Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


အမေရိကန်ကိုယ်စားပြု ရေခဲပြင်အကစုံတွဲ မီရယ်လ်ဒေးဗစ် နဲ့ ချာလီဝှိုက်တို့ ဟာ လက်ရှိကျင်းပနေတဲ့ ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းတစ်လျှောက် ရေခဲပြင်အကမှာ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွဲ ဖြစ်လာပါတယ်။
အိုလံပစ်ပြိုင်ပွဲ ရေခဲပြင်အက ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်တဲ့ ကနေဒါစုံတွဲ တက်စ်ဆာ နဲ့ စကော့ တို့ကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး ဗြိတိန်စုံတွဲ ပင်နီကုမ်းစ် နဲ့ နစ်ခ် ဘက်ခ်လန်း တို့  ကတော့ အဆင့် ၁၀ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဗြိတိန်စုံတွဲ ရဲ့ မိုက်ကယ်ဂျက်ဆင်ပုံစံ ကပြဖျော်ဖြေခဲ့မှုက ပွဲကြည့်ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ရလဒ်ကောင်းတစ်ခုရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ နောင်လာမယ့် ၂၀၁၈ တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆုရရှိဖို့ ရည်မှန်းထားကြောင်း မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

Ref: bbc.com

0 comments :

Post a Comment