Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Mobile News. Show all posts
Showing posts with label Mobile News. Show all posts
တာချီလိတ်မြို့ တွင် Ken Bo ,Oppo , Vivo ဖုန်းများ အရောင်းများနေ
---------------------------------------------------------------------------


4/2/2016 (Thursday)

တာချီလိတ်မြို့ တွင် ယခင်က MPT , MEC Mobile Operator များသာ ရှိခဲ့ပြီးယခုနှစ်စော ပိုင်းမှစ၍ 
Mobile Operatorကုမ္မဏီ အသစ် များ ဖြစ်သော Telenor , Ooredoo တို့ ထက်မံရောက်ရှိလာသည်နှင့်အညီ
ဖုန်းကုမ္မဏီကြီး များဖြစ်ကြသော Ken Bo ,Oppo , Vivo ဖုန်းများ အပြိုင် အဆိုင် ဈေးကွက်စတင်
ထိုးဖောက် နေပြီဖြစ်၍ Promotion များ ၊ လက်ဆောင်များဖြင့် အပြိုင်အဆိုင် အရောင်းများနေသည်ကို
တွေ့ ရပါတယ်။

သတင်း - ဇွဲမြင့်










          အဆိုတော် IU ဟာ သူမနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကောလဟာလတွေအကြောင်း အနည်းငယ် ရှင်းပြခဲ့ပါတယ်။ သူမဟာ ဂျပန်ရဲ့ ပေါ်ပြူလာဖြစ်တဲ့ ဒရမ်မာဇာတ်ကား “Nodame Cantabile” မှာ ခေါင်းဆောင်မင်းသမီး နေရာက သရုပ်ဆောင်ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။
          IU ရဲ့ အေဂျင်စီက “ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးမယ့် ဒရမ်မာဇာတ်ကားကို သူမအနေနဲ့ အခုထိတော့ လက်မခံရသေးဘူး” လို့ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့က ပြောသွားပါတယ်။ အခုဇာတ်ကား အတွက် သူမကိုကမ်းလှမ်းထားတဲ့ production ဟာ အရင်ကလည်း သူမနဲ့တွဲပြီး ဇာတ်ကားအတော်များများ ရိုက်ဖူးပါတယ်။
          နီးစပ်သူ အတော်များများကလည်း IU သာ ဒီဇာတ်ကားကို လက်ခံလိုက်ပြီး အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ အခွင့်အရေး အတော်များများရနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ အခုကတော့ အေဂျင်စီရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြတုန်းပဲ ဖြစ်ပါတယ်။
Ref:kpopstarz.com






sanfran-620x348








Apple ရဲ့ co-founder Steve Wozniak ၏ ချီးကျူးမူကို ခံထားရတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ China ရဲ့ Mailland ဖြစ်တဲ့ ပေကျင်းအခြေစိုက် Xiaomi ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အလယ်အလတ်တန်းစား အဆင့်ရှိတဲ့ တီထွင်မူ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ပရီမီယံ အဆင့်ရှိတဲ့ အလူမီနီယံသားတွေနဲ့ ကိုယ်ထည်တွေကို ပြုလုပ်ထားပြီး အမြင့်စား အတွင်း အစိတ်အပိုင်းတွေ ဖွဲ့စည်းပါဝင်လာတဲ့ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ ၅လက်မ မျက်နှာပြင်၊ နဲ့ ဘတ္တရီရဲ့ ကြာရှည်ခံမူကတော့ ပြောစရာမလိုပါဘူး။ Xiaomi ဟာ သူရဲ့ Mi3 ကို Android လမ်းကြောင်းပေါ်က ကိုယ်ပိုင်တီထွင်မူ တစ်ခု ဖြစ်တဲ့ MIUI User interface UI နဲ့ စတင် ထုတ်လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇိုင်း
ပါးလျားပြီး ပုံမှန် ကျတဲ့ 0.3 အထူသာရှိပြီး ခေတ်မီ သွက်လျတဲ့ ပုံစံကိုတွေ့ရမှာ ဖြစ်ပါတယ်။ အလူမီနီယံ ကိုယ်ထည်သားနဲ့ ဖြစ်ပြီး မျက်နှာပြင် ထိတွေ့မူ အဆင့်အတန်းမှာလည်း ချောမွတ်လှတာကိုတွေ့ရပါတယ်။ 5-inch full HD (1,920x1,080) LCD နဲ့ IPS နည်းပညာတွေကိုလည်း သုံးထားတာ ကိုတွေ့ရပြီး ထို IPS နည်းပညာကတော့ ဆိုနီရဲ့ Z1S လို စူပါ တောက်ပမူတွေ၊ ပိုကောင်းမွန်သော angle မြင်ကွင်းတွေကို ပေးစွမ်းမှာ ပဲ ဖြစ်ပါတယ်။ ေ
ဆာ့ဝဲလ်ပိုင်းနဲ့ မျက်နှာပြင်
အခြား နာမည်ကြီး ဖုန်း maker တွေဖြစ်တဲ့ HTC, Samsung, LG တို့လို မျက်နှာပြင်အလွှာကို သူရဲ့ ကိုယ်ပိုင် interface ဖြစ်တဲ့ MIUI ကို ပြုလုပ်ပေးထားပါတယ်။ အဆိုပါ ဆော်ဝဲလ်ဟာ ပိုပြီး ပြေပြစ် သွက်လက်စွာ ဖြင့် လုပ်ဆောင်နိင်မှာ ဖြစ်ပြီး မူလ theme တွေများစွာကို ကိုယ်ပိုင်ရွေးချယ် နိင်မှာ ဖြစ်ပါတယ်။ ထို MIUI ဟာ Apple ရဲ့ iOS စနစ်ကိုတောင် တူညီနိင်မယ်လို့ ဆိုထားပါတယ်။
ကင်မရာ
ကင်မရာပိုင်းမှာတော့ Mi3 ဟာ ဒီဂျစ်တယ် ကင်မရာ စနစ်တွေနဲ့ သုံးစွဲသူတွေကို ဆွယ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဆိုနီရဲ့ Exmor sensor ကိုသုံးထားပြီး အမြင့်ဆုံး ပုံရိပ်ဖမ်းနိင်မူ အနေနဲ့ 13 megapixel ကိုတပ်ဆင်ထားတယ်လို့ဆိုပြီး dual LED Flash နဲ့ 28mm format ရှိတဲ့ widw angel ကိုလည်း သုံးထားကြောင်း သိရပါတယ်။ ဒီကင်မရာ အစိတ်အပိုင်း တပ်ဆင်မူတွေအားလုံးကိုခြုံကြည့်ခြင်းဖြင့် Mi3 ရဲ့ ပုံတွေဟာ အထင်ကြီးစရာကောင်းစွာနဲ့ ဖြစ်လာဖို့ ရှိပါတယ်။
core component အနေနဲ့ 1.8Ghz quad-core Tegra 4 chip ဒါမှမဟုတ် Qualcomm Snapdragon 800 processorနဲ့ ထွက်ရှိဖို့ ရှိပါတယ်။ RAM အနေနဲ့ 2GB ဖြစ်မှာ ဖြစ်ပြီး 16GB အတွင်းမှတ်ဥာဏ်ပါရှိမှာ ဖြစ်ပါတယ်။ ဘတ္တရီကို 3,050mAh battery သုံးပါ။ ဘယ်လောက် Android version သုံးမယ်။ ဈေးနှုန်းအကြောင်း ဘယ်လောက်ရှိမယ်။ စတဲ့ အချက်တွေအတွက်ကတော့ ယခုထိ မသိရှိရသေးပေမဲ့ မကြာတော့တဲ့ အချိန်မှာ တွေ့ရှိရတော့မှာ ဖြစ်ပါတယ်။  
Aung Heine ( www.smart.com.mm )



စမတ်ဖုန်းတစ်လုံးဝယ်ယူပြီဆိုအရင်အခုအခါ Internal Storage ဟာအရမ်းအရေးပါ
လာပါတယ်။IPhone လို Device တွေဆိုရင် SD ကဒ်ဆိုက်မရတဲ့အတွက် Internal
Storage ဟာအသက်ပါပဲ။16 GB Internal Storage ဆိုပေမယ့်စက်အတွက်(CPU)
ခွဲပေးထားရတဲ့  Storage ပမာဏလဲရှိပါသေးတယ်ဒါကြောင့်တစ်ကယ်အသုံးပြုလို့ ရမယ့်
ပမာဏနဲ့  Popular ဖြစ်တဲ့ဖုန်းတွေကိုဖော်ပြပေးပါ့မယ်။
16GB Internal Storage
Apple Iphone 5C--12.60GB
Google Nexus5--12.28GB
Apple Iphone5S--12.20GB
SonyXperia Z1--11.43GB
Blackberry Z30--11.20GB
HTC One Mini--10.44GB
LG G2--10.37GB
Samsung Galaxy S4--8.56GBတို့ ဖြစ်ပါတယ်။
#AdminZLite (Any Call)




 
 
 
 


တရုတ်အခြေစိုက် Company ကြီးဖြစ်တဲ့ ZTE မှသူတို့ ရဲ့ မျိုးဆက် Nubia Z5s ကို
ပွဲထုတ်လိုက်ပါပြီ။Home Button ကိုအထူးစတိုင်ပြုလုပ်ထားပြီး 13MP Camera
ပါဝင်လာမှာပါ။၅လက်မအရွယ်အစားရှိတဲ့  မျက်နှာပြင်အကျယ်နှင့် 1080x1920 resolution
ပါဝင်လာမှာဖြစ်ပြီး......4.2 Jellybean ကိုမောင်းနှင်အသုံးပြုသွားမှာဖြစ်ပါတယ်။
2GB RAM ပါဝင်မှာဖြစ်ပြီ3း2 GB Internal Storageကိုအသုံးပြုသွားမှာပါ။
5MP Front Camera ဟာလဲ Nubia Z5s ကိုအဆင့်မြင့်တဲ့ ဖုန်းတစ်လုံးအဖြစ်ရပ်တည်
ခွင့်ပေးသွားအုံးမှာဖြစ်ပါတယ်။
#AdminZLite




Android ဖုန်းတွေပေါ်မှာ ရရှိနိင်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲရရှိနိင်လာခဲ့တာ ဖြစ်ပြီး သင့်ရဲ့ Android Smart phone ထဲမှာ Google Search app ရှိဖို့တော့ လိုပါလိမ့်မယ်။
ပထမဦးဆုံးအနေနဲ့ မိတ်ဆွေတို့ ထို Voice Search ကိုအသုံးပြုမယ်ဆိုရင်တော့ အရင်ဆုံး Contact တွေထဲမှာ ကိုယ်နဲ့ relationship ဖြစ်နေသူတွေရဲ့
နာမည်ကို အရင်ဆုံးထည်သွင်းရပါမယ်။ Mom ဆို Mom ၊ lover ဆို lover ပေါ့။ ဒီလိုထည့်သွင်းပြီးရင်တော့ Voice Search မှာ "call mom" ဒါမှမဟုတ်
"text sister" လို့ပြောလိုက်ရုံနဲ့တင် စတင် အဆင်သင့်ဖြစ်နေစေနိင်မှာ ဖြစ်ပါတယ်။

ref: https://plus.google.com/

Aung Heine ( www.smart.com.mm )
Photo: Nokia Lumia 1520 အလုံးပေါင်း 35 လုံးဖြင့်ပြုလုပ်ထားသော စကတ်ကို
2014 London Fashion Week မှာပြသခဲ့ပါတယ်.........
တစ်ကယ့်ကိုလှပအသက်ဝင်တဲ့ စကတ်တစ်ခုဖြစ်ပါတယ်.....
#AdminZLite
Nokia Lumia 1520 အလုံးပေါင်း 35 လုံးဖြင့်ပြုလုပ်ထားသော စကတ်ကို
2014 London Fashion Week မှာပြသခဲ့ပါတယ်.........
တစ်ကယ့်ကိုလှပအသက်ဝင်တဲ့ စကတ်တစ်ခုဖြစ်ပါတယ်.....
#AdminZLite

norton-banner
ကွန်ပျူတာတွေက ၀က်ဆိုက်တွေကနေ ဗိုင်းရက်စ်တွေ ကူးစက်ပြီး ကွန်ပျူတာစနစ်တွေ ကမောက် ကမာက်ကမဖြစ်ရသလို ဖုန်းတွေနဲ့ အင်တာနက်တွေသုံးလာကြတဲ့ ခေတ်မှာ မိုဘိုင်းတွေမှာ ကပ်ငြိလာတတ်တဲ့ malware တွေ၊ ဗိုင်းရပ်စ်တွေ၊ အခြား အကောင့်ခိုးယူမူတွေကနေ တစ်ဆင့် ကာကွယ်မူရရှိဖို့ မိုဘိုင်း Security ဆော့ဝဲ တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ထို ဆော့ဝဲလေးသည် အင်တာနက်မှတစ်ဆင့် မိမိဖုန်းထဲက အချက်အလက်များ၊ ခိုးယူမူများနဲ့ မိမိလက်မခံလိုသော ဖုန်းခေါ်ဆိုမူတွေကနေ သီးခြားခွဲထားပေးနိင်မှာ ဖြစ်ပြီး မိမိဖုန်းမေ့ကျန်ပျောက်ဆုံးခြင်း စတဲ့ အချက်များကို ကူညီအဖြေရှာကာ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
Android ဖုန်းနဲ့ Tablet တွေအတွက် သီးသန့်ပါ။ ဖုန်း ဟမ့်ခြင်း၊ နှေးကွေးခြင်းတို့အတွက်လည်း Scan ဖတ်ရုံနဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Trail အနေနဲ့ https://play.google.com/store/apps/details?id=com.symantec.mobilesecurity တွင် ဒေါင်းလုပ်ခ် ပြုလုပ်နိင်ပြီး upgrade တိုးမြှင့်ချင်တယ်ဆိုရင်တော့ (၁) နှစ်စာအတွက် ဒေါ်လာ ၃၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်၊ Malware, နဲ့ အခြား ဖုန်းလုံခြုံရေးအတွက် မရှိမဖြစ် အရေးပါးသော ဆော့ဝဲလေးပါ။
Aung Heine ( www.smart.com.mm )







အင်တာနက်ဖွင့်ထားလျှင် သင်လိုချင်သော အကြောင်းအရာ သို့ လျင်မြန်စွာရှာဖွေပေးမည့် Apk Launcher ကတော့ (Mozilla Firefox Launcher) ပါ ..
File Size ကတော့ နည်းပါတယ် ။
သင့်သာ Everything Me launcher ကိုသာ ခဏလောက်သုံးစွဲ ကြည့်ပါ .. ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ် ။



Download Link >>> Here

Author >> Rookie

Apple3
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်တွင် Apple ဟာသူရဲ့ ထုတ်ကုန်တွေမှာ သတ္တုအသုံးပြုမူကို အငြင်းပွားဖွယ်မရှိနိင်တဲ့ သတ္တုတွေကို အသုံးပြုလျက်ရှိတယ်လို့ Third-party စာရင်းစစ်သူများရဲ့ ပြောကြားချက်အရ သိရပါတယ်။ ထို့ သတင်းကတော့
ကုမ္ပဏီကို ထောက်ပံထားတဲ့အချိတ်အဆက်ထဲမှာပါဝင်ပြီး multi level မှာရှိတဲ့ စာရင်းစစ်ဆေးခြင်း 451ပေါ်မှာ အခြေခံထား တာလို့ သိရပါတယ်။

Apple ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ i Phone မှာဆိုရင်တော့ အာဖရိကတိုက်ဖက်ခြမ်း၊ ကွန်ဂိုနိင်ငံမှ မြောက်မြားစွာလာလေ့ရှိသော Tantalum ( tantalium) သတ္တု တစ်မျိုးကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ထို သတ္တုဟာဆိုရင် ဓာတု element တစ်ခု ဖြစ်ပြီး ဓာတုဗေဒနာမည် သင်္ကတ Ta ဖြင့်ဖော်ပြလေ့ရှိကာ atomic number ကတော့ 73 ဖြစ်ပါတယ်။ အဆိုပါ သတ္တုဟာဆိုရင် ထိုဒေသမှာ ရှိတဲ့ သူပုန်အုပ်စုအချို့နဲ့ ပြသာနာ အနည်းငယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ သတ္တုကျိုချက်ရေးနဲ့ သန့်စင်ရေးတွေမှာ ပါတဲ့ သတ္တုတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကတော့ Tin လို့ခေါ်တဲ့ သံဖြူဒြပ်စင်၊ tantalum ၊ အဖြိုက်နက်၊ ရွှေ စသည့်တို့ ဖြစ်ပါတယ်။  
Aung Heine ( www.smart.com.mm )

xperia G
Mobile world congress မတိုင်ခင် ယခုလောလောလတ်လတ်ပေါ်ထွက်လာတဲ့ သတင်းလေးပါ။ Sony ရဲ့ အသစ်စစ်စစ် အလတ်စားအဆင့်မှာ ရှိတဲ့ Flagship အမျိုးအစား ဖုန်းဖြစ်ပြီးတော့ ယခုလအတွင်း မကြာမီလာမည့် MWC မှာတရားဝင် ထုတ်ဖော်ပြသမှာ ဖြစ်တယ်လို့ ခန့်မှန်းထားရပါတယ်။ ယခုတွေ့ရှိရတဲ့ ဓာတ်ပုံ နှစ်ပုံကတော့ Xperia Gရဲ့ အစိတ်အပိုင်း အချို့ကို ၀ိုးတ၀ါးဖြစ်စေမူတွေနဲ့အတူပေါ်ထွက်လာပြီး ပြောဆိုနိင်စေခဲ့ပါတယ်။ LTE, အတွင်းမှတ်ဥာဏ် 8GB, 8 megapixel ကင်မရာ ဖြစ်ပြီး 4.8 လက်မရှိတဲ့ မျက်နှာပြင် ဖြစ်တယ် ဆိုတာကိုပါ။ အပြင်ပိုင်းတွေအနေနဲ့ကတော့ သေးသွယ်ပါးလွှာတဲ့ ဆိုဒ်နဲ့ အရင်ထွက်ရှိခဲ့ဖူးတဲ့ Xperia Z1S ရဲ့တူညီတဲ့ ဒီဇိုင်းတို့ဖြင့် အလယ်အလတ်အစားရှိတဲ့ ဖုန်းတစ်လုံးအနေနဲ့ G ကို ဖြစ်စေနိင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ထို ဖုန်းရဲ့ပုံတွေဟာ ဒီထက်ပိုတဲ့ အသေးစိတ်အချက်အလက် တိတိကျကျကို ထပ်မံပြောပြနိင်ဖို့ လျော့နည်းနေပါတယ်။ သို့ပေမဲ့ မကြာတော့တဲ့ နောက်တစ်ပတ်လောက်မှာ ထိှု့Sony Xperia G အကြောင်းနဲ့ ဈေးနှုန်းတိတိကျကျတို့ကို သိနိင်လာတော့မှာ ဖြစ်ပါတယ်။  
Aung Heine ( www.smart.com.mm )

luxury
Gtalk သုံးလို့မရပါဘူး။ Angry Bird ဆော့လို့မရပါဘူး။ ဘယ် Android, iOS -Mobile phone OS တို့အသုံးမပြုပါဘူး။ GPS မပါ။ ကင်မရာမပါ။ ထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကိုက ဘာမှမပါတဲ့ ဖုန်းပြောရန် သီးသန့် ဇိမ်ခံဖုန်း ပစ္စည်းတစ်ခုမျှသာ ဖြစ်ပါတယ်။ ပလက်စတစ်အသုံးမပြုထားပါဘူး။ Ceramic(ကြွေ) ပေါ်မှာ ၁၈ ကာရတ် ရွှေ သို့မဟုတ် Stainless steel အလွှာဖုံးပေး ထားပါတယ်။ ဒါကလည်း Customer စိတ်ကြိုက် ရွေးချယ် ခွင့် ရှိမှာ ဖြစ်ပါတယ်။ အမေရိကန်မှ Aesir Copenhagen ကုမ္မဏီက ထုတ်လုပ် ဖန်တီးထားပြီး အရေအတွက် နည်းနည်းသာ ရှိပါတယ်။ ဈေးနှုန်းအားဖြင့် ရွှေ ၁၈ ကာရတ်သုံး Aesir တစ်လုံးကို အမေရိကန်ဒေါ်လာ ၅၉၀၀၀ တန်ဖိုးရှိပါတယ်။ အခြား အမေရိကန်ဒေါ်လာ သိန်း၊သန်းချီတဲ့ ဇိမ်ခံပစ္စည်း-ဖုန်းများနဲ့စာရင်တော့ ဈေးသက်သာပါတယ်။ ပြုလုပ်ထားပေးတဲ့ keypad၊ မျက်နှာပြင် နဲ့ ဘော်ဒီဒီဇိုင်း ထူးခြားလှပမှုကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ 
Aung Kham ( www.smart.com.mm )







Galaxy NotePro ကို ဖေဖ၀ါရီ 4ရက်နေ့ မှ UK မှာစတင်ရောင်းချမယ်လို့ ဆိုပါတယ်
___________________________________________________________
ကျွန်တော်တို့ အရင်ခန့် မှန်းခဲ့သလိုပါပဲ Note Pro ကို ဖေဖ၀ါရီလ 4 ရက်နေ့ မှာ UK တွင်
စတင်ရောင်းချမှာဖြစ်ပြီး Pre-order တွေစတင်လက်ခံနေပြီလို့ ဆိုပါတယ်။Pre-order
မှာယူသူတွေအနေဖြင့် Gamepad တစ်လုံးလက်ဆောင်ရရှိမယ်လို့ လဲသိရပါတယ်။
ဈေးနှုန်းကတော့....8သိန်းဝန်းကျင်ဖြစ်မှာပါ။
Galaxy NotePro ဟာ 12.2လက်မ....စိတ်ဝင်စားဖွယ်ရာ 2560x1600 pixel
resolution..4.4 Kitkat version....Magazine UX....တို့ ပါဝင်မှာဖြစ်ပြီး၊8MP ကင်မရာ
3GB RAM,9500mAh, S Pen stylus တို့ ပါဝင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုလဲ
ဖေဖ၀ါရီလလောက်မှာပဲရောက်ရှိလာဖို့ ရှိနေပြီဖြစ်ပါတယ်။



Credit >>> Any Call

Post By RooKie