
iPhone 5S ထက် ပါးလွှာပြီး iPod Touch နဲ့တောင် ဒီဇိုင်း သိပ်မကွာ ဘူးလို့
 ဝေဖန် ထားကြ ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ iPhone 6 အလုံးရေ သန်း ၈၀ 
ထုတ်လုပ် သွားမှာ ဖြစ်ပြီး သြဂုတ်လမှာ ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း 
ဆိုပါတယ်။ စက်တင်ဘာလ အရောက် မှာတော့ အရွယ် ပိုကြီးတဲ့ ၅.၅ လက်မ iPhone 6 
ကို ဈေးကွက် ဖြန့်ချိ မှာ ဖြစ်ပါတယ်။ ကင်မရာ 10 Megapixel pixel ရှိပြီး 
မှန်ဘီလူး အရည်အသွေး ပိုမို ကောင်းလာမယ် ဖြစ်ကြောင်း ဆိုပါတယ်။ Display 
အတွက် ဂျပန် ကနေ မှာယူထားကြောင်း ဆိုပါတယ်။
တရုတ်ပြည်
 Foxconn စက်ရုပ်မှ ထွက်ရှိလာတဲ့ Leak ဖြစ်တာ ကြောင့် ယခု ဖော်ပြပါ 
ဒီဇိုင်းက မှန်ကန်နိုင်ချေ ပိုများ ကြောင်း ဆိုပါတယ်။ ပိုမို ပါးလွာ မှု 
အတွက် မျက်နှာပြင် touch နည်းပညာ အပြောင်းအလဲ ရှိကြောင်း ဆိုပါတယ်။ 
ဒါ့အပြင် iPad ကို အီလက်ထရောနစ် နှင့် ဒီဂျစ်တယ် ပစ္စည်း အားလုံးကို 
ထိန်းချုပ်လို့ရတဲ့ Universal Remote အဖြစ် အသုံးပြု လာနိုင်တော့မှာ 
ဖြစ်ပြီး iPhone 6 မှာလည်း ပါဝင်နိုင်ချေ ရှိမယ်လို့ ခန့်မှန်း ထားကြ 
ပါတယ်။
iPhone 6 ဒီဇိုင်းအား ပြသနေတဲ့ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/
အောင်ခမ်း (ရိုးရာလေး)
Ref:YoYarLay,Myanmar Mobile App 
0 comments :
Post a Comment