Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Health News. Show all posts
Showing posts with label Health News. Show all posts

Photo: နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား .....

ကျတော်တို့ အသုံးပြုနေတဲ့ နည်းပညာရဲ့ အကျိုးဆက်ကို အနည်းငယ် တင်ပြပါရစေ။ အဓိက နုနယ်တဲ့ ကလေးတွေကြားမှာပေါ့။
ခေတ်ရဲ့ ရေစီးကြောင်းအရ ကျတော်တို့ အပါအ၀င်
ကလေးသူငယ်တွေ တော်တော်များများဟာ အင်တာနက်၊ ဂိမ်း၊ စာရိုက်ခြင်း တွေကြားမှာ သူတို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျတော်တို့ ပြည်တွင်းကတော့ ကလေးတွေကြားမှာ
(ပတ်ဝန်းကျင်မှာ ) တွေ့နေရတာပေါ့ဗျာ..

အဓိက ဂိမ်းဆော့လို့ မျက်စိ ပြသနာပါပဲ။ ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင်က ငယ်ငယ်က ဂိမ်းဆိုင်မှာပဲ အနေများလို မျက်မှန် တပ်ခဲ့ရတာ အခုထိပါ။ ပုံမှန်
အရွယ်ရောက် ပြီးသား လူတွေအတွက် ကတော့ ပြသနာ ကြီးကြီးမားမား မဆိုနိင်ပေမဲ့ အခုမှ ကြီးထွားဖွံ့ဖြိုးမူကို အားယူနေတဲ့
ကလေးတွေအတွက်ကတော့ စိုးရိမ်စရာပါ။ သူတို့ မိဘတွေ အတွက် ပြောပါတယ်။ အဲ ဘယ်လို ဖြစ်သလဲဆိုတော့ အဖြစ်ကဒီလိုပါ။ အဓိက က မိဘတွေရဲ့သွန်သင်မူကလည်း သိပ်ကို အရေးကြီးပါတယ်။

အိမ်မှာ တီဗီက တစ်လုံးတည်းရှိတော့ ကာတွန်းလိုင်းက မကြာခဏလာနေတဲ့ ကာတွန်းကားကိုလည်း သားတော်မောင်က အလွတ်မပေး၊ ဦးဦးတွေ၊
မေမေတွေကလည်း ကိုးရီးယားကား ကိုက်နေကြတာ ဆိုတော့ သားသားလေးကို ဂျီမကျအောင် ဂိမ်းစက်လေးတွေနဲ့ ချော့ရတော့တာပေါ့။ အဲဒီမှာ ကောင်လေးက ကာတွန်းကားရယ်၊ တီဗီဂိမ်းရယ် လိုင်းနှစ်လိုင်း ပူးပြီး မျက်စိက အများတကာ အလယ်မှာ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာပါတယ်။ ဆရာဝန်ပြ ကြည့်တော့ မျက်စိ အာရုံကြော အားနည်းတာ ပါလို့ ပြောပါတယ်။ ဒါကတစ်ချက်ပါ။

ကျန်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဂိမ်းတွေထဲ အင်တာနက်တွေထဲ စိတ်ရောက်နေတဲ့ အခါ အမေ (သို့ ) အဖေက တစ်ခုခုကို
စေခိုင်းတဲ့ အခါ ပြောတဲ့ အခါ ဂိမ်းကို သဲကြီးမည်းကြီး ဆော့နေတော့ အလေးမမူစရာတွေ နဲ့ ဖြစ်လာပြီး ကြာလာရင် မိသားစု ဆက်ဆံရေးမှာ ထိခိုက်စေပါတယ်။

နောက်တစ်ခုက စိတ်မရှည်တော့ခြင်း

ဆုံး ဖြတ်ချက်တိုင်းဟာ စိတ်ရှည်မူနဲ့အတူလာတာဖြစ်ပြီး ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ သည်းခံမူက သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် အခုမှ ဘ၀ကို အစပျိုး သင်ယူနေတဲ့ ကလေးတွေဆီမှာပေါ့။ လေ့လာမူတွေအရ နည်းပညာကို မမှန်မကန်စွာ အသုံးပြုနေခြင်းကြောင့် ကလေးတွေမှာရှိတဲ့ သည်းခံမူဟာ လျှင်မြန်စွာ ပျောက်ကွယ် လာနေပြီးလို့ သိရပါတယ်။ ဟုတ်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့ အင်တာနက် သုံးတဲ့ အခါ ပေ့ခ်ျတွေကို ကြည့်ဖို့ Load အချိန်ကိုကျော်ပြီး မြန်မြန်ရတာတွေ များလာတဲ့ အခါ သူတို့ရဲ့ ငယ်ရွယ်တဲ့ အသိမှာ ဒါတောင် မြန်မြန်ရသေးတာ တစ်ခြား ကိစ္စတွေက ဘာလို့ မရတာလဲလို့ မသိစိတ်မှာ စွဲသွားပါတော့တယ်။ ဒါဟာ ကြီးပြင်လာတဲ့ အခါ ပြန်ဖျက်ဖို့ ခက်တဲ့ အသိနက်နက် တစ်မျိုးပါပဲ။

နောက်ကျန်တာတွေကတော့ စာမရေးလိုတော့ခြင်းပါ။

ဒါကတော့ အွန်လိုင်း ချက်တင်၊ Shortcuts တွေဆီက နေ ပေါက်ဖွားလာတဲ့ ဆိုးကျိုးတစ်ရပ်ပါပဲ။ သူတို့ဟာ တိုးတက်လာတဲ့ ဒီဂျစ်တယ်
ကွန်မြူနစ်ကေရှင်ပေါ်မှာ မှီခိုသထက် မှီခိုလာပြီး ခက်ခဲတဲ့ စကားလုံးတွေကို မပေါင်းလို၊ မသိလိုကြတော့ပါဘူး။ ဒါအပြင် သဒ္ဒါကျကျရေးသားမူတွေကိုလည်း
ငြင်းပယ်လာကြပါတယ်။

ဒါကြောင့် နည်းပညာ တိုးတက်လာမူနဲ့ လိုအပ်လာမူရဲ့ နောက်မှာ ရှင်သန်ရင်း အသက်အရွယ်တစ်ခုရဲ့ နောက်မှာ မိဘတွေကလည်း သူတို့ကလေးတွေကို
မျက်စိနဲ့ အခြား အရာတွေ ထိခိုက်အောင် လွန်လွန်ကျွံကျွံ မသုံးစေဘဲ ဆင်ခြင်စေသင့်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Ref: Health

အောင်ဟိန်း
ကျတော်တို့ အသုံးပြုနေတဲ့ နည်းပညာရဲ့ အကျိုးဆက်ကို အနည်းငယ် တင်ပြပါရစေ။ အဓိက နုနယ်တဲ့ ကလေးတွေကြားမှာပေါ့။
ခေတ်ရဲ့ ရေစီးကြောင်းအရ ကျတော်တို့ အပါအ၀င်
ကလေးသူငယ်တွေ တော်တော်များများဟာ အင်တာနက်၊ ဂိမ်း၊ စာရိုက်ခြင်း တွေကြားမှာ သူတို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကျတော်တို့ ပြည်တွင်းကတော့ ကလေးတွေကြားမှာ
(ပတ်ဝန်းကျင်မှာ ) တွေ့နေရတာပေါ့ဗျာ..

အဓိက ဂိမ်းဆော့လို့ မျက်စိ ပြသနာပါပဲ။ ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင်က ငယ်ငယ်က ဂိမ်းဆိုင်မှာပဲ အနေများလို မျက်မှန် တပ်ခဲ့ရတာ အခုထိပါ။ ပုံမှန်
အရွယ်ရောက် ပြီးသား လူတွေအတွက် ကတော့ ပြသနာ ကြီးကြီးမားမား မဆိုနိင်ပေမဲ့ အခုမှ ကြီးထွားဖွံ့ဖြိုးမူကို အားယူနေတဲ့
ကလေးတွေအတွက်ကတော့ စိုးရိမ်စရာပါ။ သူတို့ မိဘတွေ အတွက် ပြောပါတယ်။ အဲ ဘယ်လို ဖြစ်သလဲဆိုတော့ အဖြစ်ကဒီလိုပါ။ အဓိက က မိဘတွေရဲ့သွန်သင်မူကလည်း သိပ်ကို အရေးကြီးပါတယ်။

အိမ်မှာ တီဗီက တစ်လုံးတည်းရှိတော့ ကာတွန်းလိုင်းက မကြာခဏလာနေတဲ့ ကာတွန်းကားကိုလည်း သားတော်မောင်က အလွတ်မပေး၊ ဦးဦးတွေ၊
မေမေတွေကလည်း ကိုးရီးယားကား ကိုက်နေကြတာ ဆိုတော့ သားသားလေးကို ဂျီမကျအောင် ဂိမ်းစက်လေးတွေနဲ့ ချော့ရတော့တာပေါ့။ အဲဒီမှာ ကောင်လေးက ကာတွန်းကားရယ်၊ တီဗီဂိမ်းရယ် လိုင်းနှစ်လိုင်း ပူးပြီး မျက်စိက အများတကာ အလယ်မှာ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာပါတယ်။ ဆရာဝန်ပြ ကြည့်တော့ မျက်စိ အာရုံကြော အားနည်းတာ ပါလို့ ပြောပါတယ်။ ဒါကတစ်ချက်ပါ။

ကျန်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဂိမ်းတွေထဲ အင်တာနက်တွေထဲ စိတ်ရောက်နေတဲ့ အခါ အမေ (သို့ ) အဖေက တစ်ခုခုကို
စေခိုင်းတဲ့ အခါ ပြောတဲ့ အခါ ဂိမ်းကို သဲကြီးမည်းကြီး ဆော့နေတော့ အလေးမမူစရာတွေ နဲ့ ဖြစ်လာပြီး ကြာလာရင် မိသားစု ဆက်ဆံရေးမှာ ထိခိုက်စေပါတယ်။

နောက်တစ်ခုက စိတ်မရှည်တော့ခြင်း

ဆုံး ဖြတ်ချက်တိုင်းဟာ စိတ်ရှည်မူနဲ့အတူလာတာဖြစ်ပြီး ဘ၀ကို လျှောက်လှမ်းတဲ့နေရာမှာ သည်းခံမူက သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် အခုမှ ဘ၀ကို အစပျိုး သင်ယူနေတဲ့ ကလေးတွေဆီမှာပေါ့။ လေ့လာမူတွေအရ နည်းပညာကို မမှန်မကန်စွာ အသုံးပြုနေခြင်းကြောင့် ကလေးတွေမှာရှိတဲ့ သည်းခံမူဟာ လျှင်မြန်စွာ ပျောက်ကွယ် လာနေပြီးလို့ သိရပါတယ်။ ဟုတ်ပါတယ်။ ဥပမာ တစ်ခု အနေနဲ့ အင်တာနက် သုံးတဲ့ အခါ ပေ့ခ်ျတွေကို ကြည့်ဖို့ Load အချိန်ကိုကျော်ပြီး မြန်မြန်ရတာတွေ များလာတဲ့ အခါ သူတို့ရဲ့ ငယ်ရွယ်တဲ့ အသိမှာ ဒါတောင် မြန်မြန်ရသေးတာ တစ်ခြား ကိစ္စတွေက ဘာလို့ မရတာလဲလို့ မသိစိတ်မှာ စွဲသွားပါတော့တယ်။ ဒါဟာ ကြီးပြင်လာတဲ့ အခါ ပြန်ဖျက်ဖို့ ခက်တဲ့ အသိနက်နက် တစ်မျိုးပါပဲ။

နောက်ကျန်တာတွေကတော့ စာမရေးလိုတော့ခြင်းပါ။

ဒါကတော့ အွန်လိုင်း ချက်တင်၊ Shortcuts တွေဆီက နေ ပေါက်ဖွားလာတဲ့ ဆိုးကျိုးတစ်ရပ်ပါပဲ။ သူတို့ဟာ တိုးတက်လာတဲ့ ဒီဂျစ်တယ်
ကွန်မြူနစ်ကေရှင်ပေါ်မှာ မှီခိုသထက် မှီခိုလာပြီး ခက်ခဲတဲ့ စကားလုံးတွေကို မပေါင်းလို၊ မသိလိုကြတော့ပါဘူး။ ဒါအပြင် သဒ္ဒါကျကျရေးသားမူတွေကိုလည်း
ငြင်းပယ်လာကြပါတယ်။

ဒါကြောင့် နည်းပညာ တိုးတက်လာမူနဲ့ လိုအပ်လာမူရဲ့ နောက်မှာ ရှင်သန်ရင်း အသက်အရွယ်တစ်ခုရဲ့ နောက်မှာ မိဘတွေကလည်း သူတို့ကလေးတွေကို
မျက်စိနဲ့ အခြား အရာတွေ ထိခိုက်အောင် လွန်လွန်ကျွံကျွံ မသုံးစေဘဲ ဆင်ခြင်စေသင့်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

Ref: Health

အောင်ဟိန်း





ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက်မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကုတ်အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။

အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။

တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကုတ်ကြောင့်၊ တစ်ချို့က လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။

ဘယ်အရာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများလိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ရမှာပါ။

ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာတို့နဲ့လည်း မတည့်ပါဘူး။

၎။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့်ပါဘူး။

၆။ ပါရာစီတမောကို (အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရောမသောက်သော်လည်းပဲ) အလွန်အကျွံ သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောနဲ့ ပတ်သက်ပြီး လေ့လာဖတ်မိသမျှကို ဇီဝိတဒါနအဖြစ် လူအများ သတိထားနိုင်ကြစေရန် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။

Credit : စောနွဲ့ နေဆိုင် (ပူတာအို)


 ကျန်းမာရေးမှာ အရေးပါတဲ့ Nucleic Acids











အိုမင်းရင့်ရော်ခြင်းရဲ့ ပွန်းစား ပျက်စီး မှုကြောင့် ခန္ဓာကိုယ်တွင်း Nucleic Acids သိုလှောင် ထားခြင်းမှာ ကုန်ခန်းသွား ရပါတယ်။ Nucleic Acids တွေဆိုတာက ဆဲလ်များရဲ့ ဒီအင်န်အေ (DNA) နှင့် အာရ်အင်န် အေ (RNA) တည်ဆောက်ရာမှာ အခြေခံအုတ်မြစ်တွေပဲ ဖြစ်တယ်။ ခန္ဓာကိုယ်ကို ယင်းအာဟာရဓာတ် ပစ္စည်းများ ဖြည့်တင်းပေးခြင်းက အိုမင်း ရင့်ရော်ခြင်းနည်းစဉ်ကို နှေးကွေး စေနိုင်ပါတယ်။
တိရစ္ဆာန်များမှာ လေ့လာမှုများနှင့် လူများအပေါ် စောင့်ကြည့်လေ့လာတဲ့ ဆေးခန်းတွင် လေ့လာမှုတချို့မှာ လူ့သက်တမ်း ပိုရှည်စေကြောင်းနှင့် အခြားကျန်းမာ ရေးအရည်အသွေးဆိုင်ရာ တိုင်းတာ ချက်များ (ဥပမာ-စွမ်းအင်တိုးတက် လာခြင်း၊ အသားအရေ ပိုကျန်းမာ လာခြင်းနှင့် အသက်အရွယ်ကြောင့် ပေါ်ပေါက်တဲ့ အကွက်၊ အစက်များ အဖြစ်နည်း လာခြင်း) မှာ အလားအလာ ကောင်းကြောင်း ပြသထား တာရှိပါတယ်။
ဒါ့ကြောင့် Nucleic Acids ကြယ်ဝစွာပါရှိတဲ့ ဆာဒင်းငါး (ငါးသေတ္တာငါး)၊ မှို၊ ကညွတ်၊ ဂျုံစေ့အညှောက်၊ ဆယ်လ်မွန်ငါးနှင့် ဟင်းနုနယ်များကို စားနိုင်ပါတယ်။ ဒါမှမဟုတ် ယင်းအာဟာရဓာတ် များကို ဖြည့်စွက်စာ အသွင်အနေနှင့် စားနိုင်ပါတယ်။
  Health Digest
 ရိုးရာလေး

၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း

၂။ မနက်တွင် ဆီးမသွားခြင်း

၃။ အစား အလွန်အကျွံစားခြင်း

၎။ မနက်စာ မစားပဲနေခြင်း

၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)

၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း

၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း

၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း

၉။ အရက်သောက်သုံးခြင်း

အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။

Credit: (ရိုးရာလေး)


စားသောက်ဆိုင်တစ်ခုကို သွားပြီး အောက်ပါ အကောင်တွေကို တွေ့မိရင် ဘယ်အကောင်က သင့်ကို ထမင်းစားချင်စိတ် လျော့သွားစေမယ်လို့ ထင်သလဲ။
  • ကိုက်ဖြတ်တတ်တဲ့ အကောင် ( ကြွက်၊ ယုန် စသည်)
  • ပိုးဟပ်
  • ယင်ကောင်
  • ပုရွတ်ဆိတ်
  • မြွေ (သို့) တောက်တဲ့
Pest-control company Orkin ကနေ မေးမြန်းခဲ့တဲ့ လူအယောက် (၃၀၀) ထဲက (၆၁%) ရာခိုင်နှုန်းက ပိုးဟပ်ကို ကိုယ်စားမယ့် အစားအစာပေါ် မြင်ရင် ထမင်းမစားတော့ဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ၃%ရာခိုင်နှုန်းကသာ ယင်ကောင်ကိုမြင်ရင် ထမင်းမစားတော့ဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
စားသောက်ဆိုင်မှာ ထမင်းစားနေကျ ဖောက်သည် အများစုကတော့ အိမ်ထဲက ယင်ကောင်တွေဟာ ပိုးဟပ်တွေထက် နှစ်ဆ ညစ်ပတ်ပေရေတယ်ဆိုတာ သိချင်မှသိပါလိမ့်မယ်။ လူတိုင်းလူတိုင်းမှာ ယင်ကောင်ကြောင့်ဖြစ်စေတဲ့ ကျန်းမာရေး ချိန်းခြောက်မှု အန္တရာယ်ရဲ့ ကြီးမားမှုကို သိရှိဖို့ အရေးကြီးပါတယ်။ ဒါမှသာလျှင် အန္တရာယ်များတဲ့ ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ကူးဆက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ယင်ကောင်တွေက လူတစ်ဦးကနေနောက်တစ်ဦးသို့ ကူးစက်နိုင်တဲ့ ရောဂါတွေကို အလွယ်တကူ သယ်ဆောင် တတ်ကြတယ်။ ယင်ကောင်အမတွေက မစင်၊ အမိုက်သရိုက်တွေနဲ့ အသေကောင်အပုပ်အပွစတဲ့ ဆွေးမြေ့နေတဲ့ အရာတွေပေါ် ဥဥတဲ့အချိန်မှာ ၎င်းတို့ရဲ့ ခြေချောင်းတွေအပေါ်နဲ့ ပါးစပ်တွေမှာ ရောဂါဖြစ်စေတဲ့ အရာတွေကို စုယူထားသလိုဖြစ်နေပါတယ်။
ယင်ကောင်တွေက ဒီရောဂါတွေကို ၎င်းတို့ရဲ့ ခြေချောင်းပေါ်နဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်သေးသေးလေးတွေကနေ သယ်ဆောင်ကြတယ်။ ဒီရောဂါဖြစ်စေတဲ့ အရာတွေကို အစားအသောက်တွေဆီ အရောက်ကူးပြောင်း သယ်ပို့ဖို့မှာ စက္ကန့်ပိုင်းလောက်သာကြာမြင့်ပါတယ်။
ယင်ကောင်တွေကနေ သယ်ဆောင်လာတဲ့ ရောဂါတွေမှာ တိုက်ဖွိုက်ရာဂါ၊ ဝမ်းလျောခြင်းနဲ့ ဝမ်းကိုက်ရောဂါတွေဖြစ်ပါတယ်။ ဒီရောဂါအခြေအနေတွေရဲ့ လက္ခာဏာတွေက ဝမ်းလျောခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အားအင်ချိနဲ့ ခြင်းတို့ပဲ ဖြစ်ပါတယ်။

Source: 9news



မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။
သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။
သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။
Ref:dailymail.co.uk

သီဟနိုင်


လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်းရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။
၁။ဆား
ဟင်းချက်တဲ့အခါ ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ ရုပ်ရင့်ရော်တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ အထူးသဖြင့် သင့်မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့ အသားရေတွေကို ပိုမိုတွန့်စေပါသတဲ့။
၂။သကြား
အသားအရေပိုမိုကြည်လင်စေဖို့နဲ့ လှပတဲ့အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို လျှော့ဖို့လိုပါတယ်။
၃။ကော်ဖီ
ကော်ဖီဟာ အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။
၎။အရက်
အရက်သောက်လေ့သောက်ထရှိသူ အများစုဟာ ရေဓာတ်ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။
၅။ကြွက်သားအမျှင်ပါတဲ့အသား
ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။
၆။ပူစပ်စေတဲ့ အစားအသောက်များ
ငြုတ်သီးတွေ အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသားအရေအတွက် အများကြီးထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။
၇။ဆိုဒါ
သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ်များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။
Ref:delish.com

မေသော်



အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။

(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျဝေပါသည်။

By ဒေါက်တာတင့်ဆွေ



အိပ်ဆေး (sleeping pills)  များကို သောက်သုံးနေသူများဟာ နှလုံးရောဂါ တိုက်ခိုက်မှုကို သာမန် လူတွေထက် ၅၀%ပိုခံရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ ထုတ်ဖော်ခဲ့တဲ့ အိပ်ဆေးအမည်ကတော့ zolpidem့ ဖြစ်ပြီး ဗြိတိန်ဈေးကွက်မှာ stilnoct  ဆိုတဲ့နာမည်နဲ့ ၀ယ်ယူရ ရှိနိုင်ပါတယ်။
zolpidem ဟာ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နှလုံးပြဿနာတွေကို ဖြစ်ပွားစေမှုဟာ တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဗြိတိန်ဆေးပညာ သုတေသီတွေက ပြောကြားထားပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ဆေးပမာဏ တစ်နှစ် 35 mgလောက် ကိုယ်ခန္ဓာထဲကို ရောက်ရှိသွားရင် နှလုံးရောဂါဖြစ်ပွားဖို့ ၂၀%နီးစပ်နေပါတယ်။ တကယ်လို့ ဆေးပြား ၆၀ ပမာဏလောက် သောက်သုံး နေရမယ်ဆိုရင်တော့ နှလုံးရောဂါ တိုက်ခိုက်မှု ဒဏ်ခံရဖို့ ၅၀%နီးစပ်နေတယ်လို့ ဒီသုတေသနမှာ ဖော်ထုတ်ထားခဲ့ပါတယ်။
ဒီလေ့လာမှုကို ကမ္ဘာ့အကြီးဆုံး နှလုံးရောဂါဆိုင်ရာ ကွန်ဖရင့်မှာ စာတမ်းတင်သွင်းခဲ့တာဖြစ်ပြီး ဆေးဝါး နဲ့ နှလုံးပြဿနာ ဆက်စပ်နေမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက အခုလိုထုတ်ဖော်ထားပေမယ့် zolpidem ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီ ဆက်စပ်မှုကို ငြင်းဆိုထားပါတယ်။ အခုလေ့လာမှုကို ဗြိတိန်နိုင်ငံသား ၅၀၀၀ ကျော်ကို သုတေသနပြုထားတာဖြစ်ပါတယ်။

သန့်စင်
ref: ANI
Health Updates Journal



နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး
၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ၀က်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach’s area, Little’s area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ




========================================

လေ့ကျင့်ခန်းပြင်းထန်စွာလုပ်ရန်မလိုဘဲသင့်ရဲ့ကိုယ်ခန္ဓာကိုပြောင်းလဲသွားစေမည့် နည်းလမ်း (၁၃) သွယ် ကိုပြောပြပေးချင်ပါတယ်။
(၁) သင့်အနေနဲ့ ထမင်းစားရတာတင်းတိမ်ပြီဆိုရင် ဆက်မစားတော့ဘဲရပ်တန့်လိုက်ပါ-တစ်ထိုင်တည်းအများကြီးစားခြင်းဟာနည်းနည်းနဲ့ ဖြည့်စွက်မုန့်ပဲသရေစာများစားသုံးခြင်းထက် ဆာလောင်မှုကိုပိုဖြစ်စေတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတွေကိုသင့်ရဲ့ အိတ်ထဲမှာအမြဲဆောင်ထားပေးပါ။ ထမင်းစားလို့ တင်းတိမ်ပြီဆိုရင် ဆက်မစားတော့ဘဲရပ်တန့်လိုက်ပါ။ ထမင်းစားတိုင်းသင့်ပန်းကန်မှာအစားအနည်းငယ် ချန်တတ်တဲ့ အလေ့အထကို ပြုလုပ်ပေးပါ။
(၂) အရည်များသောက်သုံးပေးပါ- အရည်များသောက်သုံးခြင်းဟာအစာစားချင်စိတ်ကိုလျော့နည်းစေပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ လက်ဖက်ရည်နဲ့ အချိုရည်တွေ သောက်သုံးမှုဟာ ရိုးရိုးရေထက် မိမိဗိုက်ကိုပိုပြည့်စေတယ်လို့ ထင်ရစေပါတယ်။ ဒါဟာသင့်စိတ်ကိုလှည့်ဖျားစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။
(၃) ခန္ဓာကိုယ်ကိုလှုပ်ရှားပေးပါ-နံနက်တိုင်းမိနစ်အနည်းငယ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ နံနက်စောစောလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာတစ်နေ့တာလုံးလူကို နိုးကြားတက်ကြွမှုကို ဖြစ်စေပါတယ်။
(၄) မိမိရဲ့ စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပါ- မိမိရဲ့ စိတ်ကစားချင်စိတ်ဖြစ်ပေါ်လာတဲ့အတိုင်းစားသုံးပါ။ သို့ရာတွင် အကန့်အသတ်မရှိ အလွန်အကျူး စားသောက်ခြင်းမပြုလုပ်ပါနဲ့။
(၅) မွန်းလွဲစာစားသုံးပါ- မွန်းလွဲချိန်ဆိုတာသင့်အနေနဲ့ စွမ်းအင်အားလုံးလိုအပ်ချိန် ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာကျန်ရှိနေသေးတဲ့ အချိန်တွေမှာလိုအပ်တဲ့ စွမ်းအင်များကိုမွန်းလွဲစာစားသုံးခြင်းဖြင့် ဖြည့်တင်းပါ။
(၆) တစ်နေ့သုံးနပ် ပုံမှန်စားသုံးပါ- နံနက်စာ၊ နေ့လည်စာနဲ့ ညစာပုံမှန်စားသုံးခြင်းအလေ့အထကို ပြုလုပ်ပါ။ အစာတစ်ခုနဲ့တစ်ခုကြားမုန့်ပဲသရေစာအလွန်အကျွံစားသုံးခြင်းကိုရှောင်ကြဉ်ပါ။
(၇) နောက်ကျတဲ့ ညစာအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကို ရွေးချယ်ပါ- ပုံမှန်ညစာစားချိန်ထက် နောက်ကျပြီးမှ စားရမဲ့အခြေအနေမျိုးဆိုရင်တော့အပြင်မထွက်မီကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတစ်ခုခုကိုစားသုံးပါ။နောက်ကျတဲ့ညစာအတွက် ပီဇာကဲ့သို့သောအစားအစာများကိုမစားသုံးသင့်ပါ။
(၈) မိမိကိုယ်ကိုသတိရှိရှိ နေထိုင်စားသောက်ပါ- ကျန်းမာတဲ့အလေ့အထတွေကိုကိုယ်တိုင်ဖန်တီးနေထိုင်ပါ။ ကျန်းမာရေးစာစောင်တွေ ဖတ်ပါ။ သကြားဓာတ်များတဲ့ ကိုကာကိုလာလိုအချိုရည်တွေသောက်မဲ့အစားပေါင်မုန့်နဲ့ လီမွန်တီးသောက်သုံးခြင်းတို့လိုအသေးစားအပြောင်းအလဲလေးတွေ ပြုလုပ်ပေးပါ။
(၉) မိမိနဲ့အတူအလုပ်အတူတူလုပ်မယ့် မိတ်ဆွေကို ရှာပါ- မိတ်ဆွေတစ်ဦးနဲ့ အလုပ်လုပ်ခြင်းဟာပျော်ရွှင်ဖွယ်ကောင်းတဲ့ အပြောင်းအလဲနဲ့ လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။
(၁၀) မိမိရဲ့ ရည်မှန်းချက်ကိုပျော်ရွှင်ဖွယ်ကောင်းတဲ့ အဆုံးသတ်ဖြစ်အောင် ဖန်တီးပါ- သင်ရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းတစ်လျှောက် နေ့စဉ် ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ အလေ့အထများနဲ့ ဖန်တီးဖြတ်သန်းပါ။
(၁၁) မိမိရဲ့ ရလဒ်ကိုလက်ခံပါ- ဘ၀ဆိုတာ ခရီးတစ်ခုပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်နဲ့ အလှမ်းဝေးနေတာတွေလည်း ရှိနိုင်ပါတယ်။ အဲ့ဒီအခါမှာကိုယ့်ရည်မှန်းချက်နဲ့ ဘယ်လောက်ဝေးကွာနေလဲဆိုတာ ကြည့်ပြီးအောင်မြင်အောင် ကြိုးစားပါ။ အောင်မြင်မှုတွေရရှိလာပါကလည်းအောင်မြင်မှုကိုအသိအမှတ်ပြု လက်ခံပါ။
(၁၂) အိမ်မှာပဲချက်ပြုတ်စားသောက်ပါ- အိမ်မှာချက်ပြုတ်စားသောက်ခြင်းဖြင့် သင်ရဲ့အစားအအသောက်ထဲမှာဘာတွေပါတယ်ဆိုတာအတိအကျ သိနိုင်ပါတယ်။ စားသောက်ဆိုင်ကအစားအသောက်တွေမှာအဆီ၊ အစိမ့်နဲ့ အငန်တွေ ပိုပါနိုင်ပါတယ်။
(၁၃) အမယ် (၅) မျိုးအောက် ပါတဲ့အစားအစာများကိုစားသောက်ပါ- သင်စားမဲ့အစားအစာထဲမှာအမယ်ဘယ်နှစ်မျိုးပါဝင်တယ်ဆိုတာ အရင် စဉ်းစားပါ။ ငါးမျိုးထက်ပိုနေပီဆိုရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။

MOI Webportal Myanmar


        ရင်သားလှလှ ကြီးထွားလာချင်လား? ။ အမျိုးသမီးအတွင်းခံဖြန့်ချိ ရောင်းချသူ တွေရဲ့ အဆိုအရ ၁၉၈၃ ခုနှစ်လောက်တုန်းက အမျိုးသမီးတွေရဲ့ အတွင်းခံ အင်္ကျံဆိုဒ် က 34B ကနေ ရုတ်တရက်ဆိုသလို 34DD ကို ကြီးထွားလာပါတယ်။ ဒါဟာ အမျိုးသမီး တွေ ရုတ်တရက် ရင်သားကြီးထွားလာတယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ ရွေးချယ်မှု ပုံစံ ပြောင်းသွားတာပါ။ အခုနောက်ပိုင်း ရင်သားကြီးတာဟာ အလှတရား တစ်ခုလို ဖြစ်လာပါတယ်။ ဒီတော့ ရင်သားကြီးအောင်လုပ်မှာလား ဘရာအထူကြီးတွေပဲ ၀တ်ဆင်မှာလားဆိုတာတော့ ရွေးချယ်ရမှာပါ။ ဒီတော့ ရင်သားကြီးစေတဲ့ ကိုယ်နေဟန်ထားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁)    ကိုယ်နေဟန်ထား မှန်အောင်လေ့ကျင့်ပါ။ ခေါင်းကိုမတ်မတ်ထား ၊ ပခုံးကို မြှင့်ပြီး ကျောရိုးတစ်ဖြောင့်တည်းလမ်းလျှောက်ပါ။ လက်ပြင်မကုန်းပါနဲ့။ ဒီလမ်းလျှောက် ဟန်က ရင်သားကြီးတယ်လို့ထင်ရစေပြီး ပိုပိန် ၊ ပိုသွယ်သွားတယ်လို့ ထင်ရပါတယ်။


(၂)    ခါးသွယ်အောင်လုပ်ပါ။ ခါးလေ့ကျင့်ခန်းလုပ်တဲ့အတွက် ဗိုက်နဲ့ နံရိုးတစ်လျှောက်က ကြွက်သွားတွေက တောင့်တင်းသွားပြီး ရင်သားကို ထောက်ကူ ထားသလိုဖြစ်နေစေတဲ့အတွက် ရင်သားကြီးက ခါးသွယ်သွားတဲ့အတွက် ရင်သား တွဲကျခြင်းမဖြစ်ပါဘူး။ ဒါဟာ ရင်သားမှာ တစ်သျှူးအပိုထပ်ထည့်စရာမလိုဘဲ ကြီးတယ် လို့ထင်ရစေတဲ့နည်းပါ။


(၃)    အတွင်းခံဆိုဒ်ကိုသေချာတိုင်းပါ။ မိန်းကလေးအများစုက ကိုယ့်အတွင်းခံဆိုဒ် အမှန်ကို သေချာမတိုင်းကြပါဘူး။ ဆိုဒ်မှန်တဲ့ အတွင်းခံအင်္ကျံမှသာ ရင်သားတစ်သျှူး တွေကို ပုံစံမှန်ပူးကပ်နေစေပြီး အောက်ခြေကနေ ပင့်တင်ထားနိုင်မှာပါ။


(၄)    လည်ပင်းဆိုဒ်အမှန်နဲ့ အင်္ကျံကိုသာဝတ်ပါ။ လည်ပင်းနဲ့ ရင်အုပ်ပိုင်း ပွနေတဲ့ အင်္ကျံမျိုး မ၀တ်ပါနဲ့ ။ လည်ပင်းဆိုဒ်မှန်မှသာ အင်္ကျံက ခန္ဓာကိုယ်နဲ့အတိဖြစ်ပြီး ရင်သားအပိုင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

ဓါတုဆေးဝါးအချို့မှီဝဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တာမို့ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အင်္ကျံတွေ ရွေးချယ်ဖို့ကို အထူးဂရုစိုက်လိုက်မယ် ဆိုရင် အန္တရာယ်ကင်းတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။
Ref: Wiki How
 ထက်ဆု
Trend Myanmar



အချို့လူများသည် အိမ်အပြင်ထွက်သည်နှင့်ခြင်ကိုက်ခံရလေ့ရှိပြီး အချို့တွင် ခြင်တောထဲသွားနေသော်လည်း ခြင်တစ်ကောင်မျှအကိုက်မခံ ရပေ။ ခြင်များသည် သွေးနံ့ကိုမိုင်ပေါင်းများစွာကပင် အနံ့ရသော်လည်း သွေးနံ့ကိုမူတည်၍ ကိုက်ရမည့်အရာကို ရွေးချယ်လေ့မရှိ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်လျက်ရှိသည့်ပစ်မှတ်ကိုသာ ရွေးကိုက်လေ့ရှိသည်။
လူတို့သည် အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်သည်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု ပိုများသူ များကို ခြင်များက အဓိကပစ်မှတ်ထားတတ်သည်။ဝဖြိုးသူများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုထုတ်လွှတ်သောကြောင့်ခြင်ပိုကိုက်ခံရလေ့ရှိသည်။
အရေပြားပေါ်တွင်ခြင်လာ ရောက်နားခိုသော်လည်း အရေပြား အထူအပါးကိုလိုက်၍ ခြင်များက ကိုက်သင့်/မကိုက်သင့် ဆုံးဖြတ်ကြသည်။ အမျိုးသမီးများသည် အရေပြားပိုပါးသောကြောင့် ခြင်ကိုက်ခံရ ရန်ပိုမိုလွယ်ကူသည်။ အရေပြားပိုပါးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ သည်လည်းခြင်ပိုကိုက်ခံရတတ်သည်။
သွေးအုပ်စုများစွာရှိသည့်အနက် ‘O’  သွေးအုပ်စုရှင်များကို ခြင်ပိုကိုက်လေ့ရှိသည်။ခြင်၏နှာမောင်းကိုဖြတ်တောက်ပြီး သွေးအုပ်စုများစွာ ပါဝင်သည့်လူများထံ ပျံသန်းစေရာ ခြင်များသည် ‘O’် သွေးအုပ်စုရှင်များ ထံ၌သာ နားသည်ကိုတွေ့ရသည်။
ခြင်များသည် အချိုကိုလည်း ကြိုက်တတ်သည်။ အချို့လူများ၏အရေပြားတွင် အချိုဓါတ်ဆောင် သည့် saccharide  ဓါတ်များရှိသောကြောင့် ခြင်ပိုကိုက်ခံရတတ်သည်။
သီဟ
Ref: WebMD
Health Updates Journal