Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

Showing posts with label Funny. Show all posts
Showing posts with label Funny. Show all posts
Credit>>ApkPhoto: ဟ ဟာ ဟား #aPk


ကမ္ဘာ့ပေါ်မှာလည်း ဓာတ်ပုံတစ်ပုံကြောင့် အုတ်အော်သောင်းနင်းဖြစ်လောက်တဲ့အထိ ဖြစ်ပျက်စေခဲ့တဲ့ ဓာတ်ပုံကောင်းတွေ များစွာ ထွက်ပေါ်ခဲ့စေသလို အဲဒီဓာတ်ပုံတွေကြောင့်ပဲ အဖြစ်အပျက်တွေဟာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။
ယခုပုံလေးတွေကတော့ အမှတ်မထင် ဖြစ်ပျက်နေတဲ့အရာလေးတွေကို ဓာတ်ပုံဆရာများရဲ့ အများနဲ့မတူတဲ့ အမြင်များနဲ့ ဓာတ်ပုံပညာများကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရုံဖြင့် စိတ်ကို ပျော်ရွှင်စေပြီး ထူးခြားတဲ့ ပုံတွေကို ရရှိစေပါတယ်။
Ref : 1mpics



သူတန်ဖိုးထားရတဲ့ဖုန်းကိုလက်ထဲကမချတဲ့ကောင်လေးကို စိတ်တိုနေတဲ့ကောင်မလေးက သူ့ရဲ့ဖုန်းကနေကိုင်ပြီး တရုတ်ပြည်ရဲ့ မြေအောက်ရထားလမ်းကိုဖြတ်ကာ တရွတ်တိုက်ဆွဲခေါ်သွားတဲ့အဖြစ်ဖြစ်ခဲ့ပါတယ်။
ခရီးသွားတွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီ့ကောင်မလေးက သူ့ချစ်သူကို ချက်ချင်းပဲဒေါသထွက်ပြီး ထိုင်ခုံကနေဆွဲချပြီး ဘေဂျင်းမြို့မြေအောက်ရထားလမ်းကနေဆွဲထုတ်ခဲ့တာဖြစ်ပါတယ်။
သူ့ကိုတံခါးပေါက်ကနေဖြတ်ပြီးဆွဲထုတ်ခဲ့ပေမယ့် သူ့မျက်လုံးတွေကတော့ iPhone မှာပဲရှိနေခဲ့ပါတယ်။
အဲဒီ့ပြသနာက ဘူတာရုံရောက်တဲ့အထိဆက်ဖြစ်နေသေးတာဖြစ်ပြီး ကောင်မလေးက ဖုန်းကိုကိုယ်ပြီး သူမရဲ့ကောင်လေးကို မြေကြီးကနေတရွတ်တိုက်ဆွဲခေါ်လာခဲ့တဲ့ အခါ ဘေးကရပ်ကြည့်သူတွေ အံ့အားသင့်ခဲ့ရပါတယ်။
တစ်နေရာအရောက်မှာ ကောင်မလေးက ကောင်လေးနဲ့ဖုန်းကို ခွဲခြားဖို့အတွက် ကောင်လေးရဲ့မေးရိုးကို ခြေထောက်နဲ့တက်နင်းခဲ့ပေမယ့် ကောင်လေးက ဖုန်းကိုလက်ကချဖို့ငြင်းဆန်ခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ သူမက သူ့ကို အခြားအတွဲတစ်တွဲပေါ်ကိုဆွဲခေါ်သွားပါတယ်။
ဒီဖြစ်ရပ်က အရမ်းဒေါသတကြီးဖြစ်နေခဲ့တဲ့ အတွက် အများက ဒါကို မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုရဲ့ စတန့်ထွင်မှုတစ်ခုလို့ထင်ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကိုဖုန်းတွေနဲ့ဓာတ်ပုံရိုက်ခဲ့သူတွေကတော့ ဒါဟာလုပ်ဇာတ်မဟုတ်ကြောင်းအသေအခြာပြောဆိုကြပါတယ်။



Ref:dailymail.co.uk
ဂျပန် အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မလေး တစ်သိုက်ဟာ ပရိတ်သတ်တွေ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုမယ့် ၂၄ နာရီကြာ အလှုခံမှုကို ပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။
အပြာကားမင်းသမီး ၉ ဦးက ရုပ်မြင်သံကြားမှာ တိုက်ရိုက်ပြသမယ့် ‘Stop! AIDS’ လူပ်ရှားမှုနဲ့ပတ်သတ်ပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုတွေကို မနည်းထိန်းထားရတာဖြစ်ပါတယ်လို့ ဌာနေမီဒီယာတွေကိုပြောပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီးညင်သာကြပါလို့တော့ တောင်းဆိုခဲ့ပါတယ်။
‘ကျွန်မရဲ့ရင်သားတွေကို လူတွေ ပွတ်သပ်ကိုင်တွယ်ကြမှာကိုတွေးပြီး ပျော်နေပါတယ်’ လို့ Rina Serina က Tokyo Sports ကိုပြောပါတယ်။ ‘ဒါပေမယ့် ရှင်တို့ကျေးဇူးပြုပြီး ညင်သာမယ်ဆိုရင် ကျွန်မအရမ်းပျော်ရွှင်ရမှာပါ’ လို့ပြောပါတယ်။ ‘ကျွန်မရဲ့ရင်သားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့ဘူး’ လို့ Serina ကပြောပါတယ်။ သူနဲ့လုပ်ငန်းတူ သရုပ်ဆောင် Iku Sakuragi ကတော့ သူမရဲ့ရင်သားတွေ လက်ပေါင်းရာကျော်နဲ့ အကိုင်အတွယ်ခံရမှာကို စိတ်ပူပန်ပုံမရပါဘူး။ ‘ဒါက အလှုအတန်းအတွက်ပါ။ ညှစ်ပါ၊ ပိုက်ဆံလှုပါ။ ပျော်ကြရအောင်’ လို့  Iku ကပြောပါတယ်။
ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။

Ref: barstoolsports.com






ချာလီချက်ပလင်(Charlie Chaplin) ရုပ်တူပြိုင်ပွဲ တွင်
ချာလီချက်ပလင် အစစ်မှ ခိုး၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ
တတိယ သာရရှိခဲ့သည်။
Credit to--Science Facts - Myanmar