Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


ဟိုက်ဒရိုဂျင်ဆို ကျွန်တော်တို့ ခေါင်းထဲ စဉ်းစားလို့ ရတဲ့ အသန့်စင်ဆုံး လောင်စာတစ်မျိုးလောက်ပါပဲ။ ၎င်းဟိုက်ဒရိုဂျင်ကနေ ထွက်လာတဲ့ တစ်ခုတည်းသောအရာက ရေ ပါ။ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုက ရေမော်လီကျူးတွေထဲမှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် အက်တမ်တွေကို သီးခြားသတ်သတ်ဆီခွဲဖို့ လျှပ်စစ်စီကြောင်းအသုံးပြုတဲ့ လျှပ်စစ်သုံးဓာတ်ခွဲမှု ( electrolysis) ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ သုတေသနပညာရှင်တွေက လျှပ်စစ်ဓာတ်အားနဲ့ ဆက်ထားတဲ့ သံပြားနှစ်ခုကို သန့်စင်တဲ့ရေထဲ ထိုးစိုက်လိုက်ပါတယ်။ (အဖိုအမလျှုပ်စီးလိုင်း) လို့ခေါ်တဲ့ ၎င်းသံပြားနှစ်ခုပေါ် လျှပ်စစ်ဓာတ်ဖြတ်သွားတဲ့အခါ လျှပ်စီးမလိုင်းမှာ ဟိုက်ဒရိုဂျင် ထွက်ပေါ်လာပြီး အဖိုလိုင်းမှာ အောက်ဆီဂျင်ထွက်လာပါတယ်။ အဲ့ဒီသတ္တုအမျိုးအစားတွေက လျှပ်စစ်ဓာတ်ကို လုံလုံလောက်လောက်ပေးနိုင်ပြီး ရေမှာ လွယ်လွယ်ကူကူ ပျက်စီးမှု မရှိနိုင်တာကြောင့် အခုအချိန်ထိတော့ သိပ္ပံညာရှင်များက လျှပ်စီးအဖိုအမအတွက် ပလက်တီနမ်ကဲ့သို့သော အဖိုးတန်သတ္တုများကို အသုံးပြုခဲ့ပါတယ်။ အခုတော့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အကုန်ကျသက်သာပြီး ၎င်းနေရာမှာ အစားထိုးသုံးနိုင်တဲ့ နီကယ်လ်သတ္တုတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ နီကယ်လ်သတ္တုကို လျှပ်စီးဖို/မ အဖြစ်အသုံးပြုပြီး ၎င်း အဖွဲ့က ၁.၅ ဗို့အားရှိသာမန် ဘက်ထရီတစ်လုံးအားပြုပြီးရေထဲက အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်ခွဲခြားပေးတဲ့စက်ကို ပြုလုပ်ခဲ့ပါတယ်။ ယခုလက်ရှိအခြေအနေထိတော့ အဲဒီလျှပ်စီးစွန်း( electrodes) တွေဟာ ရေထဲမှာ အချိန် (၂) ရက်ကြာသာခံပေမဲ့ နောက်ပိုင်းကျရင် ရက်သတ္တပတ်နဲ့ချီ (သို့) လနဲ့ချီ ကြာရှည်ခံအောင် တိုးတက်မှုရလာပြီး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်သူတွေအတွက် ဒေါ်လာဘီလျံနဲ့ချီ အကုန်ကျသက်သာစေမယ်လို့ သုတေသနပညာရှင်များက မျှော်လင့်ထားပါတယ်။
Source: sciencemag

0 comments :

Post a Comment