Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


ခုတစ်လော Miss ပြိုင်ပွဲတွေ အရင်ကထက် ကျင်းပလာကြတာနဲ့အမျှ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင် Missတွေလည်း အများကြီးပေါ်ထွက်လာခဲ့ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဟိုးအရင် မော်ဒယ်လောကမှာ နာမည်ရမော်ဒယ်တစ်ဦးဖြစ်ခဲ့သလို ဟန်ထွန်းရဲ့ ရင်နာတယ်ဧပြီ ၊ ဝိုင်းစုခိုင်သိန်းရဲ့ လမ်းမကြီးရဲ့ဘေး ဆိုတဲ့သီချင်းနဲ့ ပရိသတ် အသိအမှတ်ပြု ခြင်းခံရတဲ့ မော်ဒယ်လ်ခင်နန်းထိုက်ကို Miss Myanmar World finalist ပွဲမှာ တက်ရောက်ခဲ့တာတွေ့ရလို့ miss ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးရယ်၊ miss တွေအပေါ်မှာမြင်မိတဲ့ သူမရဲ့စိတ်ခံစားချက်ကို မေးဖြစ်ခဲ့တာကတော့ “အခုနောက်ပိုင်းမှာ Miss ပြိုင်ပွဲတွေ များပြားလာပြီး မော်ဒယ်လ်တွေအတွက် အခွင့်အရေးတွေ ပိုရလာကြတာတွေ့ ရတော့ အဲဒါ အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ကိုယ့်နိုင်ငံအတွက်ဂုဏ်ယူစရာ တစ်ခုပါပဲ။ ကိုယ့်မြန်မာပြည်ကလူမျိုးတွေ အရည်အချင်းပြည့်ဝပြီး လှပတဲ့ မြန်မာမိန်းကလေးတွေ ကမ္ဘာမှာပြသခွင့်ရတယ်ဆိုတာ ညီမတို့ မြန်မာလူမျိုးတွေအတွက်တော့ ကြီးမားတဲ့ အခွင့်အရေး တစ်ခုပါပဲ။ နောက်တက်လာမယ့် ညီမလေးတွေကိုလည်း အရည်အချင်း အပြည့်အဝနဲ့ ပြိုင်ဖို့ကိုတိုက် တွန်းချင်ပါတယ်။”လို့ သူမက ဆိုပါတယ်။
နိုင်ငံတကာမှာ သွားရောက်ပြီးယှဉ်ပြိုင်ရမယ့် မယ်တွေအတွက် ဘယ်လိုအချက်အလက်တွေ ရှိရမယ်လို့သလဲ ဆိုတဲ့မေးခွန်းကိုတော့ သူမက “အရင်ဆုံးအလှအပ။ မိန်းကလေးတစ်ယောက် လှပရမယ်။ တကိုယ်ရည် သန့်ရှင်းမှုရှိရမယ်။ အရပ်အမောင်း၊ အသားအရေ၊ general knowledge ၊ အင်္ဂလိပ်စကား ပြောကျွမ်းကျင်မှု ရှိရမယ်။ နောက်ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လည်း လိုအပ်ပါတယ်။ အရည်အချင်းတွေကတော့ အများကြီး လိုအပ်တာပေါ့။ ဒါကတော့ အခြေခံကျတဲ့အချက်တွေပေါ့”တဲ့။
 အခုဆိုရင်သရဖူ ပြန်သိမ်းခံရတယ်ဆိုတာတွေ မကြာခဏ ကြားနေရတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ဒီကိစ္စမျိုးက မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အစအဆုံးမသိရတဲ့အခါကျတော့ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အစကတည်းက သေသေချာချာ ၊ညှိုညှိုနှိုင်းနှိုင်း လုပ်ခဲ့ကြမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် နာမည်မပျက်ဘူးပေါ့။ ညီမတို့စပြီး မော်ဒယ်လ် လုပ်ခဲ့စဉ်မှာ ဒီလိုmiss ပြိုင်ပွဲတွေဆိုတာ မရှိဘူး။ မော်ဒယ်လ်တွေကို ဦးစားပေးရမယ်ဆိုတဲ့ အရာမျိုးတွေ မရှိခဲ့ဘူး။ အဲဒီ့အတွက် ညီမတို့ အများကြီး ကြိုးစားခဲ့ရပါတယ်။” လို့ ဆိုပါတယ်။
ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ပဲရပ်တည်လာခဲ့တဲ့ ခင်နန်းထိုက်ကို အရင်ကရော ခုချိန်ထိပါ မော်ဒယ်လ်အဖြစ်ပဲ အားပေးချင်ခင်နေကြတာပါ။ ဒီလိုခိုင်မာတဲ့ အားပေးမှုရှိနေတဲ့ ခင်နန်းထိုက်က သရုပ်ဆောင်လိုင်းဘက်ကို လုံးဝကူးပြောင်းဖို့ မရှိပဲ  ရှေ့ဆက်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်လ် တစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားဖို့ပဲရှိတယ်လို့ ပြောပြပေးသွားပါတယ်။

0 comments :

Post a Comment