Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Amazing News. Show all posts
Showing posts with label Amazing News. Show all posts


ဘရာဇီးနိုင်ငံမြောက်ဘက်ပိုင်းဒေသတွင် နေထိုင်သော Iwa အမည်ရ လူမျိုးစုသည် တောတွင် နေထိုင်ကျက် စားကြသော လူရိုင်းများ ဖြစ်သည်။

အမဲလိုက်ခြင်းက အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော်လည်း မျောက်များကို အင်မတန် ချစ်မြတ်နိုးသူများ ဖြစ်သည်။

၎င်းတို့မျိုးနွယ်စုမှ အမျိုးသမီးအချို့က မျောက်များ ကို နို့တိုက်ပြီး ကြီးပြင်းလာသည် အထိ ပြုစုစောင့်ရှောင့် လေ့ရှိကြောင်း သိရသည်။








တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို
မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party
သတင်းစာဖြစ်တဲ့ People's Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။






ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်းအသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ
ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး
ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့
ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ
ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။


" တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့
မြွေကြီးကိုတွေ့ရတာပါပဲ " လို့ အလုပ်သမားတွေက ပြောပါတယ် ။

" အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က
ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက်
အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ
အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား
တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့်
နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်
မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး
အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး "


နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

" မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack)
ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့
သေဆုံးသွားခဲ့ပါတယ် " လို့ဆိုပါတယ် ။


သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.၇ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄၀ သက်တမ်း ရှိပါပြီ ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တ၀င့် ရေးသား
ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ
သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။
အောင်ထွန်းဦး






မယုံနိုင်စရာပါပဲ ဒီကြွက်ကြီးဟာ ခြောက်ပေါင်ကျော်လေးပြီး အမြီးကတင် ၁၂ လက်မရှည်ပါတယ် ။ တရုတ် ပြည် တောင် ဖက်စွန်းမှ လူဦးရေ သိပ်မများတဲ့ မြို့ငယ်လေးအနီး Fazhou မှာနေထိုင်သူ တစ်ဦးက ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ် ။ ကြွက်ဖမ်းသမားတစ်ဦးဖြစ်တဲ့ Mr Xian ဆိုကသူဟာ ဒီကြီးမားတဲ့ကြွက်ကြီးကို လမ်းတွေပေါ်လျှောက် သွားနေတာာတွေ့ပြီးတကည်းက ထောင်ချောက်ဆင်ခဲ့တယ်လို့ဆိုပါတယ် ။

ဖမ်းဆီရခဲ့သူMr Xian ဟာ ဒီကြွက်ကြီးကိုဖမ်းမိခြင်းအားဖြင့် ရှားပါးတဲ့ ကြွက်မျိုးစိတ်တွေကိုလေ့လာရာမှာ အထောက်အကူပြုနိုင်ကြောင်းပြောခဲ့ပါတယ် ။ ဒေသတွင်းတောတွင်းလေ့လာပညာရှင်တွေကတော့ ဒီကြွက်ဟာ ၀ါးတောတွေ ထဲမှာ ကျက်စားနေတဲ့ ကြွက်မျိုးစိတ်ဖြစ်နိုင်ကြောင်းပြောခဲ့ပြီး ဒီထက်ပိုတိတိကျကျ မျိုးစိတ် ကို ပြော ဆိုဖို့ရာ ကတော့ သေချာ စမ်းသပ်စစ်ဆေးဖို့လိုကြောင်းပြောခဲ့ပါတယ် ။

တရုတ်ပြည်ဝါးတောတွေထဲမှ ကြွက်တွေဟာ ဆယ်လက်မကျော်အောင်ကြီးထွားလေ့ရှိပြီး အထူးသဖြင့် ဒီလိုကြွက်တွေ ကို တရုတ်ပြည် မြောက်ပိုင်း မြန်မာပြည် နဲ့ဗီယက်နမ်တွေ မှာလည်းတွေ့ နိုင်ကြောင်းဖော် ပြထား ပါတယ် ။

ယူနန်ပြည်နယ် မလေးရှားမှာဆိုရင်လည်း အမြီးပါ အပါ လက်မသုံးဆယ်ကျော်နဲ့အလေးချိန် ၈ ပေါင်အ ထိလေး တဲ့ ဧရာမကြွက်ကြီးတွေကို ရှာတွေ့နိုင်ပါသေးတယ် ။

သက်တန့်ချို


ဘာမြူဒါတြိဂံနယ်မြေဟာ ပုံပြင်တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေလေ ယာဉ်ပျံတွေ ပျောက် သွား တတ် ကြ တယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိသည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ် မရှိဘူး ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်းမရှိပါဘူး။

လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?

ဘာမြူဒါတြိဂံနယ်မြေ ရဲ့ ပ ဟေဋ္ဌိကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်းခဲ့ကြပါတယ်။

'ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့ပင်လယ်ရေအောက် မြေကြီးက ထွက်ပေါ်လာတဲ့ အလွန်ကြီးမားတဲ့ ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြာင့်ဖြစ်ပါသည်။

သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ် အလလမှ ပင်လယ်ရေအောက်တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ် တယ်လို့ဆိုပါတယ်။ဒီဓါတ်ငွေ့တွေဟာ လေယာဉ်အင်ဂျင်နဲ့ ထိတွေ့တဲ့အခါ လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။

သူတို့နောက် တစ်ခုတွေ့ရှိချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန်မှာ ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။

သင်္ဘောတွေဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ မျက်နှာပြင်ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါ သည်။'

Credit to စိတ်ဝင်စားဖွယ်အချက်လေးများ

ဖြည့်စွက်ချက် - အထက်ပါ ဘာမြူဒါတြိဂံ ကို ကျနော် ကလေးဘဝ ထဲ ကနေဖတ်ခဲ့ ဖူးပါတယ် ။
ဘာမြူဒါတြိဂံ နဲ့ ပတ်သတ်သော သတင်းအများစုကတော့ - ရေအောက်မှမီးတောင်များ ပေါက်ကွဲမှုကြောင့်
- အနောက်နိုင်ငံများ ယူဆချက် - Alien ( ဂြိုလ်သား ) များ၏ လက်ချက်
- အစရှိသဖြင့် ထင်မြင်ချက်အမျိုးမျိုးနှင့် ကျော်ကြားသော နေရာဖြစ်ပြီး
၎င်း နေရာသို့ ဖြတ်ကျော်သော အရာများ (ဥပမာ -လေယာဉ် ၊ သင်္ဘော အစရှိသော ကြီးမားသော အရာဝတ္ထုများမှာ သဲလွန်စမကျန်ဘဲ ပျောက်သွားသောကြောင့် ယခုထက်တိုင် အဖြေရှာမရသေးသော နေရာအဖြစ် ထင်ရှားနေခြင်းဖြစ်သည် ။)


https://www.facebook.com/pages/%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/1374992316086532?ref=hl
Post By Admin >>> Zuu


Photo: BMW ရဲ့ ကမ္ဘာ့ပထမဆုံး AK47 ကျည်မဖောက် X5 SUV ကား 

ကမ္ဘာ့ပထမဆုံး AK47 စက်သေနတ်ရဲ့ ကျည်မဖောက်နိုင်တဲ့ ကား အဖြစ် BMW ဟာ X5 အမည်ရ SUV ကားနဲ့ စံချိန်တင် ထုတ်လုပ်လိုက်ပါတယ်။ AK47 သေနတ်ပြင်းအား အပြင် အခြားသော ပေါက်ကွဲမှု ဒဏ်များကိုပါ ခံနိုင်ရည်ရှိမယ့်ကား ဖြစ်ပါတယ်။ BMW X5 Security Plus လို့ အမည်ပေးထားပြီး မော်စကိုမြို့ မော်တော်ယာဉ် ပြပွဲ တစ်ခုမှာ တရားဝင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ 

ခံနိုင်ရည်အားဖြင့်တဲ့ run-flat တာယာ၊ မီးလောင်မှု မဖြစ်အောင် ထူပြီး လုံခြုံတဲ့ ဆီတိုင်ကီ၊ အတွင်းခံ လုံခြုံရေး စနစ်မျိုးစုံတို့ ပါဝင်ပြီး အဆင့်မြင့် ကျည်ကာ မှန်များ တပ်ဆင်ထားပါတယ်။ လမ်းမပေါ်မှာ ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပြီး လူတိုင်း ဝယ်ယူ ရရှိ နိုင်ပါတယ်။ အခြားသော Feature များအနေနဲ့ ကတော့ BMW X5 SUV ကားကြီးတိုင်းမှာ ပါဝင်တဲ့အတိုင်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဥပမာ အင်ဂျင် ပါဝါ ၄၅၀ မြင်းကောင်ရေအား ရှိပြီး ဆလင်ဒါ ၈ လုံးပူး တာဘိုချာဂျာတပ် အင်ဂျင်တို့ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ သာမန် BMW X5 တစ်စီးရဲ့ တန်ဖိုးက ဗြိတိန်ပေါင် ၄၃၀၀၀ ကျော်ရှိပေမယ့် ကျည်ကာ Security Plus ကား ကတော့ ဗြိတိန်ပေါင် ၁သိန်း၁သောင်း ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို တရားဝင်တော့ မကြေညာရသေး ပါဘူး။ 

BMW ဆိုတာ မြန်မာပြည်မှာ တရားဝင် အရောင်းစင်တာလည်း ရှိနေပါပြီ။ လေလံ ဈေးကွက်ကနေလည်း BMW X5 များကို မြန်မာပြည်ကနေ ဝယ်ယူနေလျက် ရှိပါတယ်။ ဒီတော့ ကျည်ကာကားလည်း မြန်မာပြည် မရောက်နိုင်ဘူးလို့ပြောလို့ မရပါဘူး။ ကန်ဒေါ်လာအားဖြင့် သိန်းခွဲကျော် ဆိုတာကို တတ်နိုင်သူများ ကတော့ စိတ်ဝင်စားမယ့် ကားတစ်စီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ကားရဲ့ အသေးစိတ် အကြောင်းအရာနဲ့ ဓာတ်ပုံများကို ကို http://www.dailymail.co.uk/news/article-2736445/BMW-unveils-latest-bullet-proof-car-claims-manufacturer-offer-protection-AK-47-fire.html ထဲမှာ ဝင်ရောက် ဖတ်ရှု၊ ကြည့်ရှု နိုင်ပါတယ်။ 
.
အောင်ခမ်း (ရိုးရာလေး) 
www.yoyarlay.com
. 
 ကမ္ဘာ့ပထမဆုံး AK47 စက်သေနတ်ရဲ့ ကျည်မဖောက်နိုင်တဲ့ ကား အဖြစ် BMW ဟာ X5 အမည်ရ SUV ကားနဲ့ စံချိန်တင် ထုတ်လုပ်လိုက်ပါတယ်။ AK47 သေနတ်ပြင်းအား အပြင် အခြားသော ပေါက်ကွဲမှု ဒဏ်များကိုပါ ခံနိုင်ရည်ရှိမယ့်ကား ဖြစ်ပါတယ်။ BMW X5 Security Plus လို့ အမည်ပေးထားပြီး မော်စကိုမြို့ မော်တော်ယာဉ် ပြပွဲ တစ်ခုမှာ တရားဝင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ခံနိုင်ရည်အားဖြင့်တဲ့ run-flat တာယာ၊ မီးလောင်မှု မဖြစ်အောင် ထူပြီး လုံခြုံတဲ့ ဆီတိုင်ကီ၊ အတွင်းခံ လုံခြုံရေး စနစ်မျိုးစုံတို့ ပါဝင်ပြီး အဆင့်မြင့် ကျည်ကာ မှန်များ တပ်ဆင်ထားပါတယ်။ လမ်းမပေါ်မှာ ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပြီး လူတိုင်း ဝယ်ယူ ရရှိ နိုင်ပါတယ်။ အခြားသော Feature များအနေနဲ့ ကတော့ BMW X5 SUV ကားကြီးတိုင်းမှာ ပါဝင်တဲ့အတိုင်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဥပမာ အင်ဂျင် ပါဝါ ၄၅၀ မြင်းကောင်ရေအား ရှိပြီး ဆလင်ဒါ ၈ လုံးပူး တာဘိုချာဂျာတပ် အင်ဂျင်တို့ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ သာမန် BMW X5 တစ်စီးရဲ့ တန်ဖိုးက ဗြိတိန်ပေါင် ၄၃၀၀၀ ကျော်ရှိပေမယ့် ကျည်ကာ Security Plus ကား ကတော့ ဗြိတိန်ပေါင် ၁သိန်း၁သောင်း ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို တရားဝင်တော့ မကြေညာရသေး ပါဘူး။

BMW ဆိုတာ မြန်မာပြည်မှာ တရားဝင် အရောင်းစင်တာလည်း ရှိနေပါပြီ။ လေလံ ဈေးကွက်ကနေလည်း BMW X5 များကို မြန်မာပြည်ကနေ ဝယ်ယူနေလျက် ရှိပါတယ်။ ဒီတော့ ကျည်ကာကားလည်း မြန်မာပြည် မရောက်နိုင်ဘူးလို့ပြောလို့ မရပါဘူး။ ကန်ဒေါ်လာအားဖြင့် သိန်းခွဲကျော် ဆိုတာကို တတ်နိုင်သူများ ကတော့ စိတ်ဝင်စားမယ့် ကားတစ်စီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ကားရဲ့ အသေးစိတ် အကြောင်းအရာနဲ့ ဓာတ်ပုံများကို ကို http://www.dailymail.co.uk/news/article-2736445/BMW-unveils-latest-bullet-proof-car-claims-manufacturer-offer-protection-AK-47-fire.html ထဲမှာ ဝင်ရောက် ဖတ်ရှု၊ ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ေေေေေေ


ရေနဂါး (Seahorse) တို့ရဲ့ ချစ်ခြင်း











Seahorse လို့ခေါ်တဲ့ ပင်လယ်မြင်း/ ရေနဂါး အစရှိသဖြင့် အမျိုးမျိုး သိကြတဲ့ ရေအောက် သတ္တဝါကို သိကြမှာပါ။ အချို့က သူတို့ကို ရေနဂါးလို့ မခေါ်ပဲ ပင်လယ်မြင်းလို့ ခေါ်ပါတယ်။ အသွင်အပြင် အားဖြင့် လှပသည့် အပင် သူ့မှာ ချစ်စဖွယ် အလေ့အထ တစ်ခုလည်း ရှိပါတယ်။ ၎င်းကတော့ သူတို့ရဲ့ ချစ်ခြင်း ဖြစ်ပါတယ်။
Seahorse အထီးနဲ့ အမ တို့ဟာ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင် ကို ရွေးချယ်ပြီးရင် နောက်ထပ် ဘယ် Seahorse နဲ့မှ ထပ်မတွဲတော့ ပါဘူး။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ် နေထိုင်ကြခြင်း ဖြစ် ပါတယ်။ အမြဲတမ်း တစ်တွဲတွဲလည်း နေထိုင်ပါတယ်။ နေရာ ဒေသ တစ်ခုကနေ တစ်ခုသို့ ပြောင်းရွှေ့တဲ့ အခါမှာဆိုရင်လည်း တစ်ကောင်နဲ့ တစ်ကောင် အမြီး ချင်း ချိတ်လို့ သွားလာတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ယင်း ရေနဂါး အရုပ်လေးများဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ကမ္ဘာ့ နိုင်ငံအတော်များများမှာ လက်ဆောင် အဖြစ် ပြုလုပ် ပေးလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။


ရိုးရာလေး


Leonardo ရဲ့ The Beach ဇာတ်ကားကြည့်ပြီး ပုံစံတူလိုက်လုပ်ခဲ့တဲ့ လူငယ်တစ်ယောက်ဟာ ဇာတ်ကားထဲမှာ ပါတဲ့ကျွန်းစွယ်မှာပဲ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
ဗြိတိသျှလူမျိုး တစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် Jay Davies ဟာ Leonardo DiCaprio သရုပ်ဆောင်ထားတဲ့ The Beach ဇာတ်ကားကို ရူးသွပ်တဲ့အလျောက် ဇာတ်ကားထဲကအတိုင်း အရှေ့တောင်အာရှ မှာရှိတဲ့ ဖူးခက်ကမ်းရိုးတန်းက ဖီဖီလို့ခေါ်တဲ့ကျွန်းစွယ် တစ်ခုအပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်ခဲ့ပါတယ်။
 Jay Davies moved to Thailand after seeing hit Leonardo DiCaprio film The Beach (pictured)
သူ့ရဲ့ အရှေ့တောင်အာရှ အိမ်မက်တွေဟာ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သူ့ရဲ့သေဆုံးမှုကို အချိန်ကွာဟပြီးမှ သိခဲ့ရတဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေဟာ Davies ရဲ့သေဆုံးမှု အကြောင်းအရင်းကို သက်သေပြနိုင်ဖို့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပါတယ်။
 While living in Thailand, Jay Davies took part in all manner of watersports and outdoor activities
ခရီးထွက်ရတာ ၀ါသနာကြီးတဲ့ Davis ဟာ ကျောင်းပြီးကတည်းက အနောက်ဝေလပြည်နယ်ကနေ မိုင်ပေါင်း ၆၀၀၀ ကျော် ပျံသန်းလာခဲ့တာဖြစ်ပြီး သူဟာ ၃ နှစ်တိတိ ဖီဖီကျွန်းမှာ အနောက်တိုင်း နယ်လှည့်  ခရီးသွားတွေနဲ့အတူ ပါတီပွဲတွေလုပ်နေခဲ့တာ ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့တော့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။
Ref:dailymail.co.uk


အာဖရိက အမျိုးသမီးငယ် (၄) ယောက်က ဓာတ်ဆီလောင်စာအနေနဲ့ သေးရည် (၁) လီတာသာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (၆) နာရီကြာ ထုတ်လုပ်ပေးတဲ့ မီးစက်ကို တီထွင်ခဲ့ပါတယ်။
 အသက် (၁၄)နှစ် ရှိပြီဖြစ်တဲ့ Duro-Aina Adebola ၊ Akindele Abiola ၊ Faleke Oluwatoyin နဲ့ အသက် (၁၅)နှစ်ဖြစ်တဲ့  Bello Eniola  တို့ လေး ယောက်ဟာ အဲ့ဒီမီးစက်ကို Nigeria နိုင်ငံ Lagos က Maker Faire မှာ ပြသခဲ့ကြပါတယ်။
သူတို့လေးယောက် တီထွင်ခဲ့တဲ့ ဒီသေးရည်စွမ်းအင်သုံး မီးစက်က ဘယ်လိုပုံစံနဲ့ လည်ပတ် အလုပ်လုပ်သလဲ ကြည့်ကြရအောင်။
  • သေးရည်ကို ဟိုက်ဒရိုဂျင် သပ်သပ်ခွဲခြား ဖယ်ထုတ်ပေးတဲ့ လျှပ်စစ်သံလိုက်ဆဲလ်ထဲကို ထည့်ရပါတယ်။
  • ၎င်းဟိုက်ဒရိုဂျင် သန့်စင်စေဖို့ ဂက်စ်စလင်ဒါထဲ ရောက်အောင် တွန်းပို့ပေးတဲ့ ရေစစ်တစ်ခုကို ဖြတ်သွားပါတယ်။
  • ၎င်းဂက်စ်စလင်ဒါက ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို စိုစွတ်မှုမရှိ ကင်းအောင် လုပ်ပေးတဲ့ ဘူးရပ်စ်အရည်ထည့်ထားတဲ့ စလင်ဒါတစ်ခုထဲကို ရောက်အောင်ပို့ပေးပါတယ်။
  • အဲ့ဒီသန့်စင်ထားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို မီးစက်ဆီသို့ ဆက်သွယ်ပေးထားပါတယ်။
သူတို့ရဲ့ တီထွင်ဖန်းတီးမှုတွေနဲ့ တခြားသော လက်တွေ့ကျတဲ့ တီထွင်ကြံဆမှုများကို ပြသဖို့ သူတို့ဟာ Lagos ကို လာရောက်ခဲ့ကြတာပါ။ ဒီ Maker Faire မှာ ကိုယ့်စမ်းသပ်တီထွင်မှုတွေကို လာရောက်ပြသကြသူတွေ ထောင်နဲ့ချီ ရှိတယ်လို့ သိရပြီး Maker Faire ဟာ အာဖရိကတိုက်တစ်ခုလုံးမှာလည်း လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်တဲ့။
Source: jewsnews.co.il


Jack the Ripper
၁၉၅၅ ခုနှစ်၊ Casablanca ဒေသပြင်ပက ရွာငယ်လေးတစ်ရွာမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး Zahra Aboutalib ဟာ သူမရဲ့ပထမဆုံးကလေးကို ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ သူမကလေးမိခင်ဖြစ်ရတော့မှာကို ပျော်ရွှင်နေခဲ့ပေမယ့် ခက်ခဲတဲ့ အလုပ်ကြမ်း ၄၈ နာရီကို လုပ်ကိုင်ဖြတ်သန်းအပြီး သူမဌာနေဆေးရုံကို ပြေးရပါတော့တယ်။ ဆရာဝန်တွေက ကလေးကိုခွဲစိတ်မွေးဖွားပေးရမယ်လို့သူမကိုပြောခဲ့ပါတယ်။ Zahra ဟာ ဆေးရုံလူနာခန်းထဲမှာ  ကလေးမွေးရင်း ပြင်းထန်တဲ့ နာကျင်မှုကိုခံစားရပြီးသေဆုံးခဲ့တဲ့ အမျိုးသမီတစ်ဦးကိုတွေ့ခဲ့ရပါတယ်။ Zahra ဟာသူမဆေးရုံမှာဆက်နေမယ်ဆိုရင် အလားတူ ကြမ္မာဆိုးကိုကြုံတွေ့နိုင်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ ဆေးရုံကိုစွန့်ခွာခဲ့ပါတယ်။
နောက်ပိုင်းနေ့ရက်တွေမှာတော့ Zahra တစ်ယောက် အလုပ်ကြမ်းကြောင့် အလွန်ပြင်းထန်တဲ့ နာကျင်မှုကိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကလေးငယ်ကသူမရဲ့သားအိမ်ထဲမှာ ခိုင်ခိုင်မာမာပဲရှိနေခဲ့ပါသေးတယ်။ ရက်အနည်းအငယ်ကြာမှာ နာကျင်မှုတွေပျောက်ကင်းသွားပြီး ကလေးရဲ့လှုပ်ရှားမှုရပ်တန့်သွားပါတယ်။ မော်ရိုကန် ယဉ်ကျေးမှုအရ ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ အိပ်စက်နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ Zahra ကအဲဒီ့အစွဲကို ယုံကြည်ခဲ့ပြီး ကိုယ်ဝန်ကို စိတ်ထဲမှာမထားတော့ပါဘူး။ သူမက ကလေးသုံးယောက်ကိုမွေးစားခဲ့ပြီး အချိန်ကာလအရ သူတို့ကြောင့် သူမ အဖွားတစ်ဦးဖြစ်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာအကြာ Zahra အသက် ၇၅ နှစ်အရွယ်ရောက်ခဲ့ပြီး နာကျင်မှုရုတ်တရက် ပြန်ပေါ်လာပါတယ်။ မွေးစားမိခင်ဖြစ်သူရဲ့ကျန်းမာရေးကို ကောင်းမွန်စေလိုတဲ့ မွေးစားသားဖြစ်သူက သူမကို ကျွမ်းကျင်သမားတော်နဲ့ တွေ့စေချင်ခဲ့ပါတယ်။ ဒါကြောင့်သူတို့က ပရော်ဖက်ဆာ Taibi Ouazzani ရှိတဲ့ Rabat မြို့ကိုသွားခဲ့ပါတယ်။ သူက သူမရဲ့ ဖောင်းထွက်နေတဲ့ ဝမ်းဗိုက်ဟာ သားဥကျူမာကြောင့်ဖြစ်တယ်လို့ သံသယရှိခဲ့ပြီး သူမဓာတ်မှန်ရိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီ့ဓာတ်မှန်ကနေ သူအမျိုးအမည်ခွဲခြားမပေးနိုင်တဲ့ ကြီးမားတဲ့ အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။
ထပ်တိုးကောက်ချက်ချဖို့အတွက် Ouazzani ဟာ ကျွမ်းကျင်တဲ့ ရေဒီယိုဂရပ်ဖာဆီကိုသွားဖို့ ညွှန်းလိုက်ပါတယ်။ ဒါဟာ ထုံးကျောက်ဖြစ်တည်နေတဲ့ အရာဝတ္ထုတစ်ခုဖြစ်နေပြီး MRI scan မှာတော့ အသေးစိပ်အနေနဲ့ ဒါဟာ Zahra လွန်ခဲ့တဲ့ ၄၆ နှစ်က ရခဲ့တဲ့ကိုယ်ဝန်ဖြစ်ကြောင်း အသေးစိပ်သိခဲ့ရပါတယ်။
သန္ဓေသားကို ကြိုးစားပြီးဖယ်ထုတ်ဖို့ အန္တရာယ်ကင်းပါ့မလားဆိုတာဆုံးဖြတ်ဖို့ ပရော်ဖက်ဆာ Ouazzania တစ်ယောက်တော်တော် အကျပ်ရိုက်ခဲ့ပါတယ်။ သန္ဓေသားဟာ ၇၁ ပေါင်လေးပြီး အရှည်က ၄၂ စင်တီမီတာရှိပါတယ်။
ခွဲစိပ်မှုပြုတဲ့အခါ သန္ဓေသားဟာ ထုံးကျောက်အဖြစ်ဖြစ်တည်နေပြီး မာကျောတဲ့ အစိုင်အခဲတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ တကယ်တော့ဒါဟာ ကျောက်တုံးကလေးငယ် (Stone-Baby) ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ အဲဒီ့သန္ဓေသားက မိခင်ရဲ့ ဝမ်းဗိုက်နံရံ၊ အဓိကအင်္ဂါတွေနဲ့တစ်သားထဲဖြစ်နေတာဖြစ်ပါတယ်။
၎ နာရီနီးပါးအကြာမှာ ခွဲစိပ်ဆရာဝန်တွေက အဲဒီ့ ထုံးကျောက်သန္ဓေသားကို Zahra ဆီကနေခွဲထုပ်နိုင်ခဲ့ပြီး ခွဲစိပ်မှုအောင်မြင်ကြောင်းကြေငြာနိုင်ခဲ့ပါတယ်။
မိခင်ဝမ်းဗိုက်ပြင်ပ သန္ဓေသားကြီးထွားမှုဖြစ်စဉ်မှာ တကယ်လို့မိခင်ရဲ့ခန္ဓာကိုယ်ထဲပြန်လည်ပေါင်းထည့်ဖို့ သန္ဓေသားကအလွန်ကြီးမားနေခဲ့ရင်၊ သန္ဓေသားဟာ မိခင်ရဲ့ခုခံအားစနစ်ရဲ့ပြင်ပ
ခန္ဓာကိုယ်တစ်ခုဖြစ်သွားပါတယ်။ သူ့ကိုယ်သူ ကူးစက်နိုင်ချေရှိတဲ့ ရောဂါတွေကနေကာကွယ်ပေးဖို့အတွက် မိခင်ခန္ဓာကိုယ်ဟာ သန္ဓေသားကို ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ အရာဝတ္ထုနဲ့ဖုံးအုပ်စေပြီး တစ်သျှူးတွေသေဆုံးကာ အရည်ဓာတ်ခြောက်ခမ်းစေတာဖြစ်ပါတယ်။
ကယ်လ်ဆီယမ်နံရံဖြစ်ပေါ်လာတဲ့အခါမှာ သန္ဓေသားကို မမ်မီကဲ့သို့ထုတ်ပိုးထိမ်းသိမ်းလိုက်တာဖြစ်ပြီး lithopedion သို့မဟုတ် ကျောက်တုံးကလေးငယ် (Stone Baby) အနေအထားကိုရောက်ရှိသွားတာဖြစ်ပါတယ်။


Ref: mymultiplesclerosis.co.uk


ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို မွေးကတည်းက ခံစားခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။ လက်ဖျံရဲ့လုံးပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။
အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက် ဂျာမနီအမျိုးသားချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ သူ့ ရဲ့ ဇာတိမြို့ ဖြစ်တဲ့ Haldensleben ရဲ့ ဘားလေးတစ်ခုထဲကို ၀င်သွားခဲ့ပြီးချိန်ကစလို့   ကြေးစားလက်မောင်းလှဲကစားသမားဘ၀ စခဲ့တယ်လို့  ဆိုပါတယ်။
“ Haldensleben မှာရှိတဲ့ ဘားလေးတစ်ခုက ဒီနယ်ရဲ့ အသန်မာဆုံးလက်မောင်းလှဲကစားသမားကို ရှာနေခဲ့တာ၊ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံးပြိုင်ပွဲဖြစ်ခဲ့ပြီး လက်မောင်းလှဲကစားသမားဘ၀ရဲ့ အစလည်း ဖြစ်တယ်လို့ ” Matthias Schlitte က ရှင်းပြပါတယ်။
“ ဒီကစားနည်းနဲ့ ပတ်သက်ပြီး ဗဟုသုတကော လေ့ကျင့်မှုကော တစ်ခုမှမရှိဘဲနဲ့  ကျွန်တော် ၉၀ ကီလိုတန်း အပျော်တန်းအဆင့်ကိုတောင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အသက် က ၁၆ နှစ်နဲ့ ၆၅ ကီလိုပဲ ရှိသေးတယ်။”
“အသက်ကြီးပြီး ပိုပြီး အတွေ့ အကြုံရှိတဲ့ ဘဲကြီးတွေက ပထမတော့ ကျွန်တော့်ကို ပြုံးကြည့်ကြတယ်။ ဒီ ၀ိတ်လေးနဲ့ ပေါ့။ ဒါပေမယ့် ပွဲကို နိုင်ပြီးတဲ့အခါမှတော့ သူတို့ အထင်တွေ ချက်ချင်းပြောင်းကုန်ကြတယ်လေ”
လက်မောင်းလှဲအားကစားနည်းနဲ့ အရက်ဆိုင်လေးတွေက အမူးသမားတို့ ကြား ဘာမှ ပတ်သက်မှုမရှိကြောင်း သူက ထပ်မံပြောကြားခဲ့ပါတယ်။

Ref: Metro.co.uk


၁၉၆၂ ခုနှစ်၊ သြဂတ် ၄ ရက်နေ့ မှာ နာမည်ကျော် အမေရိကန်မင်းသမီး Marilyn Monroe  သေဆုံးခဲ့မှုဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုမဟုတ်ကြောင်း မွန်ရိုးသေဆုံးမှုကို ကာလကြာရှည်စုံစမ်းလေ့လာနေတဲ့ ဂျာနယ်လစ် Jay Margolis နဲ့ New York Times ရဲ့ ရောင်းအကောင်းဆုံးစာရေးဆရာ Richard Buskin တို့ ရဲ့ စာအုပ်အသစ်မှာ ဖော်ပြလိုက်ပါတယ်။ မွန်ရိုးကို ဆေးထိုးသတ်ဖို့  Robert F.Kennedy က အမိန့်  ပေးခဲ့တာဖြစ်တယ်လို့ သူတို့ ရဲ့ စာအုပ်အသစ်မှာ ဖော်ပြထားတာပါ။
Marilyn Monroe ဟာ အမေရိကန်သမ္မတ John.F.Kennedy နဲ့ ညီဖြစ်သူ လွှတ်တော်အမတ်ဖြစ်သူ Robert.F. Kennedy တို့ နဲ့ လိင်ကိစ္စအရှုပ်အထွေးတွေ ရှိခဲ့ပြီး ကနေဒီမိသားစုရဲ့ အရှပ်တော်ပုံတွေကို သူမရဲ့ အနီရောင် ဒိုင်ယာရီစာအုပ်သေးသေးလေးထဲ ရေးမှတ်ထားခဲ့ကြောင်း စာအုပ်မှာဖော်ပြထားပါတယ်။
Booby လို့ နာမည်ပြောင်ပေးထားတဲ့ Robert F.Kennedy ဟာ ဒီလုပ်ကြံမှုကို တစ်ယောက်တည်းစီရင်ခဲ့တာ မဟုတ်ဘဲ ယောက်ဖဖြစ်သူ သရုပ်ဆောင်မင်းသား Peter Lawford ၊ မွန်ရိုးရဲ့ စိတ်ရောဂါကုဆရာဝန် Dr.Ralph Greenson တို့ နဲ့ ပူးပေါင်းကြံစည်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာဟာ မွန်ရိုးကို သေစေနိုင်လောက်တဲ့ ဆေးကို နှလုံးထဲထိုးသွင်းခဲ့တာဖြစ်ပါတယ်။
ဒါဟာ မကြာသေးမီက ထုတ်လိုက်တဲ့ Jay Margolis နဲ့ Richard Buskin တို့ ရဲ့ စာအုပ်အသစ်က အသေးစိတ် ထုတ်ဖော်ချက်တွေပါ
The Murder of Marilyn Monroe: Case Closed လို့ အမည်ပေးထားတဲ့ စာအုပ်ဟာ ကမ္ဘာက တုန်လှုပ်ခဲ့ရတဲ့ နာမည်ကျော် မင်းသမီး၊ လိင်ဆွဲဆောင်မှုရဲ့ ပြယုဂ် Marilyn Monroe သေဆုံးမှုအကြောင်းကို မျက်မြင်သက်သေတွေ နဲ့ ရင်းနှီးကျွမ်းဝင်သူတွေကို အဆင့်ဆင့် အင်တာဗျူးမေး၊ လေ့လာပြီး ရေးသားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Dailymail.co.uk


အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့ ရဲ့ အစိုးရမဟုတ်တဲ့ ပြည်သူအဖွဲ့ က မိမိဘာသာ အာဏာအပ်နှင်းပြီး လမ်းတွေမှာ သေးပေါက်တဲ့ လူတွေကို ရေပိုက်နဲ့ လိုက်ထိုးနေပါပြီ။
ဒီအ၀ါရောင်ရေသယ်ကားတွေမှာ လူတစ်ဦးသေးပေါက်နေတဲ့ပုံကို အနီရောင်အမှတ်အသားခတ်ထားပြပြီး ‘မင်းတို့ ရပ်ရင် ငါတို့ ရပ်မယ်’ ဆိုတဲ့ စာသားကို ရေးထိုးထားပါတယ်။ အားပြင်းတဲ့ မီးသတ်ပိုက်အကြီးစားတစ်ခု ပါရှိပြီး လမ်းလေးသေးပေါက်တဲ့လူတွေကို မြို့ အနှံ့ လိုက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ရေသယ်ကားတွေရဲ့ ခေါင်မိုးနေရာလွတ်ကနေ မျက်နှာဖုံးတပ်ထားတဲ့ ပြည်သူ့ ဝန်ထမ်းတွေက သေးပေါက်တဲ့လူတွေကို မီးသတ်ပိုက်နဲ့ လှမ်းထိုးတာပါ။
ဒီ အ၀ါတောက်တောက်ရေသယ်ကားတွေဟာ Clean Indian လို့ ခေါ်တဲ့ အမည်မသိအဖွဲ့ တစ်ခုက လုပ်ဆောင်နေတယ်လို့ ယူဆရပြီး လူမြင်ကွင်းသေးပေါက်ခြင်းကို ဆန့် ကျင်တဲ့လှုပ်ရှားမှုအဖွဲ့ အစည်း အဖြစ် လူသိများကြပါတယ်။
အိန္ဒိယရဲ့ လူဦးရေထူထပ်တဲ့မြို့ လမ်းပေါ်မှာ အရှက်မရှိ၊ အားနာမှုမရှိဘဲ သေးပေါက်တဲ့လူတွေကို အမြစ်ဖြတ်တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး အုတ်နံရံနဲ့ လမ်းတွေကို သေးတွေစိုအောင် ပေါက်တဲ့လူတွေကို တုံ့ ပြန်တဲ့ အနေနဲ့ စိုရွှဲနစ်မွန်းသွားတဲ့ အထိ ရေပိုက်နဲ့ လိုက်ထိုးနေပါတယ်။
လူမြင်ကွင်းကျင်ငယ်စွန့် ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတစ်ခုဖြစ်ပြီး ဒါကို တွန်းလှန်သွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို ဝေဖန်သူတစ်ချို့ ကတော့ ပြည်နယ်ရဲ့ အများသုံးအိမ်သာမလုံလောက်မှုကို ပိုအပြစ်တင်သင့်ပြီး လမ်းလေးသေးပေါက်တာက အဓိကမဟုတ်ကြောင်း ပြောဆိုနေကြပါတယ်။


Ref: Dailymail.co.uk


သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါးမိုးကြောင့် အံ့သြမင်တက် ခဲ့ရပါတယ်။
ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ၊မြက်ခင်း တွေနဲ့ အိမ်ခေါင်မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက် တဲ့အခါမှာ အားပျော့သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။
ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း သီရိလင်္ကာတောင်ပိုင်း မှာ အလားတူဖြစ်ရပ်မျိုးတစ်ကြိမ်ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုးရွာခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။



Ref: Mirror.co.uk

Post By Zuu




အလောင်းတော် ကဿပတွင် တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော လိုဏ်ဂူတော်အထက် လျောင်းတော်မူစံနန်းတွင် သံဃာတော်များ အား သိမ်ဝင်သိမ်ထွက်ဆွမ်းလောင်းပြီး လိုဏ် ဂူတော်ဟသွားမှုကို ဖူးတွေ့ရကြောင်း ဘုရား ဖူးများထံမှ သိရသည်။

လိုဏ်ဂူတော်ကြားတွင် ညှပ်ပြီး ပူဇော်ထားသည့် ပိုက်ဆံများပြုတ်ကျသွား သည်ကို ဖူးတွေ့ရသူ ရန်ကုန်မှ စာရေးဆရာ ဦးကံဝင်းက ဖိုလ်ဝင်တောင်ဆရာတော် ဦးသု မနအား လျှောက်ထားရာမှ ဘုရားဖူးများ လိုဏ်ဂူဟသွားမှုကို သိရှိကြကြောင်း သိရ သည်။

''တပို့တွဲလပြည့်နေ့ မနက် ၈ နာရီမှာ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှာတစ် ကြိမ်နဲ့ ည ၇ နာရီ ၁၅ မှာ တစ်ကြိမ် တစ် ရက်တည်း သုံးကြိမ် လိုဏ်ဂူတော်ဟသွား မှုကို ဖူးခဲ့ကြရပါတယ်။ အောက်အုန်းပင် ရဟန္တာအစစ်ရှိသော ဂူက ဟသွားခြင်း ဖြစ် ပါတယ်။ ဒီလို လိုဏ်ဂူတော် ကျောက်တုံး တော် ဟခြင်း၊ ဖွင့်ခြင်းမှာ သုံးနှစ်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။ အခုလို ဖူးမြော်ရတာလဲ ကံ ထူးလို့ပါပဲ''ဟု ကပိုင်ရွာမှ ငွေတောင်ဦး စား သောက်ဆိုင်ပိုင်ရှင် ဦးမြအောင်က ပြော သည်။

တပို့တွဲလပြည့်နေ့ နောက်ပိုင်း လပြည့်ကျော်ရက်များတွင် ဘုရားဖူးများ အဝင်များပြီး တစ်နေ့ကားအစီး ၁ဝဝ ကျော် ၂ဝဝ မျှ ဝင်ရောက်မှုရှိကြောင်း၊ မုံရွာဦးညို ဝင်းနှင့် ရောင်းရင်းများ ကားအသင်းမှ ပြေး ဆွဲကြောင်း သိရသည်

Yangon Media Group



မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွမြောက်ရွာ အလယ်ကျောင်းတွင် ကိုးကွယ်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူသည် မသမာသူများ ခိုးယူသွားခဲ့သော်လည်း အံ့သြဖွယ် ဖြစ်စဉ်၊ ဖြစ်ရပ်များနှင့် မူလကိုးကွယ်ရာ ထန်းဂွမြောက်ရွာအလယ် ကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ကြောင်း ထန်းဂွမြောက်ရွာ အလယ်ကျောင်းတိုက် ဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကိုးကွယ် ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထန်းဂွရွာသူ၊ ရွာသားများက ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှ လက်ညှိုးတော်အား ဖြတ်တောက် ခိုးယူခြင်း ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်ည လေကြီးမိုးကြီး တိုက်ခတ်နေချိန်တွင် မသမာသူများက ဗုဒ္ဓရုပ်ပွားတော် ၏ ခြေထောက်အောက်ခြေမှ ဖြတ်တောက် ခိုးယူခဲ့ကြသည်။ ထိုသို့ခိုးယူ ခံခဲ့ရပြီး လေးလကျော်အကြာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ထန်းဂွမြောက်ရွာ အလယ်ကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက မွန်ပြည်နယ် ကော့ကရိတ်မြို့မှ ပြန်လည် ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''လက်ညှိုးခိုးသွားတာက ကြာပြီ။ ပျောက်ခါစတုန်းကတော့ ကလေးတွေဆော့လို့ ကျိုးတယ် ထင်တာ။ အခုမိလာမှ ခိုးသွားတာ သိရတယ်။ လက်ညှိုးကို နမူနာအနေနဲ့ အရင်ခိုးသွားတာ။ ဘုရား ကြီး ပျောက်တုန်းကလည်း လေကြီးမိုးကြီးကျနေတော့ ဘယ်သူမှ မသိလိုက်ကြဘူး'' ဟု ဆရာတော်က မိန့်သည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား ပြန်လည်ပင့်ဆောင် လာနိုင်ခဲ့ သည့် ဖြစ် စဉ်၊ ဖြစ်ရပ်များမှာ အံ့သြဖွယ်ဖြစ်သည်။ ဂျာနယ်တစ်စောင်တွင် ထိုင်းနိုင်ငံသို့ ခိုးထုတ်ရန် ရုပ်ပွားတော်အား သယ်ဆောင်လာစဉ် ကော့ကရိတ်မြို့၌ သက်ဆိုင်ရာမှ စစ်ဆေး တွေ့ရှိခဲ့ သည့် သတင်းကို နွားထိုးကြီးမြို့နယ် ဖက်ခူးကျေးရွာသား တစ်ဦးက ခရီးသွားရင်းဖတ် ရှုခဲ့ရသည်။ ထန်းဂွကျေးရွာနှင့် ဖက်ခူးကျေးရွာတို့မှာ နွားထိုးကြီး မြို့၏တောင် ဘက်နှင့် မြောက်ဘက် ဆန့်ကျင်ဘက် အရပ်တွင်ရှိနေသော်လည်း ဂျာနယ်မှ သတင်းဖတ်ရှုခဲ့ရသူမှာ ဗုဒ္ဓရုပ်ပွားတော် ခိုးယူခံခဲ့ရသည့် သတင်းကိုကြားသိ နေခဲ့သဖြင့် ဂျာနယ် တွင် ဖော်ပြ ပါရှိနေသည့် ရုပ်ပွားတော်မှာ ထန်းဂွကျေးရွာမှ ခိုးယူခံခဲ့ရသည့် ရုပ်ပွားတော် ဖြစ်လေမလားဟု တွေးထင်ကာ ထန်းဂွကျေးရွာသို့ ဆက်သွယ် သတင်းပေးခဲ့ခြင်း ဖြစ်သည်။

ဆရာတော်နှင့် ရပ်ရွာလူကြီးများက ကော့ကရိတ်မြို့သို့ လိုက်သွားခဲ့ရာ ကော့ကရိတ်မြို့တွင် ရုပ်ပွားတော်အား လွန်ခဲ့သော ဆယ်နှစ်ကျော်က ခိုးယူခံခဲ့ရသည့် လက်ညှိုးတော်နှင့်အတူ ပြန်လည် ဖူးတွေ့ကြရသောအခါ အံ့သြဝမ်းသာ ဖြစ်ခဲ့ရသည်။ ''ရုပ်ပွားတော်ပြန်လည် ပင့်ဆောင်နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကူ အညီတောင်းခံခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း တရားခံများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး ရုပ်ပွားတော် ပြန်လည်ပင့်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက် ပေးတော့ ပြန်လည် ပင့်ဆောင်လာနိုင်တာ'' ဟု ဆရာတော်က မိန့်ကြား ခဲ့သည်။

''ဒီဘုရားကနှစ်ပေါင်း ၃ဝဝ ကျော်ပြီလို့ သိထားရတယ်။ ခြေထောက်ကနေ လွှနဲ့ဖြတ်ယူ သွားတာပါ။ ကျွန်းသားနဲ့ ထုထားတဲ့ ဘုရားပါ။ နဂိုအတိုင်း ပုံမှန်ပြန်ဆက်ပြီး ဓမ္မာရုံ မှာဖြစ်ဖြစ်၊ ကျောင်း ထဲမှာဖြစ်ဖြစ် ပြန်ပြီးကိုးကွယ် ထားမှာပါ။ ဒီနားပတ်ဝန်းကျင်မှာ ဘုရားပျောက်တာ တွေရှိတယ်။ မြောက်ဘက်ကျောင်းက ကျောက်ဆင်းတု ကိုလည်း ခေါင်းဖြတ်သွား တယ်။ ဒီကျောင်းမှာ လည်း မြတ်စွာဘုရား ဆွမ်းခံသွားတဲ့ ဆင်းတုလည်း အခိုးခံရတယ်။ ဒီဘုရား ကျမှ ထူးထူးခြားခြား ပြန်ရတာပါ'' ဟု ဆရာတော်က မိန့်ကြားခဲ့ သည်။ ဗုဒ္ဓရုပ်ပွားတော်၏ လက် ညှိုးတော်ကို ဦးစွာ ဖြတ်တောက်ခိုးယူ သွားခဲ့ခြင်းမှာ ရုပ်ပွားတော် ထုလုပ်သည့် ကျွန်းသား၏ နှစ်ကြာရှည်မှု အချိန်ကာလကို စစ်ဆေးရန် ခိုးယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ လက်ညှိုးတော် ကျွန်းသား၏ အနေအထား အရ ရုပ်ပွားတော်မှာ နှစ်ပေါင်း နှစ်ရာကျော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း၊ သေချာမှ ဗုဒ္ဓရုပ်ပွားတော်ကို ထပ်မံလာရောက် ခိုးယူခြင်းဖြစ်နိုင်ကြောင်း သိရသည်။

မြ၀တီ

porsch

ဂျာမန် က Luxury ကားနဲ့ sports ကားတွေ ထုတ်လုပ်လျက်ရှိတဲ့ Porsche ကုမ္ပဏီရဲ့ ပထမဦးဆုံးကား တစ်စီး ဖြစ်ပါတယ်။ Porsche EVs လို့အမည်ရှိတဲ့ လျှပ်စစ်ကားဟာ သစ်သား Frame တွေနဲ့ ပြုလုပ်ထားပြီး 3HP မော်တာကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ မိုင် ၅၀ နှုန်းရှိပြီး သူခေတ်သူခါတုန်းကဖြစ်တဲ့ ၁၈၉၉ခုနှစ်လောက်တုန်းကတော့ အားလုံးသော လျှပ်စစ်ကားပြိုင်ပွဲတွေမှာ အနိင်ရရှိဖို့အတွက် သိပ်ကိုမြန် တဲ့ ကားတစ်စီး ဖြစ်ခဲ့ပါတယ်။ တောင်ဖက်အစွန်ဆုံး ဂျာမနီရဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ Stuttgart မှာ ရှိတဲ့ Porsche ပြတိုက်မှာ သွားရောက်ကြည့်ရူမယ်ဆိုရင်တော့ ကျတော်တို့ သူရဲ့ သမိုင်းဖြစ်ပေါ်လာ ပုံကအစ ဂဃနန သိရှိနိင်ပါလိမ့်မယ်။  
Aung Heine ( www.smart.com.mm )


usa
ပင်တဂွန် စစ်ဌာနချုပ်က အများစု သိကြမှာပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ သြဇာ အလွမ်းမိုးဆုံး စစ်စခန်း ဌာန တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ ပါတယ်။ ယင်းအဆောက်အအုံထဲမှာ အမေရိကန်က ထိပ်သီး ထောက်လှမ်းရေး ဝန်ထမ်းနဲ့ အရာရှိတွေ၊ စစ်ဘက် ပုဂ္ဂိုလ်တွေ စုဝေး နေပါတယ်။ စုဝေးပြီး နေထိုင်တာ မဟုတ်ပါဘူး။ အလုပ်လုပ်တာပါ။ စုစုပေါင်း စစ်ဘက် ဝန်ထမ်း နဲ့ ရိုးရိုး ဝန်ထမ်း အင်အား ၂၈ ၀၀၀ ဦးရေ အလုပ်လုပ်ပြီး ယင်း ဦးရေကို ကူညီထောက်ပံ့ လုပ်ကိုင်မယ့် အရပ်သား ဝန်ထမ်း ဦးရေက ၃၀၀၀ ရှိပါသေးတယ်။
၂၄ နာရီဖွင့်လှစ်ပြီး လည်ပတ်နေတဲ့ရုံး ဖြစ်ပါတယ်။ ငါးထောင် စတုဂံ ပုံသဏ္ဍန် ရှိပြီး မြေပေါ်မှာ ငါးထပ် ရှိတဲ့ အဆောက်အအုံကြီး ဖြစ်ပါတယ်။ မြေအောက်မှာ ၂ ထပ်ရှိသေးတယ်လို့ပေမယ့် ဒီထက်လည်း များနိုင်မယ့်အထပ်ရေ အကြောင်းအရာကို ပင်တဂွန်တို့ ဘာမှ မဆိုထား ပါဘူး။ ၆သောင်း စတုရန်းမီတာ အကျယ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရုံးဖြစ်ပါတယ်။ စားသောက် ဆိုင် ၊အားကစား ခန်းမ၊ ပလာဇာ အစရှသဖြင့် စုံစုံလင်လင် ထားရှိပေးထားပြီး ဝန်ထမ်းတွေ အတွက် ကမ္ဘာငယ် တစ်ခုလိုပါပဲ။ အကြီးမားဆုံး အက်ဆီးဒန့် တစ်ခုအနေနဲ့ 9/11 တုန်းက အိုစမာဘင်လာဒင် စီစဉ်တဲ့ လေယာဉ် ပျက်ကျပြီး လူဦးရေ ၁၈၉ ဦးကို သေဆုံးစေခဲ့ပါတယ်။ အဆောက်အအုံက လူဦးရေ ၁၂၅ ဦးကို သေဆုံးစေခဲ့ ခြင်းပါ။ ဒါတောင် အဆောက်အအုံရဲ့  ဘေးအနားတစ်ဖက်ကိုသာ ဝင်တိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ် နောက်ပိုင်း ပင်တဂွန်စစ်ဌာနချုပ် လုံခြုံရေးကို အမြင့်မားဆုံး ဖြစ်အောင် ပြုလုပ်ပြီး မိုင်ပေါင်း ထောင်ချီကလာတဲ့ ဒုံးကျည်ကိုတောင် ခြေရာခံနိုင်မယ့် ကာကွယ်ရေး စနစ်များ ပါရှိကြောင်း ဆိုပါတယ်။ မြေပြင်၊ လေပြင်က လာတဲ့ ရန်သူတွေကို အားလုံး ထောက်လှမ်းနိုင်မယ့် စနစ်တွေ ပါရှိပြီးသား ဖြစ်ပါတယ်။

ကမ္ဘာ့ အတိုက်ခိုက်ခံရရန် အခြေအနေ အများဆုံး နေရာတစ်ခုအဖြစ်လည်း အသိမှတ်ပြုခံထားရပါတယ်။ ပင်တဂွန် စစ်ဌာနချုပ် ပျက်ဆီးရင် အမေရိကန်ရဲ့  စစ်အင်အားကို သိသိသာသာ ကျဆင်းစေမှာ ဖြစ်ပါတယ်။ အကြောင်းက တစ်ကမ္ဘာလုံးက အမေရိကန် စစ်သားနဲ့ စစ်လက်နက်အားလုံးကို ယင်းဌာန တစ်ခုတည်း ကနေ အများစု ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ ပင်တဂွန်ကို သူခိုးကြီးများ စုဝေးရာလို့လည်း ပြောစမတ် ပြုကြပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ ဖုန်းခိုးနားထောင်ခြင်း၊ ကုလသမဂ္ဂ ရုံးချုပ် သတင်းအချက်ခိုးခြင်းတို့ကို ပင်တဂွန်က NSA တို့ ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ် ဟက်ကာများကို ယှဉ် fight နေတဲ့ အမေရိကန် ထိပ်တန်း ဟက်ကာ များလည်း ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ သူခိုးကြီးများ စုဝေးရာ၊ ဟက်ကာများ စုဝေးရာလို့လည်း ပြောစမှတ်ပြုခြင်းပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်ကို ၁၉၄၁ ခုနှစ် စက်တင်ဘာလက စတင်ဆောက်လုပ်ပြီ၃း ၁၉၄၃ မှာ စတင် အသုံးပြု နိုင်ခဲ့ ပါတယ်။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၃ သန်း ရှိပါတယ်။ ယနေ့ငွေကြေးနဲ့ ပြန်လည်တွက်ကြည့် လိုက်တဲ့အခါ အမေရိကန်ဒေါ်လာ ၁.၃၂ ဘီလျံ ရှိနေတာကို တွေ့ရပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်ကို ကမ္ဘာ့ အလုပ်များဆုံး ရုံး တစ်ခုအဖြစ် အသိမှတ်ပြုထားကြကြောင်း သိရ ပါတယ်။ Ref: wiki 
Aung Kham ( www.smart.com.mm )





တရုတ်ပြည်မှာ ရည်းစား အငှားလိုက်တဲ့ ဝန်ဆောင်မှု ရေပန်းစား လာကြောင်း သိရ ပါတယ်။

အထူးသဖြင့် အမျိုးသမီးများက အငှားလိုက်ခြင်း ဖြစ်ပါတယ်။ တရုတ်ပြည် မှာ က အမျိုးသား အရေအတွက်က အမျိုးသမီးအရေအတွက် ထက် များပါ တယ်။ ဒါကြောင့်ပဲ တရုတ် အမျိုးသား တစ်ဦး အိမ်ထောင်ပြုဖို့ ဆိုတာ သူနဲ့ ချစ်ခင်နှစ်သက်မယ့် အမျိုးသမီးကို အင်မတန် ရှာရခက် ပါတယ်။ ဒါကြောင့် ပဲ အမျိုးသမီးများက ရည်းစား အငှားလိုက်ခြင်း ဝန်ဆောင်မှုကို စပေး ပါတယ်။

တစ်ပတ် အငှားလိုက်ခကို ၃၁ ဒေါ်လာ ဝန်းကျင် ကုန်ကျကြောင်း ဆိုပါတယ်။ သွားရတဲ့အိမ်ကလည်း အမျိုးသားရဲ့ မိသားစုအိမ် ဖြစ်ပါတယ်။ ထမင်းဟင်းချက်ပေးခြင်း၊ မိသားစုနဲ့ ဈေးဝယ်ထွက်ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုတို့လည်း ပေးတယ်လို့ ဆိုပါတယ်။ အကယ်၍ ဝိုင်တွေ၊ အရက် တွေပါ တိုက်မယ် ဆိုရင် အဲ့ဒါတွေ သောက်ပေး ရတဲ့ အဖိုး အခ အနေနဲ့လည်း ဈေးနှုန်း ထပ်ယူ ပါသေးတယ်။

တရုတ်ပြည်က ebay လို့ အရောင်းအဝယ်နဲ့ ဆိုရှယ် ဝဘ်ဆိုဒ် တွေမှာ အဲ့လို ဝန်ဆောင်မှု ပေးတဲ့ အမျိုးသမီး များကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ အမျိုးသား အချို့လည်း ဝန်ဆောင်မှု ပေးပါတယ်။ ရည်ရွယ်ချက် ကတော့ နှစ်ကုန် အားလပ်ရက် သို့မဟုတ် အကြောင်း အမျိုးမျိုး ကြောင့် ပဲ ဖြစ်ဖြစ် မိသားစုနဲ့ ပြန်စုံတဲ့ အမျိုးသား များအတွက် ဝန်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။ မိသားစု ရှေ့မှာ တကယ် ရည်းစား ချစ်သူ ရလာကြောင်း သက်သေပြရန် ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ပြီးတော့ ပြင်သစ်နိုင်ငံမှာလည်း Girlfriend Rental Service ရေပန်းစားလာကြောင်း သိရ ပါတယ်။
.
Ref:odditcentral
အောင်ခမ်း (www.innewsmyanmar.com)




အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။
ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။

အမေရိကန်ရေတပ်နဲ့ ကမ်းခြေတပ်တို့ ရဲ့ လေ့လာမှု စစ်တမ်းကို အထောက် အထား ယူပြီး သမုဒ္ဒရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ (NOAA ) က ဘာမြူဒါတြိဂံဒေသ ဟာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွား မှု ကြောင့် သာ လေယာဉ်တွေနဲ့သင်္ဘောတွေ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ် ပြန် ကြေညာ ခဲ့ ပါ တယ်။ မကောင်းဆိုးဝါးတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း လက်တွေ့ ပြသဖို့ အထောက် အ ထား လုံးဝ မရှိခဲ့ဘူးလို့ ယင်းအဖွဲ့က ဆက်လက်ဆိုခဲ့ပါ တယ်။ ယင်းအဖွဲ့ရဲ့ ကြေညာချက်မှာ ““ကျွန် တော် တို့ ဟာ သင်္ဘောတွေနဲ့ လေယာဉ်တွေ ဘာမြူဒါတြိဂံဒေသမှာ ဘာကြောင့် ပျောက် ဆုံးခဲ့ရသလဲ ဆိုတာကို အကြိမ် ကြိမ် လေ့လာ မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ထွက် ပေါ်လာတဲ့အဖြေကတော့ ရာသီဥတုကြောင့် သာ ဖြစ် ပါ တယ်””လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ ၁၉၅၀ ပြည့်ကာလ တွေ အထိ ဘာမြူဒါ တြိဂံဒေသကို လူ တွေ သိပ်စိတ်ဝင်စားမှုမရှိခဲ့ ပါဘူး။ ဒါပေမဲ့ အေပီသတင်းဌာနက သတင်း ထောက် တစ်ဦးဖြစ်တဲ့ ဂျူံးစ်ဟာ ဒီအ ကြောင်း နဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာမြူဒါတြိဂံဒေသကို လူတွေ စိတ် ၀င် စားလာရခြင်း ဖြစ်ပါတယ်။ ဂျူံးစ်ရဲ့ ရေးသားဖော်ပြမှုအရ အမေရိကန် စစ်သင်္ဘောတွေဟာ ဘာမြူဒါ တြိဂံ ဒေသမှာ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့တယ်လို့ သိခဲ့ရပါ တယ်။ ပြီးခဲ့တဲ့ နှစ် ဇန်န၀ါရီကာလမှာလည်း အီတလီ နာ မည်ကြီးဒီဇိုင်နာ မစ်ဆိုနီအပါ အ၀င် ခရီးသည်ငါးဦးဟာ ဘာမြူဒါတြိဂံဒေသ မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆို ပါ တယ်။ ဒါပေမဲ့ (NOAA)အဖွဲ့ကတော့ ပင်လယ် သမုဒ္ဒရာ တွေဟာ လူသား တွေအတွက် အမြဲ တမ်း အသစ် အ ဆန်း တစ်ခု သဖွယ် ဖြစ်နေ ကြောင်း၊ ရာသီဥတု ဆိုးရွားမှုကို ဘယ်သူမှ ခန့်မှန်းလို့မရကြောင်း၊ ဒါကြောင့် ဘာမြူဒါ တြိဂံဒေသဟာဆိုးရွားတဲ့နေရာ ဖြစ်လာခဲ့ ကြောင်း ဆိုသွားခဲ့ပါ တယ်။

Myawady News


အာဂျင်တီးနားစုံတွဲတစ်တွဲဖြစ်တဲ့ ဂါဘရီလာ နဲ့ ဗစ်တာ ပီရောတာ တို့ ဟာ ခန္ဓာကိုယ်ရဲ့ လေးပုံသုံးပုံ ကျော်ကို တက်တူးထိုးထားသလို ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကိုလည်း ပြုလုပ်ထားကြပါတယ်။
သူတို့ စုံတွဲဟာ ကမ္ဘာ့တက်တူးအများဆုံးစုံတွဲအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သလို ခန္ဓာကိုယ်ပြောင်းလဲမှုအများဆုံးပြုလုပ်ထားတဲ့စုံတွဲအဖြစ် ပါ သတ်မှတ်ခံခဲ့ရပါတယ်။ နားပေါက်ချဲ့ မှု၊ လျှာနှစ်ခွဖြစ်အောင်ခွဲစိတ်မှု၊ အရေပြားထိုးဖောက်အလှဆင်မှု၊ ခန္ဓာကိုယ်ခွဲစိတ်ပြောင်းလဲမှု စတဲ့ ခန္ဓာကိုယ်အလှဆင်မှု ၇၇ ခုကျော်ကို ပြုလုပ်ထားပြီး တစ်ကိုယ်လုံးမှာ ဖောက်ထွင်း ထားတဲ့ အပေါက်ပေါင်း ၅၀ ကျော် ရှိပါတယ်။
ဗစ်တာ ရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းကို တက်တူးထိုးထားပြီး ဂါဘရီလာ ရဲ့ ခန္ဓာကိုယ် ၆၅ ရာခိုင်နှုန်း ကို တက်တူးနဲ့ အလှဆင်ထားတာပါ။ ဒီ အာဂျင်တီးနားစုံတွဲကို ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံး ပြုလုပ်ထားတဲ့ စုံတွဲအဖြစ် ဂင်းနစ်စ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ ဗယ်လင်တိုင်းနေ့ က ထည့်သွင်းခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ဂါဘရီလာနဲ့ ၄၃ နှစ်အရွယ် ဗစ်တာ တို့ ဟာ အတူလက်ထပ်ပေါင်းသင်းနေထိုင်ခဲ့တာ ၁၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်ပေါ်တစ်ယောက် အရမ်းချစ်ကြတယ်လို့ ဆိုပါတယ်။
ဗစ်တာ ဟာ အသက် ၁၃ နှစ်အရွယ် မှာ F*** ဆိုတဲ့ စကားလုံးကို လက်ချောင်းတွေမှာ ပထမဆုံးရေးထိုးခဲ့ပြီး ဂါဘရီလာ က နှင်းဆီနီတစ်ပွင့်ပုံကို သူမရဲ့ ရင်ဘတ်မှာ စတင်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။


Ref: dailymail