Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Movie News. Show all posts
Showing posts with label Movie News. Show all posts


အင်တာနက်ရဲ့ ပျံ့ နှံ့လွယ်တဲ့ အလေ့အထကြောင့် မထင်မှတ်ဘဲ နာမည်ကြီးတွေဖြစ်သွားတဲ့ ဆယ်ကျော်သက်အုပ်စုရဲ့ အကြောင်းဖြစ်ပါတယ်။ ဒါရိုက်တာ ၆ ဦးက ဆိုင်ရာဆိုင်ရာ အပိုင်းပိုင်းတွေနဲ့ ရိုက်ကူးထားတဲ့ anthology သည်းထိပ်ရင်ဖိုဇာတ်ကား ဖြစ်တဲ့အားလျှော်စွာ မှော်အတတ်ဆိုင်ရာ စွမ်းအားမြင့်မားတဲ့ အရာဝတ္ထုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ရူးသွပ်နေတဲ့ မျက်လှည့်ဆရာတစ်ဦးရဲ့အကြောင်း၊ အပြိုင်ကမ္ဘာတစ်ခုဆီကို သွားတဲ့ တံခါးကိုဖွင့်လှစ်ပေးမယ့် အိမ်တွင်းလုပ် စက်ပစ္စည်းတစ်ခုရဲ့အကြောင်း၊ မထင်မှတ်ထားဘဲနဲ့ မက္ကဆီကန် သေခြင်းတရားဆိုင်ရာ ရိုးရာပူဇော်ပသမှုရဲ့ ပစ်မှတ်ဖြစ်ရတဲ့ ဆယ်ကျော်သက် စကိတ်သမားတို့ရဲ့အကြောင်း နဲ့ လူအများကိုသတ်ဖြတ်ထားတဲ့ လူသတ်သမားကို နောက်ယောင်ခံနေပြီး၊ ဆိုးသွမ်းယုတ်မာပုံရတဲ့အပြင် ဘာလဲဘယ်လဲ ထင်ထင်ရှားရှားမသိရတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း စုံအောင် ပါဝင်ပါတယ်။
အမေရိကန် anthology ထိပ်လန့်သည်းဖိုဇာတ်ကား V/H/S: Viral ကို ဒါရိုက်တာတွေဖြစ်ကြတဲ့ Nacho Vigalondo၊ Marcel Sarmiento၊  Gregg Bishop၊ Aaron Scott Moorhead၊ Justin Benson နဲ့ Todd Lincoln တို့က ဆိုင်ရာအပိုင်းလိုက် ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုဝင်ဘာလထဲ ထွက်ဖို့စီစဉ်ထားပါတယ်။

Ref:Wikipedia.org
Sin City:A Dame to Kill For ဇာတ်ကားရဲ့ ပိုစတာကို အမေရိကန်ရုပ်ရှင်အဖွဲ့ အစည်း MPAA က ပိတ်ပင်လိုက်ပါတယ်။ ပိုစတာမှာ Eva Green ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို အထင်းသားမြင်နေရပြီး သားမြတ်ခေါင်းတစ်ဝိုက်ဟာ အ၀တ်ပါးအောက်မှာ မြင်သာနေတဲ့အတွက် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သြဂတ်စ်လ ၂၉ ရက်နေ့ ထွက်ရှိမှာဖြစ်တဲ့ Sin City:A Dame to Kill For ဇာတ်ကားဟာ ဈေးကွက်ဆွဲဆောင်မှု စတန့် ထွင်ပြီး ကာမရာဂနှိုးဆွမှုအသားပေးပိုစတာဖြစ်နေတဲ့အတွက် MPAA က ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

Ref: totalfilm.com


Angelina Jolie ရဲ့ သရုပ်ဆောင်သက်တမ်းမှာ စပြပြချင်းဝင်ငွေအများဆုံးဇာတ်ကား စံချိန်ကို ရရှိသွားခဲ့တာကတော့ Disney ရဲ့ Maleficent ဖြစ်သွားပါပြီ။ ဒီဇာတ်ကားဟာ ရုံတင်တင်ချင်းမှာတင် ၀င်ကြေးငွေ ဒေါ်လာ သန်း ၇၀ ရရှိခဲ့ပြီး သူမသရုပ်ဆောင်သက်တမ်းမှာ ရုံတင်တင်ချင်း ဒေါ်လာ သန်း ၅၀ ရရှိခဲ့တဲ့ Mr.and Mrs.Smith နဲ့ Wanted ဇာတ်ကားတွေကို ကျော်ဖြတ်ပြီး အများဆုံးစံချိန်ကို တင်သွားခဲ့ပါတယ်။
ခန့် မှန်းထားတဲ့အတိုင်းပဲ PG အဆင့်သတ်မှတ်ထားတဲ့ ဒီစိတ်ကူးယဉ်ဇာတ်ကားဟာ ရက်သတ္တပတ်ကုန်မှာ X-Men: Days of Future Past အပါအ၀င် ရုံတင်ဆဲဇာတ်ကားအကုန်လုံးကို ကျော်ဖြတ်ပြီး Box Office ရဲ့ ထိပ်ဆုံးနေရာကို အရယူသွားခဲ့ပါတယ်။ Disney ဟာ ဒီဇာတ်ကားကို အရဲစွန့် လုပ်ခဲ့ရတာပါ။ လူကြိုက်များတဲ့ ‘Sleeping Beauty’ ဇာတ်လမ်းကို ဗီလိန်ဘက်ကနေ ပြန်လည်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် မိသားစုပရိတ်သတ်တွေ  ဝေဖန်ခြင်းခံရနိုင်ပေမယ့် “Maleficent” ဟာ Jolie ရဲ့ မှင်တက်စရာ ဆွဲဆောင်မှုကြောင့် ပွဲဦးထွက်လှခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အကုန် Box Office မှာ ထိပ်ဆုံးနေရာယူထားခဲ့တဲ့ X-Men:Days of Future Past ဟာ ဒေါ်လာ ၃၂.၆ သန်းရဲ့ ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။
“Maleficent” ဇာတ်ကားဟာ အမျိုးသမီးဇာတ်ကောင် အဓိကဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားတွေ နောက်တစ်ချိန်မှာ ဈေးကွက်ကို လွှမ်းမိုးလာဖို့ စိန်ခေါ်မှုခြေလှမ်းတစ်ရပ်ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အမျိုးသားဇာတ်ကောင်တွေ အဓိကပါဝင်တဲ့ ဇာတ်ကားတွေကပဲ Box Office ကို လွှမ်းမိုးထားတယ်ဆိုတာ သတိထားမိရင် သိနိုင်ပါတယ်။
“Maleficent” ဟာ နိုင်ငံတကာဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။
Ref: foxnews.com



Thomas တစ်ယောက်နိုးထလာတဲ့အခါမှာတော့ ကြီးမားတဲ့ဝင်္ကဘာထဲမှာ အခြားကောင်လေးတွေအုပ်စုနဲ့အတူ ပိတ်မိနေတာဖြစ်ပါတယ်။ ပြင်ပကမ္ဘာကပါလာတဲ့ မှတ်ဥာဏ်ပါလည်းမရှိတော့ပါဘူး။ သူ့ရဲ့အတိတ်မှတ်ဥာဏ်အပိုင်းအစတွေကို ဝင်္ကဘာထဲကသဲလွန်စတွေသုံးပြီး ပြန်လည် ပေါင်းစပ်ပုံဖေါ်တဲ့လုပ်ရပ်နဲ့သာ Thomas တစ်ယောက် သူ့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ လွတ်မြောက်ရာလမ်းကို ဆောင်ကျဉ်းနိုင်မှာဖြစ်ပါတယ်။
The Maze Runner ဟာအမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်ပြီး စာရေးဆရာ James Dashner ရဲ့ ၂၀၀၉ ခုနှစ်ထုတ်နာမည်တူ ၀တ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Dylan O’Brien, Thomas Sangster, Kaya Scodelario, Will Poulter, Aml Ameen, Ki Hong Lee နဲ့ Blake Cooper တို့ဖြစ်ကြပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ထွက်ဖို့စီစဉ်ထားပါတယ်။
Ref:Wikipedia.org

Jack the Ripper



Blu, Jewel နဲ့သူတို့ရဲ့ကလေးသုံးယောက်ဟာ Rio de Janeiro မြို့ပေါ်က လူသားတွေနဲ့ရောရောနှောနှောနေထိုင်တဲ့ သူတို့ရဲ့ဘ၀ကိုစွန့်ပယ်ပြီး သားရဲတိရိစ္ဆာန်တွေစုံလင်တဲ့ အမေဇုံတောနက်ထဲကိုခရီးထွက်တာဖြစ်ပါတယ်။ အဲဒီ့နေရာကိုအရောက်တဲ့အချိန်မှာ သူတို့မိသားစုဟာ နှစ်ရှည်လများကွဲကွာနေရပြီး  အခြားသောကြက်တူရွေးအပြာအုပ်စုနဲ့အတူပုန်းအောင်းနေတဲ့ Jewel ရဲ့ အဖေနဲ့အမှတ်မထင် ပြန်တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အမေဇုံတောကြီး အန္တရာယ် ကျရောက်နေကြောင်းနဲ့ Blu နဲ့ Jewel တို့ရဲ့ရန်သူဟောင်း ကတ္တဝါငှက်ကြီး Nigel ကလက်စားချေဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာတာကိုသိတဲ့အခါ အခြေအနေတွေအကုန်ဆိုးဝါးကုန်ပါတော့တယ်။
Rio 2 ဟာအမေရိကန် 3D computer-animated၊ ဂီတနောက်ခံ၊ စွန့်စားခန်း၊ ဟာသရုပ်ရှင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကထုတ်လုပ်ခဲ့ပြီးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ computer-animated ဇာတ်ကား Rio ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားနာမည်ဟာ ဘရာဇီးလ်နိုင်ငံက Rio de Janeiro မြို့နာမည်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဒါရိုက်တာ Carlos Saldanha ကရိုက်ကူးထားတာဖြစ်ပြီး အသံသရုပ်ဆောင်တွေကတော့ Jesse Eisenberg, Anne Hathaway, will.i.am, Jamie Foxx, George Lopez, Tracy Morgan, Jamine Clement, Leslie Mann, Rodrigo Santoro နဲ့ Jake T. Austin တို့ဖြစ်ပါတယ်။ အမေရိကန်ရုပ်ရှင်ရုံတွေမှာ ဧပြီလ ၁၁ ရက်နေ့မှာဖွင့်လှစ်ပြသမှာဖြစ်ပြီး နိုင်ငံတကာမှာတော့ မတ်လ ၂၀ ရက်နေ့မှာထုတ်မှာဖြစ်ပါတယ်။
Ref:Wikipedia.org

figerprint
Samsung ရဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ Sammobile ရဲ့ ပြောကြားချက်အရ ထို finger print ပါဝင်လာမူကို အတည်ပြုပြီးပါပြီးလို့ သိရပါတယ်။ ဖုန်းရဲ့ Home botton မှာ လက်ဗွေရာစနစ်ဖတ်နိင်သည့် နည်းပညာနဲ့အတူ Galaxy S5 အသစ်ကို နောက်တစ်ပတ်အတွင်းမှာ ထွက်ရှိမိတ်ဆက်လာနိင်ဖို့ Samsung ဟာမျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ဆမ်ဆောင်းရဲ့ ပရိသတ်တွေအနေနဲ့လည်း အဆိုပါ လက်ဗွေရာပေးရုံနဲ့ ဖုန်းကို Unlock လုပ်နိင်သည့် ထိုနည်းပညာကို ရင်းနှီးနေပြီးသား ဖြစ်ပါလိမ့်မယ်။ User တွေအနေနဲ့ အခြား လက်ချောင်း ၇ ချောင်းလောက်ကို မှတ်တမ်းတင် register လုပ်ထားနိင်မှာ ဖြစ်ပါတယ်။
အခြား လုံခြုံရေး ထိန်းသိမ်းမူတွေဖြစ်တဲ့ PIN code လိုမျိုး အစိတ်အပိုင်းတွေကိုလည်း S5 တွင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထို လက်ဗွေရာ ဖတ်နိင်သော နည်းပညာမှာ Apple ရဲ့ နောက်ဆုံးထွက် i Phone မှ မဟုတ်ပါဘူး။ ယခု galaxy S5 တွင်သာမက နောက်တွင် HTC One Max တွင်လည်း ပါရှိလာမှာ ဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ ဆမ်ဆောင်းဟာ iris-scanning security technology ကဲ့သို့သော်နည်းပညာတွေကို ထုတ်လုပ်ဖို့ရည်ရွယ်နေကြောင်း သိရပါတယ်။ 
Aung Heine ( www.smart.com.mm )



ဆယ်ကျော်သက်အလွတ်စုံစမ်းစစ်ဆေးသူအဖြစ်နှစ်ပေါင်းများစွာလုပ်ကိုင်ပြီးမှာ Veronica Mars ဟာသူမရဲ့ဇာတိမြို့ကိုပြန်သွားပြီး ကျောင်းကသူငယ်ချင်းဟောင်းတွေတွေ့ဆုံတဲ့ပွဲနဲ့အချိန်ကိုက်ဖြစ်နေပါတယ်။ အဲဒီ့နောက်မှာတော့ Veronica ဟာဆန်းကျယ်တဲ့လူသတ်မှုတစ်ခုမှာ လူသတ်သမားအဖြစ်အစွပ်စွဲခဲ့ရတဲ့ သူမရဲ့ချစ်သူဟောင်း Logan ကိုကူညီပေးရမှာဖြစ်ပါတယ်။
Veronica Mars ဟာအမေရိကန် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Rob Thomas ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kristen Bell, Jason Dohring, Krysten Ritter, Ryan Hansen တို့ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့ထွက်မှာပါ။

Ref:Wikipedia.org