
" ခေါင်းကိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကို လူတော်တော်များများဟာ
မကြာခဏပြောလေ့ရှိပါတယ်။ ခေါင်းကိုက်ခြင်းတွေဟာလဲ လူတွေကို တော်တော်လေးကို
စိတ်အနှောက်အယှက်ဖြစ်အောင်၊ နေထိုင်ရခက်အောင် စွမ်းဆောင်နိုင်ပါတယ်။
ခေါင်းကိုက်တယ်ဆိုတဲ့နေရာမှာလည်း ခေါင်းကိုက်တဲ့ ပုံစံအမျိုးမျိုး၊
ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ရာသီဥတု
ပူလွန်း၊ အေးလွန်းရင်ခေါင်းကိုက်ကြတယ်၊ စိတ်ဖိဆီးမှုတွေများလွန်းရင်
ခေါင်းကိုက်ကြတယ်၊ ပင်ပန်းလွန်းရင်ခေါင်းကိုက်ကြတယ်၊
ဖျားနာတဲ့အခါခေါင်းကိုက်ကြတယ်၊ သွေးတိုးရင်၊ အကြောတွေတက်လွန်းရင်
ခေါင်းကိုက်ကြတယ် စသည်ဖြင့်
ခေါင်းကိုက်တဲ့အကြောင်းရင်းတွေအမျိုးမျိုးရှိတတ်ကြပါတယ်။
ခေါင်းကိုက်တဲ့ပုံစံတွေမှာဆိုရင်လည်း ခေါင်းတစ်ခုလုံး အုံပြီးကိုက်တယ်၊
ခေါင်းရဲ့အစိတ်အပိုင်း တစ်ခုစီကနေပြီး တဒုတ်ဒုတ်နဲ့ ထိုးပြီးကိုက်တယ်
စသည်ဖြင့် လူတစ်ယောက်နဲ့ တစ်ယောက်၊ တစ်ချိန်နဲ့ တစ်ချိန် ခေါင်းကိုက်တဲ့
ပုံတွေမတူတတ်ကြပါဘူး။ ဒါပေမယ့် ဒါတွေဟာ အကြောင်းရင်းတစ်ခုခုကြောင့် ခဏ၊
ယာယီ ဖြစ်တဲ့ခေါင်းကိုက်ခြင်းတွေဖြစ်ပြီး ခေါင်းကိုက်ရောဂါတွေ
မဟုတ်တဲ့အတွက် စိတ်သက်သာစေမယ့် အနားယူမှုတွေ၊ ကိုယ့်ကိုခေါင်းကိုက်စေတဲ့
အကြောင်းရင်းတွေ ကိုရှောင်ရှားမယ်ဆိုရင်
ခေါင်းကိုက်ခြင်းတွေမဖြစ်အောင်ကာကွယ်တားဆီးလို့  ရပါတယ်။
အခု ကျွန်မတင်ပြပေးမယ့် Migraine Headache (မိုင်ဂရိမ်း) လို့ ခေါ်တဲ့
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဆိုတာကတော့ သာမန် ကျွန်မတို့  ကြုံတွေ
့နေရလေ့ရှိတဲ့ ခေါင်းကိုက်ခြင်းတွေနဲ့ မတူတဲ့ ဦးဏှောက်နဲ
့ဆိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီခေါင်းကိုက်ရောဂါ
ဘယ်လိုဖြစ်ရတာလဲဆိုတော့ ဦးဏှောက်ကို
သွေးအထောက်အပံ့ပေးတဲ့သွေးကြောလေးတွေကျယ်လာပြီး
အဲ့ဒိကျယ်နေတဲ့သွေးကြောလေးတွေကနေ ရောင်ယမ်းမှုတွေကိုဖြစ်ပေါ်စေတဲ့
ဓာတ်တစ်မျိုးကိုထုတ်လွှတ်ပေးတဲ့အတွက် ဦးနှောက်မှာရှိတဲ့ Trigeminal Nerve
လို့ ခေါ်တဲ့ အာရုံကြောအဖွဲ့  အစည်းလေးဟာ ရောင်ယမ်းလာပါတယ်။ အဲ့ဒီ
အာရုံကြောရောင်ယမ်းခြင်းတွေကြောင့် လူတွေဟာ အမြင်အာရုံေ၀၀ါးခြင်း၊
အလင်းရောင်ကိုခံနိုင်ရည်မရှိခြင်း၊ အော့အန်ခြင်း တွေနဲ့ အတူ
ခေါင်းတစ်ခြမ်းဟာ ပြင်းပြင်းထန်ထန်ကိုက်ပါတော့တယ်။ ဒီလို လက္ခဏာတွေနဲ့ အတူ
ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုတော့ Migraine Headache
ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ ခေါ်ပါတယ်။
အဲ့ဒီ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့ လူတွေဟာ
အမြဲတမ်းခေါင်းကိုက်နေတာမျိုးတော့မဟုတ်ပါဘူး။
တစ်ခြားနာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊
ဂေါက်ရောဂါတွေလိုပါပဲ။ အစားအသောက်အနေအထိုင်တွေပေါ်မှာမူတည်ပြီး
ရောဂါပြန်ထလာတတ်တာမျိုးပါ။ သာမန် အချိန်တွေမှာတော့ ပုံမှန်အတိုင်းရှိနေပြီး
ရောဂါထလာပြီဆိုတော့မှ မနေနိုင်၊ မထိုင်နိုင်လောက်အောင် အော့၊
အန်ပြီးခေါင်းကိုက်တတ်ကြတာပါ။ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါရဲ့
လက္ခဏာတွေကို ယေဘူယျ အားဖြင့် အပိုင်းလေးပိုင်းခွဲခြားထားပါတယ်။ ပထမဆုံး
စဖြစ်တဲ့ အပိုင်းကို Prodrome ( အစပျိုးချိန်)၊ နောက်တစ်ဆင့်ကိုတော့ Aura
(ေ၀၀ါးချိန်)၊ Attack ( ထိုးနှက်တိုက်ခိုက်ခံရချိန် <သို့ မဟုတ်>
ခေါင်းကိုက်ချိန်) နဲ့  နောက်ဆုံးအဆင့် Postdrome (ကျော်လွှားပြီးချိန်)
ဆိုပြီး ဖြစ်ပါတယ်။
Prodrome (အစပျိုးချိန်) ဆိုတာကတော့ ခေါင်းမကိုက်ခင် တစ်ရက်၊
နှစ်ရက်အလိုမှာ သိမ်မွေ့ တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ ၀မ်းချုပ်ခြင်း၊
စိတ်ဓာတ်ကျခြင်း၊ အစာစားချင်စိတ်ပြင်းပြခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း၊
ဂဏာမငြိမ်ခြင်း၊ ဇက်ကြောတက်ခြင်း နဲ့  မကြာခဏသမ်းဝေခြင်းတွေဖြစ်လာတတ်ပါတယ်။
Aura (ေ၀၀ါးချိန်) ဆိုတာကတော့ ခေါင်းမကိုက်ခင်အချိန်ရော၊ ခေါင်းကိုက်နေတဲ့
အချိန်တွေမှာရောဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ သော ဝေဒနာရှင်တွေမှာတော့
Aura အဆင့်ကိုမကြုံတွေရပါဘူး။ ဒီအဆင့် ကိုကြုံတွေ့  ရတတ်တဲ့လူတွေမှာတော့
လက္ခဏာတွေဟာ ဖြည်းဖြည်းချင်းပြတတ်ပြီး လက္ခဏာပြတဲ့ အချိန်တွေဟာ မိနစ် ၂၀ ကနေ
တစ်နာရီအထိကြာတတ်ပါတယ်။ Aura အဆင့်မှာတော့ ဝေဒနာရှင်ဟာ
အမြင်အာရုံေ၀၀ါးခြင်း၊ အမြင်အာရုံထဲမှာ အလင်းတန်းများ၊ အရိပ်များ၊
အစက်အပြောက်များ မြင်တွေ့ နေရခြင်း သို့ မဟုတ် အမြင်အာရုံပျောက်သွားခြင်း၊
လက်မောင်း နဲ့ ခြေထောက်များမှာ အပ်နဲ့ ထိုးသလိုစူးရှတဲ့
ခံစားမှုများခံစားရခြင်း၊ စကားပြောရန်ခက်ခက်ခြင်း စတဲ့ လက္ခဏာတွေကို ကြုံတွေ
့ရလေ့ရှိပါတယ်။ Attack လို့ ခေါ်တဲ့ ရောဂါရဲ့တိုက်ခိုက်မှုကိုခံစားနေရတဲ့
ခေါင်းကိုက်ချိန်တွေမှာတော့ ဝေဒနာရှင် ဟာခေါင်းရဲ့ တစ်ဖက်ခြမ်း(
တစ်ခါတစ်ရံမှာတော့ နှစ်ဖက်လုံး) မှာ ပြင်းထန်တဲ့ ကိုက်ခဲမှုကိုခံစားရပါတယ်။
ခေါင်းကိုက်တဲ့ပုံစံကတော့ တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမျိုးဖြစ်ပြီးတော့
ခေါင်းကိုက်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အလင်းရောင်တွေ အနံ့ တွေကို
ခံနိုင်ရည်မရှိပဲ အော့အန်ခြင်းတွေပါ ပါလာနိုင်ပါတယ်။ အကယ်၍ ဒီအဆင့်မှာ
ရောဂါကိုကုသခြင်းမရှိဘူးဆိုရင်တော့ ခေါင်းကိုက်ခြင်းဟာ
၃ရက်လောက်အထိကြာရှည်နေတတ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ Postdrome
အဆင့်ကတော့ ခေါင်းကိုက်ခြင်းအဆင့်ကျော်လွန်ပြီးတဲ့နောက်မှာ ဝေဒနာရှင်ဟာ
ပင်ပန်း၊ နုံးချိပြီး ကျန်နေခဲ့တဲ့ အဆင့်ကိုဆိုလိုတာပါ။
အထက်မှာ ပြောခဲ့သလိုပါပဲ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ
နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါထစေတဲ့ အကြောင်းရင်းတွေကို ကြုံတွေ
့ခဲ့မယ်ဆိုရင် ရောဂါဟာ ပြန်ပြန်ထလာမှာပဲဖြစ်ပါတယ်။ Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတဲ့  အကြောင်းရင်းတွေကတော့..
၁။ ပုံမှန်မဟုတ်သော အိပ်စက်ခြင်းများ ဥပမာ အရမ်းအိပ်လွန်းခြင်း သို့ မဟုတ်
အိပ်ရေးပျက်ခြင်းစတဲ့ အိပ်စက်ချိန်ပုံမှန်မရှိခြင်းတွေဟာ Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပိုဆိုးစေတတ်ပါတယ်။
၂။ ပူပင်သောက နှင့် စိတ်ဖိဆီးမှုများ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့
စိုးရိမ်ပူပင်သောကတွေ နဲ့ စိတ်ဖိဆီးမှုတွေဟာလည်း Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတတ်ပါတယ်။
၃။ ဟော်မုန်းအပြောင်းအလဲများ အမျိုးသမီးတွေမှာတော့
အီစထရိုဂျင်ဟော်မုန်းအပြောင်းအလဲကိုကြုံတွေ့ ရတဲ့အချိန်တွေမှာ Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါပြန်ထတတ်ပါတယ်။ ဟော်မုန်းပြောင်းလဲတဲ့
အချိန်တွေကတော့ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့  သွေးဆုံးချိန်တွေပါပဲ။
၎။ အနံ့ များ ပြင်းထန်တဲ့ အနံ့ တွေနဲ့ ဆေးလိပ်ငွေ့ ၊ မီးခိုးငွေ့ တွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေပါတယ်။
၅။ ဆေးဝါးများ သန္ဓေတားဆေးတွေနဲ့ ဟော်မုန်း
အစားထိုးကုထုံးမှာသုံးတဲ့ဆေးတွေဟာ အီစထရိုဂျင်ဟော်မုန်းတွေပါတဲ့အတွက်
ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို
ပြန်ထစေပါတယ်။ သွေးကြောတွေကို ကျယ်အောင်လှုံ့  ဆော်ပေးတဲ့ဆေးတွေဟာလည်း
ဦးနှောက်မှာရှိတဲ့ သွေးကြောလေးတွေကိုပါ ကျယ်အောင်လှုံ့ ဆော်ပေးတဲ့အတွက်
Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိနေတဲ့ လူတွေကို ရောဂါပြန်ထအောင်လှု
ံ့ဆော်ပေးပါတယ်။
၆။ ကိုယ်လက်လှုပ်ရှားမှုများ ပင်ပင်ပန်းပန်းလုပ်ရတဲ့
ကိုယ်လက်လှုပ်ရှားမှုတွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို
ပြန်ထစေတတ်ပါတယ်။
၇။ အစားအသောက်များ ဆားများတဲ့အစားအသောက်တွေ၊ အချိုမှုန့် တွေ၊
တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ သတ်မှတ်ချိန်ကျော်လွန်နေတဲ့
ဒိန်ခဲတွေ၊ အရက်၊ ၀ိုင် နဲ့ ကဖင်းဓာတ်များတဲ့ အရည်တွေဟာလည်း Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပြန်ထစေနိုင်ပါတယ်။
ဒါတွေတင်မကသေးပါဘူး ခန္ဓာကိုယ်အတွင်း သကြားဓာတ်နည်းစေတဲ့အပြုအမူဖြစ်တဲ့
အစားမစားပဲ အချိန်ကြာအောင်နေခြင်း၊ ရာသီဥတုအပြောင်းအလဲ၊
အပူချိန်အပြောင်းအလဲ၊ စူးရှတဲ့အလင်းရောင်တွေနဲ့ ဆူညံသံတွေဟာလည်း Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို လှုံ့  ဆော်ပေးနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါဆိုတာဟာ
သာမန်ခေါင်းကိုက်ခြင်းတွေနဲ့ မတူတဲ့ နာတာရှည်ရောဂါတစ်ခုပါ။ ဒါကြောင့်
မိမိဟာ မကြာခဏခေါင်းကိုက်တတ်တယ်၊ ခေါင်းကိုက်ရင်လဲ အထက်မှာဖတ်ခဲ့ရတဲ့
ဝေဒနာတွေကိုခံစားရတယ်ဆိုရင်တော့ Migraine
ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုခံစားနေရပြီလား၊ ဆေးကုသမှုခံယူဖို
့လိုနေပြီလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို
့အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
ဆေးပညာဆိုင်ရာဆောင်းပါးများ