Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


ကိုယ့်အသိတစ်ယောက် ရည်းစားရသွားလို့ ကိုယ်ကသူ့အတွက် ၀မ်းသာပေးတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့နဲ့တွေ့တဲ့အခါ ကိုယ့်ဘက်က မမေးသင့်၊ မပြောသင့်တာလေးတွေကို စောင့်ထိန်းရမှာပါ။ တစ်ချို့စကားတွေက ခုမှ ပူပူနွေးနွေး ချစ်သူရည်းစားဖြစ်ခါစ စုံတွဲတွေအတွက် စိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်စေနိုင်တာကြောင့်ပါပဲ။ ကဲ အဲ့ဒီစကားတွေက ဘာတွေလဲဆိုတာ ကြည့်ကြရအောင်။
၁။နင်တကယ်ရည်းစားရသွားပြီ။ ဘုရားရေ ဒါဝမ်းသာစရာသတင်းကောင်းကြီးပဲ။ နင်တကယ် ရည်းစားရသွားပြီ ဟုတ်ရဲ့လားဟယ်။
မယုံသလို၊ မဖြစ်နိုင်သလို၊ တစ်သက်လုံးအပျိုကြီးဖြစ်တော့မယ်လို့ တွက်ထားသလိုလို ပြောပုံဆိုပုံမျိုးနဲ့တော့ သူငယ်ချင်း ဒါမှမဟုတ် သင့်ရဲ့အသိကို မပြောမိ မဆက်ဆံမိစေပါနဲ့။ သူစိတ်မကောင်းဖြစ်သွားနိုင်လို့ပါ။
၂။တကယ်ရော ဟုတ်ရဲ့လား။
ဘယ်သူကမှတော့ ကိုယ်ရည်းစားရတဲ့အကြောင်း ညာမပြောလောက်ပါဘူး။
၃။နင့်လူက အရင်တစ်ယောက်နဲ့ပြတ်တာ ဘယ်လောက်ရှိသေးလို့တုန်း။
ကိုယ့်သူငယ်ချင်းနဲ့ သူ့ချစ်သူ ရည်းစားမဖြစ်ခင် အချိန်အတွင်းမှာ မသိသလိုနေနေပြီး၊ ဒါမှမဟုတ် မတွေ့ဖြစ်ခဲ့ကြတာမျိုး ဖြစ်ပြီး ခုကြိုက်သွားပြီဆိုတော့မှ ကိုယ့်သူငယ်ချင်းရဲ့ရည်းစား ဇာတ်ကြောင်းကို နောက်ယောင်ပြန်ခံတာမျိုးတွေ မလုပ်ပါနဲ့။
၎။မင်းကောင်မလေးက မိုက်ရဲ့လား။
ကိုယ်သူငယ်ချင်းရဲ့ရည်းစားအသစ်အကြောင်းကို စုံစမ်းမယ်ဆိုရင် ဒီမေးခွန်းကတော့ စမမေးသင့်ဘူးလေ။
၅။အရင်တစ်ယောက်နဲ့ တော်တော်ကွာလား။
ဒီမေးခွန်းကလည်း တစ်ဖက်လူအတွက် စိတ်ကသိကအောက်ဖြစ်စေနိုင်တဲ့ မေးခွန်းမျိုးပါပဲ။ ရှောင်ရမယ့် မေးခွန်းမျိုးပါ။
၆။သူ့ကို ငါတို့နဲ့ ဒီညပဲဆုံဖို့ ခေါ်လိုက်။
ကိုယ်က သူငယ်ချင်းရဲ့ မိဘလည်း မဟုတ်သလို၊ တာဝန်ရှိသူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကိုယ်က သူငယ်ချင်းချစ်သူရည်းစား အခြေအနေဘယ်လိုရှိလဲ သိချင်လို့ ခေါ်တွေ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
၇။ဒါဆို နောက်ပိုင်း နင်နဲ့ဆုံဖြစ်ဖို့ မလွယ်တော့ဘူး။
ဒီလိုအပြောမျိုးကလည်း တစ်ဖက်လူကို စိတ်မကောင်းဖြစ်စေပါလိမ့်မယ်။
၈။သူ့ပုံစံ နင်နဲ့လည်း မတူပါဘူး။ ဘယ်လိုများကြိုက်သွားကြတာတုန်း။
ရည်းစားတောင် ဖြစ်နေမှ ဘာလို့များ ကိုယ်က၀င် အထွန့်တက်ချင်နေတာလဲ စဉ်းစားစရာပါ။ သူတို့နှစ်ယောက် ပုံစံမတူတာ ကိုယ့်အတွက် ပြဿနာကြီးကြီးမားမားတော့ မဖြစ်နိုင်ဘူးလေ။
၉။နင်သူ့ကို အတည်ကြိုက်သွားတာလား။
ဒီမေးခွန်းကလည်း တစ်ဖက်လူရဲ့ မာနကို ထိခိုက်စေနိုင်တဲ့ မေးခွန်းမျိုးဆိုတာ သိထားရပါမယ်။
၁၀။ဟဲ့ နင့်လူရဲ့ သူငယ်ချင်းတွေထဲမှာ ချောချောလေးတွေ ဘာတွေမရှိဘူးလား။
သူငယ်ချင်းကို အကြောင်းပြ့ပီး ကိုယ့်ကိစ္စအတွက် ကိုယ်မေးခွန်းထုတ်နေသလိုပါပဲ။ ဒါမျိုးတွေ မမေးသင့်ပါဘူး။
Ref:cosmopolitan.com

0 comments :

Post a Comment