Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Fashion (Lady). Show all posts
Showing posts with label Fashion (Lady). Show all posts


မိုးတွင်းရောက်တော့မယ်ဆို ထီးတွေ ၀ယ်ရ၊ ဖိနပ်တွေ ၀ယ်ရနဲ့ ပျိုမေတွေ တော်တော်ခေါင်းစားနေရပြီပေါ့။ ဒါ့အပြင် အရင်လို ဂျင်းဘောင်းဘီရှည်နဲ့ လမ်းလျှောက်ရင်လည်း ဗွက်စင်လို့စင်၊ အဲ့ဒီလိုမှ မဟုတ်ရင်လည်း ရေတွေတင်နေတဲ့ လမ်းပေါ်လျှောက်ဖို့ စကတ်ရှည်ကို မ တင်လို့မတင်ထားရနဲ့ အ၀တ်အစားရွေးချယ်မှုအပိုင်းအတွက်လည်း စဉ်းစားလာရပြီနော်။ ဒါ့ကြောင့် မိုးတွင်းကာလမှာ ဖက်ရှင်လည်းကျ  ရာသီနဲ့လည်း လိုက်ဖက်အောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဥာဏ်ပေးချင်ပါတယ်။
၁။အ၀တ်အစားကို မတိုမရှည် ဒီဇိုင်းတွေ စဉ်းစားပါ။

စကတ်ဆိုရင်လည်း အရမ်းတိုပြီးကာလွန်းရင် လေတိုက်တဲ့အခါ ပြဿနာကြီးနိုင်ပါတယ်။ ဘောင်းဘီတိုလိုဟာမျိုးက ထသွားထလာအတွက် ကောင်းပေမယ့် ရုံးတက်ရမယ့် ပျိုမေတွေအတွက် အဆင်မပြေပြန်ဘူး။ ဒါ့ကြောင့် tight စကတ်လို အကျပ်စကတ်လေးတွေ၊ A line စကတ်မတိုမရှည်လေးတွေကို ၀တ်ဆင်ပါ။
၂။ဂျက်ကတ်တွေ၊ ကုတ်အင်္ကျံအရှည်မျိုးတွေကို ပွဲထုတ်ရမယ့် အချိန်ပါပဲ။

မိုးရာသီရောက်ပြီဆိုတာနဲ့ အရင်က သိမ်းထားခဲ့တဲ့ ကုတ်အရှည်တွေ ထုတ်ဝတ်လိုက်ရုံပေါ့။ တစ်ခုတော့ ရှိတယ်။ ကုတ်အရှည်တွေကို ဖက်ရှင်ကျကျ ၀တ်မယ်ဆိုရင် အတွင်းမှာဝတ်ထားတဲ့ စကတ်အရှည်၊ ဒါမှမဟုတ် ဘောင်းဘီ စတာတွေနဲ့ တပြေးညီဖြစ်မယ့်ဟာမျိုးကို ရှာဝတ်ရင် ပိုကောင်းပါတယ်။ ပုံမှာပြထားသလိုမျိုးပါ။ နံပါတ် (၁)မှာ ပြထားသလိုမျိုးဆိုလည်း အဆင်ပြေပါတယ်။
၃။ဖိနပ်နဲ့ထီးကိုလည်း အတတ်နိုင်ဆုံး လိုက်ဖက်အောင် ၀တ်ဆင်ပါ။

ဖက်ရှင်ကျချင်တဲ့ ပျိုမေတွေအတွက်တော့ ထီးနဲ့ဖိနပ်ကို ကာလာအတွဲအစပ်ညီအောင် ဆင်မြန်းဖို့ အကြံပေးချင်ပါတယ်။
၎။အသုံးအဆောင်ပစ္စည်းတွေ၊ အထူးသဖြင့် နာရီကို ရေစိုခံတဲ့ဟာမျိုး ရှာဝတ်ပါ။

မိုးရေထိရင် ပျက်စီးမယ့် အိတ်မျိုး၊ ပျက်မယ့် လက်ပတ်နာရီမျိုးတွေထက် ရေစိုခံမယ့် လက်ပတ်နာရီမျိုးတွေက မိုးတွင်းအတွက် ပိုသင့်တော်ပါတယ်။
၅။မိုးကာအမိုက်စားလေးတွေ တွေ့ရင်လည်း ရှာဝယ်ထားပါ။

ကိုယ်ကြိုက်တဲ့ ဒီဇိုင်းနဲ့ကာလာအတိုင်း မိုးကာလေးတွေ ရမယ်ဆိုရင်လည်း ၀ယ်ထားလိုက်ပါ။


ခုနောက်ပိုင်း ပြန်လည်ခေတ်စားလာတဲ့ အလွှာပါးဖက်ရှင်ကို သူများတွေလည်း ကြည့်ရမဆိုးအောင်၊ ထသွားထလာ၊ ရုံးသွားရုံးပြန်နဲ့ ပွဲတက်အတွက် အဆင်ပြေပြေ ၀တ်ဆင်နိုင်ဖို့ဆိုရင် ဘယ်လိုဝတ်ဆင်သင့်တယ်ဆိုတဲ့ အိုင်ဒီယာလေးတော့ ကိုယ့်မှာ ရှိထားရမှာပေါ့။ ဒီလို အထဲထိ ထိုးဖောက်မြင်နေရတဲ့ အလွှာပါးဖက်ရှင်အတွက် နိုင်ငံတကာက ဖက်ရှင်ဒီဇိုင်းတစ်ချို့ကို ကြည့်လိုက်ကြရအောင်။
၁။ကိုယ်က ကုမ္ပဏီဝန်ထမ်းဖြစ်နေတာကြောင့် အလွှာပါးဖက်ရှင်ကို လက်လွှတ်ရတော့မှာလားလို့ မေးရင် 'နိုး'လို့ ဖြေချင်ပါတယ်။ ပုံမှာပြထားသလို ဗြောင်ရှပ်အင်္ကျံတွေပေါ်က ထပ်ဝတ်နိုင်တာမို့ ဒါကအမြင်လည်းဆန်း၊ ရိုင်းလည်း မရိုင်း တော့ဘူးပေါ့။

၂။ပါတီပွဲမျိုးအတွက်ဆိုရင်တော့ monochromatic ပုံစံရအောင် အောက်က dress တစ်ခုခုခံပြီး ခုလို ၀တ်ဆင်လို့ရတယ်နော်။

၃။ခုလက်ရှိခေတ်စားနေတဲ့ ဖက်ရှင်ဖြစ်တဲ့ ဇာအပါးသားကို ဘောင်းဘီတိုပေါ် ထပ်ဝတ်တဲ့ အလွှာပါးဖက်ရှင်ဒီဇိုင်းပါ။ ထသွားထလာထက်စာရင် ရှိုးပွဲနဲ့ ပါတီ၊ ဒင်နာတွေအတွက် ပိုသင့်တော်ပါတယ်။

၎။ပါးပေးမယ့် ခုလိုအပွင့်အခက် ဒီဇိုင်းတွေနဲ့ဆိုတော့ အလွှာပါးမှန်းတောင် သိပ်မသိတော့ဘူးပေါ့။ ဒါပေမယ့် ဒီလိုအလွှာပါး ဖက်ရှင်ဟာ ခုခေတ်အစားဆုံး ဖက်ရှင်ဒီဇိုင်းမို့ သူနဲ့တွဲဖက်မယ့် အဆင်တန်ဆာတွေကိုတော့ သေချာရွေးချယ် သင့်ပါတယ်။

၅။စကတ်အော်ကနားလေးမှာ ခုလို ဇာအပါးလေး ကပ်ချုပ်ထားတဲ့ စကတ်ဒီဇိုင်းမျိုးကို ၀တ်မယ်ဆိုရင် အပေါ်၊ အောက်ကာလာညီတာနဲ့ပိုဖြစ်သင့်ပါတယ်။

၆။ခုလို အလွှာပါး ဖက်ရှင်ကို ၀တ်ဆင်တော့မယ်ဆိုရင် သင်အဓိက ရွေးချယ်ရမှာက ဘရာစီယာပါပဲ။ ကြိုးပေါ်ချင်လား၊ ကြိုးပျောက်ချင်သလားဆိုတာ ပထမဆုံး စဉ်းစားရွေးချယ်ရမှာပါ။

၇။ခု ပျိုမေတွေ စိတ်ဝင်စားနေတဲ့ စကတ်ဒီဇိုင်းပါ။ အရမ်းလည်းမပါးတဲ့ ဇာသားနဲ့ချုပ်လုပ်ထားတာမို့ ၀တ်ဖို့လည်း အဆင်ပြေတယ်လေ။

Ref:cosmopolitan.com
Lady Fashion





Fashion House
Hit Like if you are also a Bag lover? — at Image Courtesy- etsy.com.

Nice !!
Winter fashion




Fashion House