Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Life Style. Show all posts
Showing posts with label Life Style. Show all posts


ချစ်သူကောင်မလေးက ကိုယ့်ကို သ၀န်တိုတယ်ဆိုတာ ကိုယ့်ကို ဆုံးရှုံးရမှာကြောက်လို့ပေါ့။ ဒါကောင်းတဲ့အချက်ပါပဲ။ ဒါပေမယ့် သ၀န်တိုတာလိုတာထက် ပိုလာရင်တော့ နှစ်ဦးသားဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်လာပါလိမ့်မယ်။ ဘယ်သွားသွား စိတ်မချတာ၊ ဘယ်သူနဲ့ရှိနေသလဲ အားလုံးကို သိချင်နေတာ၊ သူ့မျက်ကွယ်ရာမှာ နောက်တစ်ယောက်ထားနေပြီလားဆိုပြီး သင့်ကိုစစ်ဆေးမေးမြန်းတာတွေ မကြာခဏလုပ်လာပြီဆို၇င် သင်လည်း စိတ်ညစ်လာမှာပါပဲ။ အောက်ကအချက်လေးတွေက သင့်ချစ်သူဟာ အလွန်အကျွံ သ၀န်တိုတတ်တဲ့သူ ဟုတ်မဟုတ်ဆိုတာ ပြောပြပေးနိုင်ပါတယ်။
၁။သူ့ရှေ့မှာ တစ်ခြားမိန်းကလေး၊ အမျိုးသမီးတစ်ယောက်ယောက်အကြောင်း ပြောလို့မရလောက်အောင်ပဲ။
ကိုယ့်ရုံးက လုပ်ဖော်ကိုင်ဖက်အမျိုးသမီး၊ ဒါမှမဟုတ် သူငယ်ချင်းရဲ့ညီမ စသဖြင့် ကိုယ်က တစ်ခြားမိန်းကလေးတစ်ယောက်အကြောင်း ပြောလိုက်တာနဲ့ သူ့ပုံစံက ပြောင်းသွားတော့တာပါပဲ။ ကိုယ်ပြောလိုက်မိတဲ့လူတွေနဲ့က ဒီတစ်ခါတင် မဟုတ်ဘူး။ နောက်ထပ်လည်း အကြိမ်ပေါင်းများစွာ အတူတူရှိနေရဦးမယ်ဆိုတာ သူရော၊ ကိုယ်ရော သိထားရက်သားနဲ့ အဲ့ဒီလို တစ်ခါပြောလိုက်တိုင်း သ၀န်တိုပြီး ပြသနာရှာနေရင်တော့ နှစ်ယောက်စလုံး စိတ်ဒုက္ခရောက်စရာတွေ ဖြစ်လာနိုင်တာပေါ့။
၂။သင့်ကို ဘာမဟုတ်တဲ့ မေးခွန်းပေါင်းများစွာ ဆက်တိုက်မေးနေလိမ့်မယ်။
အဖြေအတိအကျမရှိတဲ့ မေးခွန်းတွေနဲ့ တွေ့တိုင်းဟိုမေးဒီမေး မေးနေလိမ့်မယ်။ ကိုယ်က သူမေးတာတွေကို အင်း ၊ အဲ လုပ်မိပြီဆိုရင် ကိုယ်ကပဲ တစ်ခြားတစ်ယောက်ရှိနေသလိုလို သူတို့ပြောဆိုလိမ့်မယ်။ ဒီလို ချစ်သူမျိုးရှိနေရင်လည်း သင့်အတွက် တော်တော်လေးကို စိတ်ပင်ပန်းစရာ ကောင်းတာပါ။
၃။နှစ်ဦးသားဆက်ဆံရေးကို ယုံကြည်မှုအပြည့်အ၀မရှိဘူး။
ဘေးပတ်ဝန်းကျင့်ကြောင့်ဖြစ်ဖြစ်၊ အရင်ကတွဲခဲ့တဲ့ ရည်းစားဟောင်းကြောင့်ပဲဖြစ်ဖြစ် ခုလက်ရှိ ဆက်ဆံရေးကို ယုံကြည်မှုမရှိသလို လုံခြုံပြည့်ဝမှုကိုလည်း သူတို့မခံစားရတဲ့အခါ ဘာမှမဟုတ်တာလေးတွေကိုပါ ပြောဆိုလာကြမယ်။ သ၀န်တိုလာမယ်။ ပြသနာရှာလာမယ်။
၎။သင့်ရဲ့ကိုယ်ရေးကိုယ်တာ မေးလ်ရဲ့ လျှို့ဝှက်နံပါတ်တွေ တောင်းလာမယ်။
ဆိုရှယ်မီဒီယာပေါ်မှာ သင်တင်ထားတဲ့ စတေးတပ်စ်တွေ၊ ပို့စ်တွေက ဘာအဓိပ္ပါယ်လဲ။ ဘယ်သူ့ကိုရည်ရွယ်တာလဲ။ ဘယ်ကိုရောက်နေပြီး ဘယ်သူတွေနဲ့လဲ။ သူငယ်ချင်း မိန်းကလေးရောပါသလား စတာတွေကို စစ်ဆေးလာသလို သင့်မေးလ်ရဲ့ password တွေကိုပါ သူမကို ပေးထားဖို့ တောင်းလာမယ်ဆို၇င် ဒါဟာ သင့်အပေါ် ယုံကြည်မှုနည်းလာတာ၊ လိုတာထက် ပိုသ၀န်တိုလာတာပဲပေါ့။
၅။တစ်ခြားမိန်းကလေးတွေနဲ့ စွပ်စွဲလာမယ်။
ဆန့်ကျင်ဘက်လိင် အမျိုးသမီးပဲဖြစ်ဖြစ်၊ ကောင်မလေးတွေပဲဖြစ်ဖြစ် ကိုယ့်ဘက်က ရည်ရည်မွန်မွန် ပြောဆိုဆက်ဆံလိုက်တာနဲ့ သူတို့ကို ကြိုက်နေတာလားဆိုပြီး မေးမြန်းခံရမယ်။ စွပ်စွဲတာမျိုးတွေ လုပ်လာပြီဆိုရင်လည်း သူဟာ သ၀န်တိုတာထက်ပိုတဲ့ သ၀န်ကြောင်တာမျိုး ဖြစ်နေလို့ပါ။
Ref:mensxp.com


ချစ်သူရှိတာကောင်းပါတယ်။ ချစ်သူက ကိုယ့်အပေါ် နားလည်ပြီး ချစ်ပေးတယ်ဆိုရင် ဒါဟာ ပိုကောင်းတာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူ ဒါလုပ်ပေးမလားမသိဘူး။ သူ တစ်နေ့နေ့ ဒါလုပ်ပေးမှာပါ ဆိုပြီး စောင့်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ ပျော်ရွှင်မှုရရှိဖို့ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့အခါမျိုးတွေ ရှိပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်တာမျိုးပေါ့။ ဘယ်လိုအရာမျိုးတွေကို အမျိုးသားတွေ လုပ်ပေးဖို့ စောင့်မနေသင့်ဘူးလဲဆိုတာ ပြောပြပေးချင်ပါတယ်။
တန်ဖိုးကြီး လက်ဝတ်ရတနာတစ်ခုခု ၀ယ်ပေးမလားဆိုပြီး စောင့်မျှော်တတ်ခြင်း
ကိုယ့်ချစ်သူက ကိုယ့်မွေးနေ့မှာ ကိုယ်လိုချင်တဲ့ လက်စွပ်လေးများ ၀ယ်ပေးမလား၊ ကိုယ်လိုချင်တဲ့ နားကပ်လေးများ ၀ယ်ပေးမလား မျှော်လင့်နေရတဲ့အလုပ်ထက် ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် လက်ဝတ်ရတနာကို ၀ယ်ဝတ်လိုက်တာ ပိုကောင်းပါတယ်။ သူမပေးလို့ဆိုပြီး စိတ်ကသိကအောက် ဖြစ်နေမယ့်အစား ကိုယ့်စိတ်ကြိုက် ၀ယ်လိုက်တာ ပိုကောင်းပါတယ်။
သွားချင်တဲ့ခရီးအတွက် သူ့အကြံပြုချက်ကို စောင့်မျှော်တတ်ခြင်း
ခရီးသွားတဲ့အခါ တစ်ယောက်တည်း မသွားရဘူးလို့ သူက ပြောထားပါသလား။ အမှန်တော့ ခရီးသွားတယ်ဆိုတာ စိတ်လွတ်လပ်မှုတစ်ခု၊ အပန်းဖြေမှုတစ်ခုကို ရှာဖွေတာပါ။ သူမအားလို့ ကိုယ်မသွားရတာမျိုး အဖြစ်ခံစရာ မလိုပါဘူး။ တစ်ယောက်တည်းသွားတော့ရော ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ဘိုကင်လုပ်တာကအစ အရာအားလုံး ချစ်သူက လုပ်ပေးမလားဆိုပြီး မျှော်လင့်နေရင်း ကိုယ်သွားချင်တဲ့ခရီးကို အပျက်မခံပါနဲ့။
စားချင်တဲ့အရာတွေကို အတူစားဖို့ စောင့်မျှော်ရခြင်း
တစ်ခါတစ်လေ ချစ်သူမပါဘဲ ကိုယ့်ဘာသာကိုယ် အလှလေးဘာလေးပြင်၊ အမိုက်စားဝတ်ပြီး အကောင်းစား စားသောက်ဆိုင်မှာ စားသောက်ချင်တာမျိုး ဖြစ်လာရင် သွားလိုက်ပါ။ ငါသွားပြီး သူ့ထားခဲ့တယ်ဆိုတဲ့ အပြစ်ရှိသလို ခံစားချက်မျိုးထားဖို့ မလိုပါဘူး။ ဒီလိုသွား၊ စားတာမျိုးဟာ သူ့နောက်ကွယ်မှာ နော်ကတစ်ယောက်ထားတာမှ မဟုတ်ပဲ။ ဒီတော့ ခုလိုစိတ်ဖြစ်လာရင် လိုက်ပို့ပေးပါဖို့၊ ကိုယ်နဲ့အတူ အဖော်ပြုပေးဖို့ မေးရမြန်းရ စောင့်ရတာမျိုးတွေ မလုပ်ပါနဲ့။
အိမ်ပြောင်းချင်တာမျိုး သူ့ထောက်ခံချက်ကို စောင့်မျှော်ရခြင်း
ကိုယ်နေထိုင်တဲ့ တိုက်ခန်း၊ အိမ်ပြောင်းဖို့ လိုနေပြီလို့ ခံစားရရင်၊ အဆင်မပြေတော့ဘူးဆိုတာ သေချာရင် နောက်တစ်နေရာပြောင်းတဲ့အခါ သူ့ကပြောင်းဆိုမှ ပြောင်းရမှာပါလား။ မဟုတ်ပါဘူး။ ကိုယ်နေထိုင်ရတာ အဆင်ဘယ်လောက် မပြေဘူးလဲဆိုတာ ကိုယ်သာသိပါလိမ့်မယ်။ သူ့ဆီက ထောက်ခံချက်နဲ့ ပြောင်းရ၊ မပြောင်းရ တာတွေ စိတ်ထဲ ထင့်မနေပါနဲ့။
ကိုယ့်နာမည်ရေးထိုးဖို့ သူ့ဆီက ခွင့်ပြုချက် စောင့်ရခြင်း
တစ်ခါတစ်လေ စာရွက်လေးတစ်ခုပေါ်မှာ တစ်ခုခုရေးတော့မယ်ဆို နှစ်ဦးစလုံးနာမည်ပဲ ရေးရမှာလား၊ ကိုယ့်နာမည်ရေးရမှာလား။ ဒါမှမဟုတ် ကိုယ့်အသုံးအဆာင်မှာ နာမည်လေးတစ်ခုခု တပ်ချင်တယ်၊ ထွင်းချင်တယ်ဆိုပါစို့။ ကိုယ့်နာမည်ကိုယ်တပ်ပစ်လိုက်ရင် သူစိတ်ဆိုးမှာလား ဆိုတာ စဉ်းစားနေမိပါတယ်။ တကယ်တော့ ကိုယ့်နာမည်ကိုယ်တပ်တာ ဘာမှ အမှားမပါပါဘူး။ သူနဲ့လက်ထပ်ပြီးသွားပြီဆိုတော့မှ နှစ်ယောက်သားရဲ့ အသုံးအဆောင်တွေကို စိတ်ကြိုက်နာမည်ရေထိုးလို့ရတာပဲလေ။
Ref:cosmopolitan.com


စကားအပြောအဆို ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် အဓိက အခြေခံလိုအပ်ချက်တွေက ဘာတွေလဲ။ မျက်နှာချင်းဆိုင် ပြောဆိုလာရတဲ့အခါ သင် ဘာတွေပြောဆိုမလဲ။
(၁) “ကိုယ့်ဖာသာ အေးအေးလူလူနေပါ” ဆိုတာဟာ  မကောင်းတဲ့အကြံအဥာဏ်ပါ။
“ကိုယ့်ဖာသာ အေးအေးလူလူနေပါ” ဆိုတဲ့စကားဟာ အလုပ်အင်တာဗျူး တစ်ခုခုမဝင်မှီ သတိပြုရမယ့် အကောင်းဆုံး အကြံဟုတ်ပါသလား။ လုံးဝ မဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်၊ ရိုးရိုးသားသားပြုမူပြီး တက်ကြွမှုရှိအောင် ပြုမူပါ။ တစ်ယောက်တည်း မလှုပ်တခြောက် အေးအေးလူလူ ရှိနေရင်တော့ စကားပြောကျွမ်းကျင်တဲ့သူ ဖြစ်နိုင်မှာ မဟုတ်ဘူးလေ။
(၂) ထပ်တူကျခြင်းကို ဂရုစိုက်ပါ
အကြံဥာဏ် နည်းလမ်းရနိုင်တဲ့ ဘယ်နည်းလမ်းကိုမဆို အဆင်ပြေအောင် ကြိုးစားပြီး အာရုံစိုက်လုပ်ဆောင်မှုဟာ လူမှုဆက်ဆံရေးကို တိုးတက်စေပါတယ်။
(၃) သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာများပြောဆိုပါ
အပြန်အလှန်စကားပြောဆိုမှု သိပ်မလုပ်သူတွေ အမြဲတမ်း တညီတညွတ်တည်း ပြောတတ်ကြတဲ့ စကားက “ငါဘာအကြောင်းအရာကို သွားပြောမှာလဲ” ပါ။ မှားပါတယ်။ အမှန်မှာတော့ ”ငါသူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ရအောင် သူတို့ကို ဘယ်လိုရအောင်ပြောရမှာလဲ” လို့သာ ဖြစ်သင့်ပါတယ်။
ကိုယ်ကပဲ ပြောဆိုသူ မဖြစ်ပါစေနဲ့။ လူတွေကို ကိုယ့်ဘက်ပါလာအောင် ဆွဲခေါ်ချင်တာမို့လား။ နားထောင်တတ်တဲ့ အကျင့်ကိုလည်း သင်ယူပါ။
(၄) လူတွေကို စိတ်ပျော်အောင်လုပ်ပေးပါ
လူတွေဘာပဲ ပြောပြော အကြောင်းမဟုတ်ပါဘူး။ သူ့တို့ပြောတဲ့စကားကို အလွယ်တကူ လက်ခံသဘောတူနိုင်တဲ့သူတွေကို ပိုပြီးသဘောကျကြပါတယ်။
(၅) စကားပြောဆိုမှု အဆက်မပြတ်အောင် ဘယ်လိုထိန်းသိမ်းမှာလဲ
ကိုယ့်ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အစွန်းရောက် မနေအောင် ပြုမူပါ။ စကားဝိုင်းကို ကိုယ်တစ်ယောက်တည်း လွမ်းမိုးမထားပါနဲ့။ ဒါပေမဲ့ ဘာမှမပြောဘဲနဲ့လဲ မနေပါနဲ့။
သူတို့ပြောဆိုတဲ့ အကြောင်းအရာပေါ် တစ်ခုခု ထည့်ပြောပေးပါ။ စကားအတုံ့အပြန်ဖြစ်အောင်လုပ်ပါ။
Source: TIME


တစ်ခါတလေမှာတော့ အဖေနဲ့အမေက သူတို့ရဲ့လမ်းညွှန်မှုတွေ၊ ဘဝသင်ခန်းစာတွေ၊ လူရှေ့မှာချစ်ခင်မှုပြသတာတွေ ဒါမှာမဟုတ်အရိုးရှင်းဆုံးအနေနဲ့ သူတို့ရဲ့တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ချစ်ခြင်းကို ဘယ်လိုမျိုးပဲပြပြ မိဘတွေက သူတို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးဆိုတာကို အမြဲအလိုရှိကြတယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရပါဘူး။ ဒါပေမယ့် အရာရာတိုင်းမှာတော့ ခြွင်းချက်တွေရှိတတ်တာဖြစ်ပြီး အုပ်ထိန်းမှုကို မှားယွင်းစွာလုပ်ဆောင်နေတဲ့ မိဘတွေရှိပါတယ်။ ကိုယ့်ကလေးတွေကို ငယ်ရွယ်တုန်း ဘယ်အရာမဆိုလုပ်ဖို့ခွင့်ပြုတာက ကလေးရဲ့ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်။ အခုဖေါ်ပြမှာကတော့ သူတို့ကိုယ်သူတို့ ဟုတ်နေမှန်နေပြီလို့ ယူဆနေကြတဲ့ ကမ္ဘာ့အဆိုးဝါးဆုံးမိဘတွေထဲကအချို့ဖြစ်ပါတယ်။
၁။ ၇နှစ်အရွယ်သမီးကို ရင်သားပစ္စည်းထည့်သွင်းခွဲစိပ်နိုင်ဖို့ ဒေါ်လာ ၁၀၀၀၀ တန်ဘောက်ချာ လက်ဆောင်ပေးခဲ့တဲ့ မိခင်

ဒါဟာ ၇ နှစ်သမီးကိုတော့ ခွဲစိပ်တာမဟုတ်ပါဘူး ဒါပေမယ့် မိခင်ဖြစ်သူဟာသူမရဲ့ ၇နှစ်အရွယ်သမီးဖြစ်သူ ရင်သားကြီးထွားစေရေးခွဲစိပ်မှုအတွက် ဒေါ်လာ ၁၀၀၀၀ တန်ဘောက်ချာ လက်ဆောင်ပေးခဲ့ပါတယ်။
Sarah Burge ကသူမကိုယ်သူမ လူသားဘာဘီအဖြစ်ကြေငြာခဲ့ပြီး အလှအပပိုင်းဆိုင်ရာခွဲစိပ်မှုတွေမှာ ဒေါ်လာရာ၊ ထောင်ပေါင်းများစွာသုံးခဲ့တဲ့အတွက် အဓိကနာမည်ကြီးတာဖြစ်ပါတယ်။
သူမရဲ့ ၇နှစ်သမီးက သူမအသက် ၁၆ နှစ်ပြည့်တဲ့အခါ ရင်သားခွဲစိပ်မှုပြုလုပ်ချင်တယ်လို့ တောင်းဆိုခဲ့တယ်လို့ အဆိုပါအမျိုးသမီးကပြောခဲ့ပါတယ်။ တကယ်လို့သူ့သမီးမှာ သဘာဝအတိုင်းကြီးလာတဲ့ ရင်သားတွေရှိတယ်ဆိုရင် အခြားပလပ်စတစ်ဆာဂျရီတွေလုပ်ဖို့ ဒီ ချက်လက်မှတ်ကို အသုံးပြုနိုင်ပါတယ်လို့ သူမကပြောခဲ့ပါတယ်။ ဒါ့အပြင် သူမက သမီးဖြစ်သူကို တိုင်ပတ်တဲ့အက သင်ပေးခဲ့ပါတယ်။
၂။ မွေးစားသားကို ရုရှားပြန်ပို့ခဲ့တဲ့ မိခင်

အမေရိကန်နိုင်ငံ တန်နက်ဆီကအမျိုးသမီးတစ်ယောက်ကမွေးစားခဲ့တဲ့ ၇နှစ်သားကောင်လေးကို မော်စကိုအပြန်လေယဉ်ခရီးစဉ်မှာ တစ်ယောက်ထဲပြန်ပို့လိုက်အပြီးမှာ အမေရိကန်မိသားစုတွေ ကလေးမွေးစားတာကိုရပ်တန့်ဖို့ ရုရှားက သတိပေးခဲ့ပါတယ်။ ကောင်လေးက သူဟာအကြမ်းဖက်တတ်ပြီး စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိတယ်လို့ရေးထားတဲ့ စာတစ်ဆောင်နဲ့ပြန်လာတာဖြစ်ပါတယ်။ ၇နှစ်သား Artyom Savelev ကို သူ့မွေးစားအဖွားဖြစ်သူက လေယဉ်ပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်။ တန်နက်ဆီက အာဏာပိုင်တွေကတော့ မွေးစားအမေဖြစ်သူကို စုံစမ်းစစ်ဆေးနေခဲ့ပါတယ်။ မွေးစားအမေရဲ့အဆိုအရ ကလေးက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိ၊ အကြမ်းဖက်တတ်ပြီး ပြင်းထန်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြသနာတွေရှိတယ်လို့သိရပတယ်။ သူတို့မိသားဟုဟာ မော်စကိုလေဆိပ်ကနေကောင်လေးကိုခေါ်ယူပြီး ရုရှားပညာရေးနဲ့သိပ္ပံဝန်ကြီးဌာနကိုပို့ဖို့ လူတစ်ယောက်ကို ဒေါ်လာ ၂၀၀ ပေးခဲ့ပါတယ်။ မွေးစားမိခင်က သူမက လေယဉ်ပျံသန်းနေတုန်း လေယဉ်မယ်တစ်ယောက်နဲ့ Artyom ကိုကြည့်ရှုဖို့ နဲ့ ဂုဏ်သိက္ခာရှိတဲ့လူကောင်းတစ်ဦးကို ရုရှားမှာလာကြိုဖို့အတွက်တောင်းဆိုခဲ့တဲ့အတွက် ဒါဟာကလေးစွန့်ပစ်မှုမဟုတ်ကြောင်းပြောပါတယ်။
၃။ ရှစ်နှစ်သမီးကို ပိုပြီးလှအောင်ဆိုပြီး Botox ဆေးထိုးပေးတဲ့မိခင်

အမေရိကရဲ့တောင်ပိုင်းပြည်နယ်တွေက အလှမယ်မိခင်တွေကသူတို့ရဲ့သမီးငယ်တွေကို ဖယောင်းသုံးအမွေးနှုတ်ခြင်း၊  နေလောင်ခံထားတဲ့ အသားအရေပုံပေါက်အောင် လိမ်းဆေးများလိမ်းခြင်း၊ မိတ်ကပ်တန်ပေါင်းများစွာလိမ်းချယ်ခြင်းစတဲ့ ရူးကြောင်ကြောင်အလုပ်တွေလုပ်တတ်ကြတဲ့ အတွက်နည်မည်ကြီးပါတယ်။ ကာလီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုက ဗြိတိသျှမိခင်တစ်ဦးက သူမရဲ့ ၈ နှစ်သမီးရဲ့ ပါးရေအတွန့်တွေပျောက်ဖို့ဆိုပြီး Botox ဆေးထိုးသွင်းခဲ့ပါတယ်။ သူမကတော့ ကလေးအလှမယ်တွေရဲ့ ဆိုးဆိုးဝါးဝါးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လောကထဲ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် သမီးဖြစ်သူ Britney ကိုကူညီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ကလေးမလေးက မိခင်ဖြစ်သူ သူမမျက်နှာကိုပထမဆုံးအကြိမ် Botox အထိုးခံရတုန်းက ငိုကျွေးခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ သူမရဲ့သမီးဟာ ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်စေတဲ့ bacterial botulinum toxin ထိုးသွင်းမှုတွေနဲ့ ကျင့်သားရနေပြီလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိခင်ဖြစ်သူက ဒီဇာတ်လမ်းက သတင်းမှားတစ်ခုဖြစ်ပြီး ဗြိတိသျှသတင်းစာ The Sun ကဒီသတင်းမှားကိုဖန်တီးဖို့ သူမကိုငွေပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ မှန်မှန်မမှန်မှန် မိခင်တွေက သူတိုရဲ့ကလေးအသက်နဲ့မလိုက်အောင် အလှအပရေးဆိုင်ရာနည်းစနစ်တွေသုံးပြီး ဒုက္ခပေးနေတတ်တဲ့ ဒီလိုအဖြစ်အပျက်မျိုးကကမ္ဘာကြီးကို မကြာခဏလှုပ်ခါနေကျပါ။
၎။ ငွေမပေးချေရသေးတဲ့ကားအတွက် သမီးကိုလိင်ဆက်ဆံခိုင်းတဲ့ မိဘနှစ်ဦး

မိဘနှစ်ဦးက သူတို့ရဲ့ တစ်ပတ်ရစ် မီနီဗန်ကားအတွက် ငွေအကျေဖြစ်ဖို့ သူတို့ရဲ့ ၁၄ နှစ်သမီးကို လူတစ်ယောက်နဲ့လိင်ဆက်ဆံခိုင်းခဲ့ပါတယ်။ အဲဒီ့မိဘနှစ်ဦးက သူတို့ဘယ်တုန်းကမှ သမီးကိုအလွဲသုံးစော်ကားခဲ့တာမျိုးမလုပ်ခဲ့ပေမယ့် ဒီလိုရည်ရွယ်ချက်နဲ့ သူမကို လိင်ဆက်ဆံဖို့ တိုက်တွန်းဖူးပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူတို့ကို ထောင်ဒဏ် ၆ လနဲ့ အာဏာပိုင်အရာရှိနဲ့ပုံမှန်တွေဆုံပြီး ငြိမ်းချမ်းစွာနေထိုင်ခွင် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီ့မိဘနှစ်ဦးဟာ သူတို့ဝယ်ယူခဲ့တဲ့ ၁၉၉၈ Dodge Caravan ကားအတွက် လစဉ်ကြေး ၂၈၁ ဒေါ်လာကိုပေးချေစရာမလိုတော့အောင် Eastman မှာရှိတဲ့ Shorty’s Used Cars ကားအရောင်းအဝယ်လုပ်ငန်းရဲ့ မန်နေဂျာ Bearden ကိုသူတို့သမီးနဲ့လိင်ဆက်ဆံခွင့်ပေးခဲ့တာဖြစ်ပါတယ်။
၅။ ကလေးငယ်ကို ကားရပ်နားရာနေရာမှာ မေ့ကျန်ခဲ့တဲ့ မိဘတွေ

ဒေါသတကြီးရန်ဖြစ်နေကြတဲ့ လင်မယားနှစ်ဦးဟာ သူတို့ကားရပ်နားနေရာကနေ တစ်ယောက်တစ်လမ်းစီစွန့်ခွာသွားပြီး သူတို့ရဲ့ ၈ နှစ်အရွယ်ကလေးငယ်ကို မေ့ကျန်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူအိမ်ပြန်ရောက်ပြီး သူမရဲ့လင်ယောကျာ်းမှာလဲကလေးမပါသွားဘူးဆိုတာသိခဲ့တဲ့အချိန်ထိတော့ မဟုတ်ပါဘူး။ နေရောင်အောက်က ပူပြင်းတဲ့ကွန်ကရစ်ပေါ်မှာထိုင်နေတာကိုတွေ့ရတယ်လို့ ကလေးကိုတွန်းလှည်းထဲမှာတွေ့ခဲ့တဲ့လူက ပြောပါတယ်။ ဒါကမတော်တဆမှုလို့ပြောနေတဲ့ မိဘတွေကို ရဲကဖမ်းဆီးခဲ့ပါတယ်။

Ref:trendingpost.net

မေ့လျော့နေသော ဘဝအတွက် တစ်စိတ်တစ်ဒေသများ










အတောင်ပံတွေ စုံတာနဲ့ အမျှ မိဘရဲ့ ရင်ခွင်ထဲကနေ ခြေစုံကန်ပြီး ထွက်လာခဲ့ကြတယ်။ အတတ်ပညာ အသီးအသီး တတ်ကျွမ်းကြသူများမို့ ဝင်ငွေတွေလည်း ကောင်းလာပါတယ်။
ဒီလိုနဲ့ မိမိဘဝအတွက် အကောင်းဆုံး အရာတွေကိုပဲ ရွေးချယ်ပြီး လုပ်ဆောင် လာလိုက်တာ အရာရှိ အရာခံ ဝန်ထမ်း အများလေးစား ထိုက်တဲ့ ပုဂ္ဂိုလ်ကြီး တွေလည်း ဖြစ်လို့လာကြပါပြီ။ သို့သော်လည်း မိမိဘဝကို ပြုစုပျိုးထောင် မွေးမြူပေးလိုက်တဲ့ မိဘရင်ခွင်နဲ့ တကွ မိမိရဲ့ မွေးရပ်ဌာနေလေး ကိုတော့ မမေ့လိုက်ပါနဲ့။ သင့်ဘဝရဲ့ အတိတ်ခြေရာ လေးတွေဟာထိုနေရာ ထိုဒေသမှာ ကျန်ရှိနေပါသေးတယ်။
သင့်ကိုမွေးဖွားလိုက်တဲ့ ဒေသလေးနှင့် သင့်မိဘတွေဟာ သင့်ဘဝရဲ့ မေ့လျော့နေသော တစ်စိတ်တစ်ဒေသ လေးတော့ မဖြစ်ပါစေနဲ့။ အခါအခွင့်တွေ ကြုံမယ်ဆိုရင် တစ်ခေါက်လောက်တော့ ပြန်သွားပြီး မိဘရင်ခွင် ထဲမှာ ခိုလှုံလိုက်ပါအုံး။ သင်ပြန်အလာကို သူတို့ တတွေ စောင့်မျှော်နေကြတယ်။


ရိုးရာလေး

ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ












သူသည် အလွန်မတန်မှ ညံ့ဖျင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ သူ့ဘဝကို ကြီးပွား တိုးတက်လိုစိတ် မရှိသည့်အပြင် ဘဝရှေ့ရေး မျှော်ကိုး တတ်သူ မဟုတ်၍ လူတိုင်းက နိုင်ကြပါသည်။
သူသည် အားနာကြီးသူ ဖြစ်သည်။ သူသည် အမှန်တရားကိုပဲ လိုလားသောသူ တစ်ယောက်ဖြစ်၍ မဟုတ်မမှန် ပြောဆိုပြီး ချမ်းသာအောင်လည်း မလုပ်တတ်သူ ဖြစ်ပါသည်။ သူ့တွင် ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ အပြည့်အဝ ရှိပါသည်။
ထိုသူများသည် အောင်မြင်သူ တစ်ယောက် ဖြစ်လာမည် မဟုတ် ထိုသူသည် ငွေကြေး ဥစ္စာ ပေါကြွယ်ဝသော သူတစ်ယောက် ဖြစ်လာမည် မဟုတ်။ သို့သော် သူသည် တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်လာမည်။
အောင်မြင်သော သူတိုင်းသည် တန်ဖိုး မရှိသလို တန်းဖိုးရှိသော သူတိုင်းဟာလည်း အောင်မြင်သူ မဟုတ်ပါ။ အရေးကြီးသော အဖိုးထိုက် တန်သော အရာသည်က ရင်ထဲက ဖြူစင်စိတ်ထား အမှန်တရားသာ ဖြစ်ပေသည်။


ကျော်လင်းနိုင် (ရိုးရာလေး)


ဒေါသက သင့်ရဲ့လူမူရေး၊ ဘဝတစ်ခုလုံးကို ဖျက်ဆီးနိုင်ပါတယ်။ သင်စိတ်ဆိုးနေတဲ့အချိန်မှာ အမှားတွေကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ စိတ်တည်ငြိမ်အောင် ကြိုးစား ဖို့ပဲဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ရှောင်ရှားခြင်းက သင့်ရဲ့ဒေါသကြောင့် ထိခိုက်နစ်နာမှု မရှိရအောင် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
၁။ သင့်ရဲ့ဒေါသမီးအကြောင်းကို လူမူမီဒီယာတွေမှာ ပို့စ်လုပ်ခြင်း
လူတချို့က သူတို့ရဲ့စိတ်ဆိုးစိတ်တိုခြင်းအတွက် ထွက်ပေါက်အနေနဲ့ လူမူမီဒီယာတွေကို အသုံးပြုတတ်ကြပါတယ်။ သတိထားရမှာပဲဖြစ်ပါတယ်။ စိတ်ဆိုးနေတဲ့ အကြောင်းရင်းတွေဖြစ်ဖြစ် ကိုယ်ဒေါသထွက်တဲ့အကြောင်းပဲဖြစ်ဖြစ် လူမူကွန်ယက်မှာ ထည့်ပြီး ပို့စ်မလုပ်သင့်ပါဘူး။ မကောင်းတဲ့အမြင်တွေနဲ့ လူမူကွန်ယက်မှာ နာမည်ကြီးဖို့ ကြိုးစားတာနဲ့အတူတူပဲဖြစ်ပါတယ်။
၂။ ဆုံးဖြတ်ချက်ချခြင်း
ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချဖို့ ကောင်းမွန်တဲ့ အခြေအနေတစ်ခု လိုအပ်ပါတယ်။ ဒေါသထွက်ရင် ဆုံးဖြတ်ချက်မချပါနဲ့။ စိတ်တည်ငြိမ်တဲ့ အချိန်ထိ စောင့်ဆိုင်းပါ။ သင့်ရဲ့ခံစားချက်နဲ့ သင့်ဘဝရဲ့တာဝန်တွေကြား စည်းခြားထားပါ။
၃။ ဒေါသကြောင့် အခြားလူကို ထိခိုက်စေခြင်း
သင်သတိထားမိချင်မှ ထားမိမယ်။ ဒါပေမယ့် သင့်ဒေါသကြောင့် မဆိုင်တဲ့သူတွေ ထိခိုက်သွားတတ်ပါတယ်။ သင့်ရဲ့ နှုတ်ခမ်းမှ နားထောင်မကောင်းတဲ့ စကားလုံးတွေကြောင့် တဖက်လူစိတ်အနှောင့်အယှက်ဖြစ်သွားတာတွေ တစ်ဖက်လူ အလုပ်မလုပ်နိုင်အောင် ပွစိပွစိလုပ်တာတွေဟာ သင့်ရဲ့တန်ဖိုးကို သင်ကိုယ်တိုင်လျော့ချလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုးရွားတဲ့နေ့တစ်နေ့ကို ပုံမှန်နေ့တွေထက် ပိုကောင်းမွန်အောင် ဖန်တီးဖို့ကြိုးစားပါ။
၎။ ကားမောင်းခြင်း
သင် စိတ်လှုပ်ရှားပြီး ဒေါသထွက်နေတဲ့အချိန်မှာ ကားမမောင်းသင့်ပါဘူး။ ကားမောင်းနေရင်းနဲ့မှ ဒေါသထွက်တယ်ဆိုရင်တော့ ခဏစက်ပိတ်ထားပြီး ရပ်လိုက်ပါ။ မျက်ရည်ကျရင်း ကားမောင်းနေတယ်ဆိုရင် လမ်းသေချာမမြင်ရတဲ့အတွက် အသက်အန္တရာယ်ထိ ထိခိုက်စေနိုင်ပါတယ်။
၅။ တွေ့တဲ့သူတိုင်း ရင်ဖွင့်တတ်ခြင်း
သင်တကယ် ယုံကြည်စိတ်ချရတဲ့သူ မဟုတ်ရင် သင့်ရဲ့ဒေါသထွက်ရတဲ့အကြောင်းရင်းတွေကို ရင်ဖွင့်ခြင်း မလုပ်သင့်ပါဘူး။ သူငယ်ချင်းကောင်းက အကြံကောင်းပေးပြီးတော့ ယုံကြည်စိတ်ချရတဲ့သူမဟုတ်ရင် အတင်းပြောတတ်ပါတယ်။ သင့်ရဲ့ကျော်ကြားမှုဟာ သင့်ကို ခွန်အားပေးတဲ့အရာပဲ ဖြစ်စေသင့်ပါတယ်။
၆။ မကောင်းတဲ့အကျင့်ဆိုးဘက်ကို ဦးတည်ခြင်း
လူငယ်အများစုဟာ စိတ်ဆိုးပြီဆိုရင် အရက်သောက်တဲ့အကျင့်တွေ ရှိကြပါတယ်။ အဲဒါမှ ပိုပြီး ပြသနာကကြီးလာနိုင်ပါတယ်။ ဒေါသထွက်လို့ ကုန်သွားတဲ့အားအင်တွေကို ပြန်ဖြည့်ပေးဖို့ ကျန်းမာတဲ့ ခန္ဓာကိုယ်လိုအပ်ပါတယ်။ အရက်သောက်ရမယ့်အစား ချွေထွက်စေတဲ့အားကစား ပိုပြီးလုပ်သင့်ပါတယ်။ အရာရာဟာ အကောင်းဘက်ကနေ ကိုင်တွယ်ဖြေရှင်းတတ်မယ်ဆိုရင် ကိုယ့်အတွက် ဆိုးကျိုးဆိုတာ နည်းသထက် နည်းလာမှာပဲ ဖြစ်ပါတယ်။
၇။ အခြားလူတွေနဲ့ စကားပြောခြင်း
ဒေါသထွက်နေတဲ့သူဆီကနေ ဘယ်တော့မှ ချိုသာတဲ့ စကားတွေ ထွက်လာလေ့မရှိပါဘူး။ လူတွေနဲ့ ဆက်ဆံခြင်းကို ခဏရပ်လိုက်ပါ။ အချိန်ယူပြီး စိတ်တည်ငြိမ်ဖို့ ကြိုးစားပါ။

Ref:womanitely.com


မင်းအတွက် သူမက အရာရာမှာပြည့်စုံနေတယ်ဆိုပါတော့။ အင်မတန်မှ ချစ်စရာကောင်းတဲ့ မျက်နှင်အသွင်အပြင်၊ အပြစ်ပြောစရာ တစ်စုံတစ်ခုမှ မရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ထက်မြတ်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ ပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်။ လိုရင်းပြောရမယ်ဆိုရင် မင်းစိတ်ကူးထဲက မိန်းကလေးအတိုင်းပေါ့။ ဆိုတော့ မင်းသူကို ဒီတိုင်းသာကြည့်နေမှာလား။ မဟုတ်သေးဘူး မဟုတ်လား။ မင်းအခွင့်အရေးကိုတော့ မင်းယူရလိမ့်မယ်။ သူမရဲ့ စိတ်ဝင်စားမှု ရအောင်ကြိုးစားပါ။
(၁) အသိသာကြီးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ မင်းမျက်လုံးနဲ့ စိုက်ကြည့်မနေဘူးဆိုရင် တစ်စုံတစ်ယောက်နဲ့ ခိုင်မြဲတဲ့ ဆက်ဆံမှုကို ရနိုင်မှာမဟုတ်ပါဘူး။သူမရဲ့ အကြည့်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး အဲဒီအတိုင်းဆက်နေပါ။ ဒါပေမဲ့ ကောက်ကျစ်မယ့် လူတစ်ယောက်လို မျက်စိမခွာပဲ မကြည့်ပါနဲ့။ တခြားနေရာကိုလည်း မကြာမကြာတော့ ပြောင်းကြည့်ပါ။
(၂) ရယ်စရာဟာသက မိန်းကလေးအများစုရဲ့စိတ်ကို ဆွဲဆောင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့  ကြမ်းကြမ်းတမ်းတမ်း နောက်ပြောင်လိုက်ရင် သူမတွန့်သွားပါလိမ့်မယ်။ ကျယ်ကျယ်လောင်လောင် ရယ်မောခြင်းဟာလည်း လုံးဝမလုပ်သင့်တဲ့ အချက်တစ်ခုပါ။ ပွင့်လင်းမှုရှိ၊ သဘာဝလည်းကျပြီး နားလည်လွယ်တဲ့ ဟာသတွေက သူမရဲ့စိတ်ဝင်စားမှုကို ရယူပါလိမ့်မယ်။ ဒါဟာ မိန်းကလေးအများစုကို ဆွဲဆောင်နိုင်တဲ့ လျို့ဝှက်ချက်တစ်ခုပေါ့။
(၃) မင်းရဲ့ကိုယ်ဟန်အမူအရာလည်း အလွန်အရေးပါတယ်။ ပခုံးကို ကုန်းကိုင်းပြီး ပျင်းရိတဲ့ပုံစံကြီးနဲ့ သူဘေးနားမှာ သွားရပ်မနေပါနဲ့။ အဲဒီအချက်က ပျင်းရိငြီးငွေ့စရာ၊ ကိုယ်ကိုကိုယ် ယုံကြည်မှုမရိုတဲ့ လက္ခာဏာကို ပြပါတယ်။ သက်တောင့်သက်သာ သာနေပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံဖြစ်အောင်နေပါ။ ပြုံးပြုံးလေးသာနေပါ။
(၄) ကိုယ့်အကြောင်းကိုပဲပြောဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့ လူတစ်ယောက်လို မနေထိုင်ပါနဲ့။ တခြားသူတွေအတွက် ပြောဆိုဖို့အချိန်ပေးပါ။ အဲဒီအချက်က တခြားသူတွေကို ကူညီပေးချင်တဲ့ မင်းရဲ့စိတ်ဆန္ဒကို ပြသရာ ရောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်ဝင်စားမှုရှိတယ်ဆိုရင် သူမလည်း ပြောဆိုချင်မှာပဲ။ သူရဲ့ခံစားချက်ကို မင်းဆီဖွင့်ပြောနိုင်မယ့် အခွင့်ပေးထားပါ။
(၅) လျို့ဝှက်တဲ့ အမူအရာတစ်ခုခုကို လုပ်ပြလိုက်ပြီး ခဏတဖြုတ် စနောက်ခဲ့ပြီးလို့ အချင်းချင်းအကြောင်းအရာကိစ္စရပ်တွေ ဖလှယ်ပြောဆိုလို့ပြီးသွားပြီဆိုတာနဲ့ ချက်ချင်းထွက်သွားလိုက်ပါ။ မင်းကို သတိရ လွမ်းဆွတ်မယ့် အချိန်ပေးထားပါ။ နောက်ဘယ်လိုဖြစ်သွားမှာလဲ ကြိုတင်မျှော်လင့်နေရတာလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

Source: Menxp


ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့အကျိုးဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။လေ့ကျင့်ခန်းမလုပ်ခင် ရေဆက်တိုက်သောက်ထားခြင်း
လေ့ကျင့်ခန်းလုပ်ခါနီးမှ ရေဗူးလိုက်သောက်ချပစ်လိုက်တာမျိုးဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အင့်တာ၊ အစာအိမ်မှာ ရေတွေရှိသွားတာကြောင့် အထိုင်အထနဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တိုင်း အင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို သတ်မှတ်ထားတဲ့အချိန်ထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေဗူးကို လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ GYM ကို ယူသွားပါ။ ဒါပေမယ့် နည်းနည်းချင်းစီ သောက်ပေးပါ။ လေ့ကျင့်ခန်းမလုပ် ခင် အားလုံးကုန်အောင် မသောက်ချလိုက်ပါနဲ့။
၂။ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်း လုပ်ခါနီးအချိန်ထိ ဗိုက်ထဲမှာ ဘာမှမရှိဘူးဆိုရင် သင့်ရဲ့အစာအိမ်ဟာ ကြာရှည်အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆီမရှိတဲ့ကားဟာ ဘယ်မှသွားလို့မရသလိုမျိုး ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာပြေလေးတော့ စားထားဖို့လိုပါတယ်။
၃။အိပ်ရေးဝအောင် အိပ်မထားခြင်း
မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုပါစို့၊ တစ်ညလုံး မအိပ်ရသေးဘူး။ ဒါမှမဟုတ် တစ်နာရီ၊ နှစ်နာရီလောက်သာ အိပ်ထားရသေးတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အရင်ထက်ပိုပင်ပန်းစွာ လှုပ်ရှားနေရပြီလို့သာ မှတ်ပါ။ အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်ဖို့ သူတို့တွေက ပင်ပန်းကြီးစွာ အလုပ်ပိုလုပ်ပေးနေရပါတယ်။ ဒါ့အပြင်နှလုံးနဲ့ တိုက်ရိုက်ပတ်သက်နေသေးတာမို့ လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
၎။ကော်ဖီအလွန်အကျွံသောက်ထားခြင်း
ကော်ဖီကို သောက်သင့်တဲ့ အခွက်ရေ၊ အနေအထားထက် ပိုသောက်ထားမယ်ဆိုရင် ဒါဟာလည်း လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ပေးတာပါပဲ။ ပိုဆိုးတာက သောက်နေကျမဟုတ်ပဲ ခုမှပိုသောက်လိုက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးရှောင်ရပါမယ်။
၅။ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအစာတွေကို စားထားခြင်း
လေ့ကျင့်ခန်းမလုပ်ခင် ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအသောက်တွေ စားထားမယ်ဆိုရင် ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတာပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားနိုင်ပေမယ့် မလုပ်ခင်ဆိုရင် နှစ်ဆယ်ဂရမ်ထက်ပို မစားသင့်ဘူးလို့ ဆိုထားပါတယ်။
၆။အကြောမလျှော့ပဲ လေ့ကျင့်ခန်းလုပ်ခြင်း
ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ GYM ဆော့တော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အကြောကတော့ အရင်ဆုံးလျှော့ရမှာပါပဲ။ အကြောလျှော့ခြင်းဟာ ကိုယ်လက်လှုပ်ရှားခြင်းကနေ ဖြစ်လာတဲ့ အသားတွေနာတာ၊ ဒူးနာတာစတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုထိရောက်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အနည်းဆုံး ၅မိနစ်လောက်တော့ အကြောလျှော့ဖို့ အချိန်ပေးသင့်ပါတယ်။

Ref:cosmopolitan.com



အမျိုးသမီးတစ်ယောက်ကို ဘာကတကယ် လိင်ပိုင်းဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံးတော့ သုသေတီတွေက ဖြေကြားပေးလိုက်ပါပြီ။
လေ့လာမှုသစ်တစ်ရပ်မှာ ဘယ်အပိုင်းတွေက တုံ့ပြန်မှုအားအကောင်းဆုံးလဲ ဆိုတာကို တိတိကျကျရှာဖွေ ဖော်ထုတ်ဖို့အတွက် အမျိုးသမီးကိုယ်ခန္ဓာပေါ်က ဖွဖွရွရွထိတွေ့မှု၊ ဖိအား နဲ့ တုန်ခါမှု တွေရဲ့ သက်ရောက်မှုတွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။
သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ရတာကတာ့ ဖွဖွရွရွထိတွေ့မှုအတွက် လည်ပင်းဟာ တုံ့ပြန်မှုအားအကောင်းဆုံး၊ ဖိအားအတွက် အမျိုးသမီးအင်္ဂါထိပ်နဲ့ သားမြတ်ဖူး တွေဟာ တုံ့ပြန်မှုအားအကောင်းဆုံး၊ တုန်ခါမှုအတွက်တော့ အမျိုးအသီးအင်္ဂါထိပ်ဟာ တုံ့ပြန်မှုအားအကောင်းဆုံး ဆိုတာပါပဲ။ အသက် ၁၈နှစ်ကနေ ၃၅နှစ်ကြား ကျန်းမာတဲ့ အမျိုးသမီး အယောက် ၃၀နဲ့ လေ့လာစမ်းသပ်ခဲ့တာပါ။ ထိတွေ့မှုပုံစံ အမျိုးမျိုး သက်ရောက်စေဖို့အတွက် သိပ္ပံနည်းကျကိရိယာတွေကို သုံးခဲ့ပါတယ်။ ၁ ဒဿမ ၅စက္ကန့် နှိုးဆွလိုက်ပြီး ၅စက္ကန့် စောင့်ပြီးမှ အမျိုးသမီးတွေကို ဘယ်လို ခံစားရကြောင်း မေးမြန်းခဲ့တာပါ။ သုတေသီတွေဟာ သားမြတ်ထုထည်၊ BMI(အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် အချိုးအစား)၊ ဟော်မုန်းဆိုင်ရာ သန္ဓေတားခြင်း၊ ဓမ္မတာစက်ဝိုင်း နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်သန်မှု စတာတွေကို စိစစ်လေ့လာခဲ့တယ်လို့ သိရပါတယ်။
Ref:dailymail.co.uk


GYM ပဲသွားသွား၊ အိမ်နားမှာပဲ လေ့ကျင့်ခန်းလုပ်လုပ်၊ သူငယ်ချင်းတွေနဲ့ပဲ ထပြေးပြေး ဘယ်လိုလေ့ကျင့်ခန်းအတွက်မဆို ရှိထားသင့်တဲ့ အရာလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ခြေမျက်စိအထိရှည်တဲ့ legging တွေထက်စာရင် ဒူးလောက်ထိသာရှိတဲ့ fitted capris ဘောင်းဘီတွေက လေ့ကျင့်ခန်းလုပ်ဖို့ ပိုအဆင်ပြေတာမို့ တစ်စုံထက်ပိုပြီး ၀ယ်ထားသင့်ပါတယ်။

၂။ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းက ပြေးတာမျိုး၊ ခုန်တာမျိုးတွေ ပါတယ်ဆိုရင်တော့ အောက်ခံဝတ်မယ့် ဘရာကို သေချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။ Sport bra အမိုက်စားတွေကို မဖြစ်မနေသွားရွေးထားလိုက်ပါ။

၃။လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့ ဖိနပ်မျိုးတွေကို ရွေးချယ်စီးရမှာပါ။ လှတာထက် စီးလိုက်တာနဲ့ သက်သောင့်သက်သာရှိစေတဲ့ sneaker တွေ ရွေးသင့်ပါတယ်။

၎။လွယ်လွယ်ကူကူ စွတ်လို့ချွတ်လို့ရတဲ့ စွတ်ကျယ်လိုမျိုးဟာတွေ၊ အင်္ကျံမျိုးတွေ ရှာဝယ်ထားပါ။

၅။နောက်ထပ် ရှိထားသင့်တဲ့အရာတွေထဲမှာ ဇစ်တပ်လို့ရတဲ့ ဂျက်ကတ်မျိုးတွေလည်း ပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် ချွတ်ထားနိုင်ပြီး လုပ်ပြီးတဲ့အချိန် ကောက်ဝတ်လိုက်လို့ရတဲ့ ဂျက်ကတ်မျိုးပါ။

၆။ဘောင်းဘီတိုတွေကတော့ ရာသီဥတု ပူလာချိန်ဆို လိုကိုလိုအပ်တာမျိုးပါ။ ရှာဝယ်ထားသင့်ပါတယ်။

Ref:luckymag.com


          လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီးလမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။
          အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်းအပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။  
(၁)     မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။
          မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။
(၂)     အိမ်ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။
          ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ်တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။
(၃)     သူမရဲ့ယုံကြည်ရသူ ဖြစ်ပါစေ။
          ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရအောင် လုပ်ဆောင်ပါ။
(၄)     ရက်စွဲတွေကို မှတ်ထားပါ။
အမျိုးသားတွေမှာ ရက်စွဲမမှတ်မိတတ်တဲ့ ပြဿနာရှိပြီး အမျိုးသမီးတွေကလည်း ဒါကိုပဲ ပြဿနာ ရှာချင်ကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ရက်စွဲတချို့ (ဥပမာ-မွေးနေ့၊ ချစ်သက်နှစ်ပတ်လည်နေ့၊ စတွေ့တဲ့နေ့) စတာမျိုးလောက်တော့ မှတ်မိနိုင်အောင်ကြိုးစားထားပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ် သူမမသိအောင် သိမ်းဆည်းထားပါ။ သူမမေးတဲ့ ရက်စွဲတစ်ခုကို တန်းခနဲဖြေနိုင်ရင်တော့ သင်အတော်လေးအမှတ်ရမှာပါ။ ဒီအချက်လေးကလည်း သေးငယ်ပေမယ့် အရေးပါပါတယ်။
(၅)     မျှော်လင့်ချက်ပန်းတိုင်တွေကို ဝေမျှပါ။
          သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေထဲ သူမကို ထည့်သွင်းစဉ်းစားပြီး မျှဝေပေးခြင်းက အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြုအမူက သူမကို သင်ဘယ်လောက်ထိ ရည်ရွယ်ထားကြောင်း သိစေနိုင်ပြီး သင့်အတွက်သူမက အရေးပါတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ကို ရှက်ရွံ့နေစရာမလိုပဲ သင့်အလုပ်အကြောင်းကို သူမနဲ့ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။
          ပြောခဲ့တဲ့ ဒီအပြုအမူ ၊ အပြောအဆိုလေးတွေဟာ ဘာမှအပန်းမကြီးတာ မှန်ပေမယ့် သင်တို့ချစ်ခရီးလမ်းကိုတော့ အများကြီးအထောက်အကူဖြစ်တာပေါ့။ နားလည်မှုနဲ့ ပြည့်စုံနိုင်မယ့် ချစ်ခြင်းတစ်ခုဆိုတာ ရွှေတွေ ငွေတွေပေးဝယ်လို့ မရတာအသေအချပါပဲ။
Ref:mensxp.com