Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ



အပါးလွှာဆုံးဖုန်းတစ်လုံးဖြစ်ခဲ့တဲ့ ultra-thin P6 ဖုန်းရဲ့ နောက်ဆက်တွဲ Huawei Ascend P7 တရားဝင်ထွက်ရှိလာပါပြီ။ ၂၀၁၄ခုနှစ်ရဲ့ အထင်ကရဖြစ်မှု တာဝန်တွေကို ပိုကောင်းလာစေဖို့ အသင့်လည်းဖြစ်နေပါပြီ။ အထင်ကရဖြစ်မှုသစ်မှာ ဒီဇိုင်းပိုင်းမှာ အဓိကအဆင့်မြှင့်ထားသလို ပိုကောင်းတဲ့ မြင်ကွင်းမျက်နှာပြင် ပါရှိလာပါတယ်။ ကင်မရာ ပိုင်းမှာလည်း တိုးတက်လာပါတယ်။
အရင်ဆုံးပြောရမှာကတော့ protective Gorilla Glass 3 နဲ့ဖုံးအုပ်ထားတဲ့ ၅လက်မအရွယ် 1080p displayပါ။ ဖုန်းအရွယ်အစားကတော့ 139.8x 68.8x 6.5 မီလီမီတာ ဖြစ်တဲ့အတွက် ဥပမာပြောရရင် Samsung Galaxy S4 ထက် ပိုရှည်ပြီး ပိုပါးပါတယ်။ Ascend P7 ရဲ့ အလေးချိန်ကတော့ ၁၂၄ ဂရမ်ပါ။
ထူးခြားတာက ဖုန်းကျောဘက်မှာပါ Corning Gorilla Glass 3 နဲ့ အုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီ့အောက်မှာတော့ ၇-ဆင့် မျက်နှာပြင် ကုထုံး အဖြစ်ဖန်တီးထားတဲ့ မိုက်ခရို အနုစိပ်တည်ဆောက်မှု ပါရှိပါတယ်။ Display မျက်နှာပြင်ရဲ့ အထက်မှာ notification တွေပြပေးမယ့် LED ပါရှိပါတယ်။
HiSilicon Krin 910T chipset, 1.8GHz quad-core Cortex-A9 CPU, Mali 450 GPU တို့ကိုအသုံးပြုထားပြီး RAM 2GB ပါရှိပါတယ်။ Android ဗားရှင်း 4.4.2 KitKat နဲ့ ပြေးဆွဲထားပြီး user interface ကတော့ Emotion 2.3 ပါ။
ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့ကင်မရာဟာ ထူးထူးခြားခြား 8MP ပါရှိပါတယ်။ selfie ရိုက်ဖို့ အထူးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
Ref:gsmarena.com
 Post By Zuu

0 comments :

Post a Comment