Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ

link
ဝဘ်ဆိုဒ်ကြီးတွေဆိုတာ Local Ranking အရ၊ Global Ranking အရ Top ဖြစ်နေတဲ့ ဝဘ်ဆိုဒ်များကို ဆိုလို ပါတယ်။ ထိပ်ရောက်တယ်ဆိုတာ လူကြည့်များတဲ့ အချက်အပြင်၊ အခြားသော နည်းပညာဆိုင်ရာ အားသာချက် တွေလည်း ရှိပါသေးတယ်။ ယင်းကဲ့သို့ အားသာချက်ပေါင်းများစွာရှိတဲ့ အနေအထားမှာ ဝဘ်ဆိုဒ်ကြီးတွေက လခ့်တွေ ချိတ်ပေးရင် မိမိရဲ့  ဝဘ်ဆိုဒ်ကိုလည်း Ranking မှာ ထိပ်ဆုံး ရောက်အောင် ပို့ပေးစေပါတယ်။ အလွယ်ဆုံး ဥပမာ ပေးပါမယ်။ ဒီအချိန် https://dailymail.co.uk/ သို့မဟုတ် https://bbc.co.uk/ သို့မဟုတ် www.cnn.com တို့လို ဝဘ်ဆိုဒ်ကြီးက မိတ်ဆွေရဲ့  Blog က သတင်းတစ်ခုကို ယူပြီး ဒီသတင်း ဒီ Blog ကနေ ယူပြပါတယ်လို့ ညွန်းလိုက်ရင် - Click လုပ်ပြီး ဝင်တဲ့သူများလာမယ်။ Search Engine ကလည်း ဒါကို recognize လုပ်ပြီး မှတ်သားထား တာကြောင့် မိမိရဲ့  Blog ဟာ ၎င်း ဝဘ်ဆိုဒ်ကြီးများ အောင်မြင်ခြင်းနဲ့အတူ တွဲလို့ အောင်မြင် ပါတယ်။ မြန်မာပြည်က ဝဘ်ဆိုဒ်တွေမှာလည်း ဒါကို သိလို့ ကြိုးစားနေကြသူတွေ အများကြီး ပါ။ လခ့်များများ ချိတ်နိုင်လေ မိမိဝဘ်ဆိုဒ် လူကြည့် များ အောင်မြင် လာလေ ပဲ ဖြစ်ပါ တယ်။ ပြည်တွင်းမှာကို ဒါကို ရည်ရွယ်ပြီးတော့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ Blogger အချင်းချင်း၊ ဝဘ်ဆိုဒ် Owner အချင်းချင်း ဆိုဒ်တစ်ခုနဲ့ တစ်ခု Link ချိတ်ခြင်းဖြင့် Local Ranking, Global Ranking မြင့်တက် လာမှာ ဖြစ်ပါတယ်။  
Aung Kham ( www.smart.com.mm )

0 comments :

Post a Comment