Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label IT News Products. Show all posts
Showing posts with label IT News Products. Show all posts


Samsung က Galaxy Mega 2 ကို တရားဝင်ကြေငြာချက် မထုတ်ရသေးပေမဲ့ လက်လီဖြန့်ချိသူတချို့က မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ စတင်ရောင်းချခဲ့ပုံရပါတယ်။ ဒါ့ကြောင့်မို့ ၎င်း Galaxy အသစ်ကို အကြိုပြသခဲ့တဲ့ အချိန်ကာလဟာ ဘယ်လောက်မှ မကြာလိုက်ပါဘူး။
ထိုင်းအင်တာနက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Droid Sans ဟာ အဆမတန်ကြီးမားတဲ့ ဒီ Galaxy Mega 2 ကို ကြည့်မြင်ခွင့်ရအောင် အချိန်မတိုင်မီ ကြိုတင်ပြသခဲ့တဲ့ သတင်းဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ယခုလအစောပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့ အတိုင်း ဒီ Mega 2 ဟာ Galaxy 5.8 နဲ့ Galaxy 6.3 ရဲ့ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ အရွယ်အစားပိုင်းမှာတော့ ဒီဟန်းဆက်သစ်ဟာ 720× 1280 pixels နဲ့အတူ 6-inch မျက်နှာပင်ပါရှိပြီး အရင်မော်ဒယ်လ်နှစ်ခုရဲ့ ပုံစံကို ရောစပ်ယူထားတာဖြစ်ပါတယ်။
Android 4.4.4 KitKat အသုံးပြုထားတဲ့ Mega 2 က LTE  a quad-core Exynos 4415 ပရိုစက်ဆာ၊ 1.4 GHz, RAM - 1.5 GB  မူလပါရှိထားတဲ့ memory ထပ်တိုးနိုင်ပြီး 2800 mAh အားရှိ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီ တစ်လုံး အပါအဝင် အသွင်သဏ္ဍာန်နှစ်မျိုးကို ပေါင်းစပ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြသထားတဲ့ Mega 2 ရဲ့အသွင်အပြင်မှာ ထူးခြားတာတစ်ခုက နောက်ကင်မရာ 8MP ပါရှိဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဗားရှင်းဟန်းဆက်မှာတော့ 13MP ရှိကောင်းရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ကင်မရာက အရည်အသွေးကောင်းမွန်တဲ့ ရုပ်ထွက်ရရှိစေမှာဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်အရ Galaxy Mega 2 ဈေးနှုန်းဟာ $425 ဝန်းကျင်ရှိမှာဖြစ်ပြီး အနက်ရောင်နဲ့ အဖြူရောင် အရောင်နှစ်မျိုးနဲ့ မကြာခင်မှာ ဈေးကွက်အတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။


Source: phonearena



Google ၏ Android Wear platform ကို အသုံးပြုထားသော LG ၏ ပထမဦးဆုံး စမတ်နာရီဖြစ်သည့် G Watch ၏ အချက်အလက်များသည် Twitter account @upleaks မှ တစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ G Watch စမတ်နာရီ၏ ဘက်ထရီသည် တစ်ခါအားသွင်းပြီး standby mode ဖြင့် အသုံးပြုသည့်အခါ ၃၆ နာရီခန့် အသုံးပြုနိုင်မည်ဟု ဆိုသည်။

ဥပမာ အနေဖြင့် LG G Watch ကို email စစ်ခြင်း၊ text message ပေးပို့ခြင်း စသည့် ကိစ္စရပ်များအတွက် မကြာခဏ အားသွင်းရန်မလိုဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် လက်ခံရရှိသည့် notification များအပေါ် မူတည်ပြီး ဘက်ထရီသက်တမ်း ကွာခြားမည် ဖြစ်သည်။

G Watch စမတ်နာရီတွင် 4GB သိုလှောင်မှုစနစ် ပါဝင်သောကြောင့် 4GB နှင့် ညီမျှသည့် app များ၊ သီချင်းများနှင့် ဂိမ်းများကို စမတ်နာရီတွင် တိုက်ရိုက်သိုလှောင်ထားနိုင်မည် ဖြစ်သည်။

Ref: BusinessInsider
Internet Journal



အပါးလွှာဆုံးဖုန်းတစ်လုံးဖြစ်ခဲ့တဲ့ ultra-thin P6 ဖုန်းရဲ့ နောက်ဆက်တွဲ Huawei Ascend P7 တရားဝင်ထွက်ရှိလာပါပြီ။ ၂၀၁၄ခုနှစ်ရဲ့ အထင်ကရဖြစ်မှု တာဝန်တွေကို ပိုကောင်းလာစေဖို့ အသင့်လည်းဖြစ်နေပါပြီ။ အထင်ကရဖြစ်မှုသစ်မှာ ဒီဇိုင်းပိုင်းမှာ အဓိကအဆင့်မြှင့်ထားသလို ပိုကောင်းတဲ့ မြင်ကွင်းမျက်နှာပြင် ပါရှိလာပါတယ်။ ကင်မရာ ပိုင်းမှာလည်း တိုးတက်လာပါတယ်။
အရင်ဆုံးပြောရမှာကတော့ protective Gorilla Glass 3 နဲ့ဖုံးအုပ်ထားတဲ့ ၅လက်မအရွယ် 1080p displayပါ။ ဖုန်းအရွယ်အစားကတော့ 139.8x 68.8x 6.5 မီလီမီတာ ဖြစ်တဲ့အတွက် ဥပမာပြောရရင် Samsung Galaxy S4 ထက် ပိုရှည်ပြီး ပိုပါးပါတယ်။ Ascend P7 ရဲ့ အလေးချိန်ကတော့ ၁၂၄ ဂရမ်ပါ။
ထူးခြားတာက ဖုန်းကျောဘက်မှာပါ Corning Gorilla Glass 3 နဲ့ အုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီ့အောက်မှာတော့ ၇-ဆင့် မျက်နှာပြင် ကုထုံး အဖြစ်ဖန်တီးထားတဲ့ မိုက်ခရို အနုစိပ်တည်ဆောက်မှု ပါရှိပါတယ်။ Display မျက်နှာပြင်ရဲ့ အထက်မှာ notification တွေပြပေးမယ့် LED ပါရှိပါတယ်။
HiSilicon Krin 910T chipset, 1.8GHz quad-core Cortex-A9 CPU, Mali 450 GPU တို့ကိုအသုံးပြုထားပြီး RAM 2GB ပါရှိပါတယ်။ Android ဗားရှင်း 4.4.2 KitKat နဲ့ ပြေးဆွဲထားပြီး user interface ကတော့ Emotion 2.3 ပါ။
ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့ကင်မရာဟာ ထူးထူးခြားခြား 8MP ပါရှိပါတယ်။ selfie ရိုက်ဖို့ အထူးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
Ref:gsmarena.com
 Post By Zuu


 
 
 
 


တရုတ်အခြေစိုက် Company ကြီးဖြစ်တဲ့ ZTE မှသူတို့ ရဲ့ မျိုးဆက် Nubia Z5s ကို
ပွဲထုတ်လိုက်ပါပြီ။Home Button ကိုအထူးစတိုင်ပြုလုပ်ထားပြီး 13MP Camera
ပါဝင်လာမှာပါ။၅လက်မအရွယ်အစားရှိတဲ့  မျက်နှာပြင်အကျယ်နှင့် 1080x1920 resolution
ပါဝင်လာမှာဖြစ်ပြီး......4.2 Jellybean ကိုမောင်းနှင်အသုံးပြုသွားမှာဖြစ်ပါတယ်။
2GB RAM ပါဝင်မှာဖြစ်ပြီ3း2 GB Internal Storageကိုအသုံးပြုသွားမှာပါ။
5MP Front Camera ဟာလဲ Nubia Z5s ကိုအဆင့်မြင့်တဲ့ ဖုန်းတစ်လုံးအဖြစ်ရပ်တည်
ခွင့်ပေးသွားအုံးမှာဖြစ်ပါတယ်။
#AdminZLite



2012ခုနှစ်ထုတ် D 20 ကိုရေအောက် ၃၃ပေကနေပြီးတော့၈၂ပေအထိ ယူဆောင်သွားနိင်စေဖို့ သင့်လျှော်စွာ ပြန်လည် အစားထိုးထားတဲ့
Waterproof ကင်မရာ တစ်လုံးဖြစ်ပါတယ်။ လာမည့်နွေရာသီအတွက် ကွက်တိပါပဲ။ ရေအောက်စကူဘာ ဒိုင်းဗင်သမားတွေအတွက် အဆင်ပြေစေမှာပါ။

CMOS sensor နဲ့ 12.1 magepixel ပါရှိတဲ့ ကင်မရာဟာ DIGIC 5 processor ကိုပံ့ပိုးပေးထားပြီး 1080p ဗီဒီယိုတွေကို ရိုက်ကူးနိင်ဖို့ ထောက်ပံ့ပေးနိင်ပါတယ်။
ရေအောက် ရိုက်ကူးခြင်းတွေအတွက် မှုန်ဝါးသွားခြင်းမျိုး မဖြစ်စေဘဲ performence တွေကိုသင့်တင့်လျှော်ပတ်စွာ လုပ်ဆောင်နိင်မှာ ဖြစ်ပါတယ်။
အရမ်းတောက်ပတဲ့ နေရောက်အောက်မှာ ရိုက်ကူးမူတွေအတွက် 3-inch 461k-dot LCD ထောက်ပံ့ထားတဲ့ Sunlight Mode တွေနဲ့ ရိုက်ကူးနိင်မှာပဲ ဖြစ်ပါတယ်။

လက်တုန်တွေတွေအတွက်ရော လှုပ်ခါမူတွေအတွက်ရော အဆင်ပြေစေနိင်ပြီး အေးခဲမူတွေကိုလည်းခံနိင်ရည် ရှိပါတယ်။
GPS ပါဝင်ကာ ဈေးနှုန်း ဒေါ်လာ ၃၃၀ နဲ့ ဧပရယ်လလယ်လောက်မှာ ၀ယ်ယူရရှိနိင်ဖို့ မျှော်လင့်ရပါတယ်။

Aung Heine
Smart Pro Journal