Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Sport News. Show all posts
Showing posts with label Sport News. Show all posts


ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့ တစ်မှတ်အကွာ၊ဒုတိယနေရာရောက်ရှိနေပြီး၊ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒီညမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို အမ်းမရိတ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။
မနှစ်က ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ ဆုံပြီး ထွက်လိုက်ရတဲ့ ဂန်းနားတို့ ဟာ ဒီနှစ်မှာလည်း ဘိုင်ယန်မြုးနစ်နဲ့ ပဲတွေ့ ဆုံနေတာမို့ လက်စားချေနိုင်မလား၊နောက်ထပ်အရှုံးပေးရအုန်းမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုရာသီ ဘွန်ဒက်စ်လီဂါ ထိပ်ဆုံးကဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ခြေစွမ်း အင်မတန်ကောင်းမွန်နေတဲ့အသင်းလည်းဖြစ်ပါတယ်။
“အခုအချိန်မှာ ကျွန်တော်တို့ အသင်းဟာ စိတ်ဓာတ်အင်အားကောင်းမွန်နေပြီး စည်းလုံးမှုရှိတဲ့ အသင်းတစ်သင်းဖြစ်နေပါပြီ။ ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့ အသင့်ပါပဲ။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့  ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ မှာ ယုံကြည်ချက်ရှိပါတယ်။” လို့ အာဆင်နယ် ဘော့စ် ၀င်းဂါးက အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပွဲစဉ်ကို ဒီနေ့ ည (မနက်ဖြန်မနက်) မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref: skysports.com


အမေရိကန်ကိုယ်စားပြု ရေခဲပြင်အကစုံတွဲ မီရယ်လ်ဒေးဗစ် နဲ့ ချာလီဝှိုက်တို့ ဟာ လက်ရှိကျင်းပနေတဲ့ ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းတစ်လျှောက် ရေခဲပြင်အကမှာ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွဲ ဖြစ်လာပါတယ်။
အိုလံပစ်ပြိုင်ပွဲ ရေခဲပြင်အက ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်တဲ့ ကနေဒါစုံတွဲ တက်စ်ဆာ နဲ့ စကော့ တို့ကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး ဗြိတိန်စုံတွဲ ပင်နီကုမ်းစ် နဲ့ နစ်ခ် ဘက်ခ်လန်း တို့  ကတော့ အဆင့် ၁၀ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဗြိတိန်စုံတွဲ ရဲ့ မိုက်ကယ်ဂျက်ဆင်ပုံစံ ကပြဖျော်ဖြေခဲ့မှုက ပွဲကြည့်ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ရလဒ်ကောင်းတစ်ခုရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ နောင်လာမယ့် ၂၀၁၈ တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆုရရှိဖို့ ရည်မှန်းထားကြောင်း မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

Ref: bbc.com