွက်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။  ဂီတနဲ့ပတ်သက်ပြီး သီချင်းဆိုနေရရင်ပျော်တယ်လို့ ဖွင့်ဟလာတဲ့ သူက “သီချင်းတွေ အကုန်လုံးကိုနှစ်သက်တယ်။ နားထောင်တယ်။ သီချင်းကသစ္စာရှိပါတယ်။ သီချင်းဆိုတဲ့ ပညာက လိမ်လို့မရဘူး။ သီချင်းဆိုတဲ့ အပေါ် မှာမူတည်ပြီးတော့ ပရိသတ်ကိုလိမ်ပြီး ဆိုပြလို့ မရဘူးဆိုတာ ကျွန်တော့်ရဲ့ခံယူချက်ပါပဲ။ ဖြိုးကျော်ထိုက် ဖြစ်လာဖို့ဆိုတာကတော့ ဘုရားပေးတဲ့ကံပါပဲ။ ကျွန်တော်လည်း ကြိုးစားတာပါပဲ။ ဘုရားကပေးသလောက်ပဲပေါ့။ ကျွန်တော်ဂီတမှတ်တိုင်တွေ စိုက်ထူသွားမယ်။ ကျွန်တော် တစ်ကိုယ်တော်အခွေတွေ ထွက်သွားမယ်။ အဲဒီလိုကြိုးစားအားထုတ်ခဲ့တာတောင်မှ ဖြိုးကျော်ထိုက် ဆိုပြီး ပရိသတ်ကမသိခဲ့ဘူး၊ ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ ဒီလောကကနေ ကျွန်တော်ကိုယ်တိုင်ပဲ နှုတ်ထွက်သွားမှာပါ”တဲ့။
 မြန်မာနိုင်ငံတွင် ရွေးချယ်ခြင်းခံရသည့် အလှမယ်များသည် အော်ဂနိုက်ဇေးရှင်းများ၏ စကားကိုနားထောင်ရန် လိုအပ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် အတူ လိုက်နာဆောင်ရွက်သင့်သည်ဟု Miss Universe Myanmar ဆုရှင် သျှားထွဋ်အိန္ဒြာ ကမဇ္ဈိမကိုပြောသည်။ ” သမီးတို့ မြန်မာနိုင်ငံမှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ အလှမယ်တွေ အများကြီးရှိပါတယ်။ အားလုံး သူအရည်အချင်းနဲ့သူ တော်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် သူ့အယူအဆနဲ့ အော်ဂနိုက်ဇေးရှင်းတွေရဲ့အယူအဆတွေ ကွဲလွဲလာတဲ့ အခါအခုလိုမျိုး ပြဿနာတွေဖြစ်လာတာပါ။ အကောင်းဆုံးကတော့ အလှမယ်တွေအနေနဲ့ သူ့ရဲ့အော်ဂနိုက်ဇေးရှင်းကို ကောင်းကောင်း ဆက်ဆံပြီး စကားနားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ သမီးဆိုရင် အော်ဂနိုက်ဇေးရှင်းရဲ့စကားကို နားထောင်တယ်။ တီချယ် စောယုဝေတို့နဲ့လည်း အဆင်ပြေအောင် နေပါတယ်” ဟု သျှားထွဋ်အိန္ဒြာ ကပြောသည်။

Miss Myanmar International 2012 အလှမယ်နန်းခင်ဇေယျာ မှ စတင် ခဲ့သည့် အလှမယ်များသည် ပွင့်လင်းမြင်သာသည့် ခေတ်စနစ်သို့ ရောက်ရှိလာသည့် အတူ မြန်မာနိုင်ငံ၌ အလှမယ်များ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက်ရွေးချယ် ၎င်းတို့နှင့် အဖွဲ့အစည်းများ ကြားတွင် ပြဿနာများ ဖြစ်ပေါ်လာခြင်းကြောင့် မီဒီယာများသည် ရေးစရာ သတင်းတစ်ခု ဖြစ်လာ ခဲ့သည်။

လက်ရှိ အလှမယ် မေမြတ်နိုး၏သတင်းကို လူတိုင်းစိတ်ဝင်စားခြင်း ခံရသည့်အပြင် Miss Supranational Myanmar 2013 ခင်ဝင့်ဝါ နှင့် Miss Grand Myanmar 2013 ထားထက်ထက် တို့သည် လည်း ၎င်းတို့ အဖွဲ့အစည်းနှင့် ပြဿနာ များဖြစ်ခဲ့ဖူးသော်လည်း ၎င်းတို့သည်စာချုပ် သက်တမ်း ပြည့်သွားခြင်းကြောင့် လွတ်လပ် သွားသည့်အလှမယ်များဟုမီဒီယာများတွင် ဖြေကြား ထားသည်။

” ပြင်ဆင်ချိန်က နှစ်လသုံးလတော့ ရပါသေးတယ်။ ပြိုင်ပွဲက နိုင်ငံပေါင်း ၉ဝ၊ ၁ဝဝ လောက် ပြိုင်တာဆိုတော့လေ။ မြန်မာနိုင်ငံက ပြိုင်ပွဲလုပ်ပြီးတာ နိုင်ငံပေါင်း ၅ဝ မြောက်ပါ။ အချို့နိုင်ငံတွေဆို ပြိုင်ပွဲမကျင်းပရသေးတဲ့ နိုင်ငံတွေတောင် ရှိသေးတော့ ပြင်ဆင်ချိန်တော့ရမှာပါ။ ကျွန်မတို့က အကောင်းဆုံး ကြိုးစားထားပါတယ်။ ပြိုင်ပွဲပြီးဆုံးသည်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားစေမှာပါ။”ဟု Miss Universe Myanmar Organization မှ NationalDirector ဒေါ်စောယုဝေက မဇ္ဈိမကိုပြောသည်။

ဆုရရှိသည့်အလှမယ် သျှားထွဋ်အိန္ဒြာသည် ဆုကြေးငွေကျပ် သိန်း ၁ဝဝ နှင့်ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိ သရဖူ အပြင် အခြားဆုများစွာရရှိခဲ့ပြီး ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလ၌ အမေရိကန်ပြည်ထောင်စု Las Vegas မြို့တွင်ကျင်းပမည့် Miss Universe 2014 Contest သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Miss Universe Contest ကို ၁၉၅၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံမှ ၁၉၅၈၊ ၁၉၅၉ နှင့် ၁၉၆ဝ ပြည့်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် အမေရိကန်ပြည်ထောင်စု Miami မြို့၌ ကျင်းပသည့် မယ်စကြာဝဠာ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒေါ်မြင့်မြင့်မေက Miss Congeniality ဆုကိုရရှိခဲ့သည်။

၅၃ နှစ်အကြာ မှပါဝင်ယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ Miss Universe Myanmar 2013 Contest ကိုပြန်လည်ကျင်းပခဲ့ရာ Miss Universe Myanmar 2013 အဖြစ် မိုးစက်ဝိုင်က ရွေးချယ်ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် Miss Universe 2013 ကိုရုရှားသမ္မတနိုင်ငံ မော်စကိုမြို့၌ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်း မရှိပေ။


Credit: Mizzima



ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မ စေတီခေါင်းလောင်းကြီးဟုယူဆ ရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ပြန်ကြားရေးအဖွဲ့ဝင်  ဦးကြည်ဝင်းကပြောသည်။

  ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူရန်ကြိုးပမ်းမှု ၂၃ ရက်ပြည့်မြောက်ပြီဖြစ်ပြီး ကုန်း ပေါ်ရောက်မှသာ ဓမ္မစေတီခေါင်း လောင်းအစစ်ဟုတ်၊ မဟုတ် သမိုင်းပညာရှင်များက  စစ်ဆေး ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။


 ‘‘ဦးစံလင်းက ဖုန်းဆက် တယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြည်သူတွေကို မေတ္တာနဲ့ခဏ စောင့်ပေးပါလို့ပြောတယ်’’ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ဟု ယူဆရသည့်အရာကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီး ကုန်းပေါ်သို့တင်၍ သက်သေပြရန်ကြိုးစားနေကြောင်း၊ ဆလုံရေငုပ်သမားများတွေ့ရှိသည့် အရာမှာ ဗော်ယာများဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ပြန်ကြားရေးအဖွဲ့က ပြောသည်။

‘‘ဒုတိယကမ္ဘာစစ်မတိုင်မီက သင်္ဘောချည်တဲ့ ဗော်ယာတွေ ရန်ကုန်မြစ်ထဲမှာ သူ့အဆင့်နဲ့သူ အများကြီးရှိတယ်။ ပင်လယ်ကူး သင်္ဘောတွေချည်တဲ့ ဗော်ယာဆို ရင် A Class သတ်မှတ်ထား တယ်။ အချင်းက ၁၀ ပေလောက် ရှိတယ်။ အဲဒါမျိုးတွေ ရေဝင်ပြီး တော့ မြုပ်သွားတာတွေ၊ မဆယ် နိုင်တော့လို့ နုန်းအောက်ရောက် သွားတာတွေ အများကြီးရှိတယ်။ ဒီဗော်ယာကြီးတွေက  ခေါင်း လောင်းကြီးနဲ့  ထုထည်တူနိုင် တယ်။ အလေးချိန်ကတော့တူမှာ မဟုတ်ဘူး။  ဘာကြောင့်လဲဆို တော့  ဒီဗော်ယာကြီးတွေက အထဲက  ဘာမှမပါဘူး။ အပေါ်မှာ ချည်တဲ့ကွင်းပါတယ်။ ဒါကြောင့် အခုခေါင်းလောင်းရှာတဲ့ ရေငုပ် သမားတွေအနေနဲ့ ဒီဗော်ယာ အဟောင်းတွေကို ကြိုးသိုင်းပြီး တွေ့ပြီလို့ပြောနေတယ်လို့ထင် တယ်’’ဟု ရေကြောင်းအရာရှိချုပ် ဟောင်း စည်သူဦးကျော်သိန်းလွင် က ဧရာဝတီသတင်းဌာနနှင့် အင် တာဗျူးတွင် ဖြေကြားထားသည်။

မြစ်ရေအောက်ကြမ်းပြင် အောက် ၁၇ ပေခန့်အထိ သောင် တူးစက်ဖြင့်တူးနေပြီး အကျယ် ပေ ၈၀ နှင့် ပေ ၁၀၀ ပတ်လည် တူးနေခြင်းဖြစ်နိုင်ကြောင်း၊ သောင်တူးစက်က ယင်းနေရာ တစ်ဝိုက်ကိုသာနေ့စဉ်  ရှေ့တိုး နောက်ဆုတ်တူးနေခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသူများနှင့် လှေသမ္ဗန်သမားအချို့ ထံမှ သိရသည်။

‘‘အတိအကျလုပ်နေတာ။ တစ်နေရာတည်းလုပ်နေတာ။ ဒီ တစ်နေရာတည်း ရှေ့တိုးနောက် ဆုတ်လှည့်တူးနေတာ။ ဟိုနေရာ စမ်းစမ်း၊ ဒီနေရာစမ်းစမ်းတူးတာ မဟုတ်ဘူး။ တစ်နေရာတည်းလှဲ့ တူးနေတာ’’ဟု လှေသမ္ဗန်သမား ဦးဇင်ဘိုက ဆိုသည်။

Credit >>> 7 Day Daily



 နိုင်ငံတော်သီချင်းစာ သားကို ဖျက်ဆိုခဲ့သော ဘူးသီးတောင်မြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဘင်္ဂါလီလူမျိုး သတ္တမတန်း ကျောင်းသားနှစ်ဦးကို ကျောင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၈ ရက်က အမှတ် (၂) အခြေခံပညာအလယ်တန်း ကျောင်း၌ ကျောင်းတက်ချိန်နိုင်ငံ တော်သီချင်းသီဆိုရာတွင် ဘင်္ဂါ လီလူမျိုး ကျောင်းသားနှစ်ဦးက ‘‘မြန်မာပြည်’’ဆိုသည့် စာသားအ စား ‘‘မွတ်စလင်ပြည်’’ဟု ပြောင်း လဲသီဆိုခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အတန်းပိုင်ဆရာမက ယင်း ကဲ့သို့ မသီဆိုရန် ဆုံးမရာ ကျောင်းသားနှစ်ဦးက ပြန်လည်ရန်ရှာခဲ့သည့်အတွက် ကျောင်းအုပ်ဆရာကြီးထံ တင်ပြပြီး မိဘများကို ခေါ်ယူခဲ့ကြောင်းနှင့် မိဘများက လာရောက်တွေ့ဆုံခြင်းမရှိ၍ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ နောက်ဆုံးဆုံးဖြတ်ချက်အရ ၎င်းတို့ကို ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

‘‘အားလုံး သုံးသပ်လိုက်တဲ့ အခါ နိုင်ငံရေးတွေပါလာလို့ အ ပြတ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ’’ဟု ဆိုသည်။

မူလက ၎င်းတို့ကို ကျောင်း ပြောင်းစေရန်သာ ဆုံးဖြတ်ခဲ့သော်လည်း နောက်ကွယ်မှ နိုင်ငံရေးလှုံ့ ဆော်မှုများ ပါဝင်နေသည့်အ တွက် ကျောင်းထုတ်ပစ်ရန် ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဘူးသီး တောင်မြို့နယ်ပညာရေးအသိုင်း အ၀ိုင်းက ဆိုသည်။ ဖြစ်စဉ်နောက်ကွယ်တွင် မည်သူများပါဝင်နေသည်ကို သက်ဆိုင်ရာမှ စုံစမ်းဖော်ထုတ် သင့်ကြောင်း ဘူးသီးတောင်ဒေသ ခံများက ပြောသည်။

‘‘နောက်က ဘယ်အဖွဲ့အ စည်းတွေ ပါသလဲ။ ကြိုးကိုင် လည်း စုံစမ်းပြီး ထိထိရောက် ရောက်အရေးယူဖို့ လိုပါတယ်’’ဟု ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဦးထွန်းအောင် သိန်းက သုံးသပ်သည်။

ဘူးသီးတောင်မြို့နယ် အမှတ် (၂) အခြေခံပညာ အလယ်တန်း ကျောင်းသည် ရခိုင်တိုင်းရင်းသား များသာမက ဘင်္ဂါလီလူမျိုးများပါ တက်ရောက်သော အထက်တန်း ကျောင်းခွဲဖြစ်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်နှင့် ပြည်နယ်ပညာရေးမှူးရုံး များသို့ တင်ပြထားကြောင်းသတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် စုစုပေါင်းလူဦးရေ သုံးသိန်းကျော်ရှိပြီး ယင်းအထဲတွင် ရခိုင်နှင့် အခြားတိုင်းရင်းသား ဦးရေမှာ လေးသောင်းခန့်သာရှိကြောင်း ဆိုသည်။

Credit >> 7 Day Daily


မီဒီယာရှေ့တွင်တောင်းပန်ပြီး  သရဖူပြန်အပ်ရန် မေမြတ်နိုးအား Miss Asia Pacific World Organization ၏ ကိုရီးယားနှင့် အရှေ့တောင်အာရှပိုင်း   တာဝန်ယူထားသော ဥက္ကဋ္ဌ မစ္စတာချွိုင်ဂျင်းကပြောသည်။
‘‘မေမြတ်နိုးက မီဒီယာတွေရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကို ကူညီပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အကောင်းဆုံးအရာဖြစ်ပြီး မေမြတ်နိုးအတွက်လည်း အကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။
မေမြတ်နိုးကိုလည်း လာရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များ လုပ်ဆောင်သွား လိုသည်ဟု ၎င်းကပြောသည်။
ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခြင်းမဟုတ်ဘဲ မေမြတ်နိုးနှင့် ၎င်း၏မိခင်တို့၏ သဘောတူညီမှုအရ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘သူရော  သူ့အမေပါ လက်မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ  ဘယ်အော်ပရေးရှင်းမှ ကိုရီးယားမှာ မလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်းဂျင်းကပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများ လုပ်ဆောင်လေ့ရှိသဖြင့် မေမြတ်နိုးကို မည်သည့်အစိတ်အပိုင်း ခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကို အလုပ်မလုပ်ခြင်း၊ အဖွဲ့အစည်း၏စကားကို မလိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကို မလိုက်နာခြင်းကြောင့် သရဖူကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။
မေမြတ်နိုး၏မိခင်ကို ကိုရီးယားသို့ နှစ်ပတ် လိုက်ပါခွင့်ရရန် မေမြတ်နိုးကတောင်းဆိုခဲ့၍ စီစဉ်ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏မိခင်က သမီးနှင့်အတူ သုံးလနေထိုင်ခွင့်ရရန် ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူအသိမ်းခံရသည့် ကိစ္စနှင့်  ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင် သတင်းစာရှင်းလင်းပွဲ   ပြုလုပ်မည်ဖြစ်သည်။

Credit >> 7 Day Daily



မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ပွဲတော်နဲ့ပတ်သတ်ပြီး ဇာဂနာရဲ့ အမြင်ကို မေးမြန်ဖြစ်တဲ့အခါ “ဒါကတော့ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ပွဲတော်အတွက် ပထမဆုံးအတွေ့အကြုံက နည်းနည်းများမှားယွင်းမှာ စိုးတဲ့တွက် ကျွန်တော့်ကို အကူအညီတောင်းတယ်။ အဲဒီအတွက်ဝင်ပြီး ကူညီပေးမဲ့ သဘောပါ။ အဲဒီကနေ ဒိုင်လူကြီးပါ လုပ်ပေးပါဆိုတော့ ဆက်ပြီး ပါသွားတာပေါ့။ ရုပ်ရှင်ပွဲတော်ကတော့ ဘယ်သူလုပ်လုပ် ကြိုက်တဲ့သူလုပ် ကျွန်တော်ကတော့ ပါတယ်။ အမြဲတမ်းပေါ့။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ပွဲတော်မှ မရှိတာကိုး ။ နိုင်ငံခြားမှာဆို ဒေါ်ဆွေဇင်ထိုက်ပြောသွားသလိုပဲ။ ၃၆၅ ရက်ဆို ၃၆၅ ပွဲရှိတယ်။ မြန်မာနိုင်ငံမှာ ခုမှအားလုံးပေါင်းရင် ၃ ပွဲပဲရှိသေးတယ်။ ပြောရရင် နည်းသေးတယ်။ လူငယ်တွေက ကျွန်တော်တို့နိုင်ငံမှာဆို နည်းတဲ့အင်အားမှ မဟုတ်တာ။ လောလောဆယ် ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ဟာ သန်း ၃၀ထက် မနည်းဘူး။ အဲဒီလောက် လူငယ်အင်အားစုများနေတဲ့ ဒီတိုင်းပြည်ကြီးမှာ လူငယ်တွေရဲ့လမ်းတွေကို လူငယ်တွေက သူတို့ဟာသူတို့ရှာတဲ့ လမ်းတွေ ရှိစေချင်ပြီ။ အဲဒီတော့ လူငယ်တွေဟာ ပွင့်လင်းတယ်။ လူငယ်ဆို တာ ရဲရင့်တယ်။ လူငယ်ဆိုတာ ရိုးသားတယ်။ သူတို့မြင်တဲ့ အမြင်တိုင်း ဖော်ထုတ်လိုက်တဲ့အခါမှာ တချို့ကျွန်တော်တို့ မသိတာတွေ လူငယ်တွေ သိနေတာမျိုးတွေရှိတယ်။ လူငယ်တွေနဲ့ ပတ်သတ်လာရင် စကားလှတာလေးတွေ ရှိတယ်။ ကျွန်တော်တို့က လူငယ်တွေကို အလေးပေးပါတယ်။ အရေးထားပါတယ်။ ဆိုပြီး လူငယ်တွေနဲ့ ပတ်သတ်တာတွေ ပျောက်နေတယ်။ အဲဒီတော့ လူငယ်ဆိုတာ ဘယ်လောက်အရေးကြီတယ်ဆိုတာကို ပြချင်လို့ကျွန်တော်တို့က ၀ိုင်းဝန်းပံ့ပိုးကြတဲ့ သဘောပါ။ တစ်ခုရှိတာက ဒီလိုမျိုး လုပ်လိုက်ခြင်းအားဖြင့် လူငယ်တွေရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုကို ကျွန်တော်တို့မြင်လာရမယ်။ သေချာပါတာတစ်ခုက ဒီပွဲတော်ကြီးပြီးသွားတဲ့အခါကျရင် လူငယ်တွေရဲ့ အသံတွေကို ကျွန်တော်တို့ ပိုပြီးကြားလာရပါမယ်။”လို့ သူက ပြောပါတယ်။
 အရင်က ကျွန်တော်လုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်အကြောင်းကိုလည်း သူက“အနုပညာဆိုတာ လွတ်လွတ်လပ်လပ်ဖန်တီးလို့ ရတယ်ဆိုတာ သိစေချင်လို့ လုပ်ခဲ့တာပါ။ အခုက ဒီလူငယ်လေးတွေ လုပ်တာကို ကျွန်တော်က ၀င်ကူညီတာပါ။ တိုင်းပြည်မှာ လူငယ်ကိုမှ အားမကိုးရင်ကျွန်တော်တို့တိုင်းပြည်က မြောင်းထဲရောက်တော့မယ်။ သေချာမှုတစ်ခုက ကျွန်တော်တို့အားကိုးရမှာက လူငယ်တွေပဲ၊ ကျွန်တော်တို့အားကိုးရမဲ့ လူငယ်တွေရဲ့အိုင်ဒီယာတွေကို ဒီနေရာကနေ ဖော်ထုတ်ရမှာပဲ။ အနုပညာလောကကို ဘယ်လိုမြင်မိလဲဆိုတော့ ပရိသတ်တစ်ယောက်အနေနဲ့ပြောရရင်မြန်မာကားတွေ တော်တော်ချာနေတယ်ဆိုတာ လူတိုင်းအသိပဲ၊ ဆရာကြီး ဦးဝင်းဖေက စကားတစ်ခွန်းပြောဖူးတယ်။ အဲဒီစကားက ၂၀၀၀ခုနှစ်လောက်ကတည်းက ပြောတာ။ ဗမာ လူမျိုးတွေ ဒီတိုင်းနေရင် ရုပ်ရှင်ပျောက်တော့မယ်။ Jarmen Types documentary ရိုက်ရလိမ့်မယ်ဆို့ ဆရာကြီးကပြောဖူးတယ်။ ဘယ်သူ့ကမှ ဂရုမစိုက်ခဲ့ကြဘူး။ အဲဒီဟာကို သဘောကျတယ်။ အဲဒီတုန်းက ဆရာကြီးက နိုင်ငံခြားရောက်သွားပြီ။ ဟိုမှာသွားခိုလှုံနေပြီပေါ့။ အဲဒီစကားလေးကို ကျွန်တော်တောင်ကြိုက်လို့ မဂ္ဂဇင်းတစ်စောင်မှာတောင် ရေးဖြစ်သေးတယ်။ ဒါပေမဲ့ခုချိန်ထိ ရုပ်ရှင်နဲ့ ထမင်းရှာစားနေတဲ့ လူတွေ အဲဒီလမ်းကို မနင်းလာသေးဘူး။ ခုလူငယ်တွေက အဲဒီလမ်းကို နင်းလာပြီ။ ဒီနည်းနဲ့ပဲကျွန်တော်တို့ ကမ္ဘာကို သွားလို့ရတယ် ဆိုတာမြင်လာတယ်။ အဲဒီတော့ ရုပ်ရှင်လောကကြီး ဘယ်လိုဖြစ်သွားမလဲဆိုတော့ ကျွန်တော်တို့ပြော လို့လဲ နားထောင်မှာမဟုတ်ဘူး။ အဖက်လဲလုပ်မှာ မဟုတ်တဲ့ အတူတူ ကျွန်တော်တို့လဲမပြောတော့ဘူး။ သူ့ဟာနဲ့သူ စောလူးမင်းလိုပဲ သေရစ်ခဲ့ပေတော့ ။ ကျွန်တော်ကတော့ ကိုယ့်လမ်းကိုသွားမှာပဲ”တဲ့။



ရန်ကုန်၊ မေ ၂၅- ကျပ် ၁၅၀၀ ထက်မပိုသည့်နှုန်းဖြင့် အင်တာနက် ပါဝင်ပြီး 3G ကွန်ရက်စနစ်သုံး မိုဘိုင်း ဆင်းမ်ကတ်များကို ယခုနှစ်တွင် အစောဆုံးအနေဖြင့် ဇူလိုင်လနှင့် နောက် အကျဆုံး အနေဖြင့် စက်တင် ဘာလအတွင်း အကန့်အသတ်မဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ 3G ကွန်ရက်သုံး စွဲနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့်မြို့ကြီးများ တွင် ဒေတာစင်တာများတည်ဆောက် ပြီးဖြစ်ကာ ဆက်သွယ်ရေးအတွက် အခြေခံ အဆောက် အအုံများဖြစ်သည့် တာဝါတိုင် ၄ဝဝကျော်စိုက်ထူသွား မည်ဖြစ်ပြီး ယင်းနှင့်ချိတ်ဆက်မည့် ဖိုက်ဘာလိုင်း ၁၂ဝဝကီလိုမီတာကျော် ချခြင်းများ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း မေ၂၅ရက် Sule Shangri-La တွင် မွန်းလွဲ၂နာရီမှ ၄ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာ ရှင်းလင်းပွဲတွင် အော်ရီဒူး (မြန်မာ)မှ  အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack  က ပြောကြားခဲ့သည်။
ယင်းက''ဆင်းမ်ကတ်ရောင်းချမယ့်ဈေး၊ ဖုန်းပြောဆိုခ၊ အင်တာနက်နှုန်း စတာတွေကို ရက်အတိအကျကိုတော့ထပ်ကြေညာပါ့မယ်။ ပြိုင်ဘက်အော်ပ ရေတာတွေကလဲ ရှိနေတော့ သေချာမ ပြောပါရစေနဲ့ဦး။ တတိယသုံးလပတ်လို့ပဲ အကြမ်းဖျင်းပြောထားပါရစေ။ ဆင်းမ်ကတ် စရောင်းတဲ့အချိန်မှာ အရေအ တွက် ဘယ်လောက်စချမယ်ဆိုပြီး ကန့်သတ်ထားတာ မျိုးမရှိ ဘူး။ မှတ်ပုံတင် ပြတာနဲ့ ဝယ်နိုင်မယ်''ဟုပြောသည်။

TPM Ooredoo 1
အော်ရီဒူး (မြန်မာ)မှ  အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ရှင်းလင်းပြောကြားစဉ်။
နှစ်တစ်နှစ်တွင် ပထမသုံးလပတ်ဆိုသည်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် တို့ကိုဆိုလိုခြင်းဖြစ်ပြီး၊ ဒုတိယ သုံးလပတ်ဆိုသည်မှာ ဧပြီ၊ မေနှင့် ဇွန်လတို့ ကိုဆိုလိုခြင်းဖြစ်ကာ တတိယ သုံးလပတ် ဆိုသည်မှာ ဇူလိုင်၊ ဩဂုတ်နှင့်စက် တင်ဘာလတို့ကိုဆိုလိုခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)မှ သိရသည်။ ယင်းသို့ 3G ကွန်ရက်ဖြင့် စတင်အသုံးပြုနိုင်ရန်အတွက် ဇန်နဝါရီလ လယ်က ဖုန်းစမ်းသပ်ခေါ်ဆိုမှုများ ဆောင်ရွက်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖိုက်ဘာ လိုင်းများကိုလည်း ကွန်ရက်ဖြန့်ကြက် မှုနှင့် အညီ ကီလိုမီတာ ထောင် နှင့်ချီ၍ လိုင်းချသွား မည်ဖြစ် ကြောင်း သိရသည်။

အော်ရီဒူး(မြန်မာ)အနေဖြင့် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက် များအား ကာကွယ်ပေးခြင်းများနှင့်ပတ်သက်၍ Mr.Ross Cormack   က ''ဒေတာစင်တာတွေ နက်ဝေါ့ခ်တွေက အော်ရီဒူး က ပိုင်ဆိုင် တာ တွေဖြစ်တယ်။ သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်မယ်။
 
 ကမ္ဘာ အနှံ့မှာဆောင်ရွက်နေတဲ့နည်းဥပဒေအတိုင်း အစိုးရက အချက် အလက် တွေ တောင်း တိုင်း ပေးမှာမဟုတ်ပါဘူး '' ဟု ယင်းကဆက်လက်ပြောသည်။

အော်ရီဒူး (မြန်မာ)သည် ဖေဖော်ဝါရီလ ၅ရက်တွင် တယ်လီကွန် လိုင်စင်ရရှိခဲ့ပြီး မြန်မာဝန်ထမ်းများ ဆက်တိုက်ခန့်အပ်လျက်ရှိကာ ကျန်းမာရေး၊ ပညာရေးနှင့်အားကစား အစရှိသည့် ကဏ္ဍ များ တွင် လည်း ပံ့ပိုးကူညီပေးလျက် ရှိကြောင်း သိရသည်။    

PPT [--Democracy today Daily Newspaper--]


Photo: IT နယ်ပယ်တွင် ပညာရှင်အဖြစ် ရပ်တည်နိုင်ရန် အထောက်အကူပြု ပညာဒါနဖွင့်လှစ်မည်

IT နယ်ပယ်တွင် လူငယ်တိုင်း ပညာရှင် အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်၍ Data World Computer သင်တန်းကျောင်းမှ ပညာဒါန သင်တန်းများဖြစ်သည့် Computer Basic နှင့်A+ Hardware Engineering Course သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ ၂၈  ရက် အထိ လျှောက်လွှာ ပုံစံ ဖြည့်သွင်း၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားနေသော သင်တန်းများကို အလှည့်ကျ စနစ်ဖြင့် လစဉ်ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယခုမေလတွင် ဖွင့်လှစ် သင် ကြားပေးမည့် အလှည့်ကျ သင်တန်း ကို ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းနှင့် လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ဇေယျာသီရိလမ်းရှိ Data World Computer Cebter အသီးသီးတွင် လျှောက်ထားနိုင်သည်။ တစ်ဦး လျှင် တစ်ဘာသာစီသာ လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ယခုလ၏ အလှည့်ကျ Course များအတွက် ရွေးချယ်မခံရသူများကို နောင်ထပ်မံ ဖွင့်လှစ်မည့် Basic Course နှင့် A+ Hardware Engineering Course ၏ ပညာဒါနသင်တန်းများတွင် ထပ်မံထည့်သွင်း ရွေးချယ်ပေးမည်ဖြစ်သည်။ လျှောက်လွှာ တစ်ကြိမ် တင်ထားရုံနှင့် ပညာဒါန တက်ရောက်နိုင်မည့် အခွင့်အရေးကို အကြိမ်ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော အခြားသော သင်တန်းများကိုလည်း အထက်ပါ အစီအစဉ်အတိုင်း အလှည့်ကျ စနစ်ဖြင့် လစဉ် ပညာဒါနသင်တန်းများ ဆက်လက် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက Data World Computer ကျောက်တံတား၊ ဖုန်း-၀၉-၃၃၀၉၄၆၆၇၊ လှည်းတန်း၊ ဖုန်း ၀၉၂၅၄၀၆၅၅၀၇ သို့ဆက်သွယ် စုံစမ်း တက်ရောက်နိုင်သည်။

Credit to Internet Journal

Aung Min Han
IT နယ်ပယ်တွင် လူငယ်တိုင်း ပညာရှင် အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်၍ Data World Computer သင်တန်းကျောင်းမှ ပညာဒါန သင်တန်းများဖြစ်သည့် Computer Basic နှင့်A+ Hardware Engineering Course သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက် အထိ လျှောက်လွှာ ပုံစံ ဖြည့်သွင်း၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားနေသော သင်တန်းများကို အလှည့်ကျ စနစ်ဖြင့် လစဉ်ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယခုမေလတွင် ဖွင့်လှစ် သင် ကြားပေးမည့် အလှည့်ကျ သင်တန်း ကို ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းနှင့် လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ဇေယျာသီရိလမ်းရှိ Data World Computer Cebter အသီးသီးတွင် လျှောက်ထားနိုင်သည်။ တစ်ဦး လျှင် တစ်ဘာသာစီသာ လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ယခုလ၏ အလှည့်ကျ Course များအတွက် ရွေးချယ်မခံရသူများကို နောင်ထပ်မံ ဖွင့်လှစ်မည့် Basic Course နှင့် A+ Hardware Engineering Course ၏ ပညာဒါနသင်တန်းများတွင် ထပ်မံထည့်သွင်း ရွေးချယ်ပေးမည်ဖြစ်သည်။ လျှောက်လွှာ တစ်ကြိမ် တင်ထားရုံနှင့် ပညာဒါန တက်ရောက်နိုင်မည့် အခွင့်အရေးကို အကြိမ်ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော အခြားသော သင်တန်းများကိုလည်း အထက်ပါ အစီအစဉ်အတိုင်း အလှည့်ကျ စနစ်ဖြင့် လစဉ် ပညာဒါနသင်တန်းများ ဆက်လက် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက Data World Computer ကျောက်တံတား၊ ဖုန်း-၀၉-၃၃၀၉၄၆၆၇၊ လှည်းတန်း၊ ဖုန်း ၀၉၂၅၄၀၆၅၅၀၇ သို့ဆက်သွယ် စုံစမ်း တက်ရောက်နိုင်သည်။

Credit to Internet Journal


မော်ဒယ်လ်ထွန်းကိုကိုလို့ ပြောလိုက်တာနဲ့ အရပ်မြင့်မြင့်၊ ဘော်ဒီအမိုက်စားနဲ့ ကောင်လေးတစ်ယောက်ကို တန်းမြင်ကြမှာပါ။ ကိုရီးယားထိသွားပြီး မြန်မာ့ဂုဏ်ဆောင်ပေးခဲ့တဲ့ ထွန်းကိုကိုဟာ ခုဆိုရင် ကားရိုက်တွေနဲ့ ပြည့်နေသူမို့ အနုပညာခြေလှမ်းတွေလည်း စိပ်လာတယ်လို့ ပြောရမှာပါ။ သူနဲ့တွေ့ဆုံခိုက် ရာသီအပြောင်းအလဲမှာ ဘယ်လိုဖက်ရှင်မျိုးတွေ ၀တ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောဖြစ်တဲ့အခါ ‘နွေရာသီမှာတော့ အရောင်နုနု ဖျော့ဖျော့လေးတွေ ၀တ်ဖြစ်ပါလိမ့်မယ်။ စွပ်ကျယ်နဲ့တော့ အပြင်မသွားသင့်ဘူး။ ချည်ထည်လက်ရှည်လေးတွေနဲ့သွားသင့်တယ်။ ဘာလို့လဲဆိုတော့ နေရောင်တအားထိမှာ စိုးလို့လေ။ ပြီးရင် ဦးထုပ် ဆောင်းသင့်တယ်။ အောက်က ဘောင်းဘီတိုလေးကိုမှ ဂျင်းအထူကြီးတွေမ၀တ်ပဲနဲ့ နဲနဲပေါ့ပါးတဲ့ဟာလေးတွေ ၀တ်သင့်ပါတယ်။ နွေရာသီမှာ အပြင်သွားရင် မပါမဖြစ်က ဦးထုပ်၊ထီးပေါ့နော်။ အဲဒါတွေကတော့ အရေးကြီးတယ်။ မျက်မှန်ရောပဲ။ ပြီးတော့ ဖက်ရှင်နဲ့ပတ်သတ်ပြီး အင်တာနက်ကနေ လေ့လာတယ်။ စာအုပ်တွေဖတ်တယ်။ ၀ယ်နေကျက ပင်ရင်းတွေမှာ ၀ယ်တာများတယ်။ ပြီးတာ့ ဒီဇိုင်နာနဲ့ချုပ်တာများတယ်။ ဒီဇိုင်နာက ဖက်ရှင်အင်ပါယာရယ်၊ မစန္ဒာအောင်ရယ်။ ကိုဝိုင်စတုန်းတို့နဲ့လဲချုပ်ဖြစ်တယ်။ ဖက်ရှင်နဲ့ က ကိုယ်ကိုတိုင်ပဲ စီစဉ်တယ်။ဒီဇိုင်နာနဲ့လဲ တိုင်ပင်ချုပ်ဖြစ်တယ်။ နွေရာသီရောက်လာတော့ ရာသီဥတုကပူလာတယ်။ တခြားရာသီတွေမှာလုပ်လို့ ပင်ပန်းတာထက်ကို ဒီနွေရာသီမှာက နှစ်ဆပိုပင်ပန်းတယ်။ ငယ်ငယ်ကဆို အင်္ကျင်္ိသိပ်မ၀တ်ဖြစ်ဘူး။ ပါးပါးလေးတွေနဲ့ စွပ်ကျယ်အစုတ်တွေ ၀တ်ဖြစ်တယ်။ ပိုအေးလို့လေ။ ပရိသတ်ကြီးအားလုံး နွေရာသီမှာအားလုံး သတိထားသင့်တယ်။ သက်ကြီးရွယ်အိုတွေဆို ပိုသတိထားသင့်တယ်။ လွင်ထီးခေါင်ပြင်က ပြန်ပြန်လာချင်း ရေမချိုးကြပါနဲ့’လို့ သူက ဆိုသွားပါတယ်။


မြန်မာနိုင်ငံ၌ ၂၀၀၅-၂၀၀၇ ခုနှစ်အ တွင်းအွန်လိုင်းစာမေးပွဲဖြေဆိုနိုင်သော Prometric စင်တာ ၃ခုပေါ်ပေါက်ခဲ့ရာ အွန်လိုင်းစာမေးပွဲဖြေဆိုမှုများအာဆီယံနိုင် ငံအတွင်းမြင့်မားလာကြောင်းသိရှိရသည်။
မြန်မာနိုင်ငံ၌အွန်လိုင်းစာမေးပွဲဖြေဆို နိုင်သော Prometric စင်တာ ၃ခုပေါ် ပေါက်ခဲ့ရာအာဆီယံနိုင်ငံအတွင်းအဆင့် ၆နေရာတွင်ရှိသည်ဟုသိရှိရသည်။ စာ ဖြေဌာနအများဆုံးမှာအင်ဒိုနီးရှား ၁၇ခု၊ ဒုတိယမှာထိုင်း ၁၅ခု၊ မလေးရှား ၁၄ခု၊ စင်္ကာပူဗီယက်နမ် ၁၀ခု၊ ဖိလစ်ပိုင် ၇ခု ကမ္ဘောဒီးယားနှင့်ဘရုနိုင်းတွင်စင်တာ ၁၁ ခုစီသာရှိပြီး လာအိုနိုင်ငံတွင်အွန်လိုင်းစာ ဖြေဌာနမရှိကြောင်းသိရသည်။ ရန်ကုန် တွင် စင်တာ ၂ခုရှိသောကြောင့်ဗီယက် နမ်နိုင်ငံဟိုချီမင်းမြို့နှင့်တန်းတူဖြစ်သည်။
အွန်လိုင်းစင်တာများနှင့်ပတ်သက်၍ Myanmar Inspiration မှတာဝန်ရှိသူ တစ်ဦးကပြောကြားရာတွင် “အွန်လိုင်းစင် တာတွေရဲ့အရေအတွက်နှင့်အရည်အချင်း ကိုဖြေဆိုသူဦးရေနဲ့စာမေးပွဲမေးခွန်းလုံ ခြုံ မှုအပေါ်မူတည်ပြီးအဆင့်အတန်းသတ် မှတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့စင် တာကိုအာရှပစိဖိတ် Operations and Security Manager တွေမကြာခဏလာ ရောက်စစ်ဆေးလေ့ရှိပါတယ်။ ဒီနှစ်မှာ ဒေသတွင်းစင်တာများ၏လုံခြုံရေးဆိုင်ရာ တာဝန်ခံဒါရိုက်တာတစ်ဦးဖြစ်တဲ့ Sumita Ronjnni Devodos ကလာရောက်သွား ပြီး MY2 နဲ့ပတ်သက်လို့လုံခြုံရေးနှင့်ဝန် ဆောင်မှုအပိုင်းမှာအားရကျေနပ်မှုရှိ ကြောင်းပြောကြားခဲ့ပါတယ်။ အာရှ-ပစိ ဖိတ်မှ ဒါရိုက်တာ Imran Amin ကလည်း မြန်မာနိုင်ငံရဲ့ မိုက္ကရိုဆော့ဖ်စာမေးပွဲစိတ် ၀င်စားဖြေဆိုမှုနဲ့ အောင်ချက်ရာခိုင်နှုန်း အကြောင်း မကြာခဏပြောဆိုလေ့ရှိပါ တယ်”” ဟုအင်တာနက်ဂျာနယ်သို့ပြော ကြားသည်။
“လက်ရှိအချိန်တိုကာလအတွင်းမြန် မာနိုင်ငံက နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်တွေပေါ်ပေါက်လာတာဟာနိုင်ငံ အနေနဲ့ရောအာဆီယံဒေသအတွင်းနည်း ပညာဖွံ့ဖြိုးမှုအတွက်ပါကောင်းတဲ့အလား အလာပါဘဲ။ တစ်နည်းအားဖြင့်ကျွန်တော် တို့ဆီကလူငယ်တွေနည်းပညာနဲ့ပတ်သက် ပြီးထိပ်တန်းမှာရှိတယ်ဆိုတာသက်သေပြ လိုက်တာပါဘဲ”ဟု ၎င်းင်းမှထပ်မံပြောကြား ခဲ့သည်။
မိုက္ကရိုဆော့စာမေးပွဲများဖြေဆိုရာ တွင်မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံမှာတစ်က မ္ဘာလုံးတွင်စာမေးပွဲကြေးအသက်သာဆုံး နိုင်ငံများ ဖြစ်ကြောင်းထပ်မံသိရှိရသည်။


အထက်မြန်မာပြည် စာအုပ်ဈေးကွက်ကို အခိုင်အမာ ပိုင်ဆိုင်ထားသည့် မန္တလေးစာအုပ်၊ စာပေဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်တွင် ယခင်က စာအုပ် အငှားဆိုင်များတွင် ကျယ်စွာ ဖွင့်လှစ်ခဲ့ပြီး စာအုပ်အငှားဆိုင် အများစု ပေါ်ထွက်ခဲ့သော်လည်း ယခုအခါ စာအုပ်ငှားရမ်း ဖတ်ရှုသူ နည်းပါးလာသည့်အတွက် စီးပွားရေးအရ တွက်ခြေကိုက်တော့ဘဲ စာအုပ်အငှားဆိုင် အများစု ပိတ်သိမ်းသွားသည်။

မန္တလေး စာပေဖြန့်ချိရေး ဈေးကွက်သည် စာအုပ် အငှားဆိုင်များကို အဓိက အားကိုးအားပြုခဲ့ရာမှ စာအုပ်အငှားဆိုင်များ ပိတ်သိမ်းသွားချိန်တွင် ဈေးကွက်သည် နိုင်ငံရေး၊ ဘာသာရေး စာအုပ်စာပေ ရောင်းချရမှုနှင့် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ၊ အပတ်စဉ် ဂျာနယ် အရောင်းအဝယ်များကိုသာ အားထားနေရကြောင်း မန္တလေးအခြေစိုက် စာအုပ် ထုတ်ဝေရေးနှင့် ဖြန့်ချိရေး အရောင်းဆိုင်များထံမှ သိရှိရသည်။

အစိုးရသစ် ကူးပြောင်းသည့်ကာလ စာအုပ်ဈေးကွက်မှာ ဆုတ်ယုတ်မှု မရှိသော်လည်း တိုးတက်လာမှု နည်းပါးကြောင်း၊ မန္တလေး စာအုပ်စာပေ ဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်သည် မန္တလေးတိုင်း ဒေသကြီးအပြင် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့ကြီးများအထိ ကြီးမား ကျယ်ပြန့်ပြီး အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများတွင် ဖွင့်လှစ်ထားသော စာအုပ် အငှားဆိုင်များက မန္တလေး ဈေးကွက်မှ မဂ္ဂဇင်း၊ ကာတွန်း၊ ဝတ္ထုများ အပါအဝင် စာအုပ်၊ စာပေ ဝယ်ယူကြကြောင်း၊ ယခုအခါတွင်မူ စာအုပ်အငှားဆိုင် အများစု ရပ်ဆိုင်းသွားသဖြင့် မန္တလေး စာအုပ်၊ စာပေဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်သည် အပျက်ဘက်ကို ဦးတည်နေပြီ ဖြစ်ကြောင်း မန္တလေး စာပေဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။

“အရင်ကဆိုရင် လွိုင်ကော်အထိ စာအုပ် အငှားဆိုင်တွေအတွက် မဂ္ဂဇင်းတွေ၊ ကာတွန်းတွေ၊ ဝတ္ထုတွေကို မန္တလေးကနေ ပို့ပေးရတယ်။ အခုနောက်ပိုင်း စာအုပ် အငှားဆိုင်တွေ မရှိတော့တဲ့အတွက် လွိုင်ကော် ဈေးကွက်လည်း မရှိတော့ဘူး” ဟု မန္တလေး ထွန်းဦးစာပေမှ ဦးထွန်းဦးက ပြောကြားသည်။

ယခင်က မန္တလေးမြို့တော်တွင် မြို့နယ်၊ ရပ်ကွက်များနှင့် ကျေးရွာများ ပါမကျန် စာအုပ်အငှားဆိုင်များ အပြိုင်အဆိုင် ဖွင့်ခဲ့ကြသော်လည်း သတင်းအချက်အလက်နှင့် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာချိန်တွင် စာအုပ် အငှားဆိုင်များသည် VCD၊ DVD ဇာတ်ကား အခွေအငှားဆိုင်နှင့် အခွေ အရောင်းဆိုင်များ အဖြစ် အသွင် ပြောင်းလဲသွားကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်း သိရှိရသည်။

“အရင်တုန်းကတော့ စာအုပ်အငှားဆိုင်က ရတဲ့ဝင်ငွေက လုံလောက်ရုံတင် မကဘူး၊ ပိုတောင် ပိုသေးတယ်။ အရင်က ကိုယ့်ဆိုင်မှာ လာငှားတဲ့ ဖောက်သည်တွေတောင် အခွေသစ် ကြည့်နေလို့ စာမဖတ်ဖြစ်ဘူး ဆိုတာတွေ ဖြစ်လာတယ်။ ကိုယ်တွေတောင် စာအုပ်အငှားဆိုင် မဖွင့်တော့ဘဲ အခွေငှားဆိုင် ဖွင့်ဖို့ စဉ်းစားမိသေးတယ်။

ဒါပေမဲ့ စာအုပ်အငှားဆိုင် ဖွင့်လာတာလည်း နှစ် ၂၀ ကျော်နေပြီ။ စာအုပ် အငှားဆိုင်တွေ လုံးဝ ပျောက်ကွယ်သွားမှာ စိုးလို့ ဆက်ပြီး ဖွင့်နေတာ။ အမြတ်အစွန်းအရ ကြည့်မယ်ဆိုရင် ကိုယ်ကတောင် အိတ်စိုက်ရသေးတယ်။ ခုခေတ်မှာ စာအုပ်အငှားဆိုင်တွေ ရေရှည် ရပ်တည်ဖို့ဆိုတာ တကယ်ကို မလွယ်တော့ဘူး” ဟု မန္တလေးမြို့တွင် ၁၉၉၃ ခုနှစ်ကတည်းက စာအုပ်အငှားဆိုင် ဖွင့်ခဲ့သူ အသက် ၅၀ အရွယ် စာအုပ်အငှားဆိုင် ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် စာအုပ်အငှားဆိုင် အရေအတွက် အလွန်နည်းပါးလျက် ရှိပြီး လုပ်ငန်း ပိတ်သိမ်းခြင်း မပြုဘဲ ဆက်လက် ဖွင့်လှစ်နေသည့် စာအုပ်အငှားဆိုင် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရနိုင်သည်အထိ နည်းပါးလာကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

“တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် စာအုပ်စာပေက ကျဆုံးမသွားဘူး။ ဒါပေမဲ့ မန္တလေး အနေအထားအရဆိုရင်တော့ စာပေလောကက အားနည်းနေသေးတယ်။ စာအုပ်အငှားဆိုင်တွေ ရှားပါးသွားတာကလည်း မန္တလေးရဲ့စာဖတ်အားကို လျော့သွားစေတယ်” ဟု မန္တလေးမြို့၊ ဥတ္တရလွင်ပြင် စာပေမှ ဦးသန်းဌေးက သုံးသပ် ပြောဆိုသည်။

မန္တလေးစာအုပ်၊ စာပေ ဈေးကွက်တွင် နိုင်ငံရေးနှင့် ဘာသာရေး စာအုပ်များသာ အဓိက ဝယ်လိုအား ရှိသော်လည်း သုတ၊ ရသ၊ အတ္ထုပ္ပတ္တိနှင့် ပညာရပ်ဆိုင်ရာ စာအုပ်များ၏ ဝယ်လိုအားမှာ ပုံမှန် အခြေ အနေထက် မပိုကြောင်း၊ အငှားဆိုင်များ၏ စာအုပ်စာပေ ဝယ်ယူမှု လျော့ကျချိန် ကိုယ်ပိုင် ဝယ်ယူကြသည့် ပုဂ္ဂလိက စာဖတ်ပရိသတ်များကိုသာ အားထားနေရကြောင်း မန္တလေးမြို့မှ စာပေ လုပ်ငန်းရှင်များက ဆိုကြသည်။

မန္တလေးစာအုပ်၊ စာပေဈေးကွက် စာအုပ်အငှားဆိုင်များ ပျောက်ဆုံးခြင်း၏ နောက်ဆက်တွဲအဖြစ် မန္တလေးအခြေစိုက် ထုတ်ဝေသော ဖက်ရှင်မဂ္ဂဇင်းများ ရပ်ဆိုင်းသွားကြောင်း ဈေးကွက် သတင်း အချက်အလက်များအရ သိရှိရသည်။

“မန္တလေး အခြေစိုက်ပြီး ထုတ်ဝေတဲ့ မဂ္ဂဇင်းဆိုရင် အရင်က icon၊ Fashion Time၊ Celebrity တို့ရှိခဲ့တယ်။ အခု မရှိတော့ဘူး။ မဂ္ဂဇင်းတစ်အုပ်ရဲ့တန်ဖိုးက များတယ်။ တစ်ယောက်တည်း အပိုင် ဝယ်ဖတ်ဖို့ဆိုရင် လတိုင်း ဝယ်ရမယ်။ လတိုင်း သူ့အတွက် ငွေသုံးရမယ်။ အရင်တုန်းကဆိုရင်တော့ မဂ္ဂဇင်း၊ ကာတွန်းဆိုတာ အငှားဆိုင်တွေကနေ ငှားဖတ်ရတာပေါ့။ ခုနောက်ပိုင်း အငှားဆိုင်တွေ မရှိသလောက် ဖြစ်သွားတော့ မဂ္ဂဇင်း ဈေးကွက်က မကောင်းတော့ဘူး၊ မကောင်းတော့ ဘယ်သူက အရှုံးခံနိုင်တော့မှာလဲ။ အဲဒီတော့ ထုတ်ဝေရေး လုပ်တော့မယ်ဆိုရင် ဒီလောကထဲကို ငွေအလုံး အရင်းနဲ့ ခြေစုံပစ် ဝင်လာဖို့လိုတယ်။ လူဦးရေ သန်း ၄၀ လောက်တုန်းက ရောင်းရတဲ့ စာအုပ်အရေအတွက်နဲ့ အခုလူဦးရေ သန်း ၆၀ မှာ ရောင်းရတဲ့ စာအုပ် အရေအတွက်က အတူတူပဲ ဖြစ်နေတဲ့အတွက် ဈေးကွက် အနေအထားအရတော့ ယုတ်လျော့ မသွားဘူး၊ ဒါပေမဲ့ တိုးလည်း တိုးမလာဘူး” ဟု ဦးသန်းဌေးက ဆိုသည်။

နိုင်ငံတွင် ဖြစ်ပေါ်နေသော အလုပ်အကိုင် ရရှိမှု နည်းပါးခြင်းနှင့် ဆင်းရဲမွဲတေမှုများသည် စာပေဈေးကွက်အပေါ် သက်ရောက်မှု ရှိနေချိန် ခေတ်မီ တိုးတက်လာသော နည်းပညာ အသစ်အဆန်းများကြောင့် စာအုပ်၊ စာပေဈေးကွက်ပိုမို ထိခိုက်စေလာသည်ဟု စာအုပ်၊ စာပေ ဖြန့်ချိရေးနှင့် ထုတ်ဝေရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။

“အီလက်ထရွန်နစ် နည်းပညာတွေ ရဲ့ လွှမ်းမိုးမှုနဲ့ တိုင်းပြည်ရဲ့ စားဝတ်နေရေးအရ စာဖတ်ဖို့ အချိန်မပေးနိုင်ကြတော့ဘူး။ တီဗီတစ်လုံး၊ ဒီဗီဒီ စက်တစ်လုံးရဲ့တန်ဖိုးကလည်း ဘယ်လောက်မှ မရှိတော့ဘူး။ တီဗီတစ်လုံးရှိရုံနဲ့ တစ်မိသားစုလုံး ကြည့်လို့ ရတယ်။ အခွေငှားခကလည်း တစ်ရက်ကို ဘယ်လောက်မှ မရှိဘူး။ ရက်လွန်သွားရင်တောင် တစ်ရက်စာလုံး ပေးစရာမလိုဘူး။ စာအုပ်တစ်အုပ် ငှားဖတ်ရင် တစ်မိသားစုလုံး ဖတ်လို့မရဘူး။ သူ့အတွက် အချိန်ပေးရမယ်။ ရက်လွန်သွားရင်လည်း တစ်ရက်စာလုံး ပေးရတယ်။ တစ်အိမ်လုံး ဖတ်ဖို့အတွက် အပိုင်ဝယ်ထားမယ်ဆိုရင်လည်း ဈေးက ကြီးသေးတယ်။ ဒါတွေကလည်း စာအုပ်ဈေးကွက်ကို ရိုက်ခတ်တဲ့ အဓိက အကြောင်းအရာ တွေပဲ” ဟု ဖူလုံစာပေ ဖြန့်ချိရေး လုပ်ငန်းရှင် ဦးမြဆောင်က သုံးသပ်သည်။

ယခုအခါ စာဖတ်ခြင်းအစား အင်တာနက်သုံးခြင်း၊ ကွန်ပျူတာ ဂိမ်းကစားခြင်း၊ ဇာတ်လမ်းခွေ ကြည့်ခြင်းတို့ကြောင့် လူတိုင်း စာဖတ်ချိန် နည်းလာကြောင်း အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာနေသည့် အသက်၂၁ အရွယ် ကျောင်းသားတစ်ဦးက ပြောကြားသည်။

“အရင်တုန်းက လမ်းထိပ်မှာ စာအုပ်အငှားဆိုင် ရှိတယ်။ အခုတော့ အဲဒီဆိုင်က ပိတ်သွားပြီ။ အိမ်နဲ့အနီးဆုံး စာအုပ်ဆိုင်ဆိုတာကလည်း အိမ်နဲ့ အတော်ဝေးတယ်။ အဲဒီကို ဆိုင်ကယ်နဲ့ သွားရတယ်။ တကူးတကကြီး သွားရတာဆိုတော့ မသွားချင်တော့ဘူးလေ။ ပြီးတော့ စာအုပ်ငှားရင် ရက်လွန်ကြေးက ဈေးကြီးတယ်။ တစ်ရက်နဲ့ ဖတ်လို့ မပြီးတဲ့ စာအုပ်တွေလည်းရှိတော့ ရက်လွန်ကြေး ဈေးကြီးတာနဲ့တင် မငှားဖြစ်တော့ဘူး။ ဖတ်ချင်တဲ့စာအုပ်ကိုပဲ တစ်ခါဝယ်ရင် ငါးအုပ်လောက် ဝယ်ထားလိုက်တော့တယ်။ စာအုပ်ဆိုင် မရှိတော့ နေ့တိုင်းတော့ စာမဖတ်ဖြစ်တော့ဘူး။ အိမ်မှာပဲ မိသားစုလိုက် ဇာတ်ကား ငှားကြည့်တာလောက်ပဲ ရှိတော့တယ်။ တစ်ခွေမှ သုံးရာ လောက်ပဲ ပေးရတယ်လေ။ စာအုပ်နေ့တိုင်း မငှားဖြစ်တော့လို့ နေ့တိုင်း မဖတ်ဖြစ်တော့တာတော့ မှန်တယ်။ ဒါပေမဲ့ စာဖတ်ချင်တဲ့သူကတော့ ရအောင် ရှာဖတ်နေမှာပဲ” ဟု ၎င်းက ဆိုသည်။

စာပေစိစစ်ရေး မရှိတော့သည့် နောက်ပိုင်းတွင် စာအုပ်ထုတ်ဝေသူများ အလုံးအရင်းလိုက် ပေါ်လာပြီး စာအုပ် ရောင်းဝယ် ဈေးကွက်သည် ပုံစံပြောင်းလဲမှုများ ပေါ်ထွန်းလာသည်ဟု စာပေဖြန့်ချိရေး လုပ်ကိုင်သူ အချို့က ပြောဆိုသည်။

“စာပေစိစစ်ရေး မရှိတော့တဲ့အတွက် ထုတ်ဝေသူတွေလည်း အလုံးလိုက် အရင်းလိုက် ဖြစ်လာတဲ့အတွက် ရွေးချယ်စရာတွေတော့ များလာတယ်။ ဈေးကွက် ထိုးဖောက်မှု ပုံစံတွေလည်း ပြောင်းလာတယ်။ စာရေးဆရာတွေ ကိုယ်တိုင် လက်မှတ်ထိုးပြီး ရောင်းတဲ့ စာအုပ်မျိုးဆိုရင် တစ်ထိုင်တည်းနဲ့ အများကြီး ရောင်းရတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် လက်မှတ်ထိုးပြီး ရောင်းတဲ့ စာအုပ်မျိုးပေါ့” ဟု မန္တလေး အခြေစိုက် စာပေဖြန့်ချိရေး လုပ်ကိုင်သူတစ်ဦးက သုံးသပ်သည်။

စာအုပ်စာပေ ဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်တွင် အပြိုင်အဆိုင် ယှဉ်ပြိုင်မှုများ ရှိနေသည့်အပြင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဈေးကွက် အရောင်းမြှင့်တင်ခြင်းများလည်း ရှိကြောင်း၊ စာအုပ်တိုက်ပေါင်းစုံ ပူးပေါင်း၍ စာအုပ် အရောင်းပွဲတော်များ ပြုလုပ်ခြင်း၊ ရာခိုင်နှုန်းအလိုက် လျှော့ဈေးဖြင့် စာအုပ် အရောင်းပွဲတော် ပြုလုပ်ခြင်းများဖြင့်လည်း စာဖတ်သူကို စွဲဆောင်ကြကြောင်း အလင်္ကာစာပေ ထုတ်ဝေရေးနှင့် ရာပြည့် မန္တလေးစာအုပ် အရောင်းဆိုင် လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးပုညဆွေက ပြောကြားသည်။

“မြန်မာလူမျိုးက ပွဲဆိုရင် မက်တယ်။ အဲဒီတော့ စာအုပ်အရောင်း ပွဲတော်တို့ ဘာတို့ လုပ်ပေးပြီးတော့ စာအုပ်တွေကိုလည်း ကိုယ့်တိုက်ထုတ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်း၊ သူများတိုက်ကဆိုရင် ဘယ် လောက် ရာခိုင်နှုန်းဆိုပြီး လျှော့ဈေးတွေနဲ့ ရောင်းပေးလိုက်တော့ အဲဒီအချိန်တွေဆိုရင် ရောင်းရတယ်။ တစ်နှစ်ကို ခြောက်ခါလောက်တော့ စာအုပ်ဈေးပွဲတော် လုပ်ဖြစ်တယ်။ ဒါပေမဲ့ မန္တလေးမှာက စာဖတ်အား နည်းသေးတာတော့ အမှန်ပဲ” ဟု ဦးပုညဆွေက ဆိုသည်။

ဥတ္တရလွင်ပြင် စာပေမှ ဦးသန်းဌေးက “မန္တလေးမှာက စီးပွားရေးပဲ ဖွံ့ဖြိုးတယ်။ မြို့ကြီးဆိုပေမယ့် မြို့ပြလိုအသိမျိုး အားနည်းသေးတယ်။ မန္တလေးရဲ့စာဖတ်အားက အရမ်းနည်းသေးတယ်။ ခုခေတ် ကလေးတွေကလည်း ကျောင်းနဲ့ ကျူရှင်နဲ့ လုံးလည် လိုက်နေတယ်။ အားတဲ့အချိန်မှာ ကလေး တွေက စာဖတ်ချင်ရင်တောင် မိဘက ကျောင်းစာပဲ ဖတ်ဖို့ပြောတယ်။ အဲဒီတော့ ကလေးစာပေ ဈေးကွက်ကလည်း အားရစရာ မရှိဘူး” ဟု ဆိုသည်။

မန္တလေးတွင် ကဗျာဆရာများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ များပြားသော်လည်း ကိုယ်တိုင် စာအုပ်ရေး၊ စာအုပ် ထုတ်ဝေမှု ရှိလာကြောင်း၊ သို့ရာတွင် စီးပွားဖြစ် စာအုပ် ထုတ်ဝေရေး လုပ်ကိုင်သူ အရေအတွက်မှာ နည်းပါးနေဆဲ ဖြစ်ကြောင်း ဈေးကွက်အတွင်းထံမှ သိရှိရသည်။

စာအုပ်၊ စာပေ ထုတ်ဝေရေးလုပ်ငန်း သည် အကျိုးအမြတ်ကို တွက်ထား၍ မရဘဲ စာပေ ချစ်မြတ်နိုးသည့် စိတ်အခံနှင့် ငွေလုံး ငွေရင်း စိုက်ထုတ် ရင်းနှီးလုပ်ကိုင်မှသာ ရေရှည် လုပ်ကိုင်နိုင်သော လုပ်ငန်း ဖြစ်ခြင်းကလည်း ထုတ်ဝေရေး လုပ်ငန်းလုပ်ကိုင်သူ နည်းပါးစေသော အကြောင်းအရင်း တစ်ခုဖြစ်သည်ဟု ဦးပုညဆွေက ဆိုသည်။

“စာပေလုပ်ငန်းက ရလာမယ့် အကျိုးအမြတ်ဆိုတာကို မျှော်မှန်းထားလို့ မရဘူး။ ခေတ်အခြေအနေအရ စာအုပ် ထုတ်ဝေမှုကလည်း စရိတ် ကြီးမြင့်လာတော့ စာအုပ် ဈေးနှုန်းတွေကလည်း တက်လာတယ်။ စားဝတ်နေရေးနဲ့ ယှဉ်လိုက်ရင် စာအုပ်ဝယ်ဖို့က တော်တော်လေး စဉ်းစားနေရပြီ။ အဲဒီတော့ ကိုယ်တွေအနေနဲ့ကလည်း စာအုပ်ဆိုင်တွေ ပျောက်ပျက်မသွားအောင်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်နေကြတာပါ” ဟု ဦးပုညဆွေက ဆိုသည်။

စာအုပ်၊ စာပေ ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းရှင်များသည် ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းရှင်များ အဓိက ကြုံတွေ့ရသည့် အခက်အခဲမှာ အကြွေးကျခြင်း၊ အကြွေးပြန်လည် မရရှိခြင်းတို့ ဖြစ်ကြောင်း ဈေးကွက် အတွင်းထံမှ စုံစမ်း သိရှိရသည်။

“ဖြန့်ချိရေးသမားတွေအတွက် အဓိက အခက်အခဲက ငွေလွှဲ မမှန်တာ။ နယ်ဘက်တွေကိုတော့ ကြွေးထားသင့်တာ ထားရပြီး ရန်ကုန်ကိုတော့ သတ်မှတ်ချိန် အမီပေးရတယ်။ ဒါကြောင့် ဖြန့်ချိရေးသမားတွေက လူပန်းတယ်။ စိတ်ပန်းတယ်။ ပြီးတော့ ငွေပန်းတယ်” ဟု ဦးထွန်းဦးက ဆိုသည်။

အခက်အခဲများစွာ ရှိနေသည့် စာအုပ်၊ စာပေ ဖြန့်ချိရေးနှင့် ထုတ်ဝေရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ထောက်ပံ့မှုများ လိုအပ်ပြီး စာအုပ်၊ စာပေများသည် တိုင်းပြည်၏ အနာဂတ်များပင် ဖြစ်ကြောင်း၊ စာအုပ်၊ စာပေဈေးကွက် နိမ့်ကျခြင်းသည် တိုင်းပြည်၏ အသိပညာ နိမ့်ကျခြင်း ဖြစ်ပြီး လူမျိုးတစ်ခု၏ စာပေအဆင့်အတန်း နိမ့်ကျခြင်းဟုလည်း ဆိုနိုင်ကြောင်း၊ စာပေ အဆင့်အတန်း မြင့်မားရေးသည် ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်မှုနှင့် တိုက်ရိုက် အချိုးကျနေကြောင်း မန္တလေးစာပေ အသိုင်းအဝိုင်းက သုံးသပ်သည်။

“စာအုပ် အရေအတွက် တိုးထုတ်ဖို့ဆိုရင် ပြည်သူတွေရဲ့ အခြေခံ ဝင်ငွေကောင်းမှသာ အားလုံးနီးပါး စာအုပ် ဝယ်နိုင်မယ်” ဟု ဦးထွန်းဦးက ပြောဆိုသည်။

(ခန့်ခန့်)

The Voice Weekly