(၁) Aviary
တချို့သော ပျော်စရာလေးတွေ ထပ်ပေါင်းထည့်ဖို့အတွက် ဆိုရင်တော့ ဒီapp ကိုသုံးပါ။ အလင်းရောင်ချိန်တာ ၊ သွားတွေဖြူတာ ပြီးတော့ မကြိုက်တဲ့ ကာလာတွေ ဖယ်ပစ်တာတွေ ရပါတယ်။ အရမ်းမိုက်တဲ့ စတစ်ကာတွေနဲ့ ဓါတ်ပုံဘောင်တွေလည်း အများကြီးပါတဲ့အတွက် အဲဒါတွေနဲ့လည်း အလှဆင်လို့ ရပါသေးတယ်။
(၂) Mextures
အတိုင်းထက်အလွန်မိုက်တဲ့ ဒီ app ကတော့ သင်လိုချင်တဲ့ ဆောင်းဦးရာသီ ၊ နွေဦးရာသီနဲ့ အပြောင်းအလဲမျိုးစုံနဲ့ ပုံစံမျိုးစုံပါရှိပါတယ်။ အရမ်းရိုးစင်းတဲ့ လက်သည်းအလှဆင်ထားတဲ့ ပုံလေးတစ်ပုံ ကိုတောင် မဂ္ဂဇင်းမှာ သုံးလို့ရလောက်တဲ့အထိ ဖန်တီးနိုင်စွမ်းရှိတဲ့ app လေးပါ။
(၃) Photo Wonder
Photo Wonder ဆိုတဲ့အတိုင်းပါပဲ အခုလက်ရှိမှာတော့ နောက်ဆုံးပိတ် all-in-one application တစ်ခုပါ။ သင်လိုချင်တာမှန်သမျှ ၊ လုပ်ချင်တာမှန်သမျှ ဒီ app ထဲမှာ ပါပါတယ်။ အပြစ်အနာအဆာတွေ ဖယ်မလား ၊ စတစ်ကာတွေထည့်မလား ၊ ဖရိန်တွေပြောင်းမလား ၊ အရောင်တွေညှိမလား အကုန်ရပါတယ်။
(၄) Facetune
မြန်ဆန်ပြီး လွယ်ကူတဲ့ မျက်နှာအသေးစိတ် ပြုပြင်နိုင်တဲ့ application ပါ။ မှဲ့ခြောက် ၊ ၀က်ခြံ ၊ အမာရွတ် စတာတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရောင်ကို မျှတအောင် ကူးယူလို့ရပါတယ်။ ဖုန်းနဲ့ သုံးလို့အဆင်ပြေအောင် လုပ်ထားတာဖြစ်လို့ အလွန်လည်း အသုံးဝင်ပါတယ်။ သဘာဝကျတဲ့ မျက်နှာကို ဖန်တီးနိုင်ပါတယ်။
(၅) PopAGraph
သင့်ရဲ့ ဓါတ်ပုံတွေကို ဒီ app နဲ့ တစ်ဆင့်မြှင့်တင်လိုက်ပါ။ ဒီ ဓါတ်ပုံပြင်တဲ့ app က သင့်ကို 3D affect ရအောင်လုပ်ပေးနိုင်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း background ကို အညိုပြောင်းပြီး frontကို ကာလာစုံ ထည့်တာမျိုး လုပ်လိုက်တဲ့အခါ အရမ်းလန်းတဲ့ ပုံကိုရသွားတာပေါ့။
application လေးတွေနဲ့ ချစ်စရာဓါတ်ပုံလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။
Ref:seventeen.com
0 comments :
Post a Comment