၁၉၆၂
 ခုနှစ်၊ သြဂတ် ၄ ရက်နေ့ မှာ နာမည်ကျော် အမေရိကန်မင်းသမီး Marilyn Monroe 
 သေဆုံးခဲ့မှုဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုမဟုတ်ကြောင်း 
မွန်ရိုးသေဆုံးမှုကို ကာလကြာရှည်စုံစမ်းလေ့လာနေတဲ့ ဂျာနယ်လစ် Jay Margolis 
နဲ့ New York Times ရဲ့ ရောင်းအကောင်းဆုံးစာရေးဆရာ Richard Buskin တို့ ရဲ့
 စာအုပ်အသစ်မှာ ဖော်ပြလိုက်ပါတယ်။ မွန်ရိုးကို ဆေးထိုးသတ်ဖို့  Robert 
F.Kennedy က အမိန့်  ပေးခဲ့တာဖြစ်တယ်လို့ သူတို့ ရဲ့ စာအုပ်အသစ်မှာ 
ဖော်ပြထားတာပါ။Marilyn Monroe ဟာ အမေရိကန်သမ္မတ John.F.Kennedy နဲ့ ညီဖြစ်သူ လွှတ်တော်အမတ်ဖြစ်သူ Robert.F. Kennedy တို့ နဲ့ လိင်ကိစ္စအရှုပ်အထွေးတွေ ရှိခဲ့ပြီး ကနေဒီမိသားစုရဲ့ အရှပ်တော်ပုံတွေကို သူမရဲ့ အနီရောင် ဒိုင်ယာရီစာအုပ်သေးသေးလေးထဲ ရေးမှတ်ထားခဲ့ကြောင်း စာအုပ်မှာဖော်ပြထားပါတယ်။
Booby လို့ နာမည်ပြောင်ပေးထားတဲ့ Robert F.Kennedy ဟာ ဒီလုပ်ကြံမှုကို တစ်ယောက်တည်းစီရင်ခဲ့တာ မဟုတ်ဘဲ ယောက်ဖဖြစ်သူ သရုပ်ဆောင်မင်းသား Peter Lawford ၊ မွန်ရိုးရဲ့ စိတ်ရောဂါကုဆရာဝန် Dr.Ralph Greenson တို့ နဲ့ ပူးပေါင်းကြံစည်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာဟာ မွန်ရိုးကို သေစေနိုင်လောက်တဲ့ ဆေးကို နှလုံးထဲထိုးသွင်းခဲ့တာဖြစ်ပါတယ်။
ဒါဟာ မကြာသေးမီက ထုတ်လိုက်တဲ့ Jay Margolis နဲ့ Richard Buskin တို့ ရဲ့ စာအုပ်အသစ်က အသေးစိတ် ထုတ်ဖော်ချက်တွေပါ
The Murder of Marilyn Monroe: Case Closed လို့ အမည်ပေးထားတဲ့ စာအုပ်ဟာ ကမ္ဘာက တုန်လှုပ်ခဲ့ရတဲ့ နာမည်ကျော် မင်းသမီး၊ လိင်ဆွဲဆောင်မှုရဲ့ ပြယုဂ် Marilyn Monroe သေဆုံးမှုအကြောင်းကို မျက်မြင်သက်သေတွေ နဲ့ ရင်းနှီးကျွမ်းဝင်သူတွေကို အဆင့်ဆင့် အင်တာဗျူးမေး၊ လေ့လာပြီး ရေးသားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Dailymail.co.uk
0 comments :
Post a Comment