Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


သတင်းပို့ ချက်များအရ ယနေ့ ခေတ်ကမ္ဘာမှာ သင်စဉ်းစားမိသမျှ အရာတိုင်းကို အထိန်းအမှတ်နေ့များ သတ်မှတ်ကျင်းပလာခဲ့ရာ အိမ်သာများနေ့ ပင်လျှင် ပါဝင်လာပါပြီ။
ကမ္ဘာ့ အိမ်သာများနေ့ ကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ကမ္ဘာ့ အိမ်သာများနေ့ စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်ဟာ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ၄င်းရဲ့ရည်ရွယ်ချက်ဟာ အညစ်အကြေးစွန့် ပစ်ရေးစနစ်တွေနဲ့  အိမ်သာနဲ့ ပတ်သက်တဲ့ ရွ့ံရှာဖွယ်ရာ လို့ သတ်မှတ်ထားတာတွေကို အာရုံစိုက်မိလာကြစေရန် ဖြစ်ပါတယ်။
WTO လို့ ခေါ်တဲ့ ကမ္ဘာ့အိမ်သာများအဖွဲ့ အစည်းဟာ ပရဟိတအဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း အညစ်အကြေးစွန့်  စနစ်တွေနဲ့  အိမ်သာများ အခြေအနေကို တိုးမြှင့်လုပ်ဆောင်ဖို့  အာရုံစိုက်မိလာစေရန် နိုင်ငံတကာ အထိန်းအမှတ်နေ့  တစ်ရက်ကို သတ်မှတ်ခဲ့ပါတယ်။စတင်ထူထောင်ချိန် ၂၀၀၁ ခုနှစ်မှာ အဖွဲ့ ဝင် ၁၅ ရောက်နဲ့ သာစတင်ခဲ့ပြီး လက်ရှိမှာ နိုင်ငံပေါင်း ၅၃ နိုင်ငံကနေ အဖွဲ့ ဝင်ပေါင်း ၁၅၁ ဦးရှိနေခဲ့ပြီဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ကျန်းမာရေးဆိုင်ရာ အညစ်အကြေးစွန့်  ပုံစံစနစ်များနဲ့  ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးရန် ကမ္ဘာ့ အိမ်သာများဆိုင်ရာကောလိပ် တစ်ခုကိုပင်လျှင် စတင် တည်ထောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
“အိမ်သာတက်တဲ့ကိစ္စကို  လူတွေ ဆွေးနွေးကြ၊ပြောဆိုကြ ဖို့ ရာ သိပ်အဆင်မပြေတဲ့ ရှက်ရွံ့ စရာ လို့ မြင်ကြပါတယ်။ အိမ်သာအတွင်းမှာ ဘယ်လိုပြုမူ လုပ်ဆောင်သင့်သလဲ ဆိုတာကို သိပြီးနေကြတာတောင် လူတော်တော် များများက ဒီအခြေခံနည်းစနစ်လေးတွေ လိုက်နာဖို့ သိပ်အာရုံမစိုက်ကြပါဘူး။ဒီလိုမျိုး အထူးကျင်းပတဲ့ ကမ္ဘာ့ အိမ်သာများနေ့ မှာ လူတွေဟာ အိမ်သာထဲမှာ လုပ်လေ့ရှိတဲ့ ထူးထူးဆန်းဆန်းနဲ့ ရယ်စရာတွေကို တွေ့ မြင်ရမှာပါ” လို့  ၄င်းအဖွဲ့ က ဆိုပါတယ်။
လူတွေ အိမ်သာထဲမှာ လုပ်လေ့ အများဆုံးရှိတာတွေကတော့ အိမ်သာတက်ရင်း သတင်းစာဖတ်ခြင်းနဲ့  သိချင်းနားထောင်ချင်းတို့ ပဲဖြစ်ပါတယ်။

Ref:breakingworldnewstoday.com

0 comments :

Post a Comment