Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


ကျောင်းသားကျောင်းသူတွေဟာ တစ်နေ့ကို အနည်းဆုံး ၁၀ နာရီ မိုဘိုင်းဖုန်း အသုံးပြုကြတယ်လို့သိရပါတယ်။ လေ့လာမှုတွေအရ ကျောင်းသားကျောင်းသူတွေဟာ မိုဘိုင်းဖုန်းမသုံးရရင် စိတ်ဖိစီးမှုတွေဖြစ်တဲ့အထိ စွဲလန်းနေကြတယ်လို့ဆိုပါတယ်။
တက္ကဆက်ပြည်နယ်မှာ ရှိတဲ့ Baylor တက္ကသိုလ်က အဖွဲ့တစ်ဖွဲ့ ဟာ ကျောင်းသားတွေ ထက်ကျောင်းသူ တွေဟာ မိုဘိုင်းဖုန်းသုံးစွဲရာမှာ အချိန်ပိုကြာတာကို တွေ့ရှိခဲ့ပါတယ်။ ကျောင်းသူတွေဟာ တစ်နေ့ကို ၁၀ နာရီကြာ မက်ဆေ့ဂ်ျပို့ခြင်း ၊ အီးမေးလ်ပို့ခြင်း ၊ လူမှုကွန်ရက်များသုံခြင်းတို့ အတွက် မိုဘိုင်းဖုန်းကို အသုံးပြုနေကြပါတယ်။ ကျောင်းသားတွေကတော့ တစ်နေ့ကို ၈ နာရီကြာ အသုံးပြုပါတယ်။
ပျမ်းမျှအားဖြင့် တွက် ကြည့်မယ်ဆိုရင် ကျောင်းသားကျောင်းသူတွေ ဟာ မိုဘိုင်းဖုန်းနဲ့ တစ်နေ့ကို ၉၄.၆ မိနစ် မက်ဆေ့ဂ်ျ ပို့ရင်း အချိန်ကုန်နေကြပြီး ၄၈.၅ မိနစ် အီးမေးလ်သုံးစွဲကာ ၃၈.၆ မိနစ် ကို Facebook သုံးကြပါတယ်။ တစ်နေ့ကို မိုဘိုင်းဖုန်းနဲ့ ၂၆.၉ မိနစ် သီချင်းနားထောင်ကြပါတယ်။
Ref:dailymai.co.uk

0 comments :

Post a Comment