Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts



အင်တာနက်ကတဆင့် လူသတ်တယ်လို့ စွပ်စွဲခံရသူ၊ ၁၉နှစ်အရွယ် မိန်းကလေးဟာ လူသတ်မှု ၂၂ခု ပြုလုပ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒါဟာ ရူးဖွယ်ဖြစ်ပြီး ကြောက်စရာပါ။  ဖြစ်လည်းဖြစ် နိုင်ပါတယ်။  ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ကိုအွန်လိုင်းကတဆင့် လိင်ကိစ္စအတွက်ငှားရမ်းခဲ့သူ လူကြီးကို သတ်ခဲ့တဲ့ အပြင် နောက်ထပ် လူတော်တော်များများကို သတ်ခဲ့တယ်။ သူမပြောပုံက “လူသတ်တာ ၂၂ယောက်ပြည့်တော့ နောက်ထပ် မှတ်မထားတော့ဘူး။” တဲ့။ သူမဟာ အသက် ၁၃နှစ်ကစ စေတန်ဘာသာကို ယုံကြည်သက်ဝင်ခဲ့ပြီး လူတွေ စသတ်ခဲ့တာဖြစ်ပါတယ်။

သူမအမည်ကတော့ Miranda Barbourပါ။ Pennsylvania ပြည်နယ်အကျဉ်းထောင်မှာ လောလောဆယ် သူမရှိပါတယ်။ Troy LaFerrara ဆိုတဲ့ လူကြီးကို ဓားနဲ့ အချက်၂၀ ထိုးသတ်ခဲ့တဲ့ အမှုအတွက် အမိန့်ချမှုကို စောင့်ဆိုင်းနေပါတယ်။ သူမက ၁၆နှစ်ပဲရှိသေးတယ်ဆိုပြီး စမ်းသပ်လိုက်တော့ အဲ့ဒီ့လူက အလျှော့မပေးဘဲ လိင်အကြမ်းဖက်တဲ့အတွက် သတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မကောင်းမှုတွေ လုပ်ခဲ့ပြီး လူ့လောကမှာ ဆက်နေဖို့မသင့်တော့တဲ့ သူတွေကို သတ်ခဲ့တာပါ။” လို့လည်း သူမက ပြောပါတယ်။

“နောင်တရတာမျိုး မရှိပါဘူး။ ကျွန်မလွတ်လာရင် ဒီအလုပ်တွေထပ်လုပ်ဖြစ်ဦးမှာမို့လို့ ထောင်က လွတ်ချင်စိတ် မရှိတော့ပါဘူး။” လို့ Barbour ကဆက်ပြီးပြောပါတယ်။

Ref:latimes.com



၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၉/၁-၂)အကြား၊ တံတားအမှတ် (၁၄၀/၁)ဇဟားချောင်းတံတားအနောက်ဘက်ချောင်းဘေးတွင် သွေးစွန်းနေသောပီနံအိတ် အထုပ်(၁)ထုပ်အား တွေ့ရှိရသဖြင့် ဖြူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဦးခေါင်းမပါ ကိုယ်လုံးတီးအမျိုးသမီးအား ခြေလက်များကြိုးတုတ်လျက်တွေ့ရှိသဖြင့် ဖြူးမြို့မရဲစခန်း(ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးခဲ့သည်။
မှုခင်းရဲတပ်ဖွဲ့သည် အဆိုပါ ခေါင်းဖြတ်အသတ်ခံရသည့်သေဆုံးသူအမျိုးသမီးနှင့်ပတ်သက်၍ စုံစမ်းနေစဉ် ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နေ မစန်းစန်းက ၎င်းင်း၏ညီမဖြစ်သူ မသန်းထွေးကို လွန်ခဲ့ သော(၁)နှစ်ခန့်မှစ၍ မတွေ့ရကြောင်း သိရှိရသဖြင့် ကျောက်တံခါးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် မသန်းထွေး၏ နိုင်(၂)ပုံစံအား တောင်းယူ၍ နိုင်(၂)ပုံစံမှ လက်ဗွေနှင့် အလောင်းမှ ရယူထားသောလက်ဗွေတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှ သေဆုံးသူအမျိုးသမီးမှာ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ အောင်ဇေယျရပ်ကွက်နေ မသန်းထွေး(၄၁)နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သေဆုံးသူနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူမသန်းထွေးသည် တောကျွဲအင်းမြို့ ဇာတိဖြစ်ပြီး အသက်(၁၆)နှစ်အရွယ်ခန့်တွင် ညောင်လေးပင်မြို့နေ ကိုစိုးလွင်နှင့် အိမ်ထောင်ကျခဲ့ရာ သားတစ်ဦး မွေးဖွား၍ အိမ်ထောက်သက် ၇ နှစ်ခန့်တွင် အိမ်ထောင်ကွဲခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဘားအံမြို့သို့ သွားရောက်၍ ဈေးရောင်းစဉ် ဆိုက်ကားသမားတစ်ဦးနှင့် ထပ်မံငြိစွန်းခဲ့ပြီး တစ်လခန့်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ မေလခန့်တွင် တောကျွဲအင်းမြို့သို့ အပြီးပြန်ပြောင်းလာခဲ့ပြီး အစ်ကိုဖြစ်သူ ကိုခိုင်ဝင်း၏နေအိမ်တွင် နေထိုင်ကြောင်း၊ ၎င်းင်းနောက် သားဖြစ်သူ၏ ရှင်ပြုအလှူတွင် ခင်မင်ရင်းနှီးခဲ့သူ တောကျွဲအင်းမြို့နေ ဦးတင်စိုးနှင့် ဒေါ်မိမိလေး နေအိမ်တွင် နေထိုင်ခဲ့ကြောင်း၊ ဘားအံမြို့မှ ပြောင်းရွှေ့လာစဉ် ငွေကျပ်သိန်း(၃၀)ခန့်နှင့် ရွှေထည်ပစ်္စည်း အချို့ပါလာခဲ့ကြောင်း၊ ပါလာသောငွေများကို အတိုးအပွားရရှိရန် ဦးတင်စိုး၊ ဒေါ်မိမိလေးတို့ထံတွင် အတိုးပေးခဲ့ကြောင်း၊ ၎င်းင်းနောက်ပိုင်း မသန်းထွေးသည် ဦးတင်စိုး၏နေအိမ်၌ ညအိပ်ညနေ နေထိုင်စဉ် ဦးတင်စိုးနှင့်ငြိစွန်းခဲ့ကြောင်း သိရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်၍ ဆက်လက်စုံစမ်းခဲ့ရာ ဦးတင်စိုးသည် ငွေတိုးပေးသည့်လုပ်ငန်း လုပ်ကိုင်ပြီး မသန်းထွေးနှင့် တရင်းတနှီးနေထိုင်ကာ လူမှုရေးအရ ငြိစွန်းမှုရှိကြောင်း စုံစမ်းသိရှိရသည်။
သို့ဖြစ်၍ မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ၁၀-၂-၂၀၁၄ ရက်နေ့ ည ၉ နာရီ အချိန်တွင် ဦးတင်စိုး၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ အခင်းဖြစ်အရပ်တွင် သိမ်းဆည်းရမိခဲ့သည့် သက်သေခံ ပစ္စည်းများနှင့်တူညီသည့် ဇာဖြင့်ပြုလုပ်ထားသောကြိုး(၃)ပိုင်း၊ အဖြူရောင်ခေါင်းအုံးစွပ်(၁)ခု၊ ဓါး ၂ ချောင်း၊ လော်ဂျားဆိုင်ကယ်ဘက်မှန် ပြောင်းလဲတပ်ထားသည့် အဖြူရောင်ဂျဲလမတ်အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ၀၉ xxxxx ဖုန်းနံပါတ်ပါ CDMA ဖုန်းအနက်ရောင်(၁)လုံး၊ အလောင်းထည့်သောအိတ်နှင့်အမျိုးအစားတူ ဆန်(၃)တင်းဆန့် ပီနံအိတ်(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဦးတင်စိုးအား အမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဦးတင်စိုး၏ဇနီးဖြစ်သူ ဒေါ်မိမိလေးမှာ ၁၀-၂-၂၀၁၃ ရက်နေ့တွင် ဖခင်၏နှစ်ပတ်လည်ဆွမ်းကျွေးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ဦးတင်စိုး တစ်ဦး တည်းရှိနေစဉ် ၁၂-၂-၂၀၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် မသန်းထွေးမှာ စက်ဘီးဖြင့် နေအိမ်သို့ ရောက်ရှိလာပြီး ထမင်းအတူစားခဲ့ကြောင်း၊ ၎င်းနောက် မသန်းထွေးနှင့်အတူအိပ်ခဲ့ကြောင်း၊ နောက်တစ်နေ့ ၁၃-၂-၂၀၁၃ ရက်နေ့ နံနက် ၀၆၀၀ အချိန် အိပ်ယာထသောအခါ မသန်းထွေးက ၎င်းမှာ နှစ်လုံးထီရှုံးထားသောကြောင့် ထပ်မံ ကစားရန် ငွေ(၃)သိန်းတောင်းခံခဲ့ရာမှ စကားများရန်ဖြစ်စဉ် ဦးတင်စိုးက အနီးရှိထမင်းစားပွဲဘေးတွင်ထားသော ဓါးဦးချွန်ဖြင့် မသန်းထွေး၏ လည်ပင်းအားခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် လည်ပင်းအား ဆက်၍လှီးဖြတ်ခဲ့ပြီး မသန်းထွေး၏ ၀ဲဘက်လက်တွင် ၀တ်ဆင်ထားသော ရွှေလက်ကောက်(၄)ကွင်း၊ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေဆွဲသီး(၁)ခု၊ နား၌၀တ်ဆင်ထားသော နားကပ်(၁)ရံ၊ ၀ဲဘက်လက်ခလယ်တွင် ၀တ်ဆင်ထားသော လက်စွပ်(၁)ကွင်းတို့ကို ဖြုတ်ယူခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မသန်းထွေး၏အလောင်းမှ အင်္ကျီနှင့်ထမီအားချွတ်၍ အ၀တ်တန်းမှ အ၀ါရောင်နိုင်လွန် ကြိုးဖြင့် ချည်နှောင်ခဲ့ပြီး ပလပ်စတစ်အိတ်မဲဖြင့်ထည့်ကာ ၎င်းအိတ်အား အဖြူရောင်ပီနံအိတ်အတွင်း ထပ်မံ ထည့်ခဲ့ကြောင်း၊ မသန်းထွေး၏ဦးခေါင်းနှင့် သွေးများစွန်းပေနေသော ပီနံအိတ်အဖြူ(၂)လုံး၊ သုံးဘီး ကားရောင်ထမီ(၁)ထည်နှင့် အပြာရောင်ရှပ်အင်္ကျီ(၁)ထည်၊ ခေါင်းအုံးစွပ်နှင့် ခြေသုတ်ခုံတို့အား ကြွပ်ကြွပ်အိတ်အတွင်းသို့ထည့်ခဲ့ကြောင်း၊ ၎င်းနာက် အထုပ်(၂)ထုပ်ကို နေအိမ်နောက်ဘက်အပေါက်တံခါး ဘေးတွင်ထားရှိ၍ ည(၇)နာရီအချိန်ခန့်တွင် အဆိုပါအထုပ်(၂)ထုပ်အား ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန်-မန္တလေးလမ်းအတိုင်း ဖြူးဘက်သို့မောင်းနှင်ခဲ့ကြောင်း၊ မိုင်တိုင်အမှတ်(၁၃၈/၁)အနီးတွင် ဦးခေါင်းပြတ် ထည့်ထားသည့်အိတ်အား ကားလမ်း၏ ယာဘက်ခြမ်းသို့ ဆိုင်ကယ်ပေါ်မှနေ၍လည်းကောင်း၊ မိုင်တိုင်အမှတ် (၁၃၉/၁)အရောက်တွင် လာလမ်းသို့ပြန်ကွေ့ကာ တံတားအနီး၌ ဆိုင်ကယ်အားရပ်ပြီး ဆိုင်ကယ်ဂွကြားရှိ ကိုယ်လုံးထည့်ထားသောအထုပ်အား မြောင်းအတွင်းသို့လည်းကောင်း စွန့်ပစ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ထိုသို့စွန့်ပစ်စဉ် မသန်းထွေး၏ ကိုယ်လုံးထည့်ထားသောအထုပ်အား တွန်းချခဲ့ရာတွင် အရှိန်ဖြင့် ဆိုင်ကယ်နှင့်လူလဲကျခဲ့ကြောင်း၊ ထိုသို့လဲကျသွားသဖြင့် ၎င်းစီးလာသော ကတ္တီပါဖိနပ် နီညိုရောင်(၀ဲဘက်) ၁ ဖက်၊ ဆိုင်ကယ် ၀ဲဘက်နောက်ကြည့်မှန်၊ ဆိုင်ကယ်ရှေ့ခြင်းထဲ၌ ပါလာသော ရေသန့်ဘူး ၁ ဘူး၊ တရုတ်နိုင်ငံလုပ် ဓါတ်အားသွင်း ဓါတ်မီး အနက်အနီစင်း ၁ ခု၊ ဆိုင်ကယ်ပေါ် ပစ္စည်းများချည်နှောင်ရာတွင် အသုံးပြုသည့်မျှော့ကြိုး ၁ ချောင်းတို့ ကျကျန်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး နောက်တစ်နေ့တွင် ပဲနွယ်ကုန်းသို့ စာစောင်သွားဝယ်စဉ် ကျန်ရှိနေသည့် ဆိုင်ကယ် ယာဘက်နောက်ကြည့်မှန်အား ဖြုတ်ပစ်ပြီး လမ်းဘေးသို့လွင့်ပစ်ခဲ့ကြောင်း၊ နောက်နှစ်ရက်ခန့်အကြာတွင် ကညွတ်ကွင်းမြို့၊ ဈေးအပြင်ရှိ(ကုလားဝတုတ်) ဆိုင်မှ နောက်ကြည့်မှန်တစ်စုံအား ၂၅၀၀ိ/-ဖြင့်ဝယ်ယူပြီး ပြန်လည်တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့နေ ဦးတင်စိုး(၅၉)နှစ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ရဲလုပ်ငန်းများပြည့်စုံအောင် ဆောင်ရွက်၍ ထိရောက်ပြစ်ဒဏ်ရရှိစေရေးအတွက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်



တရုတ်နယ်စပ် ရွှေလီ၌ အိမ် ထောင်ရေး မိတ်ဆက်ပေးခြင်း ဆိုသော စာရွက် ပျံ့နှံ့နေမှုကို လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရုတ်အာ ဏာပိုင်တို့ထံဆက် သွယ်မေးမြန်း၍ ကန့် ကွက်သွားမည်ဟု¤င်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားထားပြီး ကြေညာစာ၏ ဆိုလိုရင်းမှာ တရုတ် နိုင်ငံသားနှင့် ထိမ်းမြားရန်နှင့် ချိတ် ဆက်ပေးသူကို ယွမ် ၃ဝဝဝ (မြန်မာ ငွေကျပ် ၅ သိန်းနီးပါးခန့်) ချီးမြှင့်မည် ဟု ဖော်ပြထားခြင်းဖြစ်သည်။

”ဒီလိုမျိုးတွေကို တရုတ်အစိုးရက တရားဝင်ခွင့်ပြုထားတယ်လို့တော့ မကြားမိပါဘူး။ တရုတ်အာဏာပိုင်တွေ နဲ့ လည်း အမြဲပဲအဆက်အသွယ်ရှိနေတာ ပါ။ ဒီကိစ္စကို မေးမြန်းသွားမယ်”ဟု ၄င်း က ဆိုသည်။

ကြေညာစာရွက်တွင် ထိုသို့ ရေး သားထားမှုကပင် ဥပဒေမဲ့ လုပ်ရပ်ဖြစ် ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ နှင့် ငြိစွန်းနေကြောင်း ထိုစာရွက်တစ်ရွက် တည်းနှင့် လူကုန် ကူးမှု မြောက်သည်ဟု မစွပ်စွဲနိုင်သော်လည်း ယင်းကိစ္စမှာ သတိထားရမည့် အချက်တစ်ချက်ဖြစ် သည်ဟု ဒုတိယရဲမှူးကြီးက ပေါ်ပြူလာ နယူးစ်သို့ ဆက်ပြောသည်။

ပြည်တွင်းရှိ လူကုန်ကူးမှုများ၏ ၉ဝ ရာခိုင်နှုန်းခန့်က တရုတ်ဘက်သို့ ဦးတည်နေပြီး အလုပ်ခိုင်းစေရန်ထက် သားမယားအဖြစ်ပေါင်းသင်းရန်က များ နေကြောင်း ရဲတပ် ဖွဲ့က ထုတ်ပြန်ကာ အသိပေးထားခဲ့ပြီး ဖြစ်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန်းဒုက္ခသည်စခန်းမှ ဒုတာဝန်ခံ ကိုနော်ဂျာက ”ခုဆိုရင် တရုတ်ဘက်မှာ အဓမ္မထိမ်းမြားမှုတွေ များလာတဲ့အ တွက် အလုပ်လုပ်ဖို့ အမျိုးသမီးတွေက သွားချင်တယ်ဆိုရင်တောင် မနည်းကို စိစစ်မေးမြန်းနေရတယ်။ ဒီမှာတောင် လေးယောက်က အဓမ္မထိမ်းမြားခြင်းခံခဲ့ ရတယ်”ဟု ပြောသည်။

၂ဝဝ၈ ခုနှစ်ကစကာ ယနေ့အထိ မြန်မာက တရုတ်ဘက်နှင့် ပူးပေါင်း၍ မူဆယ်၊ လွယ်ဂျယ်နှင့် လောက်ကိုင်တို့ တွင်နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးရုံးများ ဖွင့်လှစ်၍ လူကုန်ကူးမှုရပ်အောင် တား ဆီးခဲ့သည်။ ၂ဝ၁၂ တစ်နှစ်တည်းအတွင်း၌ အဓမ္မထိမ်းမြားမှု ၇၉ မှုကို အရေးယူ ကိုင်တွယ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ် ပြန်ထားဖူးသည်။

Popular Myanmar News Journal