Angelina
Jolie ရဲ့ သရုပ်ဆောင်သက်တမ်းမှာ စပြပြချင်းဝင်ငွေအများဆုံးဇာတ်ကား
စံချိန်ကို ရရှိသွားခဲ့တာကတော့ Disney ရဲ့ Maleficent ဖြစ်သွားပါပြီ။
ဒီဇာတ်ကားဟာ ရုံတင်တင်ချင်းမှာတင် ၀င်ကြေးငွေ ဒေါ်လာ သန်း ၇၀ ရရှိခဲ့ပြီး
သူမသရုပ်ဆောင်သက်တမ်းမှာ ရုံတင်တင်ချင်း ဒေါ်လာ သန်း ၅၀ ရရှိခဲ့တဲ့ Mr.and
Mrs.Smith နဲ့ Wanted ဇာတ်ကားတွေကို ကျော်ဖြတ်ပြီး အများဆုံးစံချိန်ကို
တင်သွားခဲ့ပါတယ်။
ခန့် မှန်းထားတဲ့အတိုင်းပဲ PG အဆင့်သတ်မှတ်ထားတဲ့ ဒီစိတ်ကူးယဉ်ဇာတ်ကားဟာ ရက်သတ္တပတ်ကုန်မှာ X-Men: Days of Future Past အပါအ၀င် ရုံတင်ဆဲဇာတ်ကားအကုန်လုံးကို ကျော်ဖြတ်ပြီး Box Office ရဲ့ ထိပ်ဆုံးနေရာကို အရယူသွားခဲ့ပါတယ်။ Disney ဟာ ဒီဇာတ်ကားကို အရဲစွန့် လုပ်ခဲ့ရတာပါ။ လူကြိုက်များတဲ့ ‘Sleeping Beauty’ ဇာတ်လမ်းကို ဗီလိန်ဘက်ကနေ ပြန်လည်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် မိသားစုပရိတ်သတ်တွေ ဝေဖန်ခြင်းခံရနိုင်ပေမယ့် “Maleficent” ဟာ Jolie ရဲ့ မှင်တက်စရာ ဆွဲဆောင်မှုကြောင့် ပွဲဦးထွက်လှခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အကုန် Box Office မှာ ထိပ်ဆုံးနေရာယူထားခဲ့တဲ့ X-Men:Days of Future Past ဟာ ဒေါ်လာ ၃၂.၆ သန်းရဲ့ ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။
“Maleficent” ဇာတ်ကားဟာ အမျိုးသမီးဇာတ်ကောင် အဓိကဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားတွေ နောက်တစ်ချိန်မှာ ဈေးကွက်ကို လွှမ်းမိုးလာဖို့ စိန်ခေါ်မှုခြေလှမ်းတစ်ရပ်ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အမျိုးသားဇာတ်ကောင်တွေ အဓိကပါဝင်တဲ့ ဇာတ်ကားတွေကပဲ Box Office ကို လွှမ်းမိုးထားတယ်ဆိုတာ သတိထားမိရင် သိနိုင်ပါတယ်။
“Maleficent” ဟာ နိုင်ငံတကာဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။
Ref: foxnews.com

0 comments :
Post a Comment