လူတစ်ဦးရဲ့
 နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ
 အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ 
နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း 
ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်းရင့်ရော်စေတဲ့ အစားအသောက် 
(၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။
ဟင်းချက်တဲ့အခါ
 ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ 
ရုပ်ရင့်ရော်တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ 
အထူးသဖြင့် သင့်မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့ အသားရေတွေကို 
ပိုမိုတွန့်စေပါသတဲ့။
အသားအရေပိုမိုကြည်လင်စေဖို့နဲ့
 လှပတဲ့အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက 
ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် 
ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို 
လျှော့ဖို့လိုပါတယ်။
ကော်ဖီဟာ
 အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့အရာပါ။ 
အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ 
လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။
အရက်သောက်လေ့သောက်ထရှိသူ အများစုဟာ ရေဓာတ်ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။
ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။
ငြုတ်သီးတွေ
 အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသားအရေအတွက်
 အများကြီးထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို 
ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ 
သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။
သွားနဲ့အသားအရေကို
 ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ 
အထူးသဖြင့် အက်ဆစ်ဓာတ်များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ 
သိထားရပါလိမ့်မယ်။
Ref:delish.com
မေသော်
၁။ဆား

၂။သကြား

၃။ကော်ဖီ

၎။အရက်

၅။ကြွက်သားအမျှင်ပါတဲ့အသား

၆။ပူစပ်စေတဲ့ အစားအသောက်များ

၇။ဆိုဒါ

Ref:delish.com
မေသော်
0 comments :
Post a Comment