Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


တကယ်လို့ ကျွန်တော်တို့ သာ Lorde ဆိုရင်တော့ ‘Royals’ လို သီချင်းမျိုးကို ပွဲဦးထွက်ဆင်ဂယ်သီချင်း အနေနဲ့ ထုတ်ခဲ့တဲ့ အတွက် ကိုယ့်ဘာသာကိုယ်အရမ်းကျေနပ်မိမှာပါ။ ဒီသီချင်းဟာ Youtube မှာ ကြည့်ရှုသူအရေအတွက် သန်း သုံးဆယ်နီးပါး ရရှိခဲ့ပြီး ဒီသီချင်းက ကလေးကနေ အဘွားကြီးအဆုံး ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းပါ။ ဒါ့အပြင် Grammy ဆု ဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံး သီချင်းဆု ကိုလည်း ရခဲ့ပါသေးတယ်။ ဒါဟာ အဆိုတော်တစ်ယောက်အနေနဲ့ ဆိုးရွားတဲ့ အနုပညာခြေလှမ်း မဟုတ်တာ သေချာပါတယ်။
ဒါပေမယ့် Lorde ကတော့ ‘Royals’ က သူမရဲ့ အကောင်းဆုံးသီချင်းမဟုတ်ပါဘူးတဲ့။ အခုတော့ Lorde ဟာ ဒီသီချင်းဟာ တော်တော်ဆိုးရွားပါတယ်လို့ ဖွင့်ပြောနေပါပြီ။ ‘Royals’ သီချင်းသံစဉ်ဟာ ခေတ်ဟောင်း နိုကီရာဖုန်း မြည်သံကြီးနဲ့ တူတယ်လို့ ဆိုလိုက်ပါတယ်။
Daily Record နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Lorde က ‘ ဒီသီချင်းကို လူတွေ ပြန်သီဆိုကြတာကို လည်း ကျွန်မနားထောင်ပါတယ်။ သူတို့ ကိုယ်ပိုင်ဟန်တွေထည့်ပြီးတော့လည်း ဆိုကြတယ်။ ကျွန်မ အပိုဒ်အကုန်လုံး ကို လိုက်နားထောင်ပါတယ်။ ကျွန်မ ထုတ်လိုက်တဲ့ မူရင်းသီချင်းကလွဲလို့ ပေါ့။ တကယ်တမ်းတော့ အဲဒီသီချင်းက တော်တော်ဆိုးရွားတယ်ဆိုတာ ကျွန်မ သိလိုက်ရပါတယ်”
“ ဒါဟာ ၂၀၀၆ ခုနှစ် Nokia ဖုန်းတစ်ခုက ringtone အသံကြီးလိုပဲ။ သံစဉ်တစ်ခုမှ မကောင်းဘူး။ တော်တော် ဆိုးဆိုးရွားရွားပဲ။ စိတ်ပျက်စရာပေါ့- ဒါပေမယ့်လည်း ကျွန်မဒါကို ထုတ်ခဲ့တဲ့အခြေအနေပုံစံအရတော့ ဒါက အောင်မြင်ခဲ့ရုံပါပဲ"
Ref: seventeen.com

0 comments :

Post a Comment