Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label International News. Show all posts
Showing posts with label International News. Show all posts


Microsoft ရဲ့ အထောက်အပံ့ တစ်စုံတစ်ခုမှ ရယူထားခြင်းမရှိတဲ့ ဖင်လန်နိုင်ငံ အခြေစိုက် Nokia ဟာ ဖုန်းတွေကို ထုတ်လုပ်ခြင်းမရှိပေမယ့် မိုဘိုင်းလောကမှာ ပါဝင်ပတ်သက်စရာ အဓိက အခန်းကဏ္ဍတစ်ခု ရယူထားပါတယ်။
Nokia လို့ နာမည်ကျန်ရစ်စေတဲ့ အစိတ်အပိုင်းတစ်ခုမှာ Siemens နဲ့ ဖက်စပ်လုပ်ဆောင်လေ့ရှိပြီး အခိုင်အမာတည်ဆောက်ထားတဲ့ ကွန်ရက်စနစ်တစ်ခု ပိုင်ဆိုင်ထားပါတယ်။ Nokia က Siemens ကို ကုမ္ပဏီရဲ့ အစုရှယ်ယာ ပေးအပ်လိုက်ပြီး တစ်ချိန်က Nokia Siemens Networks လို့သိရတဲ့ ကွန်ရက်က ခုအချိန်မှာတော့ Nokia Networks ဖြစ်လို့နေပါတယ်။
Nokia Networks က မိုဘိုင်းကိုင်ဆောင်သူတွေ သူတို့အင်တာကွန်ရက်ကို စီမံတိုးမြင့်ဖို့ အသုံးပြုတဲ့ စနစ်တစ်ခုကို ထူထောင်သွားမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ဘက်တွေကတော့ Ericsson၊ Alcatel-Lucent နဲ့ Huawei ကဲ့သို့သော လူသိများတဲ့ နာမည်တွေဖြစ်ကြပါတယ်။ ဒီကုမ္ပဏီတွေက  5G လို့ ရင်းရင်းနှီးနှီး ခေါ်ဆိုထားတဲ့ ကြိုးမဲ့ဆက်သွယ်ရေးအခန်းကဏ္ဍမှာ အဓိကကျတဲ့ ပဉ္စမမြောက်မျိုးဆက်ဖြစ်လာမယ့် စံအဆင့်အတန်းကို သတ်မှတ်ရာမှာ အခန်းကဏ္ဍတစ်ခုကို ပါဝင်ထမ်းဆောင်သွားကြရမှာဖြစ်တယ်။
လာမယ့်နှစ်ဆန်းပိုင်းမှာ Nokia က အစမ်းသဘော ကွန်ရက်တစ်ခုကို ဖင်လန် နိုင်ငံ Oulu မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒေတာလွဲပြောင်းခြင်း စမ်းသပ်ကွန်ရက် တိုးတက်မှုရှိလာတာကြောင့် ရင်နှီးမြုပ်နှံမှုလုပ်ထားတဲ့ လုပ်ဖော်ကိုဖက်တွေ၊ ပြိုင်ဘက်တွေနဲ့တောင် APIs ကို ဝေမျှပေးပါလိမ့်မယ်လို့ Nokia ကနေ ဖော်ပြထားခဲ့ပါတယ်။ ရည်ရွယ်ချက်က ပူးပေါင်းဆောင်ရွက်ရတဲ့ ပုံစံသစ်တစ်ခုကို ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။
5G နဲ့ပတ်သက်ပြီး အသေးစိတ်အချက်တွေ တိတိကျကျတော့ မရှိသေးပါဘူး။ အများစု မှန်းဆထားရာမှာတော့ ခုလက်ရှိ LTE networks စွမ်းဆောင်ရည်ရဲ့ အဆပေါင်း (၁၀၀၀) စွမ်းဆောင်ရည်နဲ့ ထောက်ပံ့မှုပေးသွားပါလိမ့်မယ်လို့ မှန်းဆထားကြပါတယ်။ ဒေတာကူးပြောင်းမှုမြန်နှုန်းမှာ လက်ရှိပုံမှန်နှုန်းထားရဲ့ အဆ ၁၀ ကနေ ၁၀၀ ဝန်းကျင်လောက်ရှိမှာဖြစ်တယ်။ စွမ်းအင်စားသုံးမှုအပိုင်းဟာလည်း အရည်အသွေးတစ်ခုဖြစ်လာမှာဖြစ်ပြီး ၉၀% ရာခိုင်နှုန်းလောက် လျော့ကျ သက်သာမှာဖြစ်တယ်။
Source: PhoneArena


ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျနီဖာလောရင့်စ်၊ အေရီယာနာဂရာဒီနှင့် ကိတ်အပ်တန်တို့ကဲ့သို့ နာမည်ကျော် သရုပ်ဆောင်၊ မော်ဒယ် အများအပြား၏ ဝတ်လစ်စလစ် ဓာတ်ပုံများသည် iCloud ပေါက်ကြားမှုကြောင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ အဆိုပါ ထင်ရှားကျော်ကြားသူများ၏ ဓာတ်ပုံများသည် 4Chan thread မှ ပထမဦးဆုံး ပေါက်ကြား ပေါ်ထွက်လာသည်။
နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်နာရစ်ဖ်ကင်က "ယခုလုပ်ရပ်သည် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ချိုးဖောက်နေကြောင်း၊ တာဝန်ရှိသူများကို ဆက်သွယ်ထားပြီး ခိုးယူထားသော ဂျနီဖာလောရင့်စ် ဓာတ်ပုံများကို အွန်လိုင်းပေါ်တင်သည့် မည်သူမဆို တရားစွဲဆို ခံရမည်ဖြစ်ကြောင်း" ထုတ်ပြန်ကြေညာခဲ့သည်။
ယခုကဲ့သို့ ပေါက်ကြားခဲ့သော ဓာတ်ပုံများသည် ဟက်ကာများက Apple ၏ iCloud ကို အကြီးအကျယ် တိုက်ခိုက်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဟက်ကာများသည် ၎င်းဓာတ်ပုံများကို 4Chan ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် ဓာတ်ပုံများကို ပြည့်စုံရှင်းလင်းစွာ တွေ့မြင်လိုလျှင် bitcoin ဖြင့် ငွေပေးချေကာ ကြည့်ရှုနိုင်ရန် ကမ်းလှမ်းမှု ပြုလုပ်ထားသည်။ 4chan ဝက်ဘ်ဆိုက်ပေါ်ရှိ ဟက်ကာများထံတွင် ဂျနီဖာလောရင့်စ်၏ ဗွီဒီယိုများနှင့် ဝတ်လစ်စလစ် selfie ဓာတ်ပုံပေါင်း ၆၀ ကျော်ရှိကြောင်း BuzzFeed သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် Nickelodeon ကြယ်ပွင့်ဟောင်း ဗစ်တိုးရီးယားဂျက်စတစ်က အွန်လိုင်းတွင် ပေါ်ထွက်လာသော ၎င်း၏ ဓာတ်ပုံများသည် အတုအယောင်များ ဖြစ်ကြောင်း Twitter တွင်ပြောကြားခဲ့သည်။ အဆိုပါ tweet သည် သရုပ်ဆောင်နှင့် သီချင်းရေးဆရာများ၏ အားပေးမှုကြောင့် retweet ပြုလုပ်မှု ထောင်ပေါင်းများစွာ မြင့်တက်ခဲ့သည်။ ဖုန်းများအတွင်းမှ ဓာတ်ပုံများ ပေါက်ကြားခဲ့သည့် နာမည်ကျော် ထင်ရှားသူများ၏ အရေအတွက်ကိုမူ တွက်ချက်နေဆဲဖြစ်သည်။ ထိုသို့ ဓာတ်ပုံ ပေါက်ကြားမှုများထဲတွင် ကာရာဒီလီဗိုင်း၊ ကင်မ်ကာဒါရှီယန်နှင့် မေရီကိတ်အောလ်ဆင် တို့ကဲ့သို့ နာမည်ကျော်ကြား ထင်ရှားသူများလည်း ပါဝင်ကြောင်း သိရသည်။

Ref: BusinessInsider


Credit Internet Journal 
 
 


ကမ္ဘာ့ကြေးအမြင့်ဆုံးရထားတဲ့ ဘောလုံးသမား Lionel Messi ဟာငွေကြေးပြဿနာကြီးကြီးမားမား ရင်ဆိုင်နေရနိုင်ပါတယ်။ Messi နဲ့ သူရဲ့ဖခင်ဟာ စပိန်နိုင်ငံမှာ အခွန်ကိစ္စကြောင့် မတရားလိမ်လည်မှုနဲ့ စွပ်စွဲခံခဲ့ပါတယ်။ သူတို့ တရားစီရင် ချမှတ်ခံရမယ်ဆိုရင် နှစ်ဦးစလုံး ထောင်ဒဏ် (၆)နှစ်နဲ့ အထက်ကျခံရဖွယ်ရှိပြီး ဒဏ်ငွေ ဒေါ်လာ ၃၂ မီလျံခန့် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
Source: time


ကျောင်းသားကျောင်းသူတွေဟာ တစ်နေ့ကို အနည်းဆုံး ၁၀ နာရီ မိုဘိုင်းဖုန်း အသုံးပြုကြတယ်လို့သိရပါတယ်။ လေ့လာမှုတွေအရ ကျောင်းသားကျောင်းသူတွေဟာ မိုဘိုင်းဖုန်းမသုံးရရင် စိတ်ဖိစီးမှုတွေဖြစ်တဲ့အထိ စွဲလန်းနေကြတယ်လို့ဆိုပါတယ်။
တက္ကဆက်ပြည်နယ်မှာ ရှိတဲ့ Baylor တက္ကသိုလ်က အဖွဲ့တစ်ဖွဲ့ ဟာ ကျောင်းသားတွေ ထက်ကျောင်းသူ တွေဟာ မိုဘိုင်းဖုန်းသုံးစွဲရာမှာ အချိန်ပိုကြာတာကို တွေ့ရှိခဲ့ပါတယ်။ ကျောင်းသူတွေဟာ တစ်နေ့ကို ၁၀ နာရီကြာ မက်ဆေ့ဂ်ျပို့ခြင်း ၊ အီးမေးလ်ပို့ခြင်း ၊ လူမှုကွန်ရက်များသုံခြင်းတို့ အတွက် မိုဘိုင်းဖုန်းကို အသုံးပြုနေကြပါတယ်။ ကျောင်းသားတွေကတော့ တစ်နေ့ကို ၈ နာရီကြာ အသုံးပြုပါတယ်။
ပျမ်းမျှအားဖြင့် တွက် ကြည့်မယ်ဆိုရင် ကျောင်းသားကျောင်းသူတွေ ဟာ မိုဘိုင်းဖုန်းနဲ့ တစ်နေ့ကို ၉၄.၆ မိနစ် မက်ဆေ့ဂ်ျ ပို့ရင်း အချိန်ကုန်နေကြပြီး ၄၈.၅ မိနစ် အီးမေးလ်သုံးစွဲကာ ၃၈.၆ မိနစ် ကို Facebook သုံးကြပါတယ်။ တစ်နေ့ကို မိုဘိုင်းဖုန်းနဲ့ ၂၆.၉ မိနစ် သီချင်းနားထောင်ကြပါတယ်။
Ref:dailymai.co.uk


Death Valley National Park ရှိ Racetrack Playa လို့ ခေါ်တဲ့ ဧရာမကွင်းပြင်ကျယ်ကြီးထဲက ကျောက်တုံးတွေရဲ့ရွေ့လျားမှုကြောင့် ဖြစ်လာတဲ့ အထင်းကြောင်းတွေကို တွေ့မြင်ကြသူတိုင်း ဇဝေဇဝါ နားမလည်နိုင်အောင်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ သုတေသနပညာရှင်နှစ်ဦးက ၎င်းကျောက်တုံးတွေဟာ လေတွေတိုက်၊ ရာသီဥတုတွေ သာယာနေတဲ့ နေ့တွေမှာ ပါးလွှာပြီးပြောင်ချောနေတဲ့ ရေခဲပြားချပ်တွေ တွန်းတိုက်လို့ ရွှေ့သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ဒါကို “ရေခဲတွန်းထုတ်ခြင်း” ( ice shove) လို့ခေါ်ပါတယ်။ ကျွန်တော် အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး အရမ်းအံ့အားသင့်သွားတယ် လို့ James Norris က LA Times ကို ပြောပြပါတယ်။ မိုးရေချိန်များတဲ့ နေရာတစ်ခုမှာ ထူးခြားတဲ့ အာတိတ်က ရာသီဥတုမျိုးတွေ တွေ့ရတဲ့ ကျောက်တုံးတွေတွန်းတိုက်ခံရနေတယ်။
သူတို့ ကျောက်တုံးတွေရွှေ့ရှားတဲ့ ထူးခြားဖြစ်ရပ်ဆန်း အကြောင်းလေ့လာနေတဲ့ James Norris နဲ့ သူ့အစ်ကိုဝမ်းကွဲ Richard Norris တို့ရဲ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဒီတွေ့ရှိချက်ကို ကံကောင်းစွာ သိရှိလိုက်တာဖြစ်ပါတယ်။ ကွင်ပြင်ကြီးထဲ ကင်မရာကို ကာလရှည်ကြာစွာ အတည်ချိနှ်ထားပြီး ရိုက်ထားတဲ့ကင်မရာပြကွက်ကို စစ်ဆေးကြည့်ရှုဖို့ သွားရောက်တဲ့ အချိန် ဒီဇင်ဘာလမှာတော့ ဒီကျာက်တုံးတွေ ရွေ့လျားနေတာကို မျက်စိနဲ့ တပ်အပ်တွေ့မြင်ခဲ့တာဖြစ်ပါတယ်။ ကွင်းပြင်တစ်ခုလုံးမှာ ပေါ့ပ်မြူးဇလစ်လို တချပ်ချပ်မြည်သံတွေဖြစ်နေခဲ့တယ်။ “ဒါ့ကြောင့်ကိုး” လို့ ကျွန်တော့်ညီအကိုတွေတောင်ပြောလိုက်တယ်လို့ Norris ကဆိုပါတယ်။
အရေအတွက် (၆၀) လောက်ရှိတဲ့ ကျောက်တုံးတွေ တရိပ်ရိပ်ရွေ့လျားလို့ ကွင်းပြင်ကြီးထဲ အရာတွေကျန်ရစ်စေတာကို ရပ်ကြည့်နေခဲ့ကြပါတယ်။ အဲဒီကျောက်တုံးတွေရဲ့ရွေ့လျားမှု အရှိန်ထက် နို့စို့ကလေးတွေတောင် ဒီ့ထက် မြန်အောင်သွားနိုင်တယ်လောက်တယ်လို့ Norris က မှတ်ချက်ပေးထားပါတယ်။ ကျောက်တုံးတွေ ပတ်လည်လည်ပြီး အခေါက်ခေါက် အခါခါ လျောရွေ့နေကြပါတယ်။ မိနစ်တစ်သန်းအတွင်း မိနစ်အနည်းငယ်သာ ဒီဖြစ်စဉ်ဖြစ်ပျက်တာကြောင့် အရင်က ဒီဖြစ်စဉ်ကို သတိမပြုမိခဲ့တာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Source: BBC


ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို တွေ့ရစဉ်

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့အတွက် လူသစ်များ စုဆောင်းပေးနေသည်ဟု ယူဆရသူ တစ်ဦးကို ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အသက်(၂၂)နှစ် အရွယ်ရှိ အမျိုးသားသည် IS တို့အတွက် အဖွဲ့ဝင်သစ်များ ရရှိလာအောင် လှည့်လည် စည်းရုံးနေသူ တစ်ဦးဖြစ်ကြောင်း ဩဂုတ် (၃၁)ရက်တွင် ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ချီချန်ဒေသဖွား တစ်ဦးဖြစ်သည့် အမျိုးသားသည် ဩဂုတ်(၃၀)ရက်က နိုက်စ်လေဆိပ်တွင် အာဏာပိုင်များ၏ တားဆီးမှုကို ခံရပြီး ယခုအခါ ၎င်းကို ထိန်းသိမ်းထားလိုက်သည်။ ၎င်းသည် အသက်(၁၆)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို တူရကီသို့ သွားရောက်စေပြီး ထိုမှတစ်ဆင့် ဆီးရီးယားရှိ IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် ငွေကြေး ထောက်ပံ့ခဲ့သည်ဟု ယူဆရကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇီနူဗီက ပြောကြားခဲ့သည်။

မိန်းကလေးက သူမသည် အီစတန်ဘူလ်ရှိ အဖွားဖြစ်သူထံ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဟု ပြောကြားသော်လည်း မသင်္ကာဖွယ် အခြေအနေများကြောင့် တူရကီ လေကြောင်းလိုင်းက ပြင်သစ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြင်သစ်လုံခြုံရေး အေဂျင်စီက မိန်းကလေး၏ ဖခင်ထံ ဖုန်းဆက်စုံစမ်းရာ မိမိတို့၏ မျိုးနွယ်ဆက်များ တူရကီတွင် ရှိမနေကြောင်း ၎င်းက အသိပေးခဲ့သည်။

ထို့နောက်တွင်မူ ပြင်သစ်လုံခြုံရေး အေးဂျင့်များက လျင်လျင်မြန်မြန် စုံစမ်းပြီး IS အဖွဲ့အတွက် လူသစ်စုဆောင်းသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟု သိရသည်။ နိုက်စ်တွင် နေထိုင်သည့် မိန်းကလေး၏ မိသားစုမှာ သူမ၏ လုပ်ရပ်အတွက် အလွန် အံ့ဩတုန်လှုပ်နေကြောင်း နီးစပ်သူများက ဆိုသည်။

ဥရောပနိုင်ငံအချို့နည်းတူ ပြင်သစ်သည်လည်း ဆယ်ကျော်သက် လူငယ်လူရွယ်များကို အီရတ်နှင့် ဆီးရီးယားရှိ စစ်သွေးကြွများက စည်းရုံးပြီး နိုင်ငံအတွင်းမှ ခေါ်ထုတ်သွားမည့် အခြေအနေများအတွက် စိုးရိမ်နေရသည်။ ထို့အပြင် အဆိုပါ လူငယ်များသည် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါက လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သည်။

တရားဝင် သတင်းထုတ်ပြန်ချက်များအရ အမျိုးသမီးအချို့ အပါအဝင် ပြင်သစ်နိုင်ငံသားများနှင့် နိုင်ငံအတွင်း နေထိုင်ခွင့်ရသူ (၈၀၀)ခန့်သည် ဆီးရီးယားသို့ သွားရောက်ခဲ့ကြပြီး ပြင်သစ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

_Ref: Channelnewsasia


ရှာလကာရည်က သင့်ကို ၀ိတ်ကျအောင် အများကြီး ကူညီပေးနိုင်တယ်ဆိုတဲ့အကြောင်း ဆောင်းပါးတွေ တော်တော်လေး ရေးသားခဲ့ပြီးပါပြီ။ ဒါ့အပြင် ရှာလကာရည်ကပဲ သင့်အသားအရေနဲ့ ဆံပင်အတွက်လည်း အများကြီး အထောက်အကူပြုတယ်ဆိုတာ ထပ်မံပြောပြပေးချင်ပါတယ်။
၁။အသားအရေကို နူးညံစေဖို့ အထောက်အကူပြု
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကို သင်ရေချိုးခါနီး ချိုးမယ့်ရေနွေးနွေးလေးထဲ ၈အောင်စလောက်ရောပြီး ချိုးပေးမေယ်ဆိုရင် သင့်အသားအရေဟာ နူးညံ့သွားပါလိမ့်မယ်။
၂။ တိုနာအဖြစ်လည်း သုံးနိုင်
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကိုပဲ တိုနာအဖြစ်သုံးတဲ့နည်းလေး ပြောပြပေးပါမယ်။ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေနှစ်ခွက်စာလောက်ရောလိုက်ပါ။ အဲ့ဒါကို ဂွမ်းစလေးနဲ့ယူပြီး တိုနာအဖြစ်သုံးလို့ရပါတယ်။ ရေပြန်ဆေးချစရာမလိုပါဘူး။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်အသားအရေက တင်းတင်းရင်းရင်းဖြစ်သွားစေမယ့်အပြင် ချွေးပေါက်တွေလည်း ကျဉ်းသွားမှာပါ။
၃။ဆံပင်တွေ တောက်ပြောင်လှပအောင် စွမ်းဆောင်ပေး
ရေတစ်ခွက်မှာ ရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းစာနဲ့ ရောလိုက်ပါ။ ပြီးသွားတဲ့အခါ ဆံပင်ကို ရေလောင်းချပြီးနောက် အဲ့ဒီအရည်ကို ခေါင်းကို သုတ်လိမ်းလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ရေနဲ့စင်အောင်ဆေးချလိုက်ပြီး ဆံပင်ပျော့ဆေးထပ်သုံးလိုက်ရုံနဲ့ ဆံသားတွေ အရင်ထက်ပိုမိုတောက်ပြောင်လာတာကို သတိထားမိမှာပါ။
၎။နေလောင်ထားတဲ့ အသားအရေအရောင်ကို လျော့ချပေးနိုင်
ရေလေးခွက်နဲ့ ရှာလာကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းစာကို ရောပြီးတဲ့နောက် နေလောင်ခံထားရတဲ့ အသားအရေပေါ်ကို ရေစိုဝတ်လေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။ သူက အသားအရေကို ထိန်းညှိပေးနိုင်တဲ့အတွက် အသားအရေ အရင်ထက် ပိုညီသွားပါလိမ့်မယ်။
၅။ဗောက်ထခြင်းက ကင်းဝေးစေနိုင်
ရေနဲ့ရှာလကာရည်ကို ဆတူရောလိုက်ပါ။ ပြီးတဲ့နောက် ခုနရောထားတဲ့ အရည်နဲ့ ခေါင်းမလျှော်ခင် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ တကယ်လို့ ဆန္ဒရှိသေးရင် ရှန်ပူထဲကိုလည်း ရှာလကာရည်တစ်ဇွန်းထည့်ပြီး လျှော်နိုင်ပါတယ်။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်ဦးခေါင်းမှာ ဗောက်မထအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။
Ref:womenshealthmag.com


ယခင်က Death Row ဓါတ်ပြားတိုက်ရဲ့ ပိုင်ရှင်ဖြစ်ခဲ့တဲ့ Suge Knight ကို L.A မှာသေနတ်နဲ့ ပစ်သတ်မှုကြီး ဖြစ်ပေါ်ပြီး တဲ့နောက်မှာ ဒီဂီတ အသိုင်းအ၀ိုင်းက လူအချို့ကို ရဲတပ်ဖွဲ့က အထူးစောင်းကြည့်ရေး စာရင်းတွေ ထုတ်ခဲ့ရာမှာ နယူးယော့ခ်ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်မယ့် စာရင်းထဲ Lil Wayne ၊ Drake ၊ Chris Brown နဲ့ French Montana တို့ပါဝင်လာပါတယ်။
အဲဒီလို Hip-Hop အသိုင်းအ၀ိုင်းထဲက လူတွေရဲ့သတင်းကို လျှို့ဝှက်ထောက်လှမ်းတဲ့အဖွဲ့ကို Hip-Hop Police လို့လည်း ခေါ်ဆိုကြပါတယ်။ သူတို့ဟာ စောင့်ကြည့်စာရင်းမှာပါနေတဲ့ Hip-Hop အနုပညာရှင်တွေကို Night Club ဖျော်ဖြေပွဲတွေ နဲ့ ရှိုးပွဲတွေကို မြတ်ခြေမပြတ် စောင့်ကြည့် နေပါတယ်။ Wiz Khalifa ၊ Fabolus ၊ Young Jeezy တို့လို ထောင်ကျဖူးတဲ့သူတွေလည်း စောင့်ကြည့်ခံနေရပါတယ်။
ထိုလျှို့ဝှက်အဖွဲ့ဟာ အရပ်ဝတ်နဲ့ ရဲတွေဖြစ်ပြီး သူတို့ဟာလူထုကြားမှာရှိနေကာ Beef ရှိနေတဲ့ Rapper တွေကို သတိထား စောင့်ကြည့်လေ့ရှိပါတယ်။ Jennifer Lopez ရဲ့ Bronx မှာပြုလုပ်တဲ့ရှိုးပွဲမှာလည်း French Montana နဲ့ Fat Joe လာမှာဖြစ်တဲ့အတွက် သူတို့တွေ ရှိနေခဲ့ပါတယ်။
Ref:xxlmag.com



ဂျပန်နိုင်ငံရဲ့ မြို့တော်လမ်းတော်လမ်းမတစ်ဝိုက်မှာရှိနေတဲ့ အမှိုက်သရိုက် အညစ်အကြေးတွေ တံမြက်စည်းလှည်းသန့်ရှင်းရေးလုပ်နေတဲ့ သူကတော့ ပုံမှာ မြင်ရတဲ့အတိုင်း ခရမ်းရောင်ဝတ်စုံနဲ့အ၀ါရောင်ဘောလုံးကြီးလို အရုပ် ခေါင်းစွပ် စွပ်ထားတဲ့ အမျိုးသားတစ်ဦးပါပဲ။ ဒီလူကို မန်ဂတ်ဆုအမျိုးသား (Mangetsu Man) ဘာသာပြန်လိုက်လျှင် လပြည့်ဝန်းကြီးလိုအမျိုးသား (Full Moon Man)  အဓိပါယ်ရပါတယ်။

ဒီလို အ၀တ်အစားနဲ့မြို့တော် တစ်ဝိုက်သန့်ရှင်းရေးလုပ်နေတဲ့အမျိုးသားကို မည်သူမည်ဝါ သိရှိခြင်းမရှိရပေမဲ့လည်း တိုကျိုမြို့တော်ရဲ့လမ်းတလျှောက်နဲ့ ရောပွန်ဂီ ခရိုင်လမ်းမတလျှောက်မှာ အမြဲလိုလိုသန့်ရှင်းရေးလုပ်နေတာ တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနက်ခင်းအစောပိုင်းနဲ့ ည သန်းခေါင် လူသူရှင်းတဲ့ အချိန်တွေမှာသန့်ရှင်းရေးလုပ်တတ်ပြီးလုပ်တဲ့အခါ မှာလည်း လက်တစ်ဖက်ကတံမြက်စည်းကိုင်ကာ အမှိုက်တွေလှည်းကျင်း သိမ်းဆည်းပြီး ပါးစပ်ကလည်းသတ္တ၀ါတွေအးချမ်းစေဖို့ ဗုဒပရိတ်တရား တော်တွေရွတ်ဆိုတာကို တွေ့ရပါတယ်။
ဒါက တကယ့်ကို စူပါဟီးရိုးကြီးပါပဲ။ ပတ်ဝန်းကျင်မှာ သူ့လိုအများအကျိုး ထမ်းရွက် သယ်ပိုးတဲ့လူဆိုတာ လက်ချိုးရေတွက်လို့ရအောင်ကိုပင် ရှားပါး ပါတယ်လို့မြို့တော်အနီးအနား အမျိုးသမီးကြီးတစ်ဦးက ချီးမွမ်းပြောဆိုပါ တယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလလောက်ကတည်းကစပြီး ဒီလိုဆောင်ရွက်တဲ့ သူ့ရဲ့ နေ့စဉ်သန့်ရှင်းရေးလုပ်ဆောင်မှုတွေက လမ်းမမှာရှိတဲ့ သစ်ရွက် ခြောက်တွေကို ကောက်ပြီး ပလက်စတစ် အိတ်အကြီးထဲကို ထည့်တယ်။ တံမြက်စည်းနဲ့ အမှိုက်တွေကိုလှည်းတယ်။ လမ်းမမှာရှိတဲ့အညစ်အကြေး တွေကို ဆေးကြောသန့်စင်တာတွေပဲဖြစ်ပါတယ်။

ဘယ်သူဘယ်ဝါဖြစ် တယ်ဆိုတာ လျို့ဝှက်တတ်တဲ့ သူ့ပုံစံကြောင့် များသ ကာ လူတွေက သိချင် စိတ်တွေဖြစ်ပေါ်တတ်ကာ “ကျွန်တော် ဘယ်သူ ဘယ်ဝါဆိုတာ သိဖို့ကအရေးမကြီးပါဘူး။ အရေးကြီးတာက လူတစ်ဦး တစ်ယောက်စီရဲ့ နှလုံးသားတွေသန့်စင်သွားဖို့ပါပဲ။ ကျွန်တော့ရဲ့ အများ အကျိုးသယ်ပိုးတဲ့အလုပ်တွေကို ဘယ်တော့မှရပ်နားသွားမှာ မဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။


Credit: ဖိုးသူတော်

Photo: ဆန်းသစ်သော အရာတွေနှင့် ပြုလုပ်ထားတဲ့ စက်ဘီး iCycle

iCycle ဆိုပြီး ပေါ်ထွက်လို့ လာပြန်ပါပြီ။ ပုံမှာတွေ့ရ တာကတော့ ဆန်းသစ်သော အရာတွေနှင့် ပြုလုပ်ထားတဲ့ စက်ဘီးဖြစ်ပါတယ်။ ဘယ်လိုမျိုး ဆန်းသစ်သလဲ ဆိုတော့ ၎င်းစက်ဘီးဟာ သာမန်စက်ဘီး တွေနှင့် မတူပါဘူး။

ထိုစက်ဘီးဟာ တောင်ကုန်းတောင်တန်းတွေ ရှိတဲ့ လမ်းမှာလည်း စီး နှင်းနိုင်တယ်၊ လမ်းကြမ်းတွေမှာလည်း စီးနှင်းနိုင်တယ်၊ အပျော်တန်း စီးလို့လည်း ရတဲ့ စက်ဘီးတစ်စီး ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းစက်ဘီးမှာ စီးနှင်းသောသူ၏ ခံန္ဓာကိုယ် စွမ်းအားပေါ် မှုတည်ပြီး မောင်းနှင်းပေးတဲ့ စက်ဘီးတစ်စီး ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး ဘတ္တရီ ပါရှိသည့်အတွက် မနှင်းဘဲ စီးလို့လာလည်း ရပါတယ်။ အပျင်းပြေနားဆင်ဖို့ အတွက် သီးချင်းတွေကိုပါ ထည့်ပေးထားပါတယ်။

ဒါ့အပြင် Wi-Fi ၊ Bluetooth 4.0 စတာတွေလည်း ပါရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ၎င်းစက်ဘီးဟာ ပိုမိုထိရောက်ပြီး အကြိုက်တွေ့စေ ပါလိမ့်မယ်။

Ref -generalknowledge
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
iCycle ဆိုပြီး ပေါ်ထွက်လို့ လာပြန်ပါပြီ။ ပုံမှာတွေ့ရ တာကတော့ ဆန်းသစ်သော အရာတွေနှင့် ပြုလုပ်ထားတဲ့ စက်ဘီးဖြစ်ပါတယ်။ ဘယ်လိုမျိုး ဆန်းသစ်သလဲ ဆိုတော့ ၎င်းစက်ဘီးဟာ သာမန်စက်ဘီး တွေနှင့် မတူပါဘူး။

ိုစက်ဘီးဟာ တောင်ကုန်းတောင်တန်းတွေ ရှိတဲ့ လမ်းမှာလည်း စီး နှင်းနိုင်တယ်၊ လမ်းကြမ်းတွေမှာလည်း စီးနှင်းနိုင်တယ်၊ အပျော်တန်း စီးလို့လည်း ရတဲ့ စက်ဘီးတစ်စီး ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းစက်ဘီးမှာ စီးနှင်းသောသူ၏ ခံန္ဓာကိုယ် စွမ်းအားပေါ် မှုတည်ပြီး မောင်းနှင်းပေးတဲ့ စက်ဘီးတစ်စီး ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး ဘတ္တရီ ပါရှိသည့်အတွက် မနှင်းဘဲ စီးလို့လာလည်း ရပါတယ်။ အပျင်းပြေနားဆင်ဖို့ အတွက် သီးချင်းတွေကိုပါ ထည့်ပေးထားပါတယ်။

ဒါ့အပြင် Wi-Fi ၊ Bluetooth 4.0 စတာတွေလည်း ပါရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ၎င်းစက်ဘီးဟာ ပိုမိုထိရောက်ပြီး အကြိုက်တွေ့စေ ပါလိမ့်မယ်။

Ref -generalknowledge

 ကျော်လင်းနိုင် (ရိုးရာလေး)


ဟောလီးဝုဒ် သရုပ်ဆောင်မင်းသမီး Jessica Alba စတင် တည်ထောင်ထားတဲ့ထားတဲ့ အွန်လိုင်း သဘာဝ ထုတ်ကုန် ကုမ္မဏီဟာ ယခုအခါမှာ လူထုဆီသို့ဦးတည် နေပြီဖြစ်ပြီး ကျွမ်းကျင်သူတွေ ကတော့ ကုမ္မဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၁ ဘီလီယံဝန်းကျင်မှာ ရှိနေပြီလို့သိရပါတယ်။
Jessica Alba ရဲ့ The Honest ကုမ္မဏီကို လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ Chritopher Gavigan နဲ့ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး နောက်ထပ်လုပ်ဖော်ကိုင်ဖက်၂ဦးဖြစ်တဲ့ Sean Kane နဲ့ Brian Lee တို့ပါ ပါဝင်လာကြပြီး ကုမ္မဏီရဲ့ကနဦးမတည်ငွေ ဒေါ်လာ ၅၂ သန်းမှ ယခုအခါတွင် ရင်းနှီးမြှပ်နှံသူများရဲ့ ထပ်တိုးမတည်ငွေ ဒေါ်လာ သန်း၇၀ ထပ်ဖြည့်လိုက် ပြီဖြစ်ပါတယ်။
The Honest ကုမ္မဏီဟာ အိမ်သုံး ပစ္စည်းတွေ ၊ အလှကုန်ပစ္စည်းတွေနဲ့ ကလေးအသုံးအဆောင် ပစ္စည်းတွေကို အဓိက ထုတ်လုပ်ရောင်းချပြီး ယခုအခါ စတော့ ဈေးကွက်အပေါ်မှာ လူသိရှင်ကြား ရပ်တည်နေတဲ့ ကုမ္မဏီတစ်ခုဖြစ်လာပါပြီ။
The Honest ကုမ္မဏီဟာ ၂၀၁၄ ခုနှစ်မှာ ဘဏ္ဍာငွေ ဒေါ်လာ သန်း ၁၅၀ ကျော်ထိ ရလာနိုင်ခြေ ရှိတယ် လို့ Wall Streetဂျာနယ်ရဲ့ ဖော်ပြချက်အရသိရပြီး ၊ ၈၀ ရာခိုင်နှုန်းက သူတို့ထုတ်ကုန်တွေရဲ့ လစဉ်ဝင်ငွေကနေ ရရှိထားတာဖြစ်တယ်လို့သိရပါတယ်။

Ref:starpulse.com

 ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်













ဗြိတိန်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူမျိုး မှ တစ်ကောင်ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ်ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်းဟာလည်း အင်တာနက် လိုင်း ပျက်ရတဲ့ တရားခံများထဲမှာ တစ်မျိုး အဖြစ် ပါဝင်လာခြင်း ဖြစ်ပါတယ်။
Google ရဲ့ ရေအောက် အင်တာနက် ဆက်သွယ်ရေး ကြိုးကို ကိုက်ဖြတ်ခြင်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကြုံတွေ့ခဲ့ဖူးပြီး အင်တာနက်လိုင်း ပြတ်ခဲ့ကြ ပါတယ်။ အဲ့တုန်းက ငါးမန်းကို ကိုက်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုပေမယ့် ဒါကို လက်မခံတဲ့ သူများလည်း ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတော့ ရေအောက် ကင်မရာများ ထားရှိပြီ ဖြစ်တာကြောင့် ငါးမန်းက ကိုက်ဖြတ်တယ် ဆိုတာကို ဗီဒီယို မှတ်တမ်းနဲ့ လွယ်တကူ သိရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ရေအောက် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းများနဲ့ ကမ္ဘာတစ်ဝန်း အင်တာနက် ရရှိဖို့ ပြုလုပ်ကြခြင်း ဖြစ်ပြီး ဒီအတွက် ကုန်ကျစရိတ်လည်း မနည်း ပါဘူး။ အသားလို အနံ့လည်းမရတဲ့ ကြိုးကို ကိုက်ဖြတ်ပြီး လူတွကို ဒုက္ခပေးရလောက်အောင် ငါးမန်းတို့ ဥာဏ်ပြေးနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ်။


ရိုးရာလေး


ABC News ရဲ့အဆိုအရ လက်ရှိ အီရတ်နိုင်ငံမှာ စစ်ပွဲတွေဆင်နွှဲနေတဲ့ အကြီးဆုံးလက်နှက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ISIS (the Islamic State Of Iraq And Syria) နဲ့ခဏခဏရောမှားနေတာကို ရှောင်ရှားဖို့အတွက် လှုပ်ရှားမှုတွေရပ်နားထားတဲ့ post-metal ဝိုင်း ISIS ဟာသူတို့ရဲ့ Facebook စာမျက်နှာနာမည်ကို ISIS ကနေ “Isis the band” လို့အမည်ပြောင်းခဲ့ပါတယ်။
ISIS တပ်ဖွဲ့ဟာ အီရတ်နိုင်ငံကမြို့တွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အပြင် အီရတ်နိုင်ငံထဲက ခရစ်ယာန်တွေ၊ ယာဇီဒီများနဲ့ ဆွန်နီမဟုတ်တဲ့ မွတ်စလင်တွေကို သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အမေရိကန်သတင်ထောင် James Foley ကို ခေါင်းဖြတ်သတ်ခဲ့တာဖြစ်တဲ့အတွက် Isis တီးဝိုင်းအနေနဲ့ အဲဒီ့ စစ်သွေးကြွအဖွဲ့နဲ့ ရောထွေးမှားယွင်းခံရတာကြောင့် ခံစားရတဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုကိုကို နားလည်ရလွယ်ကူပါတယ်။
ဝိုင်းရဲ့ယခင် ဒရမ်သမား Aaron Harris ကတော့ ဒီအခြေအနေက သူတို့ကိုရုတ်တရက်ကြီးအငိုက်မိစေခဲ့ပြီး အချို့ပရိတ်သတ်တွေက သူတို့ရဲ့ တီရှပ်ကိုဝတ်ဆင်ဖို့တောင် ဆန္ဒမဲ့နေကြပါတယ်လို့ပြောပါတယ်။ ပြီးတော့ သူတို့အဖွဲ့ဟာ ရိုင်းစိုင်းရင့်သီးတဲ့ ဝေဖန်မှတ်ချက်ပေးမှုတွေနဲ့ကြုံတွေ့ခဲ့ရကြောင်းပြောပါတယ်။
‘ကျွန်တော်တို့ရဲ့ ပရိသတ်တွေလိုပါပဲ။ ကျွန်တော်တို့လည်း မယုံနိုင်စွာနဲ့သတင်းတွေကြည့်နေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မှတ်ချက်မပေးရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဂီတဆက်ပြီးရှင်သန်နေပေမယ့် ကျွန်တော်တို့ ၂၀၁၀ ကတည်းက လှုပ်ရှားမှု မလုပ်တော့တာကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဂီတလုပ်ငန်းတွေကို လူတွေအချိန်နဲ့တပြေးညီသိနိုင်ဖို့ ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာကို ဆက်ထားထားတာဖြစ်ပါတယ်’ လို့ Harris က ABC ကိုပြောပါတယ်။.


Ref:altpress.com


Leonardo ရဲ့ The Beach ဇာတ်ကားကြည့်ပြီး ပုံစံတူလိုက်လုပ်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ ဇာတ်ကားထဲမှာ ပါတဲ့ကျွန်းစွယ်မှာပဲ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
ဗြိတိသျှလူမျိုး တစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် Jay Davies ဟာ Leonardo DiCaprio သရုပ်ဆောင်ထားတဲ့ The Beach ဇာတ်ကားကို ရူးသွပ်တဲ့အလျောက် ဇာတ်ကားထဲကအတိုင်း အရှေ့တောင်အာရှ မှာရှိတဲ့ ဖူးခက်ကမ်းရိုးတန်းက ဖီဖီလို့ခေါ်တဲ့ကျွန်းစွယ် တစ်ခုအပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်ခဲ့ပါတယ်။
 Jay Davies moved to Thailand after seeing hit Leonardo DiCaprio film The Beach (pictured)
သူ့ရဲ့ အရှေ့တောင်အာရှ အိမ်မက်တွေဟာ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သူ့ရဲ့သေဆုံးမှုကို အချိန်ကွာဟပြီးမှ သိခဲ့ရတဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေဟာ Davies ရဲ့သေဆုံးမှု အကြောင်းအရင်းကို သက်သေပြနိုင်ဖို့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပါတယ်။
 While living in Thailand, Jay Davies took part in all manner of watersports and outdoor activities
ခရီးထွက်ရတာ ၀ါသနာကြီးတဲ့ Davis ဟာ ကျောင်းပြီးကတည်းက အနောက်ဝေလပြည်နယ်ကနေ မိုင်ပေါင်း ၆၀၀၀ ကျော် ပျံသန်းလာခဲ့တာဖြစ်ပြီး သူဟာ ၃ နှစ်တိတိ ဖီဖီကျွန်းမှာ အနောက်တိုင်း နယ်လှည့်  ခရီးသွားတွေနဲ့အတူ ပါတီပွဲတွေလုပ်နေခဲ့တာ ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့တော့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။
Ref:dailymail.co.uk


Samsung က Galaxy Mega 2 ကို တရားဝင်ကြေငြာချက် မထုတ်ရသေးပေမဲ့ လက်လီဖြန့်ချိသူတချို့က မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ စတင်ရောင်းချခဲ့ပုံရပါတယ်။ ဒါ့ကြောင့်မို့ ၎င်း Galaxy အသစ်ကို အကြိုပြသခဲ့တဲ့ အချိန်ကာလဟာ ဘယ်လောက်မှ မကြာလိုက်ပါဘူး။
ထိုင်းအင်တာနက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Droid Sans ဟာ အဆမတန်ကြီးမားတဲ့ ဒီ Galaxy Mega 2 ကို ကြည့်မြင်ခွင့်ရအောင် အချိန်မတိုင်မီ ကြိုတင်ပြသခဲ့တဲ့ သတင်းဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ယခုလအစောပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့ အတိုင်း ဒီ Mega 2 ဟာ Galaxy 5.8 နဲ့ Galaxy 6.3 ရဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ အရွယ်အစားပိုင်းမှာတော့ ဒီဟန်းဆက်သစ်ဟာ 720× 1280 pixels နဲ့အတူ 6-inch မျက်နှာပင်ပါရှိပြီး အရင်မော်ဒယ်လ်နှစ်ခုရဲ့ ပုံစံကို ရောစပ်ယူထားတာဖြစ်ပါတယ်။
Android 4.4.4 KitKat အသုံးပြုထားတဲ့ Mega 2 က LTE  a quad-core Exynos 4415 ပရိုစက်ဆာ၊ 1.4 GHz, RAM - 1.5 GB  မူလပါရှိထားတဲ့ memory ထပ်တိုးနိုင်ပြီး 2800 mAh အားရှိ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီ တစ်လုံး အပါအဝင် အသွင်သဏ္ဍာန်နှစ်မျိုးကို ပေါင်းစပ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြသထားတဲ့ Mega 2 ရဲ့အသွင်အပြင်မှာ ထူးခြားတာတစ်ခုက နောက်ကင်မရာ 8MP ပါရှိဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဗားရှင်းဟန်းဆက်မှာတော့ 13MP ရှိကောင်းရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ကင်မရာက အရည်အသွေးကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေမှာဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်အရ Galaxy Mega 2 ဈေးနှုန်းဟာ $425 ဝန်းကျင်ရှိမှာဖြစ်ပြီး အနက်ရောင်နဲ့ အဖြူရောင် အရောင်နှစ်မျိုးနဲ့ မကြာခင်မှာ ဈေးကွက်အတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။


Source: phonearena


အင်တာနက်ရဲ့ ပျံ့ နှံ့လွယ်တဲ့ အလေ့အထကြောင့် မထင်မှတ်ဘဲ နာမည်ကြီးတွေဖြစ်သွားတဲ့ ဆယ်ကျော်သက်အုပ်စုရဲ့ အကြောင်းဖြစ်ပါတယ်။ ဒါရိုက်တာ ၆ ဦးက ဆိုင်ရာဆိုင်ရာ အပိုင်းပိုင်းတွေနဲ့ ရိုက်ကူးထားတဲ့ anthology သည်းထိပ်ရင်ဖိုဇာတ်ကား ဖြစ်တဲ့အားလျှော်စွာ မှော်အတတ်ဆိုင်ရာ စွမ်းအားမြင့်မားတဲ့ အရာဝတ္ထုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ရူးသွပ်နေတဲ့ မျက်လှည့်ဆရာတစ်ဦးရဲ့အကြောင်း၊ အပြိုင်ကမ္ဘာတစ်ခုဆီကို သွားတဲ့ တံခါးကိုဖွင့်လှစ်ပေးမယ့် အိမ်တွင်းလုပ် စက်ပစ္စည်းတစ်ခုရဲ့အကြောင်း၊ မထင်မှတ်ထားဘဲနဲ့ မက္ကဆီကန် သေခြင်းတရားဆိုင်ရာ ရိုးရာပူဇော်ပသမှုရဲ့ ပစ်မှတ်ဖြစ်ရတဲ့ ဆယ်ကျော်သက် စကိတ်သမားတို့ရဲ့အကြောင်း နဲ့ လူအများကိုသတ်ဖြတ်ထားတဲ့ လူသတ်သမားကို နောက်ယောင်ခံနေပြီး၊ ဆိုးသွမ်းယုတ်မာပုံရတဲ့အပြင် ဘာလဲဘယ်လဲ ထင်ထင်ရှားရှားမသိရတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း စုံအောင် ပါဝင်ပါတယ်။
အမေရိကန် anthology ထိပ်လန့်သည်းဖိုဇာတ်ကား V/H/S: Viral ကို ဒါရိုက်တာတွေဖြစ်ကြတဲ့ Nacho Vigalondo၊ Marcel Sarmiento၊  Gregg Bishop၊ Aaron Scott Moorhead၊ Justin Benson နဲ့ Todd Lincoln တို့က ဆိုင်ရာအပိုင်းလိုက် ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုဝင်ဘာလထဲ ထွက်ဖို့စီစဉ်ထားပါတယ်။

Ref:Wikipedia.org


Sleeping With Sirens အဖွဲ့ဟာ ပြီးခဲ့တဲ့ ပိတ်ရက် UK နိုင်ငံရဲ့ Reading ပွဲတော်မှာ သီချင်းအသစ် Kick Me ကိုစတင်ဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းအတွက် ဂီတဗီဒီယိုကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်။
အောက်ကပြထားတဲ့ link မှာတော့ ဝိုင်းရဲ့ဖျော်ဖြေမှုတစ်ခုလုံးရဲ့ ရုပ်သံကိုပြထားတာဖြစ်ပါတယ်။
သီချင်းကတော့ ၂၈ မိနစ်အရောက်မှာစတာပါ။
သူတို့အဖွဲ့ဟာ Pierce the Veil အဖွဲ့နဲ့ပူးတွဲဦးဆောင်ပြီး အမေရိကန်နိုင်ငံအနှံ့ နယ်လည့် ဖျော်ဖြေပွဲ ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာကျင်းပမှာဖြစ်ပြီး သူတို့ကို အထောက်အပံ့အနေနဲ့ဖျော်ဖြေတဲ့ဝိုင်းတွေကတော့ Beartooth နဲ့ The Wild Life တို့ဖြစ်ပါတယ်။
Ref:altpress.com















ပြီးခဲ့တဲ့နှစ် ပင်နီဆလားဗီးယား အရှေ့မြောက်ပိုင်းက ပန်းပုပညာရှင်အမျိုးသမီးရဲ့ နေ အိမ်ဆင်ဝင်အောက်မှာ ထားရှိတဲ့ အမေရိကန်သမ္မတဘားရက်အိုဘားမားပုံတုရုပ်ထု ပျောက်ဆုံးသွားခဲ့ရာမှ ယခု ရက်ပိုင်းအတွင်းမှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရ ပါတယ်။

အိမ်အနီးအနားက ပန်းခြံဝင်းရဲ့ ထိုင်ခုံတန်းလျားမှာ ထိုင်စေတာကိုတွေ့ ရှိခဲ့ တာဖြစ်ပြီး ဘေးနားမှာလည်း ခြောက်လုံးပါလက်ဖက်ရည် ပုလင်းတစ်ကဒ်ကိုလည်း ထိုင်ခုံပေါ်တင်ထားပါသေးတယ်။

ရုပ်ထုပိုင်ရှင်ဖြစ်တဲ့ တစ်ဖနီဘရုဆိုသူ အမျိုးသမီးက အားတက်သဖွယ်အပြုံးနဲ့ စမတ် ကျကျနေထိုင်တတ်တဲ့ အိုဘားမားရဲ့စမတ်ကျစတိုင်လ်နဲ့ ခြေထောက်ချိတ်ထားတဲ့ ပုံ တူရုပ်ထုကို အမေရိကန်ဒေါ်လာ ၁၂၀၀ အကုန်ကျခံကာ ထုလုပ်ပုံဖော်ခဲ့တာဖြစ်ပြီး နိုင် ငံရဲ့ လေးစားအားကျလောက်တဲ့ပုဂ္ဂိုလ်ကို သူမရဲ့ကလေးငါးယောက်တို့ကိုလေးစား အတုယူစေဖို့ သာဓကပြတဲ့အနေနဲ့ထုလုပ်ထာဖြစ်တယ်လို့သိရပါတယ်။


ပြီးခဲ့နှစ်က အခိုးခံ လိုက်ရတဲ့ ဒီရုပ်ထုကို အခုလို ပြန်လည်ထားရှိပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအထူး တင်ရှိတာကို နိုင်ငံပိုင် သတင်းတစ်ခုမှာ ပြောကြားထားပါတယ်။ ပန်းခြံ အတွင်းမှာ ပြန်လည်တွေ့ရှိချိန်တွင် သက်ဆိုင်ရာက မူလထားရှိတဲ့နေရာသို့ပြန်လည် ထားရှိဖို့အတွက် ကားနဲ့သယ်ဆောင်သွားကြပါတယ်။

“ကျွန်မတို့ အားလုံး သမ္မတကြီးကို ချစ်ခင်ကြပါတယ်။ လေးစားကြပါတယ်။ နှလုံးသား ထဲမှာလည်း အမြဲတမ်းရှိပါတယ်။ ဒါ့ကြောင့် မို့လို သူ့ရဲ့ပုံတူကိုထုပြီး နောင်အနာဂတ် ကလေးငယ်တွေအတွက် ပြန်လည်အတုယူနိုင်ဖို့ထုလုပ်ခဲ့တာပါ။ အခိုးခံရပြီးနောက် အခုလို ပြန်လည်တွေ့တော့ အရမ်းဝမ်းသာပါတယ်လို့” တစ်ဖနီကဆိုပါတယ်။




Credit: ဖိုးသူတော် (www.phothutaw.com)


အာဖရိက အမျိုးသမီးငယ် (၄) ယောက်က ဓာတ်ဆီလောင်စာအနေနဲ့ သေးရည် (၁) လီတာသာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (၆) နာရီကြာ ထုတ်လုပ်ပေးတဲ့ မီးစက်ကို တီထွင်ခဲ့ပါတယ်။
 အသက် (၁၄)နှစ် ရှိပြီဖြစ်တဲ့ Duro-Aina Adebola ၊ Akindele Abiola ၊ Faleke Oluwatoyin နဲ့ အသက် (၁၅)နှစ်ဖြစ်တဲ့  Bello Eniola  တို့ လေး ယောက်ဟာ အဲ့ဒီမီးစက်ကို Nigeria နိုင်ငံ Lagos က Maker Faire မှာ ပြသခဲ့ကြပါတယ်။
သူတို့လေးယောက် တီထွင်ခဲ့တဲ့ ဒီသေးရည်စွမ်းအင်သုံး မီးစက်က ဘယ်လိုပုံစံနဲ့ လည်ပတ် အလုပ်လုပ်သလဲ ကြည့်ကြရအောင်။
  • သေးရည်ကို ဟိုက်ဒရိုဂျင် သပ်သပ်ခွဲခြား ဖယ်ထုတ်ပေးတဲ့ လျှပ်စစ်သံလိုက်ဆဲလ်ထဲကို ထည့်ရပါတယ်။
  • ၎င်းဟိုက်ဒရိုဂျင် သန့်စင်စေဖို့ ဂက်စ်စလင်ဒါထဲ ရောက်အောင် တွန်းပို့ပေးတဲ့ ရေစစ်တစ်ခုကို ဖြတ်သွားပါတယ်။
  • ၎င်းဂက်စ်စလင်ဒါက ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို စိုစွတ်မှုမရှိ ကင်းအောင် လုပ်ပေးတဲ့ ဘူးရပ်စ်အရည်ထည့်ထားတဲ့ စလင်ဒါတစ်ခုထဲကို ရောက်အောင်ပို့ပေးပါတယ်။
  • အဲ့ဒီသန့်စင်ထားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို မီးစက်ဆီသို့ ဆက်သွယ်ပေးထားပါတယ်။
သူတို့ရဲ့ တီထွင်ဖန်းတီးမှုတွေနဲ့ တခြားသော လက်တွေ့ကျတဲ့ တီထွင်ကြံဆမှုများကို ပြသဖို့ သူတို့ဟာ Lagos ကို လာရောက်ခဲ့ကြတာပါ။ ဒီ Maker Faire မှာ ကိုယ့်စမ်းသပ်တီထွင်မှုတွေကို လာရောက်ပြသကြသူတွေ ထောင်နဲ့ချီ ရှိတယ်လို့ သိရပြီး Maker Faire ဟာ အာဖရိကတိုက်တစ်ခုလုံးမှာလည်း လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်တဲ့။
Source: jewsnews.co.il



သူတန်ဖိုးထားရတဲ့ဖုန်းကိုလက်ထဲကမချတဲ့ကောင်လေးကို စိတ်တိုနေတဲ့ကောင်မလေးက သူ့ရဲ့ဖုန်းကနေကိုင်ပြီး တရုတ်ပြည်ရဲ့ မြေအောက်ရထားလမ်းကိုဖြတ်ကာ တရွတ်တိုက်ဆွဲခေါ်သွားတဲ့အဖြစ်ဖြစ်ခဲ့ပါတယ်။
ခရီးသွားတွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီ့ကောင်မလေးက သူ့ချစ်သူကို ချက်ချင်းပဲဒေါသထွက်ပြီး ထိုင်ခုံကနေဆွဲချပြီး ဘေဂျင်းမြို့မြေအောက်ရထားလမ်းကနေဆွဲထုတ်ခဲ့တာဖြစ်ပါတယ်။
သူ့ကိုတံခါးပေါက်ကနေဖြတ်ပြီးဆွဲထုတ်ခဲ့ပေမယ့် သူ့မျက်လုံးတွေကတော့ iPhone မှာပဲရှိနေခဲ့ပါတယ်။
အဲဒီ့ပြသနာက ဘူတာရုံရောက်တဲ့အထိဆက်ဖြစ်နေသေးတာဖြစ်ပြီး ကောင်မလေးက ဖုန်းကိုကိုယ်ပြီး သူမရဲ့ကောင်လေးကို မြေကြီးကနေတရွတ်တိုက်ဆွဲခေါ်လာခဲ့တဲ့ အခါ ဘေးကရပ်ကြည့်သူတွေ အံ့အားသင့်ခဲ့ရပါတယ်။
တစ်နေရာအရောက်မှာ ကောင်မလေးက ကောင်လေးနဲ့ဖုန်းကို ခွဲခြားဖို့အတွက် ကောင်လေးရဲ့မေးရိုးကို ခြေထောက်နဲ့တက်နင်းခဲ့ပေမယ့် ကောင်လေးက ဖုန်းကိုလက်ကချဖို့ငြင်းဆန်ခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ သူမက သူ့ကို အခြားအတွဲတစ်တွဲပေါ်ကိုဆွဲခေါ်သွားပါတယ်။
ဒီဖြစ်ရပ်က အရမ်းဒေါသတကြီးဖြစ်နေခဲ့တဲ့ အတွက် အများက ဒါကို မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုရဲ့ စတန့်ထွင်မှုတစ်ခုလို့ထင်ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကိုဖုန်းတွေနဲ့ဓာတ်ပုံရိုက်ခဲ့သူတွေကတော့ ဒါဟာလုပ်ဇာတ်မဟုတ်ကြောင်းအသေအခြာပြောဆိုကြပါတယ်။



Ref:dailymail.co.uk