မော်ဒယ်လ်ထွန်းကိုကိုလို့
ပြောလိုက်တာနဲ့ အရပ်မြင့်မြင့်၊ ဘော်ဒီအမိုက်စားနဲ့ ကောင်လေးတစ်ယောက်ကို
တန်းမြင်ကြမှာပါ။ ကိုရီးယားထိသွားပြီး မြန်မာ့ဂုဏ်ဆောင်ပေးခဲ့တဲ့
ထွန်းကိုကိုဟာ ခုဆိုရင် ကားရိုက်တွေနဲ့ ပြည့်နေသူမို့
အနုပညာခြေလှမ်းတွေလည်း စိပ်လာတယ်လို့ ပြောရမှာပါ။ သူနဲ့တွေ့ဆုံခိုက်
ရာသီအပြောင်းအလဲမှာ ဘယ်လိုဖက်ရှင်မျိုးတွေ ၀တ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး
ပြောဖြစ်တဲ့အခါ ‘နွေရာသီမှာတော့ အရောင်နုနု ဖျော့ဖျော့လေးတွေ
ဝတ်ဖြစ်ပါလိမ့်မယ်။ စွပ်ကျယ်နဲ့တော့ အပြင်မသွားသင့်ဘူး။
ချည်ထည်လက်ရှည်လေးတွေနဲ့သွားသင့်တယ်။ ဘာလို့လဲဆိုတော့ နေရောင်တအားထိမှာ
စိုးလို့လေ။ ပြီးရင် ဦးထုပ် ဆောင်းသင့်တယ်။ အောက်က ဘောင်းဘီတိုလေးကိုမှ
ဂျင်းအထူကြီးတွေမ၀တ်ပဲနဲ့ နဲနဲပေါ့ပါးတဲ့ဟာလေးတွေ ၀တ်သင့်ပါတယ်။ နွေရာသီမှာ
အပြင်သွားရင် မပါမဖြစ်က ဦးထုပ်၊ထီးပေါ့နော်။ အဲဒါတွေကတော့ အရေးကြီးတယ်။
မျက်မှန်ရောပဲ။ ပြီးတော့ ဖက်ရှင်နဲ့ပတ်သတ်ပြီး အင်တာနက်ကနေ လေ့လာတယ်။
စာအုပ်တွေဖတ်တယ်။ ၀ယ်နေကျက ပင်ရင်းတွေမှာ ၀ယ်တာများတယ်။ ပြီးတာ့
ဒီဇိုင်နာနဲ့ချုပ်တာများတယ်။ ဒီဇိုင်နာက ဖက်ရှင်အင်ပါယာရယ်၊ မစန္ဒာအောင်ရယ်။
ကိုဝိုင်စတုန်းတို့နဲ့လဲချုပ်ဖြစ်တယ်။ ဖက်ရှင်နဲ့ က ကိုယ်ကိုတိုင်ပဲ
စီစဉ်တယ်။ဒီဇိုင်နာနဲ့လဲ တိုင်ပင်ချုပ်ဖြစ်တယ်။ နွေရာသီရောက်လာတော့
ရာသီဥတုကပူလာတယ်။ တခြားရာသီတွေမှာလုပ်လို့ ပင်ပန်းတာထက်ကို ဒီနွေရာသီမှာက
နှစ်ဆပိုပင်ပန်းတယ်။ ငယ်ငယ်ကဆို အင်္ကျင်္ိသိပ်မ၀တ်ဖြစ်ဘူး။ ပါးပါးလေးတွေနဲ့
စွပ်ကျယ်အစုတ်တွေ ၀တ်ဖြစ်တယ်။ ပိုအေးလို့လေ။ ပရိသတ်ကြီးအားလုံး
နွေရာသီမှာအားလုံး သတိထားသင့်တယ်။ သက်ကြီးရွယ်အိုတွေဆို ပိုသတိထားသင့်တယ်။
လွင်ထီးခေါင်ပြင်က ပြန်ပြန်လာချင်း ရေမချိုးကြပါနဲ့’လို့ သူက ဆိုသွားပါတယ်။
Search Form
Popular Posts
-
Guitar တီးနည်းမျိုးစုံ ============= Guitar တီးနည်းစာအုပ်မျိုးစုံကို PDF လေးတွေနဲ့ တွေ့ လို့ မိတ်ဆွေများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ...
-
ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့...
-
စန္ဒီ on 2014-02-15 12:30 ...
-
" ခေါင်းကိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကို လူတော်တော်များများဟာ မကြာခဏပြောလေ့ရှိပါတယ်။ ခေါင်းကိုက်ခြင်းတွေဟာလဲ လူတွေကို တော်...
-
______________________________________ (၁၅.၂.၂၀၁၄)Anycall Mobile Handset Price List ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။ __...
-
Listen to Glitch Mob's New Album on iTunes Radio, Great Songs for 69¢, Dungeon Keeper, Dallas Buyers Club, Black History Month, S...
-
iPhone UI ကိုဖလန်းဖလန်ထအောင်ပြောင်းပေးနိုင်သည့် အကောင်းဆုံး Cydia Tweak လေးပါ ခင်ဗျ ။ ပုံလေးတွေကြည့်လိုက်ပါ ကြိုက်သွားစေရမယ် NextGun...
-
ထူးထူးဆန်းဆန်း၊ ထူးထူးခြားခြားတွေ လုပ်နေရမှ ကျေနပ်နေတဲ့ သူတွေကတော့ တစ်ခုမဟုတ် တစ်ခု အမြဲတမ်း သူများနဲ့ မတူတာတွေကို လိုက်လုပ်နေကြတာပါပဲ...၊ ...
0 comments :
Post a Comment