ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ 
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်း အမှတ်အဖြစ် မန္တလေးမြို့ရှိ ရာပြည့် 
(မန္တလေး) စာအုပ်ဆိုင် ၂ မှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အမှတ်တရ များကို 
ရွတ်ဆိုကြ မှာဖြစ်သလို ကဗျာဆရာတွေ ရဲ့ လက်ရေးမူ ကဗျာ  တွေကိုလည်း ပြသ 
သွားမယ်လို့ သိရ ပါတယ်။ ရာပြည့် (မန္တလေး) စာအုပ် ဆိုင် ပိုင်ရှင် 
ကိုပုညဆွေက ပွဲလုပ် ရ တဲ့ ရည်ရွယ်ချက် နဲ့ပတ်သက်ပြီး..”အဲဒီနေ့မှာ 
ဗိုလ်ချုပ် နဲ့ပတ် သက်တဲ့ စာအုပ်တွေ ဝယ်ရင် ၁ဝ ရာခိုင်နှုန်း လျှော့ပေးမယ်။ 
ပြီးတော့ ဗိုလ်ချုပ် ရုပ်တု၊ ဗိုလ်ချုပ်အင်္ကျီတွေ ကို ရောင်းချပေးမယ်။ 
လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ ကို လူတွေမမေ့ 
စေချင်လို့။ အခုဆိုရင် လူတွေက ချစ်သူများနေ့ပဲ ဦးစားပေး လုပ်နေ ကြတာ။ 
ဗိုလ်ချုပ် အထိမ်း အမှတ်နေ့ လုပ်တဲ့ လူနည်းတာ ကြောင့် ဗိုလ်ချုပ် ကို 
မမေ့လျော့ဘူး ဆိုတဲ့ အနေ နဲ့အသိ အမှတ်ပြုပြီး လုပ်တာပါ”လို့ 
ဖြေကြားခဲ့ပါတယ်။
popularmyanmar.com 

0 comments :
Post a Comment