Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Amazing HD Photo. Show all posts
Showing posts with label Amazing HD Photo. Show all posts

ထူးထူးဆန်းဆန်း၊ ထူးထူးခြားခြားတွေ လုပ်နေရမှ ကျေနပ်နေတဲ့ သူတွေကတော့ တစ်ခုမဟုတ် တစ်ခု အမြဲတမ်း သူများနဲ့ မတူတာတွေကို လိုက်လုပ်နေကြတာပါပဲ...၊ အခုလည်း ကြည့်လေ... သူ့ဟာသူ နေတဲ့ ၀က်တွေကို tatoo တွေ ထိုးပေးထားပြန် သတဲ့....






ဘရာဇီးနိုင်ငံမြောက်ဘက်ပိုင်းဒေသတွင် နေထိုင်သော Iwa အမည်ရ လူမျိုးစုသည် တောတွင် နေထိုင်ကျက် စားကြသော လူရိုင်းများ ဖြစ်သည်။

အမဲလိုက်ခြင်းက အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော်လည်း မျောက်များကို အင်မတန် ချစ်မြတ်နိုးသူများ ဖြစ်သည်။

၎င်းတို့မျိုးနွယ်စုမှ အမျိုးသမီးအချို့က မျောက်များ ကို နို့တိုက်ပြီး ကြီးပြင်းလာသည် အထိ ပြုစုစောင့်ရှောင့် လေ့ရှိကြောင်း သိရသည်။








တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို
မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party
သတင်းစာဖြစ်တဲ့ People's Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။






ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်းအသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ
ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး
ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့
ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ
ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။


" တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့
မြွေကြီးကိုတွေ့ရတာပါပဲ " လို့ အလုပ်သမားတွေက ပြောပါတယ် ။

" အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က
ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက်
အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ
အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား
တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့်
နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်
မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး
အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး "


နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

" မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack)
ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့
သေဆုံးသွားခဲ့ပါတယ် " လို့ဆိုပါတယ် ။


သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.၇ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄၀ သက်တမ်း ရှိပါပြီ ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တ၀င့် ရေးသား
ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ
သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။
အောင်ထွန်းဦး


မိခင်မြွေမကြီးရဲ့ ဗိုက်ကို ဖောက်ပြီးထွက်လာကြတာပါ...၊ မြွေမမြွေမကြီးကတော့ သူ့ကလေးတွေအတွက် သူ့အသက်ကို အဆုံးရှုံးခံရပါတယ်..၊
တိရစ္ဆာန်တွေထဲမှာတောင် ကိုယ့်မိခင်ကို သေစေပြီးမှ လောကထဲ ရောက်လာရတဲ့ တိရိစ္ဆာန်လောက် ဆိုးတာ ရှိတော့မယ် မထင်ပါဘူး...၊





Credit >> AungHtunOo



သူတန်ဖိုးထားရတဲ့ဖုန်းကိုလက်ထဲကမချတဲ့ကောင်လေးကို စိတ်တိုနေတဲ့ကောင်မလေးက သူ့ရဲ့ဖုန်းကနေကိုင်ပြီး တရုတ်ပြည်ရဲ့ မြေအောက်ရထားလမ်းကိုဖြတ်ကာ တရွတ်တိုက်ဆွဲခေါ်သွားတဲ့အဖြစ်ဖြစ်ခဲ့ပါတယ်။
ခရီးသွားတွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီ့ကောင်မလေးက သူ့ချစ်သူကို ချက်ချင်းပဲဒေါသထွက်ပြီး ထိုင်ခုံကနေဆွဲချပြီး ဘေဂျင်းမြို့မြေအောက်ရထားလမ်းကနေဆွဲထုတ်ခဲ့တာဖြစ်ပါတယ်။
သူ့ကိုတံခါးပေါက်ကနေဖြတ်ပြီးဆွဲထုတ်ခဲ့ပေမယ့် သူ့မျက်လုံးတွေကတော့ iPhone မှာပဲရှိနေခဲ့ပါတယ်။
အဲဒီ့ပြသနာက ဘူတာရုံရောက်တဲ့အထိဆက်ဖြစ်နေသေးတာဖြစ်ပြီး ကောင်မလေးက ဖုန်းကိုကိုယ်ပြီး သူမရဲ့ကောင်လေးကို မြေကြီးကနေတရွတ်တိုက်ဆွဲခေါ်လာခဲ့တဲ့ အခါ ဘေးကရပ်ကြည့်သူတွေ အံ့အားသင့်ခဲ့ရပါတယ်။
တစ်နေရာအရောက်မှာ ကောင်မလေးက ကောင်လေးနဲ့ဖုန်းကို ခွဲခြားဖို့အတွက် ကောင်လေးရဲ့မေးရိုးကို ခြေထောက်နဲ့တက်နင်းခဲ့ပေမယ့် ကောင်လေးက ဖုန်းကိုလက်ကချဖို့ငြင်းဆန်ခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ သူမက သူ့ကို အခြားအတွဲတစ်တွဲပေါ်ကိုဆွဲခေါ်သွားပါတယ်။
ဒီဖြစ်ရပ်က အရမ်းဒေါသတကြီးဖြစ်နေခဲ့တဲ့ အတွက် အများက ဒါကို မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုရဲ့ စတန့်ထွင်မှုတစ်ခုလို့ထင်ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကိုဖုန်းတွေနဲ့ဓာတ်ပုံရိုက်ခဲ့သူတွေကတော့ ဒါဟာလုပ်ဇာတ်မဟုတ်ကြောင်းအသေအခြာပြောဆိုကြပါတယ်။



Ref:dailymail.co.uk


လွန်ခဲ့တဲ့ နှစ် ၉၀ က သေဆုံးခဲ့တဲ့ ဆိုဗီယက်ယူနီယံကို တည်ထောင်သူ လီနင်ရဲ့ ရုပ်ထုကို ပိုလန်မြို့ တစ်မြို့ က ဂုဏ်ပြုစိုက်ထူခဲ့ပါတယ်။ ဒီအစိမ်းရောင်ထုံးရုပ်ထုကြီးဟာ ရုတ်တရက်ကြီးထွက်ပေါ်လာတာတော့မဟုတ်ပါဘူး။ ဒီရုပ်ထုဟာ ပိုလန်နိုင်ငံ၊ ကရာကိုမြို့ မှာ ဂျွန်လ ၂၂ ရက်နေ့ ထိ ပြုလုက်မယ့် Grolsch Artboom အနုပညာပြပွဲရဲ့ ပြသမှုတွေအများကြီးထဲက တစ်ခုဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်စနစ်ကျဆုံးပြီးနောက် ၁၉၈၉ ခုနှစ်မှာ ဖယ်ရှားခဲ့တဲ့ သမားရိုးကျ လီနင်ရုပ်ထုရဲ့ နေရာမှာ အခု ပုံစံရုပ်ထုသစ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။ ဒီ ရုပ်ထုကို “ Fountain of the Future” လို့  အမည်ပေးထားပြီး ဒီနေရာမှာ ဘယ်ရုပ်ထုကို အမြဲထားသင့်သလဲ ဆိုတဲ့အချက်ကို ဆွေးနွေးငြင်းဆုံကြဖို့  အားပေးတဲ့အနေနဲ့ ဒီဇိုင်းထွင်ခဲ့တယ်လို့ သိရပါတယ်။ လီနင်သေးပေါက်နေတဲ့ပုံ ရုပ်ထုဟာ တော်တော် ဂွကျပေမယ့် အရင်တစ်ခါ လီနင်ရဲ့ အရိုးစုကို မပျက်စီးအောင် ဆေးရည်စိမ်ပြီး ပြသမယ့် အစီအစဉ်ထက်တော့ တော်ပါသေးတယ်။ Ref: Metro.co.uk


အာဂျင်တီးနားစုံတွဲတစ်တွဲဖြစ်တဲ့ ဂါဘရီလာ နဲ့ ဗစ်တာ ပီရောတာ တို့ ဟာ ခန္ဓာကိုယ်ရဲ့ လေးပုံသုံးပုံ ကျော်ကို တက်တူးထိုးထားသလို ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကိုလည်း ပြုလုပ်ထားကြပါတယ်။
သူတို့ စုံတွဲဟာ ကမ္ဘာ့တက်တူးအများဆုံးစုံတွဲအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သလို ခန္ဓာကိုယ်ပြောင်းလဲမှုအများဆုံးပြုလုပ်ထားတဲ့စုံတွဲအဖြစ် ပါ သတ်မှတ်ခံခဲ့ရပါတယ်။ နားပေါက်ချဲ့ မှု၊ လျှာနှစ်ခွဖြစ်အောင်ခွဲစိတ်မှု၊ အရေပြားထိုးဖောက်အလှဆင်မှု၊ ခန္ဓာကိုယ်ခွဲစိတ်ပြောင်းလဲမှု စတဲ့ ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကျော်ကို ပြုလုပ်ထားပြီး တစ်ကိုယ်လုံးမှာ ဖောက်ထွင်း ထားတဲ့ အပေါက်ပေါင်း ၅၀ ကျော် ရှိပါတယ်။
ဗစ်တာ ရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းကို တက်တူးထိုးထားပြီး ဂါဘရီလာ ရဲ့ ခန္ဓာကိုယ် ၆၅ ရာခိုင်နှုန်း ကို တက်တူးနဲ့ အလှဆင်ထားတာပါ။ ဒီ အာဂျင်တီးနားစုံတွဲကို ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံး ပြုလုပ်ထားတဲ့ စုံတွဲအဖြစ် ဂင်းနစ်စ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ ဗယ်လင်တိုင်းနေ့ က ထည့်သွင်းခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ဂါဘရီလာနဲ့ ၄၃ နှစ်အရွယ် ဗစ်တာ တို့ ဟာ အတူလက်ထပ်ပေါင်းသင်းနေထိုင်ခဲ့တာ ၁၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်ပေါ်တစ်ယောက် အရမ်းချစ်ကြတယ်လို့ ဆိုပါတယ်။
ဗစ်တာ ဟာ အသက် ၁၃ နှစ်အရွယ် မှာ F*** ဆိုတဲ့ စကားလုံးကို လက်ချောင်းတွေမှာ ပထမဆုံးရေးထိုးခဲ့ပြီး ဂါဘရီလာ က နှင်းဆီနီတစ်ပွင့်ပုံကို သူမရဲ့ ရင်ဘတ်မှာ စတင်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။


Ref: dailymail



ပုံမှာမြင်ရတာကတော့ "Baobab" သစ်ပင်ဖြစ်ပါတယ်.....သူ့ ဟာရေဂါလံ
30000(သုံးသောင်း)လောက်ကိုသူ့ ရဲ့ အကိုင်းအခက်တွေထဲမှာသိမ်းထား
နိုင်ပါတယ်။
#AdminZLite (Any Call)


Photo: Nokia Lumia 1520 အလုံးပေါင်း 35 လုံးဖြင့်ပြုလုပ်ထားသော စကတ်ကို
2014 London Fashion Week မှာပြသခဲ့ပါတယ်.........
တစ်ကယ့်ကိုလှပအသက်ဝင်တဲ့ စကတ်တစ်ခုဖြစ်ပါတယ်.....
#AdminZLite
Nokia Lumia 1520 အလုံးပေါင်း 35 လုံးဖြင့်ပြုလုပ်ထားသော စကတ်ကို
2014 London Fashion Week မှာပြသခဲ့ပါတယ်.........
တစ်ကယ့်ကိုလှပအသက်ဝင်တဲ့ စကတ်တစ်ခုဖြစ်ပါတယ်.....
#AdminZLite



                                      ယခုပုံကတော့အမေရိကန်ပြည်ထောင်စု
                  Alaska ပင်လယ်ကွေ့ မှာ ပေါင်းစုံတဲ့ သမုဒ္ဒရာ (၂) စင်းတွေ့ ကြတဲ့  ပုံပါ ။






            အထက်က ပုံ(၃)ပုံကတော့ Alaska မှာရှိတဲ့  အံ့သြဖွယ်ရာ ကောင်းတဲ့ လိုဏ်ဂူတွေပါ ။

Author >> RooKie