Melody
World ကနေတစ်ဆင့် မှန်နံရံများ၊ မျက်ရည်နဲ့ရေးတဲ့ စာမျက်နှာများ၊
အသည်းကွဲည သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို
အထူးရရှိခဲ့သူကတော့ ဖြိုးကျော်ထိုက် ပါပဲ။ မရပ်နဲ့ ဆိုပြီး
ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့တဲ့နောက် ခု ဒုတိယမြောက်
တစ်ကိုယ်တော် တေးစီးရီးထွက်ရှိ ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အဲ့ဒါနဲ့ပတ်သက်ပြီး သူ့ကို မေးမြန်းကြည့်တဲ့အခါ “ ဒုတိယစီးရီးက
အကုန်ဆိုပြီးသွားပါပြီ။ အခုMixing ဆွဲနေပါပြီ။ သီချင်းတွေကတော့ rock နဲ့
pop ပုံစံလေးတွေပါပဲ။ ပရိသတ်လက်ထဲ ရောက်တယ်မရောက် ဘူးဆိုတာထက်
ကျွန်တော့်သီချင်းတွေ အပြင်မှာ ဖွင့်တာမျိုးတော့ ကြားရပါတယ်။
အရမ်းကြီးမပေါက် မြောက်ခဲ့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်
တစ်ချို့ပရိသတ်တွေဆီက ကျွန်တော့်သီချင်းတွေကို သဘောကျတယ်၊ ကြိုက်တယ်တို့
တစ်စွန်းတစ်စကြားရတော့ ပီတိဖြစ်မိပါတယ်။ ခု ဒုတိယ အခွေနာမည်ကိုလည်း
သူများတွေနဲ့မတူအောင်လို့ ရာဇဝင်ထဲကအရိုင်းပန်း ဆိုပြီး ဆန်းဆန်းလေး
ပေးထားပါတယ်။ အဲဒီ့ရာဇဝင်ထဲကအရိုင်းပန်း ဆိုတဲ့သီချင်းကိုတော့
ကျွန်တော်အရမ်းကြိုက်တယ်။ အဲဒီ့သီချင်းက အခုခေတ်နဲ့ဆိုရင် နားထောင်ရတာ
ဆန်းမယ်ထင်တယ်။ ပရိသတ်အတွက်တွေ အတွက်တော့ အသစ်တစ်ခုဖြစ်တယ်ပေါ့နော်။
Modern Rock ပုံစံမျိုး ဆိုထားတာပါ။ ကျန်တဲ့ သီချင်းတွေကတော့ Popတို့၊
rock တို့ ၊ Pop Rock နဲ့ Punk ပုံစံတို့ပါမယ်။” လို့ သူက အခွေအကြောင်း
ပြောပြသွားပါတယ်။ဒီအခွေကို လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး ဒီနှစ်ကုန်လောက် ထွက်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။ ဂီတနဲ့ပတ်သက်ပြီး သီချင်းဆိုနေရရင်ပျော်တယ်လို့ ဖွင့်ဟလာတဲ့ သူက “သီချင်းတွေ အကုန်လုံးကိုနှစ်သက်တယ်။ နားထောင်တယ်။ သီချင်းကသစ္စာရှိပါတယ်။ သီချင်းဆိုတဲ့ ပညာက လိမ်လို့မရဘူး။ သီချင်းဆိုတဲ့ အပေါ် မှာမူတည်ပြီးတော့ ပရိသတ်ကိုလိမ်ပြီး ဆိုပြလို့ မရဘူးဆိုတာ ကျွန်တော့်ရဲ့ခံယူချက်ပါပဲ။ ဖြိုးကျော်ထိုက် ဖြစ်လာဖို့ဆိုတာကတော့ ဘုရားပေးတဲ့ကံပါပဲ။ ကျွန်တော်လည်း ကြိုးစားတာပါပဲ။ ဘုရားကပေးသလောက်ပဲပေါ့။ ကျွန်တော်ဂီတမှတ်တိုင်တွေ စိုက်ထူသွားမယ်။ ကျွန်တော် တစ်ကိုယ်တော်အခွေတွေ ထွက်သွားမယ်။ အဲဒီလိုကြိုးစားအားထုတ်ခဲ့တာတောင်မှ ဖြိုးကျော်ထိုက် ဆိုပြီး ပရိသတ်ကမသိခဲ့ဘူး၊ ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ ဒီလောကကနေ ကျွန်တော်ကိုယ်တိုင်ပဲ နှုတ်ထွက်သွားမှာပါ”တဲ့။
0 comments :
Post a Comment