Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Apple Inc. Show all posts
Showing posts with label Apple Inc. Show all posts



iPhone 6 ရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်ဆိုပြီးတော့ သြစတေးလျ အခြေဆိုက် Noted အမည်ရ နည်းပညာ သတင်း ဝဘ်ဆိုဒ်ရဲ့ Twitter စာမျက်နှာပေါ် မှာ ဖော်ပြလာခြင်း ဖြစ်ပါတယ်။ ယင်း ဓာတ်ပုံသာ တကယ် မှန်မယ်ဆိုရင် Apple ရဲ့ iPhone ဟာ အတော်ကြီးကို ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ပိုမို ပါးလွှာသွားမှာ ဖြစ်ပြီး စုစုပေါင်း ဓာတ်ပုံ ၆ ပုံထက် မနည်း ထွက်ရှိလာခြင်း ဖြစ်ပါတယ်။ Gorilla Glass ကို အသုံးပြုထားတဲ့ မျက်နှာပြင် ဖြစ်ကြောင်း ဆိုပါတယ်။ အရွယ် ၄.၇ လက်မနဲ့ ၅.၅ လက်မ အရွယ် ၂ မျိုး ၂ စား ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Wall Street Journal ရဲ့ ဖော်ပြချက် အရကတော့ မျက်နှာပြင်ကြီးတဲ့ iPhone က ၅.၇ လက်မ ရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။ လာမယ့် ဇွန်လမှာ ထွက်ရှိမယ်လို့လည်း သတင်း ထွက်နေပါ တယ်။

iPhone 6 နဲ့အတူ Apple ရဲ့ အခြား ကုန်ပစ္စည်း အသစ်များလည်း ထွက်ရှိအုံးမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း
Smart Pro Journal



Apple မှ ကိုယ်ခန္ဓာတွင် ဝတ်ဆင်နိုင်သော gadget များအတွက် ပြုလုပ်နေပြီဖြစ်ပြီး ၎င်း gadget ၌ သုံးစွဲသူ၏ ကျန်းမာရေးဆိုင်ရာ အချက်အလက် များကို စောင့်ကြည့်မည့်ဆော့ဖ်ဝဲ ထည့်သွင်း ပါရှိမည်ဖြစ်သည်။

ဆီလီကွန်တောင်ကြားရှိ နည်းပညာလုပ်ငန်းကြီးဖြစ်သော Apple နှင့် ခန္ဓာဗေဒပညာရှင်များမှ ကိုယ်ခန္ဓာနှင့်သက်ဆိုင်သော နည်းပညာဆိုင်ရာအတွက် လေ့လာသုတေသနပြုနေခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရပြီး ခန္ဓာဗေဒပညာရှင်များက ခန္ဓာကိုယ်စောင့်ကြည့်တိုင်းတာရေးပစ္စည်းများနှင့် နည်းပညာရပ်များအတွက် ကောင်းမွန်သော ရလဒ်များရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနည်းပညာကို iWatch ၌ ထည့်သွင်းသွားမည်ဖြစ်ပြီး Apple ၏ တာဝန်ရှိသူများမှ အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မိုဘိုင်းဆေးပညာဆိုင်ရာ application ကိစ္စအတွက်
ဆွေးနွေးနေကြောင်း သိရသည်။

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook မှ Apple မှာ ဝတ်ဆင်နိုင်သော နည်းပညာရပ်အပေါ် စိတ်ဝင်စားနေပြီး Smart watch (စမတ်နာရီ) ကို ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချနိုင်ရန် သုတေသနပြုနေကြောင်း ပြောဆိုထားသည်။

Internet Journal