ABC
News ရဲ့အဆိုအရ လက်ရှိ အီရတ်နိုင်ငံမှာ စစ်ပွဲတွေဆင်နွှဲနေတဲ့
အကြီးဆုံးလက်နှက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ISIS (the Islamic State Of Iraq And
Syria) နဲ့ခဏခဏရောမှားနေတာကို ရှောင်ရှားဖို့အတွက်
လှုပ်ရှားမှုတွေရပ်နားထားတဲ့ post-metal ဝိုင်း ISIS ဟာသူတို့ရဲ့ Facebook
စာမျက်နှာနာမည်ကို ISIS ကနေ “Isis the band” လို့အမည်ပြောင်းခဲ့ပါတယ်။ISIS တပ်ဖွဲ့ဟာ အီရတ်နိုင်ငံကမြို့တွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အပြင် အီရတ်နိုင်ငံထဲက ခရစ်ယာန်တွေ၊ ယာဇီဒီများနဲ့ ဆွန်နီမဟုတ်တဲ့ မွတ်စလင်တွေကို သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အမေရိကန်သတင်ထောင် James Foley ကို ခေါင်းဖြတ်သတ်ခဲ့တာဖြစ်တဲ့အတွက် Isis တီးဝိုင်းအနေနဲ့ အဲဒီ့ စစ်သွေးကြွအဖွဲ့နဲ့ ရောထွေးမှားယွင်းခံရတာကြောင့် ခံစားရတဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုကိုကို နားလည်ရလွယ်ကူပါတယ်။
ဝိုင်းရဲ့ယခင် ဒရမ်သမား Aaron Harris ကတော့ ဒီအခြေအနေက သူတို့ကိုရုတ်တရက်ကြီးအငိုက်မိစေခဲ့ပြီး အချို့ပရိတ်သတ်တွေက သူတို့ရဲ့ တီရှပ်ကိုဝတ်ဆင်ဖို့တောင် ဆန္ဒမဲ့နေကြပါတယ်လို့ပြောပါတယ်။ ပြီးတော့ သူတို့အဖွဲ့ဟာ ရိုင်းစိုင်းရင့်သီးတဲ့ ဝေဖန်မှတ်ချက်ပေးမှုတွေနဲ့ကြုံတွေ့ခဲ့ရကြောင်းပြောပါတယ်။
‘ကျွန်တော်တို့ရဲ့ ပရိသတ်တွေလိုပါပဲ။ ကျွန်တော်တို့လည်း မယုံနိုင်စွာနဲ့သတင်းတွေကြည့်နေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မှတ်ချက်မပေးရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဂီတဆက်ပြီးရှင်သန်နေပေမယ့် ကျွန်တော်တို့ ၂၀၁၀ ကတည်းက လှုပ်ရှားမှု မလုပ်တော့တာကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဂီတလုပ်ငန်းတွေကို လူတွေအချိန်နဲ့တပြေးညီသိနိုင်ဖို့ ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာကို ဆက်ထားထားတာဖြစ်ပါတယ်’ လို့ Harris က ABC ကိုပြောပါတယ်။.
Ref:altpress.com
0 comments :
Post a Comment