Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


ကမ္ဘာကျော် ဟယ်ရီပေါ်တာဝတ္ထုဇာတ်လမ်းတွဲတွေကို ရေးသားခဲ့သူ စာရေးဆရာမ JK Rowling က သူမရဲ့ ကလောင်ခွဲ Robert Galbraith အမည်နဲ့ ဒုတိယမြောက်စာအုပ်ကို မကြာမီ ဖြန့် ချိထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ ထုတ်ဝေသူတွေရဲ့ ပြောကြားချက်အရ လာမယ့် ဂျွန်လ ၁၉ ရက်နေ့ မှာ တရားဝင်ဖြန့် ချိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“Silkworm” လို့ အမည်ပေးထားတဲ့ ဒီလုံးချင်းစာအုပ်ဟာ Robert Galbraith ဆိုတဲ့ ကလောင်အမည်အောက်မှာ ဒုတိယမြောက်ထွက်ရှိလာတဲ့စာအုပ်ဖြစ်ပြီး ပထမစာအုပ် “The Cuckoo’s Calling” ရဲ့ နောက်ဆက်တွဲလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။
မှုခင်းစုံထောက်ဝတ္ထုဖြစ်တဲ့ “The Cuckoo’s Calling” ဟာလည်း အရောင်းရဆုံးစံချိန်ဝင် လုံးချင်းဝတ္ထု တစ်အုပ်ဖြစ်ခဲ့ပြီး Robert Galbraith ဆိုတဲ့ နာမည်နဲ့ ရေးသားခဲ့တဲ့ ပထမဆုံးစာအုပ်လည်းဖြစ်ပါတယ်။ အလွတ်စုံထောက် Cormoran Strike နဲ့ လက်ထောက် Robin Ellacott တို့ ရဲ့ အမှုဖြေရှင်းထောက်လှမ်းပုံ အကြောင်းကို ဇာတ်အိမ်တည်ရေးဖွဲ့ ခဲ့တာဖြစ်ပါတယ်။ အခု ထွက်ရှိမယ့် “Silkworm” မှာလည်း အလွတ်စုံထောက် Strike နဲ့ လက်ထောက် Ellacott တို့ က စာရေးဆရာ Owen Quine သေဆုံးမှုကို စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါတယ်။
အသက် ၄၈ နှစ်အရွယ် ၊ ဗြိတိသျှ လူမျိုး စာရေးဆရာမ JK Rowling ဟာ ဟယ်ရီပေါ်တာစာအုပ်တွဲ နဲ့  တစ်ရှိန်ထိုးနာမည်ကျော်ကြားခဲ့တာဖြစ်ပြီး ၊ ကလောင်ခွဲ Robert Galbraith နဲ့ လည်း အောင်မြင်မှု ရရှိနေသူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ တိုင်းမဂ္ဂဇင်းရဲ့ Person of the Year အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ဗြိတိန်မှာ လွှမ်းမိုးမှုအရှိဆုံးမိန်းမသားတွေ ထဲကတစ်ယောက်အဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရသူပါ။

Ref: Dailymail

0 comments :

Post a Comment