Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


Microsoft ရဲ့ အထောက်အပံ့ တစ်စုံတစ်ခုမှ ရယူထားခြင်းမရှိတဲ့ ဖင်လန်နိုင်ငံ အခြေစိုက် Nokia ဟာ ဖုန်းတွေကို ထုတ်လုပ်ခြင်းမရှိပေမယ့် မိုဘိုင်းလောကမှာ ပါဝင်ပတ်သက်စရာ အဓိက အခန်းကဏ္ဍတစ်ခု ရယူထားပါတယ်။
Nokia လို့ နာမည်ကျန်ရစ်စေတဲ့ အစိတ်အပိုင်းတစ်ခုမှာ Siemens နဲ့ ဖက်စပ်လုပ်ဆောင်လေ့ရှိပြီး အခိုင်အမာတည်ဆောက်ထားတဲ့ ကွန်ရက်စနစ်တစ်ခု ပိုင်ဆိုင်ထားပါတယ်။ Nokia က Siemens ကို ကုမ္ပဏီရဲ့ အစုရှယ်ယာ ပေးအပ်လိုက်ပြီး တစ်ချိန်က Nokia Siemens Networks လို့သိရတဲ့ ကွန်ရက်က ခုအချိန်မှာတော့ Nokia Networks ဖြစ်လို့နေပါတယ်။
Nokia Networks က မိုဘိုင်းကိုင်ဆောင်သူတွေ သူတို့အင်တာကွန်ရက်ကို စီမံတိုးမြင့်ဖို့ အသုံးပြုတဲ့ စနစ်တစ်ခုကို ထူထောင်သွားမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ဘက်တွေကတော့ Ericsson၊ Alcatel-Lucent နဲ့ Huawei ကဲ့သို့သော လူသိများတဲ့ နာမည်တွေဖြစ်ကြပါတယ်။ ဒီကုမ္ပဏီတွေက  5G လို့ ရင်းရင်းနှီးနှီး ခေါ်ဆိုထားတဲ့ ကြိုးမဲ့ဆက်သွယ်ရေးအခန်းကဏ္ဍမှာ အဓိကကျတဲ့ ပဉ္စမမြောက်မျိုးဆက်ဖြစ်လာမယ့် စံအဆင့်အတန်းကို သတ်မှတ်ရာမှာ အခန်းကဏ္ဍတစ်ခုကို ပါဝင်ထမ်းဆောင်သွားကြရမှာဖြစ်တယ်။
လာမယ့်နှစ်ဆန်းပိုင်းမှာ Nokia က အစမ်းသဘော ကွန်ရက်တစ်ခုကို ဖင်လန် နိုင်ငံ Oulu မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒေတာလွဲပြောင်းခြင်း စမ်းသပ်ကွန်ရက် တိုးတက်မှုရှိလာတာကြောင့် ရင်နှီးမြုပ်နှံမှုလုပ်ထားတဲ့ လုပ်ဖော်ကိုဖက်တွေ၊ ပြိုင်ဘက်တွေနဲ့တောင် APIs ကို ဝေမျှပေးပါလိမ့်မယ်လို့ Nokia ကနေ ဖော်ပြထားခဲ့ပါတယ်။ ရည်ရွယ်ချက်က ပူးပေါင်းဆောင်ရွက်ရတဲ့ ပုံစံသစ်တစ်ခုကို ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။
5G နဲ့ပတ်သက်ပြီး အသေးစိတ်အချက်တွေ တိတိကျကျတော့ မရှိသေးပါဘူး။ အများစု မှန်းဆထားရာမှာတော့ ခုလက်ရှိ LTE networks စွမ်းဆောင်ရည်ရဲ့ အဆပေါင်း (၁၀၀၀) စွမ်းဆောင်ရည်နဲ့ ထောက်ပံ့မှုပေးသွားပါလိမ့်မယ်လို့ မှန်းဆထားကြပါတယ်။ ဒေတာကူးပြောင်းမှုမြန်နှုန်းမှာ လက်ရှိပုံမှန်နှုန်းထားရဲ့ အဆ ၁၀ ကနေ ၁၀၀ ဝန်းကျင်လောက်ရှိမှာဖြစ်တယ်။ စွမ်းအင်စားသုံးမှုအပိုင်းဟာလည်း အရည်အသွေးတစ်ခုဖြစ်လာမှာဖြစ်ပြီး ၉၀% ရာခိုင်နှုန်းလောက် လျော့ကျ သက်သာမှာဖြစ်တယ်။
Source: PhoneArena

0 comments :

Post a Comment