Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ



ဘာမြူဒါတြိဂံနယ်မြေဟာ ပုံပြင်တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေလေ ယာဉ်ပျံတွေ ပျောက် သွား တတ် ကြ တယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိသည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ် မရှိဘူး ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်းမရှိပါဘူး။

လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?

ဘာမြူဒါတြိဂံနယ်မြေ ရဲ့ ပ ဟေဋ္ဌိကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်းခဲ့ကြပါတယ်။

'ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့ပင်လယ်ရေအောက် မြေကြီးက ထွက်ပေါ်လာတဲ့ အလွန်ကြီးမားတဲ့ ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြာင့်ဖြစ်ပါသည်။

သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ် အလလမှ ပင်လယ်ရေအောက်တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ် တယ်လို့ဆိုပါတယ်။ဒီဓါတ်ငွေ့တွေဟာ လေယာဉ်အင်ဂျင်နဲ့ ထိတွေ့တဲ့အခါ လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။

သူတို့နောက် တစ်ခုတွေ့ရှိချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန်မှာ ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။

သင်္ဘောတွေဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ မျက်နှာပြင်ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါ သည်။'

Credit to စိတ်ဝင်စားဖွယ်အချက်လေးများ

ဖြည့်စွက်ချက် - အထက်ပါ ဘာမြူဒါတြိဂံ ကို ကျနော် ကလေးဘဝ ထဲ ကနေဖတ်ခဲ့ ဖူးပါတယ် ။
ဘာမြူဒါတြိဂံ နဲ့ ပတ်သတ်သော သတင်းအများစုကတော့ - ရေအောက်မှမီးတောင်များ ပေါက်ကွဲမှုကြောင့်
- အနောက်နိုင်ငံများ ယူဆချက် - Alien ( ဂြိုလ်သား ) များ၏ လက်ချက်
- အစရှိသဖြင့် ထင်မြင်ချက်အမျိုးမျိုးနှင့် ကျော်ကြားသော နေရာဖြစ်ပြီး
၎င်း နေရာသို့ ဖြတ်ကျော်သော အရာများ (ဥပမာ -လေယာဉ် ၊ သင်္ဘော အစရှိသော ကြီးမားသော အရာဝတ္ထုများမှာ သဲလွန်စမကျန်ဘဲ ပျောက်သွားသောကြောင့် ယခုထက်တိုင် အဖြေရှာမရသေးသော နေရာအဖြစ် ထင်ရှားနေခြင်းဖြစ်သည် ။)


https://www.facebook.com/pages/%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/1374992316086532?ref=hl
Post By Admin >>> Zuu

0 comments :

Post a Comment