Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


တစ်နာရီကို မိုင် ၄၀၀ နှုန်းထိရောက်ရှိနိုင်ပြီး ဂျက်အင်ဂျင်သုံးလုံးတပ်ဆင်ထားတဲ့ ဒီ လော်ရီကားကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါတယ်။ Shockwave လို့ အမည်ပေးထားတဲ့ ဒီထရပ်ကားဟာ အလေးချိန် ၄ တန်ရှိပြီး မြင်းကောင်ရေ သုံးသောင်းခြောက်ထောင်အား ရှိပါတယ်။ ၆.၅ စက္ကန့် အတွင်း မီတာ ၄၀၀ (တစ်မိုင်ရဲ့ လေးပုံတစ်ပုံ) အထိ ရောက်ရှိနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး ဂျက်စွမ်းအင်သုံးထရပ်ကားပါ။
မြန်လှပါတယ်ဆိုတဲ့ ဂျပန်ကျည်ဆန်ရထားတစ်စီးကို အသာအယာကျော်ဖြတ်နိုင်တဲ့ Shockwave ကားကို စမ်းသပ်မောင်းနှင်ခဲ့ရာမှာ တစ်နာရီ ၆၀၅ ကီလိုမီတာ (တစ်နာရီ ၃၇၆မိုင်) ရောက်ရှိခဲ့ပြီး အမြန်ဆုံးထရပ်ကား အဖြစ် ကမ္ဘာ့စံချိန်ဝင်ခဲ့ပါတယ်။
အမေရိကန်ရေတပ်သုံး ဂျက်အင်ဂျင် Pratt & Whitney J34-48 အင်ဂျင်သုံးလုံးတပ်ဆင်ထားပြီး အင်ဂျင်တစ်လုံးစီက မြင်းကောင်ရေ တစ်သောင်းနှစ်ထောင်အားကို ထုတ်လုပ်နိုင်ပါတယ်။
Shockwave ကားကို ဂျက်အင်ဂျင်သုံးလုံး လုံး တစ်ခါဖွင့်မောင်းမယ်ဆိုရင် ဆီဂါလန် ၁၈၀ (လီတာ ၆၈၀) တိတိ လောင်ကျွမ်းကုန်ဆုံးတယ်လို့ သိရပါတယ်။ ကားကို ရပ်တန့် နိုင်ဖို့ စစ်တပ်သုံး လေထီးတွေ အသုံးပြုရပ်တန့်  ရပြီး မြန်ဆန်လွန်းတဲ့အရှိန်ကြောင့် မောင်းသူတွေအနေနဲ့ အထူးတလည်လေ့ကျင့်ထားဖို့ လိုအပ်တယ်လို့  ဆိုပါတယ်။

Ref: metro.co.uk

0 comments :

Post a Comment