ပရီးမီးယားလိဂ်မှာ
ချယ်လ်ဆီးနဲ့ တစ်မှတ်အကွာ၊ဒုတိယနေရာရောက်ရှိနေပြီး၊ အက်ဖ်အေဖလား
ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ
ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒီညမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို
အမ်းမရိတ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။
မနှစ်က ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ ဆုံပြီး ထွက်လိုက်ရတဲ့ ဂန်းနားတို့ ဟာ ဒီနှစ်မှာလည်း ဘိုင်ယန်မြုးနစ်နဲ့ ပဲတွေ့ ဆုံနေတာမို့ လက်စားချေနိုင်မလား၊နောက်ထပ်အရှုံးပေးရအုန်းမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုရာသီ ဘွန်ဒက်စ်လီဂါ ထိပ်ဆုံးကဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ခြေစွမ်း အင်မတန်ကောင်းမွန်နေတဲ့အသင်းလည်းဖြစ်ပါတယ်။
“အခုအချိန်မှာ ကျွန်တော်တို့ အသင်းဟာ စိတ်ဓာတ်အင်အားကောင်းမွန်နေပြီး စည်းလုံးမှုရှိတဲ့ အသင်းတစ်သင်းဖြစ်နေပါပြီ။ ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့ အသင့်ပါပဲ။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့  ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ မှာ ယုံကြည်ချက်ရှိပါတယ်။” လို့ အာဆင်နယ် ဘော့စ် ၀င်းဂါးက အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပွဲစဉ်ကို ဒီနေ့ ည (မနက်ဖြန်မနက်) မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref: skysports.com

0 comments :
Post a Comment