အခုတလော
 လူမှု ကွန်ရက်တွေ ထဲမှာ ဆွဲဆောင်မှု အားကောင်းလှ တဲ့ အလှတရားတွေနဲ့ အတူ 
ဣတ္ထိယ အမျိုးသမီး တစ်ဦး လိုပင် လှပကြော့ ရှင်းလှသူ အသက် ၃၁နှစ် 
အရွယ်ရှိ Gay တစ်ဦးရဲ့ အလှဓာတ်ပုံ များပျံ့ နှံ့ကာ သတင်း စကားတာစားခဲ့ပါ 
တယ်။ မိန်းမဘဝ ကို လုံးလုံးလျားလျား ပြောင်းခံယူဖို့ ကြိုးစားနေသူ 
လည်းဖြစ်ကာ ငယ်စဉ် ကတည်းကပင် မိတ်ကပ် ပညာနဲ့ အလှအပ ဆိုင်ရာ တွေ 
စိတ်ပါဝင်စားခဲ့ သူဖြစ်တာမို့ ခုချိန်မှာ အောင်မြင် ကျော်ကြားနေတဲ့ 
အနုပညာရှင်တွေ နဲ့ မော် ဒယ်တွေ ကို မိတ်ကပ် အနုပညာ ဖန်တီး လိမ်းခြယ် 
ခွင့်ရနေသူ မိတ်ကပ် ဖန်တီးရှင်ကတော့ ထက် (Pop Soul)ပဲ ဖြစ်ပါတယ်။ 
ဒါကြောင့် အမျိုးသား တစ်ဦး အဖြစ် ကနေ အမျိုး သမီး တစ်ဦး အဖြစ်ကို 
နှစ်သက်စွာ ခံယူကြိုးစားနေ သူလည်း ဖြစ်သလို လူမှုဘဝဖြတ်သန်းမှုမှာ ဝါသနာ 
အရင်းခံ ကြံ့ကြံ့ခံ ကျော်ဖြတ်နေသူ ဖြစ်တာ မို့ပေါ်ပြူလာ ဂျာနယ်က မိတ်ကပ် 
ဖန်တီးရှင် ထက်(Pop Soul) ရဲ့  ဗီဇနဲ့ ဝါသနာ အခြေခံ ဖြစ်တည်လာတဲ့ လူမှုဘဝ 
အကြောင်း အစုံအလင် ပတ်သက်သမျှ ကို မေးမြန်းဖြစ် ခဲ့ပါ တယ်။
ငယ်စဉ်ကတည်းက မိတ်ကပ် ပညာကို 
စိတ်ဝင်စားခဲ့ပြီး ကိုယ်တိုင် လေ့လာဖြစ်ခဲ့ပုံ နဲ့ ယောက်ျားလေး ဘဝတုန်းက 
ကြိုက်နှစ်သက်ဆုံး ဝတ် စုံအကြောင်းကို မိတ်ကပ် ဖန်တီးရှင် ထက်(Pop Soul)က..
“မိတ်ကပ် ပညာကို တကယ် တမ်းဝါသနာ ပါတာကတော့
 ငယ် ငယ်ကတည်းကပါ။ ဒါပေမဲ့ သေချာ လုပ်ခွင့်ရတာတော့ ထက်ရဲ့ အသက် ၂၄နှစ် 
မှာစပြီးတော့ သင် တန်းတွေ တက်ပြီးမှ လုပ်ခွင့်ရခဲ့တယ်။ အဓိက ကတော့ အမြဲတမ်း
 ကိုယ့်ကိုယ်ကိုယ် လည်း လှစေချင်တယ်။ သူများကို လည်းလှနေစေချင်တယ်။ အဲဒါက 
တော့ ကလေး ဘဝက တည်းက ရှိတဲ့ စိတ်ပါ။ နောက်ပိုင်းတော့ တဖြည်း ဖြည်း 
စာအုပ်တွေ ဖတ်ပြီး လေ့လာ ရင်းနဲ့ သင်တန်းတွေ ဘာတွေ တက်တဲ့ အထိ ရောက်လာတယ်။ 
၉တန်း၊ ၁ဝတန်း ကတည်းက တအားကို စိတ်ပါနေပြီး အသက်၂၄ နှစ် မှာတော့ 
ကိုယ်ဖြစ်ချင်တာ ကိုစပြီး အကောင် အထည်ဖော်ခွင့် ရခဲ့တယ်။ ယောက်ျား 
လိုဝတ်တုန်း က ဆိုရင်။ အီမို တို့၊ ပန့် style တို့ကို တအားကြိုက်ခဲ့ တယ်။ 
နောက်ပိုင်း ကျတော့ ထက် မိန်းကလေးလို ဝတ်တဲ့ အခါမှာကျ တော့လည်း cute 
ဖြစ်တဲ့ ဒီဇိုင်းလေး တွေ cute sexy ပုံစံလေးတွေကို ဦး 
စားပေးပြီးဝတ်ဆင်ဖြစ်တယ်။ တအား လည်း ကြိုက်တယ်”လို့ ဆိုပါတယ်။
ဓာတ်ပုံအရိုက်ခံတဲ့ဝါသနာဗီဇနဲ့မိတ်ကပ်ပညာဖန်တီးခွင့်
အနုပညာ လောက တွေထဲမှာ ဟန်အချက် 
အမျိုးမျိုးနဲ့သရုပ် ဆောင် ကာ ဓာတ်ပုံ အရိုက်ခံရတာ အနှစ် 
သက်ဆုံးဖြစ်ကြောင်းနှင့် မိတ်ကပ် အတတ်ပညာ သုံးကာ သရုပ်ဆောင် အနုပညာ လောကမှာ
 နာမည်ကြီး မင်းသား၊ မင်းသမီး အပြင် မော်ဒယ် လေးတွေကို ဖန်တီး 
လိမ်းခြယ်ခွင့်ရခဲ့ပုံ အကြောင်း ကိုလည်း..
“ထက်က အရင်ကတည်းက လည်း ဓာတ်ပုံ ရိုက်တာကို
 တအား ဝါသနာ ပါတယ်။ ဓာတ်ပုံဆရာက လည်း ထက်နဲ့က အရင် ကတည်းက သူငယ်ချင်း လို 
ရင်းနှီးတဲ့ ဓာတ်ပုံ ဆရာလည်း ဖြစ်တယ်။ သူငယ်ချင်း တွေနဲ့ စုပြီးချောင်းသာ 
သွားတဲ့အခါ မှာ ရိုက်ဖြစ်သွားတယ်။ ထက် အဲဒီတုန်းက ကမ်းခြေမှာ လူတွေက တအား 
များတယ်။ ကြည့်တဲ့ သူတွေ က လည်း တအားများတော့ တအားကို ရှက်တယ်။ ပထမတော့ 
အပေါ်က ထပ်ပြီး ဝတ်ထားတဲ့ ချည်သား ဂါဝန်ကို ချွတ်ဖို့ ဆိုတာ တော်တော် လေးအား
 ယူရတယ်၊ စဉ်းစားရတယ်။ ကျောက်ဆောင်တွေ ကြားထဲမှာ ပုန်း လျှိုး 
ကွယ်လျှိုးနဲ့ ရိုက်ရတယ်။ ထက် ကို တအား လူကြည့်လာတဲ့ အခါကျ တော့ မု(ဒ်)လည်း
 ဝင်လာ တယ်။ ရိုက်တဲ့ အခါမှာ လည်းဘာမှ စိတ်ထဲ မှာ မရှိတော့ဘဲနဲ့ 
လွတ်လွတ်လပ်လပ် ရိုက်ဖြစ်သွားတယ်။ ရိုက်တဲ့အ ခါမှာလည်း အချိန်ပိုင်း 
အားဖြင့် ၁ဝမိနစ်လောက် ပဲကြာ တယ်။ သူငယ်ချင်း ဓာတ်ပုံဆရာက လည်းသောင်ပြင် 
မှာရိုက် နေတာတွေ့တော့ ဝင် ရိုက်ရင်း နဲ့နှစ်မျိုးရိုက် ဖြစ်သွားတာပါ။ ထက် 
အခု လတ်တလောမှာ တော့ အနု ပညာရှင်တွေ ထဲမှာ အောင်ရဲလင်း က အစစအရာရာ လက် 
တွဲပြီး လုပ်ပေးဖြစ် နေတာကတော့ ၁နှစ်လောက် ရှိ သွားပြီ။ အောင် ရဲလင်းကို 
တော့ နေ့စဉ် နဲ့ အမျှ ပင်တိုင် လုပ်ပေးဖြစ် တယ်။ အထူးသဖြင့် အဆို တော် 
ဘက်မှာက နီနီခင် ဇော်၊ bobby soxer ပင်တိုင် လိမ်းဖြစ်တယ် ။မော်ဒယ်တွေ 
ကတော့ အများအားဖြင့် တော်တော် များများ ကို လိမ်းပေးဖြစ်ပါတယ်။ ခင်ဝင့်ဝါ 
ကိုလည်း ပင်တိုင်ပုံမှန် လိမ်း ပေးဖြစ်ပါတယ်” လို့ မိတ်ကပ် ဖန်တီး ရှင်ထက် 
(Pop Soul)ကပြောပြပါတယ်။
She-male-gay Lifestyle    
လူမှု ပတ်ဝန်းကျင်ထဲမှာ အများ သူငှာနဲ့ 
ဆန့်ကျင်နေမှုထိုင်မှု တစ်ခု ဖြစ်တဲ့ Gay Life ကိုမိမိ ကိုယ်တိုင် 
ကြိုက်နှစ်သက် လက်ခံခဲ့ပြီးယုံကြည် စွာလျှောက် လှမ်းဖြစ်ခဲ့ ပုံအကြောင်း 
မိတ်ကပ် ပညာရှင်ထက်(Pop Soul)က “အထူးသဖြင့်တော့ Gay Life ပါပဲ။ ယောက်ျားလို
 တစ်ယောက်ဝတ်တဲ့ Gay နဲ့ မိန်းမတစ်ယောက် လိုဝတ် တဲ့ She-male Gay Life 
ဆိုပြီး အဲဒီနှစ်မျိုး အပြောင်းအလဲမှာ တော့ ဟိုးငယ်ငယ် ကတည်း က Gay ဆိုတာက 
တော့ မွေးကတည်းက ပါကြတဲ့ သဘော တရားပဲလေ။ လူ သိအောင်နေတဲ့ Gay နဲ့လူမသိ 
အောင်နေတွဲ့ပေ ပဲကွာ တာပေါ့ လေ။ ထက်က တော့ ငယ်  ငယ်လေး ကတည်း က သိ တော့သိ 
တယ်။ ဒါ ပေ မဲ့အ တင်းကို ဖုံးကွယ် ပြီးတော့ ငါဟာယောက်ျားလေး ဆို တဲ့စိတ်နဲ့
 အတင်းကို ဇွတ်နေ ခဲ့ရတယ်။ နေလာရင်းနဲ့မှ Gay ဆိုတာကို ပေါ်ပေါ်တင်တင် စဉ်း 
စား ဆုံးဖြတ်နိုင်ပြီးတော့ စာတွေ ဖတ် ပြီးတော့ သိလာတဲ့ အချိန်မျိုးမှာ ၂၄ 
လောက်မှာ သိလာပြီ။ ဒါပေမဲ့လည်း လက်မခံနိုင်သေး ဘူး။၂၇လောက်မှာ တော့ 
ကိုယ့်ကိုယ်ကိုယ် Gay ဆိုပြီး တော့ လက်ခံ လာနိုင် တယ်။ အဲဒီ 
အချိန်မှာတော့ယောက်ျားလေး ဝတ်နဲ့ပဲပေါ့။ Gay ဆိုတဲ့ Life ကို လက်ခံနိုင် 
လာတယ်။ သူငယ်ချင်းအ ချင်းချင်း မိတ်ဆက်တဲ့ အခါမှာလည်း I am gay ဆိုတဲ့ 
အကြောင်းအရာကို ပြောပြီးတော့ မိတ်ဆက်လေ့ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
မြန်မာပြည်မှာ က ရှိတယ်လေ။ သူက အခြောက်ကြီး လား၊gay လား ဆိုပြီး ပေါင်း 
ချင်းသ လို၊ မပေါင်းချင် သလို ရှိတယ်။ အဲဒီ ဒဏ်ကို ထက်က မခံစားနိုင်ဘူး။ 
အဲဒီ တော့ အပွင့်အလင်း ဆုံးပြောလိုက် တယ်။ သူ လက်ခံနိုင်ရင် ပေါင်းလိမ့် 
မယ်။ လက်မခံနိုင်တဲ့ သူကို အတင်း ဇွတ်ပေါင်းနေရာစရာ မလိုဘူး။ အဲဒီ 
အတွက်ကြောင့်  အဲဒီ Life Style ကို ကြိုက်နှစ်သက်တယ်။ ပိုပြီးတော့ တောင် 
မိတ်ဆွေ အပေါင်း အသင်းဆန့် ပြီးတော့ မိတ်ဆွေ ပိုရသေးတယ်။ တကယ်ကို 
ခင်မင်ကြတယ်။ ကိုယ့် ဘက်ကလည်း အနေအထိုင် အပြော အဆို ကောင်းဖို့ကလည်း မူတည် 
တယ်။ ဒါက အမျိုးသား တစ်ယောက် အနေနဲ့ gay life ကို ဖြတ်သန်း လာပြီးတော့ 
အသက်၂၉နှစ်ကျော် ၃ဝမှစပြီးတော့ gay မှာမှ gay အမျိုအစားတွေ အများကြီးကို 
သိလာတယ်။ ငါဟာ ဘယ်ကိုသွားချင်တဲ့ gay အမျိုးအစားလဲ ဆိုတာကို နိုင်ငံ 
ခြားတွေ သွားရင်း စာတွေအများကြီး ဖတ်ရင်းနဲ့မှ ပိုသိလာတယ်။ အဲဒီအချိန် 
မှာကိုယ် သွားချင်တဲ့ လမ်းကြောင်းက she-male ဆိုတာကိုပိုပြီး  နားလည် 
လာနိုင်တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ် နိုင်စွမ်း 
ရှိတဲ့အခါမှာ she-male life ကိုစတင်ပြီးတော့ မိန်းမလို ဝတ် ဆင် ပြီးတော့ 
နေထိုင်တယ်။ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တယ်” လို့ ပြောပြပါတယ်။
ဆက်လက်ဖော်ပြပါမည်
လွင်လွင်ထွန်း
လွင်လွင်ထွန်း
0 comments :
Post a Comment