အင်တာနက်ရဲ့
 ပျံ့ နှံ့လွယ်တဲ့ အလေ့အထကြောင့် မထင်မှတ်ဘဲ နာမည်ကြီးတွေဖြစ်သွားတဲ့ 
ဆယ်ကျော်သက်အုပ်စုရဲ့ အကြောင်းဖြစ်ပါတယ်။ ဒါရိုက်တာ ၆ ဦးက ဆိုင်ရာဆိုင်ရာ 
အပိုင်းပိုင်းတွေနဲ့ ရိုက်ကူးထားတဲ့ anthology သည်းထိပ်ရင်ဖိုဇာတ်ကား 
ဖြစ်တဲ့အားလျှော်စွာ မှော်အတတ်ဆိုင်ရာ စွမ်းအားမြင့်မားတဲ့ အရာဝတ္ထုတစ်ခုကို
 ပိုင်ဆိုင်ထားတဲ့ ရူးသွပ်နေတဲ့ မျက်လှည့်ဆရာတစ်ဦးရဲ့အကြောင်း၊ 
အပြိုင်ကမ္ဘာတစ်ခုဆီကို သွားတဲ့ တံခါးကိုဖွင့်လှစ်ပေးမယ့် အိမ်တွင်းလုပ် 
စက်ပစ္စည်းတစ်ခုရဲ့အကြောင်း၊ မထင်မှတ်ထားဘဲနဲ့ မက္ကဆီကန် သေခြင်းတရားဆိုင်ရာ 
ရိုးရာပူဇော်ပသမှုရဲ့ ပစ်မှတ်ဖြစ်ရတဲ့ ဆယ်ကျော်သက် စကိတ်သမားတို့ရဲ့အကြောင်း
 နဲ့ လူအများကိုသတ်ဖြတ်ထားတဲ့ လူသတ်သမားကို နောက်ယောင်ခံနေပြီး၊ 
ဆိုးသွမ်းယုတ်မာပုံရတဲ့အပြင် ဘာလဲဘယ်လဲ ထင်ထင်ရှားရှားမသိရတဲ့ 
အဖွဲ့အစည်းတစ်ခုအကြောင်း စုံအောင် ပါဝင်ပါတယ်။အမေရိကန် anthology ထိပ်လန့်သည်းဖိုဇာတ်ကား V/H/S: Viral ကို ဒါရိုက်တာတွေဖြစ်ကြတဲ့ Nacho Vigalondo၊ Marcel Sarmiento၊ Gregg Bishop၊ Aaron Scott Moorhead၊ Justin Benson နဲ့ Todd Lincoln တို့က ဆိုင်ရာအပိုင်းလိုက် ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုဝင်ဘာလထဲ ထွက်ဖို့စီစဉ်ထားပါတယ်။
Ref:Wikipedia.org
0 comments :
Post a Comment