Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းကို လတ်တလာ အနုပညာလှုပ်ရှားမှုတွေနဲ့ အတူ သူ့ရဲ့ဖက်ရှင်အကြောင်းကို မေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ ‘အခု လတ်တလောမှာတော့ မနေ့က ပျော်ဘွယ်မှာ ဘောလုံးကန်ဖို့ရှိတာလိုက်သွားပြီး ကျွန်တော်ကတော့ ဘောလုံးမကန်ဖြစ်ပဲ သီချင်းဆိုပြီးပဲ ဖျော်ဖြေခဲ့ပါတယ်။ သီချင်းဆိုဖြစ်သွားတာကလည်း ဒါရိုက်တာဦးကျော်ဇော်လင်း ပြောတာလဲပါပါတယ်။ ကျွန်တော်ဘောလုံးတော့ မကန်ဖြစ်လိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထရိန်နင် သိပ်မရှိလို့လေ။ သီချင်းတော့ ဆိုပေးမယ်ဆိုပြီး လိုက်ဖြစ်သွားတာပါ။ သီချင်းနှစ်ပုဒ်ဆိုဖြစ်ခဲ့ပါတယ်။ သီချင်းဆိုရတာတော့ အမြဲနယ်တွေမှာ သွားဆိုဖြစ်နေကြဆိုတော့ အဆင်ပြေပါတယ်။ ပရိသတ်တွေကို အဆိုလိုင်းနဲ့ ချပြသွားဖို့တော့ မရှိပါဘူး။ ကျွန်တော်က သရုပ်ဆောင်တဲ့ အလုပ်ကိုပဲ ဝါသနာပါတဲ့သူ တစ်ယောက်ဆိုတော့ သီချင်းတော့ ဆိုဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်သီချင်းနားထောင်ရတာတော့ ကြိုက်တယ်။ သီချင်းဆိုရတာကို သိပ်ဝါသနာမပါပါဘူး။’လို့ သူက ပြောပါတယ်။
၂၀၁၄ခုနှစ်အတွင်း ရုံတင်ကားရှိမရှိဆိုတာကိုတော့ သူက  ‘ကျွန်တော့်ရဲ့ သက်တန့်သစ် ဇာတ်ကားတစ်ကားတော့ ရှိပါတယ်။ ဝိညာဉ်ဆန်ဆန် ဇာတ်ကားလေးပေါ့။ အခုရိုက်နေတဲ့ ဇာတ်ကားက တိမ်တိုက်ကကြိုး။ မင်းသမီးက နန်းဆုဦး။ ဒီဇာတ်ကားမှာတော့ မကြီးစိုး(စိုးမြတ်သူဇာ)ရဲ့ ယောင်္ကျားနေရာကနေ သရုပ်ဆောင် ထားပါတယ်။ မကြီးစိုးနဲ့တွေ့ရင် သိမ်ငယ်နေရတာပေါ့။ မကြီးစိုးက အရမ်းထက်တယ်။ တော်တဲ့သူဆိုတော့ သူ့မှာ ယောင်္ကျားတစ်ယောက်ရဲ့ ခံစားမှုတွေကို နားလည်ပေးနိုင်တာမျိုးတွေ သူ့မှာမရှိဘူး။ အိမ်ထောင်ရေးသုခမရှိတဲ့ ပုံစံမျိုးပေါ့။ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားလေးက ကျွန်တော့်အတွက် ထူးခြားတယ်လို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ဆင်ရတဲ့ အပိုင်းကတော့ အဝတ်အစားရယ်၊ ဆံပင်ရယ်၊ ကာရိုက်တာပိုင်းရယ်၊ မကြီးစိုးနဲ့တွေ့ရင် သိမ်ငယ်နေရတဲ့ အိုက်တင်တစ်မျိုး၊ ကောင်မလေးနဲ့တွေ့ရင် ကိုယ်က ယောင်္ကျားတစ်ယောက်ရဲ့ အိုက်တင်ဖြစ်သွားပြန်တယ်ဆိုတော့ အိုက်တင်နှစ်မျိုးပေါ့နော်။ အဲဒီအရာတွေတော့ ပြင်ဆင်ခဲ့ရပါတယ်’တဲ့။

Trend Myanmar

0 comments :

Post a Comment