
လွန်ခဲ့တဲ့
နှစ် ၉၀ က သေဆုံးခဲ့တဲ့ ဆိုဗီယက်ယူနီယံကို တည်ထောင်သူ လီနင်ရဲ့ ရုပ်ထုကို
ပိုလန်မြို့ တစ်မြို့ က ဂုဏ်ပြုစိုက်ထူခဲ့ပါတယ်။
ဒီအစိမ်းရောင်ထုံးရုပ်ထုကြီးဟာ ရုတ်တရက်ကြီးထွက်ပေါ်လာတာတော့မဟုတ်ပါဘူး။
ဒီရုပ်ထုဟာ ပိုလန်နိုင်ငံ၊ ကရာကိုမြို့ မှာ ဂျွန်လ ၂၂ ရက်နေ့ ထိ
ပြုလုက်မယ့် Grolsch Artboom အနုပညာပြပွဲရဲ့ ပြသမှုတွေအများကြီးထဲက
တစ်ခုဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်စနစ်ကျဆုံးပြီးနောက် ၁၉၈၉
ခုနှစ်မှာ ဖယ်ရှားခဲ့တဲ့ သမားရိုးကျ လီနင်ရုပ်ထုရဲ့ နေရာမှာ အခု
ပုံစံရုပ်ထုသစ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။ ဒီ ရုပ်ထုကို “ Fountain of the
Future” လို့  အမည်ပေးထားပြီး ဒီနေရာမှာ ဘယ်ရုပ်ထုကို အမြဲထားသင့်သလဲ
ဆိုတဲ့အချက်ကို ဆွေးနွေးငြင်းဆုံကြဖို့  အားပေးတဲ့အနေနဲ
့ဒီဇိုင်းထွင်ခဲ့တယ်လို့ သိရပါတယ်။ လီနင်သေးပေါက်နေတဲ့ပုံ ရုပ်ထုဟာ
တော်တော် ဂွကျပေမယ့် အရင်တစ်ခါ လီနင်ရဲ့ အရိုးစုကို မပျက်စီးအောင်
ဆေးရည်စိမ်ပြီး ပြသမယ့် အစီအစဉ်ထက်တော့ တော်ပါသေးတယ်။ Ref: Metro.co.uk
0 comments :
Post a Comment