Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

ဟိုက်ဒရိုဂျင်ဆို ကျွန်တော်တို့ ခေါင်းထဲ စဉ်းစားလို့ ရတဲ့ အသန့်စင်ဆုံး လောင်စာတစ်မျိုးလောက်ပါပဲ။ ၎င်းဟိုက်ဒရိုဂျင်ကနေ ထွက်လာတဲ့ တစ်ခုတည်းသောအရာက ရေ ပါ။ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုက ရေမော်လီကျူးတွေထဲမှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် အက်တမ်တွေကို သီးခြားသတ်သတ်ဆီခွဲဖို့ လျှပ်စစ်စီကြောင်းအသုံးပြုတဲ့ လျှပ်စစ်သုံးဓာတ်ခွဲမှု ( electrolysis) ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ သုတေသနပညာရှင်တွေက လျှပ်စစ်ဓာတ်အားနဲ့ ဆက်ထားတဲ့ သံပြားနှစ်ခုကို သန့်စင်တဲ့ရေထဲ ထိုးစိုက်လိုက်ပါတယ်။ (အဖိုအမလျှုပ်စီးလိုင်း) လို့ခေါ်တဲ့ ၎င်းသံပြားနှစ်ခုပေါ် လျှပ်စစ်ဓာတ်ဖြတ်သွားတဲ့အခါ လျှပ်စီးမလိုင်းမှာ ဟိုက်ဒရိုဂျင် ထွက်ပေါ်လာပြီး အဖိုလိုင်းမှာ အောက်ဆီဂျင်ထွက်လာပါတယ်။ အဲ့ဒီသတ္တုအမျိုးအစားတွေက လျှပ်စစ်ဓာတ်ကို လုံလုံလောက်လောက်ပေးနိုင်ပြီး ရေမှာ လွယ်လွယ်ကူကူ ပျက်စီးမှု မရှိနိုင်တာကြောင့် အခုအချိန်ထိတော့ သိပ္ပံညာရှင်များက လျှပ်စီးအဖိုအမအတွက် ပလက်တီနမ်ကဲ့သို့သော အဖိုးတန်သတ္တုများကို အသုံးပြုခဲ့ပါတယ်။ အခုတော့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အကုန်ကျသက်သာပြီး ၎င်းနေရာမှာ အစားထိုးသုံးနိုင်တဲ့ နီကယ်လ်သတ္တုတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ နီကယ်လ်သတ္တုကို လျှပ်စီးဖို/မ အဖြစ်အသုံးပြုပြီး ၎င်း အဖွဲ့က ၁.၅ ဗို့အားရှိသာမန် ဘက်ထရီတစ်လုံးအားပြုပြီးရေထဲက အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်ခွဲခြားပေးတဲ့စက်ကို ပြုလုပ်ခဲ့ပါတယ်။ ယခုလက်ရှိအခြေအနေထိတော့ အဲဒီလျှပ်စီးစွန်း( electrodes) တွေဟာ ရေထဲမှာ အချိန် (၂) ရက်ကြာသာခံပေမဲ့ နောက်ပိုင်းကျရင် ရက်သတ္တပတ်နဲ့ချီ (သို့) လနဲ့ချီ ကြာရှည်ခံအောင် တိုးတက်မှုရလာပြီး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်သူတွေအတွက် ဒေါ်လာဘီလျံနဲ့ချီ အကုန်ကျသက်သာစေမယ်လို့ သုတေသနပညာရှင်များက မျှော်လင့်ထားပါတယ်။
Source: sciencemag

ချစ်သူကောင်မလေးက ကိုယ့်ကို သ၀န်တိုတယ်ဆိုတာ ကိုယ့်ကို ဆုံးရှုံးရမှာကြောက်လို့ပေါ့။ ဒါကောင်းတဲ့အချက်ပါပဲ။ ဒါပေမယ့် သ၀န်တိုတာလိုတာထက် ပိုလာရင်တော့ နှစ်ဦးသားဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်လာပါလိမ့်မယ်။ ဘယ်သွားသွား စိတ်မချတာ၊ ဘယ်သူနဲ့ရှိနေသလဲ အားလုံးကို သိချင်နေတာ၊ သူ့မျက်ကွယ်ရာမှာ နောက်တစ်ယောက်ထားနေပြီလားဆိုပြီး သင့်ကိုစစ်ဆေးမေးမြန်းတာတွေ မကြာခဏလုပ်လာပြီဆို၇င် သင်လည်း စိတ်ညစ်လာမှာပါပဲ။ အောက်ကအချက်လေးတွေက သင့်ချစ်သူဟာ အလွန်အကျွံ သ၀န်တိုတတ်တဲ့သူ ဟုတ်မဟုတ်ဆိုတာ ပြောပြပေးနိုင်ပါတယ်။
၁။သူ့ရှေ့မှာ တစ်ခြားမိန်းကလေး၊ အမျိုးသမီးတစ်ယောက်ယောက်အကြောင်း ပြောလို့မရလောက်အောင်ပဲ။
ကိုယ့်ရုံးက လုပ်ဖော်ကိုင်ဖက်အမျိုးသမီး၊ ဒါမှမဟုတ် သူငယ်ချင်းရဲ့ညီမ စသဖြင့် ကိုယ်က တစ်ခြားမိန်းကလေးတစ်ယောက်အကြောင်း ပြောလိုက်တာနဲ့ သူ့ပုံစံက ပြောင်းသွားတော့တာပါပဲ။ ကိုယ်ပြောလိုက်မိတဲ့လူတွေနဲ့က ဒီတစ်ခါတင် မဟုတ်ဘူး။ နောက်ထပ်လည်း အကြိမ်ပေါင်းများစွာ အတူတူရှိနေရဦးမယ်ဆိုတာ သူရော၊ ကိုယ်ရော သိထားရက်သားနဲ့ အဲ့ဒီလို တစ်ခါပြောလိုက်တိုင်း သ၀န်တိုပြီး ပြသနာရှာနေရင်တော့ နှစ်ယောက်စလုံး စိတ်ဒုက္ခရောက်စရာတွေ ဖြစ်လာနိုင်တာပေါ့။
၂။သင့်ကို ဘာမဟုတ်တဲ့ မေးခွန်းပေါင်းများစွာ ဆက်တိုက်မေးနေလိမ့်မယ်။
အဖြေအတိအကျမရှိတဲ့ မေးခွန်းတွေနဲ့ တွေ့တိုင်းဟိုမေးဒီမေး မေးနေလိမ့်မယ်။ ကိုယ်က သူမေးတာတွေကို အင်း ၊ အဲ လုပ်မိပြီဆိုရင် ကိုယ်ကပဲ တစ်ခြားတစ်ယောက်ရှိနေသလိုလို သူတို့ပြောဆိုလိမ့်မယ်။ ဒီလို ချစ်သူမျိုးရှိနေရင်လည်း သင့်အတွက် တော်တော်လေးကို စိတ်ပင်ပန်းစရာ ကောင်းတာပါ။
၃။နှစ်ဦးသားဆက်ဆံရေးကို ယုံကြည်မှုအပြည့်အ၀မရှိဘူး။
ဘေးပတ်ဝန်းကျင့်ကြောင့်ဖြစ်ဖြစ်၊ အရင်ကတွဲခဲ့တဲ့ ရည်းစားဟောင်းကြောင့်ပဲဖြစ်ဖြစ် ခုလက်ရှိ ဆက်ဆံရေးကို ယုံကြည်မှုမရှိသလို လုံခြုံပြည့်ဝမှုကိုလည်း သူတို့မခံစားရတဲ့အခါ ဘာမှမဟုတ်တာလေးတွေကိုပါ ပြောဆိုလာကြမယ်။ သ၀န်တိုလာမယ်။ ပြသနာရှာလာမယ်။
၎။သင့်ရဲ့ကိုယ်ရေးကိုယ်တာ မေးလ်ရဲ့ လျှို့ဝှက်နံပါတ်တွေ တောင်းလာမယ်။
ဆိုရှယ်မီဒီယာပေါ်မှာ သင်တင်ထားတဲ့ စတေးတပ်စ်တွေ၊ ပို့စ်တွေက ဘာအဓိပ္ပါယ်လဲ။ ဘယ်သူ့ကိုရည်ရွယ်တာလဲ။ ဘယ်ကိုရောက်နေပြီး ဘယ်သူတွေနဲ့လဲ။ သူငယ်ချင်း မိန်းကလေးရောပါသလား စတာတွေကို စစ်ဆေးလာသလို သင့်မေးလ်ရဲ့ password တွေကိုပါ သူမကို ပေးထားဖို့ တောင်းလာမယ်ဆို၇င် ဒါဟာ သင့်အပေါ် ယုံကြည်မှုနည်းလာတာ၊ လိုတာထက် ပိုသ၀န်တိုလာတာပဲပေါ့။
၅။တစ်ခြားမိန်းကလေးတွေနဲ့ စွပ်စွဲလာမယ်။
ဆန့်ကျင်ဘက်လိင် အမျိုးသမီးပဲဖြစ်ဖြစ်၊ ကောင်မလေးတွေပဲဖြစ်ဖြစ် ကိုယ့်ဘက်က ရည်ရည်မွန်မွန် ပြောဆိုဆက်ဆံလိုက်တာနဲ့ သူတို့ကို ကြိုက်နေတာလားဆိုပြီး မေးမြန်းခံရမယ်။ စွပ်စွဲတာမျိုးတွေ လုပ်လာပြီဆိုရင်လည်း သူဟာ သ၀န်တိုတာထက်ပိုတဲ့ သ၀န်ကြောင်တာမျိုး ဖြစ်နေလို့ပါ။
Ref:mensxp.com

စိတ်ပညာရှင်တစ်ယောက်ဟာ ပရိတ်သတ်တွေကို ကိုယ့်အပေါ်မှာရှိနေတဲ့ ဖိအားတွေကို ဘယ်လို ထိန်းချုပ် ဖယ်ရှားရမလဲဆိုတာကို ဟောပြောနေပါတယ်..။ သူဟာ ဖန်ခွက်တစ်ခွက်ကို မြှောက်ပြလိုက်ပြီး

"ဒီဖန်ခွက် ဘယ်လောက် လေးမယ်လို့ထင်လဲ…" လို့မေးလိုက်တယ်..။

ပရိတ်သတ်တွေဆီက ၈ အောင်စ ကနေ ၂၀ အောင်စ အထိအလေးချိန် ရှိကြောင်း အဖြေ အမျိုးမျိုး ထွက်လာခဲ့ကြတယ်..။

သူက ရှင်းပြတယ်.."ကျွန်တော် ပြောချင်တာက ဒီခွက်ရဲ့ အလေးချိန်က အဓိက မကျပါဘူး..။ ကျွန်တော် ဒါခွက် ကို ဘယ်လောက်ကြာကြာ ကိုင်ထားရမလဲ ဆိုတာက ပြသနာပါ..။ တစ်မိနစ်လောက်ပဲ ကိုင်ထားရမယ်ဆိုရင် တော့ ဒါက ပြသနာမဟုတ်ပါဘူး..။ ဒါပေမယ့် တစ်နာရီလောက် ကြာမယ်ဆိုရင် ကျွန်တော် လက်မောင်းတွေ ကိုက်လာမယ်..။ တစ်ကယ်လို့ တစ်နေကုန်သာဆိုရင်တော့ ကျွန်တော့် လက်မောင်းထုံထိုင်းပြီး အကြောတွေ သေသွားမယ် ထင်ပါတယ်..။ ဒီလိုအချိန်မှာ ဖန်ခွက်ရဲ့အလေးချိန်ကတော့ ပြောင်းလဲမသွားပါဘူး..။ ကျွန်တော့် အတွက်သာ ကြာကြာကိုင်ရလေလေ..၊ ဖန်ခွက်က ပိုပြီးလေးလာ လေလေ ပါပဲ..။

"ဒီလိုပါပဲ..။ ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ စိတ်ပင်ပန်းမှုတွေက ဖန်ခွက်ရဲ့ အလေးချိန်နဲ့ တူပါတယ်..။ ခဏလေးပဲ သူတို့အကြောင်းကို စဉ်းစားကြည့်ရင် ဘာပြသနာမှ မရှိပါဘူး..။ နည်းနည်း အချိန် ကြာကြာ စဉ်းစားမိတာနဲ့ သင့်ကို သူတို့ ဒုက္ခစပေးပါလိမ့်မယ်..။ နောက်ဆုံး တစ်နေကုန်သာ စဉ်းစားနေမယ် ဆိုရင်တော့ သင် စိတ်ဓါတ်တွေကျပြီး ဘာအကြံဥာဏ်မှ မထွက်ပဲ ဘာမှ မလုပ်တတ်တော့ပဲ ဖိအားတွေ အောက် ကျရောက်သွားတတ်ပါတယ်..။
ဖိအားတွေကို လွှင့်ပစ်လိုက်ဖို့ အရေးကြီးပါတယ်..။

ညနေခင်း ရောက်ပြီဆိုတာနဲ့ သင့်မှာရှိတဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ၊ ဖိအားတွေ အလုပ်အကြောင်းတွေကို မေ့ထားလိုက်ပါ..။ ညစာစားချိန်၊ ညအိပ်ယာဝင်တဲ့အချိန်ထိ ဒါတွေကို မသယ်ထားပါနဲ့..။ ဖန်ခွက်ကို အောက်ကို ချဖို့ သတိရပါ..။

အောင်ထွန်းဦး

နိုင်ငံတွေကို Romantic ဆန်ဆန် အရှည်ဖွဲ့ထားတာဖြစ်ပါတယ်။ ဒီလို အစီအစဉ်တကျ ဖွဲ့လို့ရတဲ့နိုင်ငံလည်း များများစားစားမရှိပါဘူးလို့ဆိုထားပါတယ်
Names of Some Romantic Countries
H.O.L.L.A.N.D
Hope Our Love Lasts And Never Dies.
I.T.A.L.Y
I Trust And Love You.
L.I.B.Y.A
Love Is Beautiful; You Also.
F.R.A.N.C.E
Friendships Remain And Never Can End.
C.H.I.N.A
Come Here ... I Need Affection.
B.U.R.M.A
Between Us, Remember Me Always.
N.E.P.A.L
Never Ever Part As Lovers.
I.N.D.I.A
I Nearly Died In Adoration.
K.E.N.Y.A
Keep Everything Nice, Yet Arousing.
E.G.Y.P.T
Everything Great, You Pretty Thing!
M.A.N.I.L.A
May All Nights Inspire Love Always.
T.H.A.I.L.A.N.D
Totally Happy. Always In Love And Never Dull.

ှSource : mylovelynoto blog

ချစ်သူရှိတာကောင်းပါတယ်။ ချစ်သူက ကိုယ့်အပေါ် နားလည်ပြီး ချစ်ပေးတယ်ဆိုရင် ဒါဟာ ပိုကောင်းတာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူ ဒါလုပ်ပေးမလားမသိဘူး။ သူ တစ်နေ့နေ့ ဒါလုပ်ပေးမှာပါ ဆိုပြီး စောင့်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ ပျော်ရွှင်မှုရရှိဖို့ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့အခါမျိုးတွေ ရှိပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်တာမျိုးပေါ့။ ဘယ်လိုအရာမျိုးတွေကို အမျိုးသားတွေ လုပ်ပေးဖို့ စောင့်မနေသင့်ဘူးလဲဆိုတာ ပြောပြပေးချင်ပါတယ်။
တန်ဖိုးကြီး လက်ဝတ်ရတနာတစ်ခုခု ၀ယ်ပေးမလားဆိုပြီး စောင့်မျှော်တတ်ခြင်း
ကိုယ့်ချစ်သူက ကိုယ့်မွေးနေ့မှာ ကိုယ်လိုချင်တဲ့ လက်စွပ်လေးများ ၀ယ်ပေးမလား၊ ကိုယ်လိုချင်တဲ့ နားကပ်လေးများ ၀ယ်ပေးမလား မျှော်လင့်နေရတဲ့အလုပ်ထက် ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် လက်ဝတ်ရတနာကို ၀ယ်ဝတ်လိုက်တာ ပိုကောင်းပါတယ်။ သူမပေးလို့ဆိုပြီး စိတ်ကသိကအောက် ဖြစ်နေမယ့်အစား ကိုယ့်စိတ်ကြိုက် ၀ယ်လိုက်တာ ပိုကောင်းပါတယ်။
သွားချင်တဲ့ခရီးအတွက် သူ့အကြံပြုချက်ကို စောင့်မျှော်တတ်ခြင်း
ခရီးသွားတဲ့အခါ တစ်ယောက်တည်း မသွားရဘူးလို့ သူက ပြောထားပါသလား။ အမှန်တော့ ခရီးသွားတယ်ဆိုတာ စိတ်လွတ်လပ်မှုတစ်ခု၊ အပန်းဖြေမှုတစ်ခုကို ရှာဖွေတာပါ။ သူမအားလို့ ကိုယ်မသွားရတာမျိုး အဖြစ်ခံစရာ မလိုပါဘူး။ တစ်ယောက်တည်းသွားတော့ရော ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ဘိုကင်လုပ်တာကအစ အရာအားလုံး ချစ်သူက လုပ်ပေးမလားဆိုပြီး မျှော်လင့်နေရင်း ကိုယ်သွားချင်တဲ့ခရီးကို အပျက်မခံပါနဲ့။
စားချင်တဲ့အရာတွေကို အတူစားဖို့ စောင့်မျှော်ရခြင်း
တစ်ခါတစ်လေ ချစ်သူမပါဘဲ ကိုယ့်ဘာသာကိုယ် အလှလေးဘာလေးပြင်၊ အမိုက်စားဝတ်ပြီး အကောင်းစား စားသောက်ဆိုင်မှာ စားသောက်ချင်တာမျိုး ဖြစ်လာရင် သွားလိုက်ပါ။ ငါသွားပြီး သူ့ထားခဲ့တယ်ဆိုတဲ့ အပြစ်ရှိသလို ခံစားချက်မျိုးထားဖို့ မလိုပါဘူး။ ဒီလိုသွား၊ စားတာမျိုးဟာ သူ့နောက်ကွယ်မှာ နော်ကတစ်ယောက်ထားတာမှ မဟုတ်ပဲ။ ဒီတော့ ခုလိုစိတ်ဖြစ်လာရင် လိုက်ပို့ပေးပါဖို့၊ ကိုယ်နဲ့အတူ အဖော်ပြုပေးဖို့ မေးရမြန်းရ စောင့်ရတာမျိုးတွေ မလုပ်ပါနဲ့။
အိမ်ပြောင်းချင်တာမျိုး သူ့ထောက်ခံချက်ကို စောင့်မျှော်ရခြင်း
ကိုယ်နေထိုင်တဲ့ တိုက်ခန်း၊ အိမ်ပြောင်းဖို့ လိုနေပြီလို့ ခံစားရရင်၊ အဆင်မပြေတော့ဘူးဆိုတာ သေချာရင် နောက်တစ်နေရာပြောင်းတဲ့အခါ သူ့ကပြောင်းဆိုမှ ပြောင်းရမှာပါလား။ မဟုတ်ပါဘူး။ ကိုယ်နေထိုင်ရတာ အဆင်ဘယ်လောက် မပြေဘူးလဲဆိုတာ ကိုယ်သာသိပါလိမ့်မယ်။ သူ့ဆီက ထောက်ခံချက်နဲ့ ပြောင်းရ၊ မပြောင်းရ တာတွေ စိတ်ထဲ ထင့်မနေပါနဲ့။
ကိုယ့်နာမည်ရေးထိုးဖို့ သူ့ဆီက ခွင့်ပြုချက် စောင့်ရခြင်း
တစ်ခါတစ်လေ စာရွက်လေးတစ်ခုပေါ်မှာ တစ်ခုခုရေးတော့မယ်ဆို နှစ်ဦးစလုံးနာမည်ပဲ ရေးရမှာလား၊ ကိုယ့်နာမည်ရေးရမှာလား။ ဒါမှမဟုတ် ကိုယ့်အသုံးအဆာင်မှာ နာမည်လေးတစ်ခုခု တပ်ချင်တယ်၊ ထွင်းချင်တယ်ဆိုပါစို့။ ကိုယ့်နာမည်ကိုယ်တပ်ပစ်လိုက်ရင် သူစိတ်ဆိုးမှာလား ဆိုတာ စဉ်းစားနေမိပါတယ်။ တကယ်တော့ ကိုယ့်နာမည်ကိုယ်တပ်တာ ဘာမှ အမှားမပါပါဘူး။ သူနဲ့လက်ထပ်ပြီးသွားပြီဆိုတော့မှ နှစ်ယောက်သားရဲ့ အသုံးအဆောင်တွေကို စိတ်ကြိုက်နာမည်ရေထိုးလို့ရတာပဲလေ။
Ref:cosmopolitan.com

စကားအပြောအဆို ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် အဓိက အခြေခံလိုအပ်ချက်တွေက ဘာတွေလဲ။ မျက်နှာချင်းဆိုင် ပြောဆိုလာရတဲ့အခါ သင် ဘာတွေပြောဆိုမလဲ။
(၁) “ကိုယ့်ဖာသာ အေးအေးလူလူနေပါ” ဆိုတာဟာ  မကောင်းတဲ့အကြံအဥာဏ်ပါ။
“ကိုယ့်ဖာသာ အေးအေးလူလူနေပါ” ဆိုတဲ့စကားဟာ အလုပ်အင်တာဗျူး တစ်ခုခုမဝင်မှီ သတိပြုရမယ့် အကောင်းဆုံး အကြံဟုတ်ပါသလား။ လုံးဝ မဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်၊ ရိုးရိုးသားသားပြုမူပြီး တက်ကြွမှုရှိအောင် ပြုမူပါ။ တစ်ယောက်တည်း မလှုပ်တခြောက် အေးအေးလူလူ ရှိနေရင်တော့ စကားပြောကျွမ်းကျင်တဲ့သူ ဖြစ်နိုင်မှာ မဟုတ်ဘူးလေ။
(၂) ထပ်တူကျခြင်းကို ဂရုစိုက်ပါ
အကြံဥာဏ် နည်းလမ်းရနိုင်တဲ့ ဘယ်နည်းလမ်းကိုမဆို အဆင်ပြေအောင် ကြိုးစားပြီး အာရုံစိုက်လုပ်ဆောင်မှုဟာ လူမှုဆက်ဆံရေးကို တိုးတက်စေပါတယ်။
(၃) သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာများပြောဆိုပါ
အပြန်အလှန်စကားပြောဆိုမှု သိပ်မလုပ်သူတွေ အမြဲတမ်း တညီတညွတ်တည်း ပြောတတ်ကြတဲ့ စကားက “ငါဘာအကြောင်းအရာကို သွားပြောမှာလဲ” ပါ။ မှားပါတယ်။ အမှန်မှာတော့ ”ငါသူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ရအောင် သူတို့ကို ဘယ်လိုရအောင်ပြောရမှာလဲ” လို့သာ ဖြစ်သင့်ပါတယ်။
ကိုယ်ကပဲ ပြောဆိုသူ မဖြစ်ပါစေနဲ့။ လူတွေကို ကိုယ့်ဘက်ပါလာအောင် ဆွဲခေါ်ချင်တာမို့လား။ နားထောင်တတ်တဲ့ အကျင့်ကိုလည်း သင်ယူပါ။
(၄) လူတွေကို စိတ်ပျော်အောင်လုပ်ပေးပါ
လူတွေဘာပဲ ပြောပြော အကြောင်းမဟုတ်ပါဘူး။ သူ့တို့ပြောတဲ့စကားကို အလွယ်တကူ လက်ခံသဘောတူနိုင်တဲ့သူတွေကို ပိုပြီးသဘောကျကြပါတယ်။
(၅) စကားပြောဆိုမှု အဆက်မပြတ်အောင် ဘယ်လိုထိန်းသိမ်းမှာလဲ
ကိုယ့်ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အစွန်းရောက် မနေအောင် ပြုမူပါ။ စကားဝိုင်းကို ကိုယ်တစ်ယောက်တည်း လွမ်းမိုးမထားပါနဲ့။ ဒါပေမဲ့ ဘာမှမပြောဘဲနဲ့လဲ မနေပါနဲ့။
သူတို့ပြောဆိုတဲ့ အကြောင်းအရာပေါ် တစ်ခုခု ထည့်ပြောပေးပါ။ စကားအတုံ့အပြန်ဖြစ်အောင်လုပ်ပါ။
Source: TIME

Photo: Facebook Short Key

=====================

အရင်ဆုံး ကိုယ်ရဲ့ browser က ဘယ်ဟာလည်းဆိုတာ အရင်ရွေးပြီး တွဲနှိပ်ရမဲ့ရှေ့ကီးလေးတွေကို မှတ်ထားရပါမယ်။ Key stroke ဆိုတဲ့နေရာမှာ နောက်ထပ်အောက်တစ်ဆင့်မှာ ဖော်ပြထားတဲ့ key လေးတွေကို ထည့်ပြီး ရိုက်ပါနော့။

Internet Explorer for PC : Alt + [key stroke], then

Enter Firefox for PC: Shift + Alt + [key stroke]

Firefox for Mac: CMD + [key stroke]

Safari for Mac: CMD + [key stroke]

Chrome: Ctrl + Alt + [key stroke]

ပြီးရင်တော့ ဒါလေးတွေရော မှတ်ထားပေါ့ ။

/ = Search

0 = Help

1 = Home

2 = Timeline

3 = Friends

4 = Inbox

5 = Notifications

6 = Account Settings

7 = Privacy

8 = About

9 = Terms

c = comment when on a story in your News Feed

j and k = scroll between News Feed stories

l = like or unlike a selected story

m = new message အသုံးဝင်မှာပါ။

ကဲ ! ဖေ့ဘုတ်မှာ နင်ဂျာလေးလို့ ကိုယ်ဖော့ပြီး မြန်ဆန်စွာ သွားနိင်ကြပါပြီးနော်

Ref: forbes

Aung Heine ...

Photo: စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....

ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။

အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။

- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား

ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။

သေချာတာတစ်ခုက ဖုန်းရဲ့ အလွန်ကောင်းတဲ့ လုပ်ဆောင်နိင်စွမ်း မြင့်မားမူ၊ အရည်အသွေးနဲ့ ပြည့်ပြီးစုံမူတွေ စတဲ့ အရာတွေ အားလုံးဟာ ဈေးနှုန်း မြင့်မားမူ (သို့) အရည်အသွေးနဲ့ လိုက်တဲ့ ဈေးတစ်ခုမှာ ရှိနေခြင်း မှာ ချိတ်ဆက်နေပါတယ်။ ဥပမာ- တစ်ခု ပြပါရစေ။
Samsung Galaxy S5 ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ အတွင်း အစိတ်အပိုင်း ပြည့်စုံမူတွေ၊ မှာ အရည်အသွေး တစ်ခုရှိနေပါတယ်။ Samsung ရဲ့ ထုတ်လုပ်နေကြဖြစ်တဲ့ ဈေးနှုန်း သက်သာ ဖုန်း တစ်မျိုးဖြစ်တဲ့ Mini အနွယ်ဝင် Samsung Galaxy S5 Mini ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ တွေ သူအရင် S5 လိုပဲ တူညီစွာပါဝင်နေပေမဲ့လို့ ဈေးနှုန်း သက်သာမူကို ဇောင်းပေးထားတဲ့ အတွက် အတွင်း အစိတ်အပိုင်း တွေမှာ S5 နဲ့စလျှင် အနည်းငယ်လျော့ထားတာကို တွေ့နိင်ပါတယ်။ ဒါက ဈေးလျှော့ခြင်းရဲ့ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျတော်ပြောပြချင်တာက …

Operating စနစ်

Android, iOS, Window စတဲ့ Operating စနစ်တွေဟာ ယနေ့ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ အသုံးများတဲ့ စနစ်တွေ ဖြစ်ပြီး ကိုယ်က ဘယ်တစ်ခုကို သုံးဖို့ စိတ်ဝင်စားလဲဆိုတာ သေချာစေရပါမယ်။ Android OS ဆိုရင်တော့ Google က အခုနောက်ဆုံးထိထွက်ထားတာက Android 4.4 Kitkat ဖြစ်ပြီး iOS ကတော့ လက်ရှိ 7.1 ကျော်ပဲ ရရှိသေးကာ မကြာခင် iOS 8 ကို ရရှိနိင်တော့မှာပါ။ iOS 8 ကတော့ Apple ရဲ့ နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ iPhone 5s, 5c, 5, 4s, စတဲ့ ဖုန်းတွေနဲ့ အခြားသူရဲ့ တပ်ပလပ် အိုင်ပေါ့တွေမှာ ရရှိနိင်မှာပါ။

Window စနစ်ကတော့ သူတို့အားလုံးရဲ့နောက်မှာ တည်ရှိနေပါတယ်။ Window စနစ် ကိုကြည့်မယ်ဆိုရင်တော့ Nokia Lumia series ဖုန်းတွေမှာ တွေ့နိင်မှာပါ။

အတွင်း အစိတ်အပိုင်းရွေးချယ်မူ

တကယ်လို့ ဒီက သူငယ်ချင်းဟာ အမြင့်စား HD ဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင်တော့ qualcomm snapdragon 800 နဲ့ အနည်းဆုံး RAM 2GB မှာ ရှိတဲ့ ပရိုဆက်ဆာပါရှိတဲ့ ဖုန်းမျိုးကို ရွေးချယ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမူနဲ့ အင်တာနက်၊ အီးမေးလ်သုံးဖို့လောက်သာဆိုရင်တော့ Dual core processor နဲ့ 512 MB ရှိတဲ့ RAM လောက်ဆို ရပါပြီ။

အတွင်းမှတ်ဥာဏ်နဲ့ မှတ်ဥာဏ်တိုးမူ

စမတ်ဖုန်းတစ်လုံးမှာ လုံလောက်တဲ့ မှတ်ဥာဏ် အရည်အသွေး တစ်ခုရှိတာဟာ ကောင်းပါတယ်။ သူငယ်ချင်းဟာ အခြေခံ အစိတ်အပိုင်း အရည်အသွေးရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်တယ်။ ဒါပေမဲ့ မှတ်ဥာဏ် ထပ်တိုးလို့မရရင် ဘာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လုံလောက်တဲ့ ဖုန်းရဲ့ မှတ်ဥာဏ် ပမဏဟာ ဒီက သူငယ်ချင်းကို စိတ်ကျေနပ်မူကို ပေးတာထက်ပိုတဲ့ ပျော်ရွှင်မူကို ပေးနိင်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ပမာဏက ဘယ်လောက် ဖြစဟ်မလဲဆိုတဲ့ နောက်မှာ App ဘယ်လောက်များများကို အသုံးပြုမှာလဲဆိုတာ အရင်မေးရပါမယ်။ သီချင်း၊ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်များများ ထည့်ပြီး နားထောင် ကြည့်ရူချင်တာလဲဆိုတာကိုပေါ့။ အားလုံးသော စမတ်ဖုန်းတွေရဲ့ အတွင်းမှတ်ဥာဏ်ဟာ 2GB ကနေ 64GB အထိရှိတတ်ကြပါတယ်။ တစ်ခြား ကျန်တာကတော့ SD ကဒ်ကနေ တစ်ဆင့်တိုးမြင့်ကြတာပေါ့။

မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေး

ဒါကလည်း ကိုယ် အကြိုက်နဲ့ ကိုယ် ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု သိထားရဖို့ ရှိတာကတော့ ရုပ်ထွက် resolution နိမ့်တဲ့ ဖုန်းတွေဟာ HD ဗီဒီယိုတွေကို သင့်ဆီမှာ ဖွင့်လို့ မရစေနိင်ပါဘူး။ နောက်ပြီး ဒီ HD ဗီဒီယိုတွေဟာ PPI 200 အောက်ဖြစ်ပြီး ၅လက်မထက်ပိုတဲ့ ဖုန်းတွေဆီမှာ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ဒီတာ့ ဘက်ဂျက်ရယ် ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးရယ် ချိန်စေလို့ပါတယ်။ FULL HD ပြီးရင်တော့ အကောင်းဆုံးကတော့ QHD ဖြစ်ပါတယ်။

ကင်မရာ

တစ်ချို့တွေကလည်း ဖုန်းတစ်လုံး ဘယ်လောက်ကောင်းကောင်း ဖုန်းရဲ့ ကင်မရာက သိပ်ပြီး သူတို့အတွက် အားရစေမူ မရှိရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် ယနေ့တွေမှာ ဖုန်းတစ်လုံးရဲ့ ကင်မရာကို အနည်းဆုံး 5MP ဖြစ် တပ်ဆင်ပေးလာကြပါပြီ။ ဒီထက်ပိုကောင်းတာကတော့ 8MP (သို့) ဒီထက်Mega pixel ပိုတာတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ Megapixel နိမ့်တဲ့ ကင်မရာတစ်လုံးဟာ optical image stabilization (သို့) Optical zoom ပိုကောင်းနေတတ်သလို၊ Megapixel မြင့်တဲ့ ကင်မရာထက်ပိုပြီးလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီတော့ စမတ်ဖုန်းတစ်လုံးဟာ ကင်မရာ setting ပေါ်မှာ အသုံးပြုသူကို ဘယ်လောက် ထိန်းချုပ် ပြုမူစေခွင့်ပေးထားသလဲဆိုတာကို ကြည့်ရပါမယ်။
ရှပ်တာ အနှေးအမြန်၊ ISO, Aperture စသည့်ဖြင့် အားလုံးကို ကြည့်ပြီး စမ်းရပါမယ်။ ဒါမှလည်း ဘယ်ဖုန်းဟာ ဘယ်လိုကင်မရာ အားသာချက်ရှိလဲဆိုတာကို သိနိင်ပြီး သင့်စိတ်ကြိုက်နဲ့ ညီတဲ့ အကောင်းဆုံး တစ်ခုကို ရွေးနိင်ပါလိမ့်မယ်။

ဘတ်ဂျက်ကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။

ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။။။။

အောင်ဟိန်း 

ေေ ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။။။။

ေေေ အောင်ဟိန်း

Photo: ကျားအို လက်အောက် သင်မရောက်စေနှင့် 

အသက်ကြီးပြီး အစာမရှာနိုင်တော့တဲ့ ကျားတစ်ကောင် အလွယ်နည်းနဲ့ အစာရဖို့ သူစဉ်းစားတယ်။ နောက်တော့ အဖြေရှာမရလို့ ခြေကျိုး ကျားနေတဲ့ ကျားအဖြစ် ယောင်ဆောင်ပြီး လက်အောက်မှ ကျောက်ခဲထည့်ထားတဲ့ အထုတ်ကို ရွေထုတ်ဖြစ်ကြောင်း သူ့ရှေ့ဖြတ်သွားသူတိုင်းကို ပြောတယ်။ လူတစ်ယောက်ယောက်များ ရွှေကိုလိုချင်လိုငြားပေါ့။ 

အဲ့ဒီမှာ လူတစ်ယောက် သူ့ဂွင်ထဲ ရောက်လာတယ်။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေတဲ့ လူကို စွဲဆောင်ဖို့အတွက် ကျားက ခုလို စည်းရုံးတယ်။

 ' အို အသင်လူသား၊ ကျန်ုပ်တို့ကျားတို့သည် အသားစားသည်က မှန်ပေ၏။ မြတ်ဘုရားရှင် ဟောခဲ့သော တရားတော်များနှင့် ဝေးရ၍ ကျန်ုပ်ခုလို ဖြစ်ခဲ့ရသည်။ ယခု ငါတရား အားထုတ်မည်။ လူသားလည်း မစားတော့။ အသားလည်း ရှောင်သည်။ တတ်နိုင်သလောက် တရားကျင့်ကြံလို့ လူသားအကျိုးကို ဆောင်သယ်ပိုးမည်။ ယခု အကျန်ုပ်လက်အောက် က ရွှေထုတ်ကို ယူပါလေ။'

ဒါနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာ ရိုးရာလေး စာဖတ်သူတို့ လွယ်တကူ ရိတ်မိမှာပါ။ (ကလေးတောင် နားလည်မယ့် ပုံပြင်လေး တစ်ပုဒ်ပါပဲ) အညာလွယ်တဲ့ ဖြတ်လျှောက် လူသားတစ်ယောက်တော့ ကျားပါးစပ်ထဲကို ပါသွား ရှာတယ်။ 

ဒီလိုပါပဲ။ လောကီမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ တရားလမ်းမှာပဲ ဖြစ်ဖြစ် ပညာ သင်ကြား ဆည်းပူးလေ့လာတဲ့အခါ အဆုံးထိ မရောက်ပဲ တစ်ဝက်တစ်ပြတ် ဖြစ်နေတာဟာ ကိုယ့်အတွက် အန္တရာယ်များပါတယ်။ လုံးဝ မတတ်တာလည်း မဟုတ်။ အပြည့်တတ်တာလည်း မဟုတ်တော့။ မယုံတစ်ဝက် ယုံတစ်ဝက်၊ မသိ တစ်ဝက် သိတစ်ဝက်နဲ့ ရှေ့ဆက်တော့ ကိုယ့်အတွက် အနာဂတ်မှာ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် လောကုတ္တရာ မှာဆိုရင် မဂ်ဖိုလ်လမ်း မရောက်ပဲ ဈာန် သမထ လမ်းစဉ် ရောက်သွားတာမျိုးတို့ ဖြစ်ပါတယ်။ လောကီမှာ ဆိုရင်တော့ သိပ်မသိသာ ပါဘူး။ ထိပ်ဆုံးက သူလည်း မဟုတ်လို၊ အောက်က လူလည်း မဟုတ်တဲ့ နေရာမှာပါ။ အကယ်၍ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ သတိလေးသာ ကပ်မထားရင် ယင်းလူဟာလည်း ဒုက္ခရောက်နိုင်ပါတယ်။ 

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူတို့ အနေနဲ့ မိမိတို့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာနဲ့ ဘာသာရေးတို့မှာ အမြင့်နိုင်ဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစား အားထုတ်ကြဖို့ အကြံပေး ရေးသားတိုက်တွန်းလိုက်ရပါတယ်။ 

ကိုးကား ပုံပြင် - ကိုယ်ကျင့် အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ) 

အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com အသက်ကြီးပြီး အစာမရှာနိုင်တော့တဲ့ ကျားတစ်ကောင် အလွယ်နည်းနဲ့ အစာရဖို့ သူစဉ်းစားတယ်။ နောက်တော့ အဖြေရှာမရလို့ ခြေကျိုး ကျားနေတဲ့ ကျားအဖြစ် ယောင်ဆောင်ပြီး လက်အောက်မှ ကျောက်ခဲထည့်ထားတဲ့ အထုတ်ကို ရွေထုတ်ဖြစ်ကြောင်း သူ့ရှေ့ဖြတ်သွားသူတိုင်းကို ပြောတယ်။ လူတစ်ယောက်ယောက်များ ရွှေကိုလိုချင်လိုငြားပေါ့။

အဲ့ဒီမှာ လူတစ်ယောက် သူ့ဂွင်ထဲ ရောက်လာတယ်။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေတဲ့ လူကို စွဲဆောင်ဖို့အတွက် ကျားက ခုလို စည်းရုံးတယ်။

' အို အသင်လူသား၊ ကျန်ုပ်တို့ကျားတို့သည် အသားစားသည်က မှန်ပေ၏။ မြတ်ဘုရားရှင် ဟောခဲ့သော တရားတော်များနှင့် ဝေးရ၍ ကျန်ုပ်ခုလို ဖြစ်ခဲ့ရသည်။ ယခု ငါတရား အားထုတ်မည်။ လူသားလည်း မစားတော့။ အသားလည်း ရှောင်သည်။ တတ်နိုင်သလောက် တရားကျင့်ကြံလို့ လူသားအကျိုးကို ဆောင်သယ်ပိုးမည်။ ယခု အကျန်ုပ်လက်အောက် က ရွှေထုတ်ကို ယူပါလေ။'

ဒါနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာ ရိုးရာလေး စာဖတ်သူတို့ လွယ်တကူ ရိတ်မိမှာပါ။ (ကလေးတောင် နားလည်မယ့် ပုံပြင်လေး တစ်ပုဒ်ပါပဲ) အညာလွယ်တဲ့ ဖြတ်လျှောက် လူသားတစ်ယောက်တော့ ကျားပါးစပ်ထဲကို ပါသွား ရှာတယ်။

ဒီလိုပါပဲ။ လောကီမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ တရားလမ်းမှာပဲ ဖြစ်ဖြစ် ပညာ သင်ကြား ဆည်းပူးလေ့လာတဲ့အခါ အဆုံးထိ မရောက်ပဲ တစ်ဝက်တစ်ပြတ် ဖြစ်နေတာဟာ ကိုယ့်အတွက် အန္တရာယ်များပါတယ်။ လုံးဝ မတတ်တာလည်း မဟုတ်။ အပြည့်တတ်တာလည်း မဟုတ်တော့။ မယုံတစ်ဝက် ယုံတစ်ဝက်၊ မသိ တစ်ဝက် သိတစ်ဝက်နဲ့ ရှေ့ဆက်တော့ ကိုယ့်အတွက် အနာဂတ်မှာ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် လောကုတ္တရာ မှာဆိုရင် မဂ်ဖိုလ်လမ်း မရောက်ပဲ ဈာန် သမထ လမ်းစဉ် ရောက်သွားတာမျိုးတို့ ဖြစ်ပါတယ်။ လောကီမှာ ဆိုရင်တော့ သိပ်မသိသာ ပါဘူး။ ထိပ်ဆုံးက သူလည်း မဟုတ်လို၊ အောက်က လူလည်း မဟုတ်တဲ့ နေရာမှာပါ။ အကယ်၍ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ သတိလေးသာ ကပ်မထားရင် ယင်းလူဟာလည်း ဒုက္ခရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူတို့ အနေနဲ့ မိမိတို့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာနဲ့ ဘာသာရေးတို့မှာ အမြင့်နိုင်ဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစား အားထုတ်ကြဖို့ အကြံပေး ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ကိုးကား ပုံပြင် - ကိုယ်ကျင့် အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)

အောင်ခမ်း (ရိုးရာလေး)

Photo: ဆပ်ပြာမှုန့်မလိုတဲ့ စက်ရုပ်ငါးအ၀တ်လျှော်စက်

ဆပ်ပြာမှုန့်အစား စက်ရုပ်ငါးတွေ အသုံးပြုပြီး အ၀တ်လျှော်နိုင်မယ့် စက်တစ်မျိုးကို ကိုရီးယား ဒီဇိုင်နာတစ်ဦးက တီထွင်ခဲ့ပါတယ်။  လျှော်မယ့် အ၀တ်အစားက အညစ်အကြေးတွေကို ရှာဖွေဖို့ စက်ရုပ်ငါးတွေမှာ အသေးစား ကင်မရာတစ်လုံး တပ်ဆင်ပေးထားပြီး အ၀တ်အစားထဲက အညစ်ကြေးမှုန်တွေကို စက်ရုပ်ငါးတွေ စုပ်ထုတ်ကြမှာဖြစ်ပါတယ်။ အဲဒီအ၀တ်လျှော်စက်ကို Pecera လို့ ခေါ်ပါတယ်။

ဒီစက်ကို ဖန်တီးဖို့ အတွေးရခဲ့တာကတော့ ငါးဆရာဝန်တွေကြောင့်ပါပဲ။ ငါးဆရာဝန်ဆိုတာ ခြေထောက်က ဆဲလ်သေတွေကို ကိုက်ပြီးဖယ်ရှားပေးတဲ့ငါးတွေကို ပြောတာပါ။  တီထွင်သူ ချန်ယွတ်ဂျွန်းက Pecera စက်တွေကို သာမန်အ၀တ်လျှော်စက် ဈေးနှုန်းနီးပါး ရောင်းချနိုင်ဖို့
ကြိုးပမ်းသွားမယ်လို့  ပြောခဲ့ပြီး Peceraစက် အသုံးပြုမှု တွင်ကျယ်လာရင် ဆပ်ပြာမှုန့်ကြောင့် ဖြစ်ရတဲ့ ရေဓာတ်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့  ရှင်းပြသွားပါတယ်။ Pecera စက်ဟာ  ၂၀၁၄ခုနှစ် ကမ္ဘာ့ဒီဇိုင်းသစ် တီထွင်ဖန်တီးမှု ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆွီဒင်အခြေစိုက် Electrolux ကုမ္ပဏီက ရွေးချယ်ထားတဲ့ ဖန်တီးမှု ၁၀၀ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

@z (ရိုးရာလေး)
RefDaily Mail
www.yoyarlay.com ဆပ်ပြာမှုန့်အစား စက်ရုပ်ငါးတွေ အသုံးပြုပြီး အ၀တ်လျှော်နိုင်မယ့် စက်တစ်မျိုးကို ကိုရီးယား ဒီဇိုင်နာတစ်ဦးက တီထွင်ခဲ့ပါတယ်။ လျှော်မယ့် အ၀တ်အစားက အညစ်အကြေးတွေကို ရှာဖွေဖို့ စက်ရုပ်ငါးတွေမှာ အသေးစား ကင်မရာတစ်လုံး တပ်ဆင်ပေးထားပြီး အ၀တ်အစားထဲက အညစ်ကြေးမှုန်တွေကို စက်ရုပ်ငါးတွေ စုပ်ထုတ်ကြမှာဖြစ်ပါတယ်။ အဲဒီအ၀တ်လျှော်စက်ကို Pecera လို့ ခေါ်ပါတယ်။

ဒီစက်ကို ဖန်တီးဖို့ အတွေးရခဲ့တာကတော့ ငါးဆရာဝန်တွေကြောင့်ပါပဲ။ ငါးဆရာဝန်ဆိုတာ ခြေထောက်က ဆဲလ်သေတွေကို ကိုက်ပြီးဖယ်ရှားပေးတဲ့ငါးတွေကို ပြောတာပါ။ တီထွင်သူ ချန်ယွတ်ဂျွန်းက Pecera စက်တွေကို သာမန်အ၀တ်လျှော်စက် ဈေးနှုန်းနီးပါး ရောင်းချနိုင်ဖို့
ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပြီး Peceraစက် အသုံးပြုမှု တွင်ကျယ်လာရင် ဆပ်ပြာမှုန့်ကြောင့် ဖြစ်ရတဲ့ ရေဓာတ်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ရှင်းပြသွားပါတယ်။ Pecera စက်ဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဒီဇိုင်းသစ် တီထွင်ဖန်တီးမှု ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆွီဒင်အခြေစိုက် Electrolux ကုမ္ပဏီက ရွေးချယ်ထားတဲ့ ဖန်တီးမှု ၁၀၀ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

@z (ရိုးရာလေး)
RefDaily Mail

တစ်ခါတလေမှာတော့ အဖေနဲ့အမေက သူတို့ရဲ့လမ်းညွှန်မှုတွေ၊ ဘဝသင်ခန်းစာတွေ၊ လူရှေ့မှာချစ်ခင်မှုပြသတာတွေ ဒါမှာမဟုတ်အရိုးရှင်းဆုံးအနေနဲ့ သူတို့ရဲ့တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ချစ်ခြင်းကို ဘယ်လိုမျိုးပဲပြပြ မိဘတွေက သူတို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးဆိုတာကို အမြဲအလိုရှိကြတယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရပါဘူး။ ဒါပေမယ့် အရာရာတိုင်းမှာတော့ ခြွင်းချက်တွေရှိတတ်တာဖြစ်ပြီး အုပ်ထိန်းမှုကို မှားယွင်းစွာလုပ်ဆောင်နေတဲ့ မိဘတွေရှိပါတယ်။ ကိုယ့်ကလေးတွေကို ငယ်ရွယ်တုန်း ဘယ်အရာမဆိုလုပ်ဖို့ခွင့်ပြုတာက ကလေးရဲ့ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်။ အခုဖေါ်ပြမှာကတော့ သူတို့ကိုယ်သူတို့ ဟုတ်နေမှန်နေပြီလို့ ယူဆနေကြတဲ့ ကမ္ဘာ့အဆိုးဝါးဆုံးမိဘတွေထဲကအချို့ဖြစ်ပါတယ်။
၁။ ၇နှစ်အရွယ်သမီးကို ရင်သားပစ္စည်းထည့်သွင်းခွဲစိပ်နိုင်ဖို့ ဒေါ်လာ ၁၀၀၀၀ တန်ဘောက်ချာ လက်ဆောင်ပေးခဲ့တဲ့ မိခင်

ဒါဟာ ၇ နှစ်သမီးကိုတော့ ခွဲစိပ်တာမဟုတ်ပါဘူး ဒါပေမယ့် မိခင်ဖြစ်သူဟာသူမရဲ့ ၇နှစ်အရွယ်သမီးဖြစ်သူ ရင်သားကြီးထွားစေရေးခွဲစိပ်မှုအတွက် ဒေါ်လာ ၁၀၀၀၀ တန်ဘောက်ချာ လက်ဆောင်ပေးခဲ့ပါတယ်။
Sarah Burge ကသူမကိုယ်သူမ လူသားဘာဘီအဖြစ်ကြေငြာခဲ့ပြီး အလှအပပိုင်းဆိုင်ရာခွဲစိပ်မှုတွေမှာ ဒေါ်လာရာ၊ ထောင်ပေါင်းများစွာသုံးခဲ့တဲ့အတွက် အဓိကနာမည်ကြီးတာဖြစ်ပါတယ်။
သူမရဲ့ ၇နှစ်သမီးက သူမအသက် ၁၆ နှစ်ပြည့်တဲ့အခါ ရင်သားခွဲစိပ်မှုပြုလုပ်ချင်တယ်လို့ တောင်းဆိုခဲ့တယ်လို့ အဆိုပါအမျိုးသမီးကပြောခဲ့ပါတယ်။ တကယ်လို့သူ့သမီးမှာ သဘာဝအတိုင်းကြီးလာတဲ့ ရင်သားတွေရှိတယ်ဆိုရင် အခြားပလပ်စတစ်ဆာဂျရီတွေလုပ်ဖို့ ဒီ ချက်လက်မှတ်ကို အသုံးပြုနိုင်ပါတယ်လို့ သူမကပြောခဲ့ပါတယ်။ ဒါ့အပြင် သူမက သမီးဖြစ်သူကို တိုင်ပတ်တဲ့အက သင်ပေးခဲ့ပါတယ်။
၂။ မွေးစားသားကို ရုရှားပြန်ပို့ခဲ့တဲ့ မိခင်

အမေရိကန်နိုင်ငံ တန်နက်ဆီကအမျိုးသမီးတစ်ယောက်ကမွေးစားခဲ့တဲ့ ၇နှစ်သားကောင်လေးကို မော်စကိုအပြန်လေယဉ်ခရီးစဉ်မှာ တစ်ယောက်ထဲပြန်ပို့လိုက်အပြီးမှာ အမေရိကန်မိသားစုတွေ ကလေးမွေးစားတာကိုရပ်တန့်ဖို့ ရုရှားက သတိပေးခဲ့ပါတယ်။ ကောင်လေးက သူဟာအကြမ်းဖက်တတ်ပြီး စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိတယ်လို့ရေးထားတဲ့ စာတစ်ဆောင်နဲ့ပြန်လာတာဖြစ်ပါတယ်။ ၇နှစ်သား Artyom Savelev ကို သူ့မွေးစားအဖွားဖြစ်သူက လေယဉ်ပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်။ တန်နက်ဆီက အာဏာပိုင်တွေကတော့ မွေးစားအမေဖြစ်သူကို စုံစမ်းစစ်ဆေးနေခဲ့ပါတယ်။ မွေးစားအမေရဲ့အဆိုအရ ကလေးက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိ၊ အကြမ်းဖက်တတ်ပြီး ပြင်းထန်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြသနာတွေရှိတယ်လို့သိရပတယ်။ သူတို့မိသားဟုဟာ မော်စကိုလေဆိပ်ကနေကောင်လေးကိုခေါ်ယူပြီး ရုရှားပညာရေးနဲ့သိပ္ပံဝန်ကြီးဌာနကိုပို့ဖို့ လူတစ်ယောက်ကို ဒေါ်လာ ၂၀၀ ပေးခဲ့ပါတယ်။ မွေးစားမိခင်က သူမက လေယဉ်ပျံသန်းနေတုန်း လေယဉ်မယ်တစ်ယောက်နဲ့ Artyom ကိုကြည့်ရှုဖို့ နဲ့ ဂုဏ်သိက္ခာရှိတဲ့လူကောင်းတစ်ဦးကို ရုရှားမှာလာကြိုဖို့အတွက်တောင်းဆိုခဲ့တဲ့အတွက် ဒါဟာကလေးစွန့်ပစ်မှုမဟုတ်ကြောင်းပြောပါတယ်။
၃။ ရှစ်နှစ်သမီးကို ပိုပြီးလှအောင်ဆိုပြီး Botox ဆေးထိုးပေးတဲ့မိခင်

အမေရိကရဲ့တောင်ပိုင်းပြည်နယ်တွေက အလှမယ်မိခင်တွေကသူတို့ရဲ့သမီးငယ်တွေကို ဖယောင်းသုံးအမွေးနှုတ်ခြင်း၊  နေလောင်ခံထားတဲ့ အသားအရေပုံပေါက်အောင် လိမ်းဆေးများလိမ်းခြင်း၊ မိတ်ကပ်တန်ပေါင်းများစွာလိမ်းချယ်ခြင်းစတဲ့ ရူးကြောင်ကြောင်အလုပ်တွေလုပ်တတ်ကြတဲ့ အတွက်နည်မည်ကြီးပါတယ်။ ကာလီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုက ဗြိတိသျှမိခင်တစ်ဦးက သူမရဲ့ ၈ နှစ်သမီးရဲ့ ပါးရေအတွန့်တွေပျောက်ဖို့ဆိုပြီး Botox ဆေးထိုးသွင်းခဲ့ပါတယ်။ သူမကတော့ ကလေးအလှမယ်တွေရဲ့ ဆိုးဆိုးဝါးဝါးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လောကထဲ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် သမီးဖြစ်သူ Britney ကိုကူညီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ကလေးမလေးက မိခင်ဖြစ်သူ သူမမျက်နှာကိုပထမဆုံးအကြိမ် Botox အထိုးခံရတုန်းက ငိုကျွေးခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ သူမရဲ့သမီးဟာ ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်စေတဲ့ bacterial botulinum toxin ထိုးသွင်းမှုတွေနဲ့ ကျင့်သားရနေပြီလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိခင်ဖြစ်သူက ဒီဇာတ်လမ်းက သတင်းမှားတစ်ခုဖြစ်ပြီး ဗြိတိသျှသတင်းစာ The Sun ကဒီသတင်းမှားကိုဖန်တီးဖို့ သူမကိုငွေပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ မှန်မှန်မမှန်မှန် မိခင်တွေက သူတိုရဲ့ကလေးအသက်နဲ့မလိုက်အောင် အလှအပရေးဆိုင်ရာနည်းစနစ်တွေသုံးပြီး ဒုက္ခပေးနေတတ်တဲ့ ဒီလိုအဖြစ်အပျက်မျိုးကကမ္ဘာကြီးကို မကြာခဏလှုပ်ခါနေကျပါ။
၎။ ငွေမပေးချေရသေးတဲ့ကားအတွက် သမီးကိုလိင်ဆက်ဆံခိုင်းတဲ့ မိဘနှစ်ဦး

မိဘနှစ်ဦးက သူတို့ရဲ့ တစ်ပတ်ရစ် မီနီဗန်ကားအတွက် ငွေအကျေဖြစ်ဖို့ သူတို့ရဲ့ ၁၄ နှစ်သမီးကို လူတစ်ယောက်နဲ့လိင်ဆက်ဆံခိုင်းခဲ့ပါတယ်။ အဲဒီ့မိဘနှစ်ဦးက သူတို့ဘယ်တုန်းကမှ သမီးကိုအလွဲသုံးစော်ကားခဲ့တာမျိုးမလုပ်ခဲ့ပေမယ့် ဒီလိုရည်ရွယ်ချက်နဲ့ သူမကို လိင်ဆက်ဆံဖို့ တိုက်တွန်းဖူးပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူတို့ကို ထောင်ဒဏ် ၆ လနဲ့ အာဏာပိုင်အရာရှိနဲ့ပုံမှန်တွေဆုံပြီး ငြိမ်းချမ်းစွာနေထိုင်ခွင် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီ့မိဘနှစ်ဦးဟာ သူတို့ဝယ်ယူခဲ့တဲ့ ၁၉၉၈ Dodge Caravan ကားအတွက် လစဉ်ကြေး ၂၈၁ ဒေါ်လာကိုပေးချေစရာမလိုတော့အောင် Eastman မှာရှိတဲ့ Shorty’s Used Cars ကားအရောင်းအဝယ်လုပ်ငန်းရဲ့ မန်နေဂျာ Bearden ကိုသူတို့သမီးနဲ့လိင်ဆက်ဆံခွင့်ပေးခဲ့တာဖြစ်ပါတယ်။
၅။ ကလေးငယ်ကို ကားရပ်နားရာနေရာမှာ မေ့ကျန်ခဲ့တဲ့ မိဘတွေ

ဒေါသတကြီးရန်ဖြစ်နေကြတဲ့ လင်မယားနှစ်ဦးဟာ သူတို့ကားရပ်နားနေရာကနေ တစ်ယောက်တစ်လမ်းစီစွန့်ခွာသွားပြီး သူတို့ရဲ့ ၈ နှစ်အရွယ်ကလေးငယ်ကို မေ့ကျန်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူအိမ်ပြန်ရောက်ပြီး သူမရဲ့လင်ယောကျာ်းမှာလဲကလေးမပါသွားဘူးဆိုတာသိခဲ့တဲ့အချိန်ထိတော့ မဟုတ်ပါဘူး။ နေရောင်အောက်က ပူပြင်းတဲ့ကွန်ကရစ်ပေါ်မှာထိုင်နေတာကိုတွေ့ရတယ်လို့ ကလေးကိုတွန်းလှည်းထဲမှာတွေ့ခဲ့တဲ့လူက ပြောပါတယ်။ ဒါကမတော်တဆမှုလို့ပြောနေတဲ့ မိဘတွေကို ရဲကဖမ်းဆီးခဲ့ပါတယ်။

Ref:trendingpost.net

ေေေေေေ

ရေနဂါး (Seahorse) တို့ရဲ့ ချစ်ခြင်း

Seahorse လို့ခေါ်တဲ့ ပင်လယ်မြင်း/ ရေနဂါး အစရှိသဖြင့် အမျိုးမျိုး သိကြတဲ့ ရေအောက် သတ္တဝါကို သိကြမှာပါ။ အချို့က သူတို့ကို ရေနဂါးလို့ မခေါ်ပဲ ပင်လယ်မြင်းလို့ ခေါ်ပါတယ်။ အသွင်အပြင် အားဖြင့် လှပသည့် အပင် သူ့မှာ ချစ်စဖွယ် အလေ့အထ တစ်ခုလည်း ရှိပါတယ်။ ၎င်းကတော့ သူတို့ရဲ့ ချစ်ခြင်း ဖြစ်ပါတယ်။
Seahorse အထီးနဲ့ အမ တို့ဟာ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင် ကို ရွေးချယ်ပြီးရင် နောက်ထပ် ဘယ် Seahorse နဲ့မှ ထပ်မတွဲတော့ ပါဘူး။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ် နေထိုင်ကြခြင်း ဖြစ် ပါတယ်။ အမြဲတမ်း တစ်တွဲတွဲလည်း နေထိုင်ပါတယ်။ နေရာ ဒေသ တစ်ခုကနေ တစ်ခုသို့ ပြောင်းရွှေ့တဲ့ အခါမှာဆိုရင်လည်း တစ်ကောင်နဲ့ တစ်ကောင် အမြီး ချင်း ချိတ်လို့ သွားလာတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ယင်း ရေနဂါး အရုပ်လေးများဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ကမ္ဘာ့ နိုင်ငံအတော်များများမှာ လက်ဆောင် အဖြစ် ပြုလုပ် ပေးလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ရိုးရာလေး

ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက်မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကုတ်အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။

အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။

တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကုတ်ကြောင့်၊ တစ်ချို့က လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။

ဘယ်အရာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများလိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ရမှာပါ။

ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာတို့နဲ့လည်း မတည့်ပါဘူး။

၎။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့်ပါဘူး။

၆။ ပါရာစီတမောကို (အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရောမသောက်သော်လည်းပဲ) အလွန်အကျွံ သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောနဲ့ ပတ်သက်ပြီး လေ့လာဖတ်မိသမျှကို ဇီဝိတဒါနအဖြစ် လူအများ သတိထားနိုင်ကြစေရန် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။

Credit : စောနွဲ့ နေဆိုင် (ပူတာအို)

 ကျန်းမာရေးမှာ အရေးပါတဲ့ Nucleic Acids

အိုမင်းရင့်ရော်ခြင်းရဲ့ ပွန်းစား ပျက်စီး မှုကြောင့် ခန္ဓာကိုယ်တွင်း Nucleic Acids သိုလှောင် ထားခြင်းမှာ ကုန်ခန်းသွား ရပါတယ်။ Nucleic Acids တွေဆိုတာက ဆဲလ်များရဲ့ ဒီအင်န်အေ (DNA) နှင့် အာရ်အင်န် အေ (RNA) တည်ဆောက်ရာမှာ အခြေခံအုတ်မြစ်တွေပဲ ဖြစ်တယ်။ ခန္ဓာကိုယ်ကို ယင်းအာဟာရဓာတ် ပစ္စည်းများ ဖြည့်တင်းပေးခြင်းက အိုမင်း ရင့်ရော်ခြင်းနည်းစဉ်ကို နှေးကွေး စေနိုင်ပါတယ်။
တိရစ္ဆာန်များမှာ လေ့လာမှုများနှင့် လူများအပေါ် စောင့်ကြည့်လေ့လာတဲ့ ဆေးခန်းတွင် လေ့လာမှုတချို့မှာ လူ့သက်တမ်း ပိုရှည်စေကြောင်းနှင့် အခြားကျန်းမာ ရေးအရည်အသွေးဆိုင်ရာ တိုင်းတာ ချက်များ (ဥပမာ-စွမ်းအင်တိုးတက် လာခြင်း၊ အသားအရေ ပိုကျန်းမာ လာခြင်းနှင့် အသက်အရွယ်ကြောင့် ပေါ်ပေါက်တဲ့ အကွက်၊ အစက်များ အဖြစ်နည်း လာခြင်း) မှာ အလားအလာ ကောင်းကြောင်း ပြသထား တာရှိပါတယ်။
ဒါ့ကြောင့် Nucleic Acids ကြယ်ဝစွာပါရှိတဲ့ ဆာဒင်းငါး (ငါးသေတ္တာငါး)၊ မှို၊ ကညွတ်၊ ဂျုံစေ့အညှောက်၊ ဆယ်လ်မွန်ငါးနှင့် ဟင်းနုနယ်များကို စားနိုင်ပါတယ်။ ဒါမှမဟုတ် ယင်းအာဟာရဓာတ် များကို ဖြည့်စွက်စာ အသွင်အနေနှင့် စားနိုင်ပါတယ်။
  Health Digest
 ရိုးရာလေး

၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း

၂။ မနက်တွင် ဆီးမသွားခြင်း

၃။ အစား အလွန်အကျွံစားခြင်း

၎။ မနက်စာ မစားပဲနေခြင်း

၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)

၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း

၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း

၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း

၉။ အရက်သောက်သုံးခြင်း

အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။

Credit: (ရိုးရာလေး)

တစ်ခါတော့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အရမ်းကို ချစ်ကြသတဲ့။ကောင်လေးကလဲ ရုပ်ရည်ချောမောတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ကောင်မလေးကလဲ အလှပဂေးလေးတစ်ယောက်ပေါ့။

သူတို့နှစ်ယောက်ဟာ မြင်မြင်ခြင်းဆိုသလို နှစ်ဦးသားရင်ခုန်မြန်လာကြပြီးတော့ ချစ်သွားကြတယ်ဆိုပါတော့။သူငယ်ချင်းတွေ မိဘတွေက စဉ်းစားကြဥိးလို့ ပြောနေတဲ့ကြားထဲက သူတို့နှစ်ယောက်လုံးက " ငါတို့ အချစ်ကို ယုံကြည်တယ်။ငါတို့ ရဲ့ အချစ်တွေက ငါတို့လျှောက်ရမယ့် လမ်းကို ဖြောင့်ဖြူးစေမယ် " လို့ပြောကြတယ်။သိပ်မကြာပါဘူး သူတို့လက်ထပ်လိုက်ကြတယ်။

လပ်ထပ်ပြီး လတွေကြာတာတောင်မှ သူတို့ဟာ စတွေ့တုန်းကလို ချစ်ချစ်ခင်ခင်နဲ့ အနားက လူတွေကတောင်မှ အတော်ချစ်တဲ့ လင်မယားလို့ ပြောခဲ့ကြပါတယ်။
ဒီလိုနဲ့ လပ်ထပ်ပြီး ၃ လလောက်ကြာတဲ့အခါမှာတော့

သူတို့ စတွေ့တုန်းကလို တစ်ယောက်နဲ့ တစ်ယောက်ရင်မခုန်ကြတော့ဘူး။ရင်ထဲမှာလဲ ဘယ်လိုမှ မထူးဆန်းသလို ဖြစ်လာတယ်။အပြောအဆိုတွေ စကားသံတွေကအစ တစ်ယောက်နဲ့ တစ်ယောက် ဘ၀င်မကျဖြစ်လာတယ်။

နောက်တော့ သူတို့နှစ်ယောက်ကွဲသွားတယ်။ကွဲသွားတဲ့ အကြောင်းကတော့ ကောင်လေးက " ငါ့မှာ မင်းနဲ့ စတွေ့တဲ့အချိန်တုန်းကလို ရင်ခုန်မြန်စေတဲ့ လူနောက်တစ်ယောက် ရှိနေပြီ "တဲ့

ကောင်မလေးက အသဲကွဲပြီး ကြံရာမရနဲ့ နောက်ဆုံး စိတ်ဖြေသိမ့်ပေးတဲ့ စိတ်ပညာရှင်ဆီရောက်သွားတယ်။သူ့အကြောင်းကို ပြေပြတယ်။ သူဘာမှားနေလဲပေါ့။

စိတ်ပညာရှင်ကတော့ " မင်းလဲမမှားဘူး သူလဲမမှားဘူး မှားတာက နှစ်ယောက်လုံးမှားတာ မင်းတို့နှစ်ယောက်က အချစ်ကို အိမ်ထောင်ရေးနဲ့မှားမြင်မိလို့ပဲ

မှတ်ထား အချစ်ဆိုတာ အိမ်ထောင်ကျပြီး သိပ်မကြာခင် ပျောက်ကွယ်သွားတတ်တယ်။ ကျန်ခဲ့တာက သံယောဇဉ်နဲ့ တာဝန်ယူတတ်မှုတို့ပဲ။ဒီဟာနှစ်ခုနဲ့ အိမ်ထောင်ရေးဆိုတဲ့ ယဉ်ကြီးကို တစ်ဘ၀လုံး ရှေ့ဆက်ရမှာဖြစ်တယ်

အချစ်ဆိုတာ ပြန်ပေါ်လာနိုင်တယ်။ တခြားလူတစ်ဦးတစ်ယောက်ဆီမှာပဲ ဖြစ်ဖြစ်ပေါ့။ဒါပေမယ့် အဲဒိနောက်မှ ပေါါ်လာတဲ့အချစ်ကို တာဝန်ယူတတ်မှ တစ်နည်းပြောရရင် အရှေ့က အချစ်အတွက် တာဝန်ယူတဲ့ စိတ်နဲ့ ရှောင်ရှားရမှာဖြစ်တယ် "

အခုမှတော့ အချစ်ကို ရှေ့တန်းတင်တဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အခြေအနေဟာ ပြန်လှည့်လို့ မရနိုင်တဲ့ အထိဖြစ်သွားခဲ့ရပြီပေါ့။

Credit : မောင်စိုင်း

အာဖရိက အမျိုးသမီးငယ် (၄) ယောက်က ဓာတ်ဆီလောင်စာအနေနဲ့ သေးရည် (၁) လီတာသာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (၆) နာရီကြာ ထုတ်လုပ်ပေးတဲ့ မီးစက်ကို တီထွင်ခဲ့ပါတယ်။
 အသက် (၁၄)နှစ် ရှိပြီဖြစ်တဲ့ Duro-Aina Adebola ၊ Akindele Abiola ၊ Faleke Oluwatoyin နဲ့ အသက် (၁၅)နှစ်ဖြစ်တဲ့  Bello Eniola  တို့ လေး ယောက်ဟာ အဲ့ဒီမီးစက်ကို Nigeria နိုင်ငံ Lagos က Maker Faire မှာ ပြသခဲ့ကြပါတယ်။
သူတို့လေးယောက် တီထွင်ခဲ့တဲ့ ဒီသေးရည်စွမ်းအင်သုံး မီးစက်က ဘယ်လိုပုံစံနဲ့ လည်ပတ် အလုပ်လုပ်သလဲ ကြည့်ကြရအောင်။
  • သေးရည်ကို ဟိုက်ဒရိုဂျင် သပ်သပ်ခွဲခြား ဖယ်ထုတ်ပေးတဲ့ လျှပ်စစ်သံလိုက်ဆဲလ်ထဲကို ထည့်ရပါတယ်။
  • ၎င်းဟိုက်ဒရိုဂျင် သန့်စင်စေဖို့ ဂက်စ်စလင်ဒါထဲ ရောက်အောင် တွန်းပို့ပေးတဲ့ ရေစစ်တစ်ခုကို ဖြတ်သွားပါတယ်။
  • ၎င်းဂက်စ်စလင်ဒါက ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို စိုစွတ်မှုမရှိ ကင်းအောင် လုပ်ပေးတဲ့ ဘူးရပ်စ်အရည်ထည့်ထားတဲ့ စလင်ဒါတစ်ခုထဲကို ရောက်အောင်ပို့ပေးပါတယ်။
  • အဲ့ဒီသန့်စင်ထားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို မီးစက်ဆီသို့ ဆက်သွယ်ပေးထားပါတယ်။
သူတို့ရဲ့ တီထွင်ဖန်းတီးမှုတွေနဲ့ တခြားသော လက်တွေ့ကျတဲ့ တီထွင်ကြံဆမှုများကို ပြသဖို့ သူတို့ဟာ Lagos ကို လာရောက်ခဲ့ကြတာပါ။ ဒီ Maker Faire မှာ ကိုယ့်စမ်းသပ်တီထွင်မှုတွေကို လာရောက်ပြသကြသူတွေ ထောင်နဲ့ချီ ရှိတယ်လို့ သိရပြီး Maker Faire ဟာ အာဖရိကတိုက်တစ်ခုလုံးမှာလည်း လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်တဲ့။
Source: jewsnews.co.il

ဒေါသက သင့်ရဲ့လူမူရေး၊ ဘဝတစ်ခုလုံးကို ဖျက်ဆီးနိုင်ပါတယ်။ သင်စိတ်ဆိုးနေတဲ့အချိန်မှာ အမှားတွေကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ စိတ်တည်ငြိမ်အောင် ကြိုးစား ဖို့ပဲဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ရှောင်ရှားခြင်းက သင့်ရဲ့ဒေါသကြောင့် ထိခိုက်နစ်နာမှု မရှိရအောင် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
၁။ သင့်ရဲ့ဒေါသမီးအကြောင်းကို လူမူမီဒီယာတွေမှာ ပို့စ်လုပ်ခြင်း
လူတချို့က သူတို့ရဲ့စိတ်ဆိုးစိတ်တိုခြင်းအတွက် ထွက်ပေါက်အနေနဲ့ လူမူမီဒီယာတွေကို အသုံးပြုတတ်ကြပါတယ်။ သတိထားရမှာပဲဖြစ်ပါတယ်။ စိတ်ဆိုးနေတဲ့ အကြောင်းရင်းတွေဖြစ်ဖြစ် ကိုယ်ဒေါသထွက်တဲ့အကြောင်းပဲဖြစ်ဖြစ် လူမူကွန်ယက်မှာ ထည့်ပြီး ပို့စ်မလုပ်သင့်ပါဘူး။ မကောင်းတဲ့အမြင်တွေနဲ့ လူမူကွန်ယက်မှာ နာမည်ကြီးဖို့ ကြိုးစားတာနဲ့အတူတူပဲဖြစ်ပါတယ်။
၂။ ဆုံးဖြတ်ချက်ချခြင်း
ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချဖို့ ကောင်းမွန်တဲ့ အခြေအနေတစ်ခု လိုအပ်ပါတယ်။ ဒေါသထွက်ရင် ဆုံးဖြတ်ချက်မချပါနဲ့။ စိတ်တည်ငြိမ်တဲ့ အချိန်ထိ စောင့်ဆိုင်းပါ။ သင့်ရဲ့ခံစားချက်နဲ့ သင့်ဘဝရဲ့တာဝန်တွေကြား စည်းခြားထားပါ။
၃။ ဒေါသကြောင့် အခြားလူကို ထိခိုက်စေခြင်း
သင်သတိထားမိချင်မှ ထားမိမယ်။ ဒါပေမယ့် သင့်ဒေါသကြောင့် မဆိုင်တဲ့သူတွေ ထိခိုက်သွားတတ်ပါတယ်။ သင့်ရဲ့ နှုတ်ခမ်းမှ နားထောင်မကောင်းတဲ့ စကားလုံးတွေကြောင့် တဖက်လူစိတ်အနှောင့်အယှက်ဖြစ်သွားတာတွေ တစ်ဖက်လူ အလုပ်မလုပ်နိုင်အောင် ပွစိပွစိလုပ်တာတွေဟာ သင့်ရဲ့တန်ဖိုးကို သင်ကိုယ်တိုင်လျော့ချလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုးရွားတဲ့နေ့တစ်နေ့ကို ပုံမှန်နေ့တွေထက် ပိုကောင်းမွန်အောင် ဖန်တီးဖို့ကြိုးစားပါ။
၎။ ကားမောင်းခြင်း
သင် စိတ်လှုပ်ရှားပြီး ဒေါသထွက်နေတဲ့အချိန်မှာ ကားမမောင်းသင့်ပါဘူး။ ကားမောင်းနေရင်းနဲ့မှ ဒေါသထွက်တယ်ဆိုရင်တော့ ခဏစက်ပိတ်ထားပြီး ရပ်လိုက်ပါ။ မျက်ရည်ကျရင်း ကားမောင်းနေတယ်ဆိုရင် လမ်းသေချာမမြင်ရတဲ့အတွက် အသက်အန္တရာယ်ထိ ထိခိုက်စေနိုင်ပါတယ်။
၅။ တွေ့တဲ့သူတိုင်း ရင်ဖွင့်တတ်ခြင်း
သင်တကယ် ယုံကြည်စိတ်ချရတဲ့သူ မဟုတ်ရင် သင့်ရဲ့ဒေါသထွက်ရတဲ့အကြောင်းရင်းတွေကို ရင်ဖွင့်ခြင်း မလုပ်သင့်ပါဘူး။ သူငယ်ချင်းကောင်းက အကြံကောင်းပေးပြီးတော့ ယုံကြည်စိတ်ချရတဲ့သူမဟုတ်ရင် အတင်းပြောတတ်ပါတယ်။ သင့်ရဲ့ကျော်ကြားမှုဟာ သင့်ကို ခွန်အားပေးတဲ့အရာပဲ ဖြစ်စေသင့်ပါတယ်။
၆။ မကောင်းတဲ့အကျင့်ဆိုးဘက်ကို ဦးတည်ခြင်း
လူငယ်အများစုဟာ စိတ်ဆိုးပြီဆိုရင် အရက်သောက်တဲ့အကျင့်တွေ ရှိကြပါတယ်။ အဲဒါမှ ပိုပြီး ပြသနာကကြီးလာနိုင်ပါတယ်။ ဒေါသထွက်လို့ ကုန်သွားတဲ့အားအင်တွေကို ပြန်ဖြည့်ပေးဖို့ ကျန်းမာတဲ့ ခန္ဓာကိုယ်လိုအပ်ပါတယ်။ အရက်သောက်ရမယ့်အစား ချွေထွက်စေတဲ့အားကစား ပိုပြီးလုပ်သင့်ပါတယ်။ အရာရာဟာ အကောင်းဘက်ကနေ ကိုင်တွယ်ဖြေရှင်းတတ်မယ်ဆိုရင် ကိုယ့်အတွက် ဆိုးကျိုးဆိုတာ နည်းသထက် နည်းလာမှာပဲ ဖြစ်ပါတယ်။
၇။ အခြားလူတွေနဲ့ စကားပြောခြင်း
ဒေါသထွက်နေတဲ့သူဆီကနေ ဘယ်တော့မှ ချိုသာတဲ့ စကားတွေ ထွက်လာလေ့မရှိပါဘူး။ လူတွေနဲ့ ဆက်ဆံခြင်းကို ခဏရပ်လိုက်ပါ။ အချိန်ယူပြီး စိတ်တည်ငြိမ်ဖို့ ကြိုးစားပါ။

Ref:womanitely.com

စားသောက်ဆိုင်တစ်ခုကို သွားပြီး အောက်ပါ အကောင်တွေကို တွေ့မိရင် ဘယ်အကောင်က သင့်ကို ထမင်းစားချင်စိတ် လျော့သွားစေမယ်လို့ ထင်သလဲ။
  • ကိုက်ဖြတ်တတ်တဲ့ အကောင် ( ကြွက်၊ ယုန် စသည်)
  • ပိုးဟပ်
  • ယင်ကောင်
  • ပုရွတ်ဆိတ်
  • မြွေ (သို့) တောက်တဲ့
Pest-control company Orkin ကနေ မေးမြန်းခဲ့တဲ့ လူအယောက် (၃၀၀) ထဲက (၆၁%) ရာခိုင်နှုန်းက ပိုးဟပ်ကို ကိုယ်စားမယ့် အစားအစာပေါ် မြင်ရင် ထမင်းမစားတော့ဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ၃%ရာခိုင်နှုန်းကသာ ယင်ကောင်ကိုမြင်ရင် ထမင်းမစားတော့ဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
စားသောက်ဆိုင်မှာ ထမင်းစားနေကျ ဖောက်သည် အများစုကတော့ အိမ်ထဲက ယင်ကောင်တွေဟာ ပိုးဟပ်တွေထက် နှစ်ဆ ညစ်ပတ်ပေရေတယ်ဆိုတာ သိချင်မှသိပါလိမ့်မယ်။ လူတိုင်းလူတိုင်းမှာ ယင်ကောင်ကြောင့်ဖြစ်စေတဲ့ ကျန်းမာရေး ချိန်းခြောက်မှု အန္တရာယ်ရဲ့ ကြီးမားမှုကို သိရှိဖို့ အရေးကြီးပါတယ်။ ဒါမှသာလျှင် အန္တရာယ်များတဲ့ ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ကူးဆက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ယင်ကောင်တွေက လူတစ်ဦးကနေနောက်တစ်ဦးသို့ ကူးစက်နိုင်တဲ့ ရောဂါတွေကို အလွယ်တကူ သယ်ဆောင် တတ်ကြတယ်။ ယင်ကောင်အမတွေက မစင်၊ အမိုက်သရိုက်တွေနဲ့ အသေကောင်အပုပ်အပွစတဲ့ ဆွေးမြေ့နေတဲ့ အရာတွေပေါ် ဥဥတဲ့အချိန်မှာ ၎င်းတို့ရဲ့ ခြေချောင်းတွေအပေါ်နဲ့ ပါးစပ်တွေမှာ ရောဂါဖြစ်စေတဲ့ အရာတွေကို စုယူထားသလိုဖြစ်နေပါတယ်။
ယင်ကောင်တွေက ဒီရောဂါတွေကို ၎င်းတို့ရဲ့ ခြေချောင်းပေါ်နဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်သေးသေးလေးတွေကနေ သယ်ဆောင်ကြတယ်။ ဒီရောဂါဖြစ်စေတဲ့ အရာတွေကို အစားအသောက်တွေဆီ အရောက်ကူးပြောင်း သယ်ပို့ဖို့မှာ စက္ကန့်ပိုင်းလောက်သာကြာမြင့်ပါတယ်။
ယင်ကောင်တွေကနေ သယ်ဆောင်လာတဲ့ ရောဂါတွေမှာ တိုက်ဖွိုက်ရာဂါ၊ ဝမ်းလျောခြင်းနဲ့ ဝမ်းကိုက်ရောဂါတွေဖြစ်ပါတယ်။ ဒီရောဂါအခြေအနေတွေရဲ့ လက္ခာဏာတွေက ဝမ်းလျောခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အားအင်ချိနဲ့ ခြင်းတို့ပဲ ဖြစ်ပါတယ်။

Source: 9news

မင်းအတွက် သူမက အရာရာမှာပြည့်စုံနေတယ်ဆိုပါတော့။ အင်မတန်မှ ချစ်စရာကောင်းတဲ့ မျက်နှင်အသွင်အပြင်၊ အပြစ်ပြောစရာ တစ်စုံတစ်ခုမှ မရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ထက်မြတ်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ ပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်။ လိုရင်းပြောရမယ်ဆိုရင် မင်းစိတ်ကူးထဲက မိန်းကလေးအတိုင်းပေါ့။ ဆိုတော့ မင်းသူကို ဒီတိုင်းသာကြည့်နေမှာလား။ မဟုတ်သေးဘူး မဟုတ်လား။ မင်းအခွင့်အရေးကိုတော့ မင်းယူရလိမ့်မယ်။ သူမရဲ့ စိတ်ဝင်စားမှု ရအောင်ကြိုးစားပါ။
(၁) အသိသာကြီးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ မင်းမျက်လုံးနဲ့ စိုက်ကြည့်မနေဘူးဆိုရင် တစ်စုံတစ်ယောက်နဲ့ ခိုင်မြဲတဲ့ ဆက်ဆံမှုကို ရနိုင်မှာမဟုတ်ပါဘူး။သူမရဲ့ အကြည့်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး အဲဒီအတိုင်းဆက်နေပါ။ ဒါပေမဲ့ ကောက်ကျစ်မယ့် လူတစ်ယောက်လို မျက်စိမခွာပဲ မကြည့်ပါနဲ့။ တခြားနေရာကိုလည်း မကြာမကြာတော့ ပြောင်းကြည့်ပါ။
(၂) ရယ်စရာဟာသက မိန်းကလေးအများစုရဲ့စိတ်ကို ဆွဲဆောင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့  ကြမ်းကြမ်းတမ်းတမ်း နောက်ပြောင်လိုက်ရင် သူမတွန့်သွားပါလိမ့်မယ်။ ကျယ်ကျယ်လောင်လောင် ရယ်မောခြင်းဟာလည်း လုံးဝမလုပ်သင့်တဲ့ အချက်တစ်ခုပါ။ ပွင့်လင်းမှုရှိ၊ သဘာဝလည်းကျပြီး နားလည်လွယ်တဲ့ ဟာသတွေက သူမရဲ့စိတ်ဝင်စားမှုကို ရယူပါလိမ့်မယ်။ ဒါဟာ မိန်းကလေးအများစုကို ဆွဲဆောင်နိုင်တဲ့ လျို့ဝှက်ချက်တစ်ခုပေါ့။
(၃) မင်းရဲ့ကိုယ်ဟန်အမူအရာလည်း အလွန်အရေးပါတယ်။ ပခုံးကို ကုန်းကိုင်းပြီး ပျင်းရိတဲ့ပုံစံကြီးနဲ့ သူဘေးနားမှာ သွားရပ်မနေပါနဲ့။ အဲဒီအချက်က ပျင်းရိငြီးငွေ့စရာ၊ ကိုယ်ကိုကိုယ် ယုံကြည်မှုမရိုတဲ့ လက္ခာဏာကို ပြပါတယ်။ သက်တောင့်သက်သာ သာနေပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံဖြစ်အောင်နေပါ။ ပြုံးပြုံးလေးသာနေပါ။
(၄) ကိုယ့်အကြောင်းကိုပဲပြောဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့ လူတစ်ယောက်လို မနေထိုင်ပါနဲ့။ တခြားသူတွေအတွက် ပြောဆိုဖို့အချိန်ပေးပါ။ အဲဒီအချက်က တခြားသူတွေကို ကူညီပေးချင်တဲ့ မင်းရဲ့စိတ်ဆန္ဒကို ပြသရာ ရောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်ဝင်စားမှုရှိတယ်ဆိုရင် သူမလည်း ပြောဆိုချင်မှာပဲ။ သူရဲ့ခံစားချက်ကို မင်းဆီဖွင့်ပြောနိုင်မယ့် အခွင့်ပေးထားပါ။
(၅) လျို့ဝှက်တဲ့ အမူအရာတစ်ခုခုကို လုပ်ပြလိုက်ပြီး ခဏတဖြုတ် စနောက်ခဲ့ပြီးလို့ အချင်းချင်းအကြောင်းအရာကိစ္စရပ်တွေ ဖလှယ်ပြောဆိုလို့ပြီးသွားပြီဆိုတာနဲ့ ချက်ချင်းထွက်သွားလိုက်ပါ။ မင်းကို သတိရ လွမ်းဆွတ်မယ့် အချိန်ပေးထားပါ။ နောက်ဘယ်လိုဖြစ်သွားမှာလဲ ကြိုတင်မျှော်လင့်နေရတာလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

Source: Menxp