Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Technology(Car). Show all posts
Showing posts with label Technology(Car). Show all posts


တစ်နာရီကို မိုင် ၄၀၀ နှုန်းထိရောက်ရှိနိုင်ပြီး ဂျက်အင်ဂျင်သုံးလုံးတပ်ဆင်ထားတဲ့ ဒီ လော်ရီကားကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါတယ်။ Shockwave လို့ အမည်ပေးထားတဲ့ ဒီထရပ်ကားဟာ အလေးချိန် ၄ တန်ရှိပြီး မြင်းကောင်ရေ သုံးသောင်းခြောက်ထောင်အား ရှိပါတယ်။ ၆.၅ စက္ကန့် အတွင်း မီတာ ၄၀၀ (တစ်မိုင်ရဲ့ လေးပုံတစ်ပုံ) အထိ ရောက်ရှိနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး ဂျက်စွမ်းအင်သုံးထရပ်ကားပါ။
မြန်လှပါတယ်ဆိုတဲ့ ဂျပန်ကျည်ဆန်ရထားတစ်စီးကို အသာအယာကျော်ဖြတ်နိုင်တဲ့ Shockwave ကားကို စမ်းသပ်မောင်းနှင်ခဲ့ရာမှာ တစ်နာရီ ၆၀၅ ကီလိုမီတာ (တစ်နာရီ ၃၇၆မိုင်) ရောက်ရှိခဲ့ပြီး အမြန်ဆုံးထရပ်ကား အဖြစ် ကမ္ဘာ့စံချိန်ဝင်ခဲ့ပါတယ်။
အမေရိကန်ရေတပ်သုံး ဂျက်အင်ဂျင် Pratt & Whitney J34-48 အင်ဂျင်သုံးလုံးတပ်ဆင်ထားပြီး အင်ဂျင်တစ်လုံးစီက မြင်းကောင်ရေ တစ်သောင်းနှစ်ထောင်အားကို ထုတ်လုပ်နိုင်ပါတယ်။
Shockwave ကားကို ဂျက်အင်ဂျင်သုံးလုံး လုံး တစ်ခါဖွင့်မောင်းမယ်ဆိုရင် ဆီဂါလန် ၁၈၀ (လီတာ ၆၈၀) တိတိ လောင်ကျွမ်းကုန်ဆုံးတယ်လို့ သိရပါတယ်။ ကားကို ရပ်တန့် နိုင်ဖို့ စစ်တပ်သုံး လေထီးတွေ အသုံးပြုရပ်တန့်  ရပြီး မြန်ဆန်လွန်းတဲ့အရှိန်ကြောင့် မောင်းသူတွေအနေနဲ့ အထူးတလည်လေ့ကျင့်ထားဖို့ လိုအပ်တယ်လို့  ဆိုပါတယ်။

Ref: metro.co.uk

luxus
တိုယိုတာ Lexus ဇိမ်ခံကား သီးသန့် ကုမ္မဏီမှ ထုတ်လုပ်အောင်မြင် လျက်ရှိတဲ့ ကားတစ်မျိုးက Lexus GX SUV ဖြစ်ပါတယ်။ ထုတ်နေကျ ဆလွန်းအရွယ်ဇိမ်ခံကား မဟုတ်ပဲ ပရာဒို တို့လို အရွယ်ကြီးကားမျိုး ဖြစ်ပြီး Lexus အမည်နဲ့ ထုတ် လိုက်တော့ ဈေးနှုန်းကြီး သွားသလို ပိုမိုလည်း ပိုမိုလည်း Luxury Class ကျသွားပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက စတင်ထုတ်လုပ်လာခြင်း ဖြစ် ပါတယ်။ အင်ဂျင် အရွယ် ၄၆၀၀ စီစီ၊ ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြုပြီး အားကြီး SUV တစ်မျိုး ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၃၀၀ နီးပါးအထိ ရှိပါတယ်။ တရုတ်ပြည်သီးသန့်ရောင်းဖို့အတွက်လည်း Power ငယ်တဲ့ ၄၀၀၀ စီစီ SUV GX ကိုလည်း ထုတ်လုပ်ထား ပါသေးတယ်။ ယခုကတော့ ကမ္ဘာ့ဈေးကွက်ကို ဖြန့်ချိဖို့ပါ။ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၇သောင်းနီးပါးမှာ ရှိပါတယ်။ အမှန်တော့ Lexus GX ကလည်း Toyota Parado, 4Runner တို့နဲ့ Family တစ်ခုတည်း ထွက်ရှိထားခြင်း ဖြစ်ပါတယ်။ ၂၀၀၉ မော်ဒယ်တုန်းကဆိုရင် Land Cruiser Parado အမည်နဲ့ပဲ ပိုမိုလူသိများခဲ့ ပါတယ်။ လက်ရှိ ကမ္ဘာ့ ဈေးကွက်ကို စတင် ဖြန့်ချိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကား အကြောင်း အသေးစိတ်ကို www.lexus.com ဝဘ်ဆိုဒ်မှာ ဝင်ရောက်လေ့ လာ နိုင်ပါတယ်။ http://www.motors.com.mm/cars/lexus/ မှာ လည်း မြန်မာပြည်ရောက် Lexus ကားဟောင်းကားသစ် များကို ဖော်ပြ ထားတာမို့ ကိုယ်တိုင် ရှာဖွေ ကြည့်နိုင် ပါတယ်။ . Ref:autoblog 
Aung Kham ( www.smart.com.mm )

 Honda FCEV Concept
Honda ၏ ထုတ်ကုန်အသစ် ကားတစ်စီး ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း ကတော့ ပုံတွင်တွေ့ရတဲ့ အတိုင်းဘဲ အခြားကားတွေထက် ဆန်းပြားတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ပေးထားလို့ အကြိုက်တွေ့စေမှာပါ။ Honda က ထုတ်လုပ်ထားလို့ အရည်သွေး ကလည်း အထူးပြောစရာ လိုမှာ မဟုတ်ပါဘူး။
ထူးခြားချက်ကတော့ ကားနောက်ဘီးကို အဖုံးနှင့် ကွယ်ထားခြင်း ဖြစ်ပါတယ်။ ခေါင်းမိုး အမည်းရောင်မှာ အဖြူရောင် ဖောက်ပေးထားပါတယ်။ ခေါင်းဘက် ကားမီးသီးကို ပန်းရောင်နုနုလေး ခြယ်သပေး ထားပါတယ်။
Honda ၏ ပရိသတ်တွေအတွက် ကြိုက်နှစ်သက်အောင် ထုတ်လုပ်ပေး ထားခြင်း ဖြစ်ပါတယ်။ အရောင်ကတော့ အဖြူရောင် ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်ကိုလည်း ရောက်ရှိလာလိမ့်မည့် ကားတစ်စီး ဖြစ်ပါတယ်။  
ကျော်လင်းနိုင် (www.smart.com.mm)

Nissan IDx Nismo Concept
အင်ဂျင်ကတော့ 4 Cylinder ဖြစ်ပြီး ဆီစားကတော့ 1.6 လိတာ ဖြစ်ပါတယ်။ Horsepower အနေနဲ့ကတော့ 200 HP ဖြစ်ပါတယ်။ ကား၏ အမြင့် 51.2 လက်မ အရှည် 161.4 လက်မ ဖြစ်ပြီး အကျယ်ကတော့ 70.9 လက်မဖြစ်ကြောင်း သိရပါတယ်။
ဒီဇိုင်းကတော့ ပြိုင်ကားပုံစံမျိုး ထုတ်လုပ်ပေးထားပြီး လူဦးရေ ၄ ယောက်စီးနိုင်ပါတယ်။ ကားဘော်ဒီမှာ အနီ၊ အဖြူ နှင့် အနက် သုံးရောင်စပ် ပြုလုပ်ပေးထား ပါတယ်။ ကားမှန်တွေက အလွန်ပင် ကြည်လင်တောက်ပြောင် ပါတယ်။ အမြန်နှုန်းကတော့ 7 စက္ကန့်မှာ 0-60 mph ဖြစ်တယ်လို့ သိရပါတယ်။
Nissan ပရိသတ်တွေ အတွက် အကြိုက်တွေ့စေမှာပါ။ 
ကျော်လင်းနိုင် (www.smart.com.mm)